စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ
✿✿✿✿✿✿✿✿✿✿✿✿✿✿
ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက
တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း
ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်-
`ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ
ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီး
နိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ
တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊
ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း
နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။
မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊
မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက်စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွား ခြင်းကြောင့် မြင့်မြတ်သူစင်စစ်
ဖြစ်သွားတော့၏။
ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲကြောင်းကို
မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင်သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့ သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည်
မိမိအတွက် သံသရာ ကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ
သတ္တ၀ါအများ ချမ်းသာပွါးကြောင်းအတွက်သာ ပြုမူနေထိုင် တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍
နားလည်မိပါသည်။
ဘုရားရှင်မှတစ်ပါး အခြားသော မြင့်မြတ်သူတို့အနေဖြင့် သတ္တ၀ါတို့ချမ်းသာပွါးကြောင်းကို ရည်သန်သောစိတ်ဖြင့်
လုပ်သော်လည်း ဘုရားရှင်ကဲ့သို့ အကုန်အစင်သိမြင်
တော်မူသည့် သဗ္ဗညုတဉာဏ် မရှိသဖြင့် သတ္တ၀ါတို့၏
ဣနြေ္ဒအနုအရင့်နှင့် အလေ့အကျက်များသော ပါရမီကို
မသိနိုင်၍ ပါရမီရင့်ကျက်ပြီးသူကိုပင် စရိုက်နှင့် ကမ္မဋ္ဌာန်း
ညီညွတ်အောင် မပေးနိုင်ခြင်း၊ ဈာန်ဝင်စားနေသည့်အခါ၌သာ တင့်တယ်တောက်ပခြင်း၊ ၀ါသနာနှင့် စရိုက်ကို
ဘုရားရှင်ကဲ့သို့ အကြွင်းမကျန် ပယ်သတ်တော် မမူနိုင်ခြင်း
အစရှိသည့် ဆိုင်ရာ ပုဂ္ဂိုလ်အလိုက် အားနည်းချက်များ
ရှိကြပေသည်။ ဘုရားရှင်မဟုတ်သည် ဖြစ်ခြင်းကြောင့်
အကုန်အစင် ဖြောင့်မတ်မှန်ကန်စွာ မသိနိုင်၊
မဆင်ခြင်နိုင်ခြင်းဖြစ်၏။
ရဟန္တာမှန်လျှင် သူတစ်ပါးစိတ်အကြံကို သိနိုင်ခြင်းမျိုး
မဟုတ်ပါပေ။ သူတစ်ပါးစိတ်အကြံကို မသိနိုင်သော ရဟန္တာပုဂ္ဂိုလ်များလည်း ရှိကြ၏။ သူတစ်ပါးစိတ်အကြံကို
သိခြင်း၊ အသွင် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊
နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်နှင့် မပြည့်စုံခြင်း စသဖြင့်
အရည်အချင်းအမျိုးမျိုးတို့ ပုဂ္ဂိုလ်တစ်ဦး နှင့်တစ်ဦး
မတူညီဘဲ ကွဲပြားနေကြခြင်းမှာ ဖြည့်ကျင့်ခဲ့ကြသည့်
ပါရမီချင်း မတူညီ၍ဖြစ်၏။
အလောင်းတော်ကြီးများဖြစ်ကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊
အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကလောင်းများ
သည် ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြပြီးနောက်
ပါရမီ ပြည့်သည့်အခါ ကိုယ်လုပ်ခဲ့သည့် အလုပ်တန်ဖိုး
ပြန်၍ ကိုယ်အကျိုး ခံစားကြရခြင်းပင်ဖြစ်၏။
.
ဘုရားရှင်လက်ထက် တစ်နေ့သ၌ ဘုရားရှင်က
အဂ္ဂသာဝက လက်ယာရံနှင့် လက်ဝဲရံအဖြစ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ကို ပေးအပ်လိုက်ရာ အခြားသောရဟန်းတော်များအနေဖြင့် ပဉ္စ၀ဂ္ဂီငါးဦးထဲမှ
အရှင်မြတ်တွေကို ပေးသင့်ကြောင်း တွေးထင်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ကိုယ်ဖြည့်ထားသည့် ပါရမီတွေအတိုင်း
ကိုယ်ရရှိ ကြတာဖြစ်ကြောင်း ဟောကြားရပေသည်။ ပါရမီနောက်ကြောင်းတို့ကိုလည်း ပြန်လည် ဟောကြား၍ မိမိအလိုရှိရာဆုအတိုင်း ဖြည့်ကျင့်ခဲ့ကြပြီးနောက်
ပြည့်သည့်အတိုင်း ဧတဒဂ်ဘွဲ့ များပေးအပ်သည်ကို
ရှင်းပြတော်မူပေသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊
တွေဝေမိုက်မဲ ခြင်းတည်းဟူသော အဂတိလေးပါး
ကင်းစင်တော်မူသော ဘုရားရှင်အနေဖြင့် မည်သူမည်ဝါ
ဟူ၍ ဘက်လိုက်ပေးခြင်းမျိုးမဟုတ်ပေ။
ထို့ကြောင့် ပါရမီဆိုတာ ကိုယ်လုပ်သည့်လုပ်အားဖြစ်ပြီး
လုပ်အားခကိုလည်း ကိုယ်သာလျှင် ပိုင်ဆိုင်ခွင့်ရှိသကဲ့သို့ မြင့်မြတ်သူဖြစ်ကြောင်းအလုပ်ကို နားလည်နိုင်ပါသည်။
မြင့်မြတ်သွား တာက လုပ်အားခ၊ မြင့်မြတ်အောင် ပြုမူကျင့်ကြံနေထိုင်ခဲ့တာက လုပ်အားပင်ဖြစ်သည်။
မိမိ အလိုရှိရာ ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်ကြရ
ခြင်းဖြစ်၏။ လိုချင်ယုံ သက်သက်ဖြင့် ကား မရနိုင်ပေ။ လိုချင်သည့်အတိုင်းလည်း ကြိုးစားအားထုတ်ရမည့်
ပါရမီ အလုပ်တို့ကို ဘ၀များစွာ ဉာဏ်၊ ၀ီရိယ
အရင်းတည်၍ ကြိုးစားအားထုတ်ကြရပါမည်။
.
နိဗ္ဗာန်ရောက်ကြောင်း ဖြည့်ကျင့်ရမည့်ပါရမီအလုပ်တို့မှာ
(၁၀)ပါးရှိကြ၏။
(၁) ဒါနပါရမီ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၂) သီလပါရမီ = ကိုယ်နှုတ်တို့၌ အပြစ်မဖြစ်ရအောင်
ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၃) နေက္ခမ္မပါရမီ = ကိလေသာတို့ဖြင့် မွေ့လျော်ခြင်းကို
စွန့်ခွါပြီး ကိလေသာမဖြစ်အောင် ကျင့်ကြံအားထုတ်ခြင်း
(ကိလေသာတောမှ ထွက်ခြင်း)။
(၄) ပညာပါရမီ = အပြစ်ကင်းသော အသိပညာ၊
အတတ်ပညာတို့ကို လေ့လာဆည်းပူးခြင်း၊
သင်ကြားပို့ချပေးခြင်း။
(၅) ၀ီရိယပါရမီ = အပြစ်ကင်းသောအလုပ်၊
အများချမ်းသာရေးအလုပ်တို့ကို မဆုတ်မနစ်
ကြိုးစားအားထုတ်ခြင်း။
(၆) ခန္တီပါရမီ = အချမ်းအပူဒဏ်၊ ဆင်းရဲပင်ပန်းဒဏ်နှင့်
သူတစ်ပါးတို့က ထိပါးနှိပ်စက်လာ သည်ကို သည်းခံခြင်း။
(၇) သစ္စာပါရမီ = မှန်ကန်ရိုးဖြောင့်စွာ
နေထိုင်ကျင့်သုံးပြောဆိုခြင်း။
(၈) အဓိဋ္ဌာန်ပါရမီ = ကောင်းမြတ်သောအလုပ်တို့ကို မည်သည့်အနှောက်အယှက်တို့နှင့် တွေ့တွေ့ နောက်မဆုတ်ဘဲ စိတ်ဓာတ်ခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။
(၉) မေတ္တာပါရမီ = သတ္တ၀ါအားလုံးအပေါ်၌
အကျိုးလိုလားသောစိတ်ရှိခြင်း။
(၁၀) ဥပေက္ခာပါရမီ = အကောင်းအဆိုး လောကဓံအမျိုးမျိုးနှင့်တွေ့သော်လည်း တပ်မက် ခြင်း၊
စိတ်ဆိုးခြင်းမဖြစ်ဘဲ တည်ငြိမ်လေးနက်စွာ
နှလုံးသွင်းဆင်ခြင်ခြင်း။ ဟူ၍ (၁၀)ပါးရှိလေ သည်။
ဗောဓိသတ္တ အလောင်းတော်ကြီးများသည် ထို(၁၀)ပါးတို့တွင် တစ်ပါးတစ်ပါး၌ ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီဟု
သုံးမျိုးစီရှိရာ ပေါင်းလျှင် အပါးသုံးဆယ် ဖြည့်ကျင့်တော်
မူလေသည်။
ဥပမာ- ဒါနပါရမီ၌.......
- ရွှေငွေစသော ပြင်ပ ဗဟိဒ္ဓပစ္စည်းများကို
လှူဒါန်းလျှင် ဒါနပါရမီ။
- လက်၊ ခြေ၊ မျက်စိစသော အင်္ဂါအစိတ်အပိုင်းတို့ကို
လှူဒါန်းလျှင် ဒါနဥပပါရမီ။
- အသက်ကို ပေးလှူလျှင် ဒါနပရမတ္ထပါရမီ။
ဟု သုံးမျိုးရှိသည်။ ဤသို့ဖြင့် ပါရမီ (၁၀)ပါး
အပြားသုံးဆယ်အားဖြင့် ဖြည့်ကျင့်တော်မူကြခြင်း
ဖြစ်ပါသည်။
.
.
သမ္မာသမ္ဗောဓိသတ္တ(ဘုရားအလောင်း)များသည်
အချို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
(ပညာဓိက ဘုရားအလောင်း)၊
အချို့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း
(သဒ္ဓါဓိက ဘုရား အလောင်း)၊
အချို့ ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း
(၀ီရိယဓိက ဘုရားအလောင်း) တိုင်တိုင် ပါရမီဖြည့်ကြရသည်။
ပစ္စေကဗောဓိသတ္တ(ပစ္စေကဗုဒ္ဓအလောင်း) တို့သည်
နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ ကဲ့သို့သော အဂ္ဂသာဝက
အလောင်းတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊
အရှင်မဟာကဿပ စသည်တို့ကဲ့သို့သော မဟာသာဝက
အလောင်းတို့သည် ကမ္ဘာတစ်သိန်းတိုင်တိုင်
ပါရမီ ဖြည့်ကျင့်ကြရပေသည်။
ပကတိသာဝကများမှာမူ အချိန်ကန့်သတ်ချက်မရှိကြပေ။ ကမ္ဘာပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်
ကြရပေသည်။ တစ်ဘ၀၊ နှစ်ဘ၀ ပါရမီဖြည့်ကျင့်ရုံဖြင့်ကား
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရနိုင်သေးပေ။
တစ်ဘ၀၊ နှစ်ဘ၀မျှ ပါရမီဖြည့်ကျင့်ရုံဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဆိုသောစကားသည်
ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး အဆို အတိုင်း
ဖော်ပြရလျှင် `အဖိုးအဆုံးအစမရှိသော စကြာမင်း၏
ပတ္တမြားရတနာကို ဖွဲတစ်ဆုပ် ခန့်ဖြင့်သာ ၀ယ်ယူခြင်းနှင့်
တူရာသည်။´ဟု ဆိုရပေမည်။
`နိဗ္ဗာန်ရောက်ဖို့ ပါရမီဆိုတာ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်
ရတာပါလား၊ ဒီတစ်ဘ၀ လောက် ဘုရားသာသနာနဲ့
ကြုံတွေ့ရုံမျှဖြင့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်တန်ရာ´
အစရှိသဖြင့် စိတ်ပျက်အားလျှော့သွားရန် မသင့်ပေ။
မိမိဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်ထူး များ မည်မျှ
ဖြည့်ကျင့်ခဲ့ကြောင်းကို မသိနိုင်သဖြင့် ယခုလို
သာသနာတော်ကြီး နှင့်တွေ့တုန်း နိဗ္ဗာန်ရောက်ရန် ပါရမီကုသိုလ်အလုပ်တို့ကို နေ့စဉ်ကြိုးကုတ်
အားထုတ်သွားရ မည်ဖြစ်သည်။ ဥပမာဆိုရသော် မိမိက
အရင်ဘ၀များစွာ၌ ပါရမီတရားတို့ကို ပြည့်လုနီးပါး
ဆည်းပူးခဲ့ပါလျှင် ယခုဆက်လက်ဖြည့်နေပါက
စရိုက်နှင့်ကမ္မဋ္ဌာန်း သင့်လျော်သွားချိန်တွင်
ချက်ချင်းပြည့်ကာ နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်မည်ဖြစ်၏။
`မိုးရွာတုန်းရေခံ´ဆိုသည့်အတိုင်း ယခုကဲ့သို့ ဘုရားရှင်၏သာသနာတော်ကြီးနှင့် တွေ့ကြုံနေ ခိုက်တွင်
တရားမိုးများ ရွာသွန်းနေတုန်း၊ ရေခံဆိုသည့်
နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်မှန်များ အားထုတ်ကြရန် အရေးကြီးပေသည်။
အားလုံး၌ မိုးဥတုကာလအတွင်း မိုးရေခံရန်
အုတ်ကန်ကြီး တစ်ခုစီရှိကြ၏။ ထိုအုတ်ကန်ကြီးအတွင်း ရေများပြည့်ရန်အတွက် ကိုယ်တိုင် ဖြည့်ကြရမည်ဖြစ်သည်။ တစ်ခြားတစ်ယောက်က ဖြည့်ပေးလို့မရပါ။ သို့သော်
တစ်ခြားသူများ က `ဟေ့…မိုးတွေရွာနေတယ်၊
မိုးရွာတုန်း ရေခံကြ´ အစရှိသည်ဖြင့် တိုက်တွန်းနှိုးဆော်မှုကို
တော့ အချင်းချင်း ကူညီပေးနိုင်ကြပေသည်။
ရွာနေသည့်မိုးကလည်း အားလုံးအတွက် ညီမျှစွာပင်။
မည်သူကိုဖြင့်ပို၍၊ မည်သူ့ကိုဖြင့်လျော့၍ ဘက်မလိုက်။ ရေခံတဲ့သူရနိုင်ရန်အတွက် ရွာနေခြင်းဖြစ်သည်။
ကိုယ်စီရှိကြသော အုတ်ကန် ကြီးတွင် ပြည့်သူတွေလည်း
ရှိကြသည်။ မပြည့်သေး၍ ဆက်လက်ခံနေသူများလည်း
ရှိကြ သည်။ မခံဘဲ မှောက်ထားသူများလည်း ရှိ၏။
နောက်မိုးကျမှ ခံတော့မယ်ဆိုပြီး လက်ရှိမိုးရေ ကို
မခံသေးဘဲ နေနေကြသူတွေများလည်း ရှိကြသည်။
မိုးဥတုသည်ကား သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်နေသည့် ဘုရားသာသနာတော်ကြီးနှင့် တူ၏။ အုတ်ကန်
ကိုယ်စီရှိကြသူတွေကတော့ သံသရာခရီးသွား
ဝေနေယျသတ္တ၀ါများဖြစ်ကြ ၏။
မိုးရေခံလို့ ပြည့်သွားကြသူတွေကတော့ အရဟတ္တ
မဂ်ဖိုလ်သို့တိုင် ကျင့်ကြံအားထုတ်ပြီး သူများကို
ဆိုလိုပါသည်။
မိုးရေ မပြည့်သေး၍ ဆက်လက်ခံနေသူများကတော့
သတိ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်း
အကျင့်မှန်တရားများ ဖြည့်ကျင့်နေကြဆဲ
(ပါရမီဖြည့်ကျင့် နေကြဆဲ) ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။
မိုးရေမခံဘဲ နေနေကြသူတွေကတော့ သတိမေ့လျော့
ပေါ့ဆဆနှင့် အပျော်အပါးနောက် လိုက်နေကြသူတွေ၊
ဒုစရိုက်အမျိုးမျိုးကို ဂုဏ်ယူစွာ ပြုကျင့်နေကြသူတွေ၊
သေဖို့ရန် မေ့နေကြသူတွေ၊ အလောင်းကစား၊ အရက်သေစာ၊
မိန်းမ၊ မသမ္မာသောငွေရှာခြင်းတို့ဖြင့် အချိန်ဖြုန်းနေ
ကြသူတွေ(ပါရမီဖြည့်ကျင့်ရန် မေ့လျော့နေကြသူ တွေ)
ပင်ဖြစ်သည်။
ယခုရွာသည့်မိုးကို သေသေချာချာမခံသေးဘဲ
နောက်ထပ်ရွာမည့် မိုးကျမှ အစွမ်းရှိသမျှ အားအင်အပြည့်နဲ့ မိုးရေခံတော့မည်ဟူ၍ စောင့်နေသူများကတော့ မသေချာ မရေရာသည့်အရေး မျှော်တွေးလို့ ငေးမောနေသူများနှင့်
တူလှပေသည်။
ဘုရားသာသနာတော်ကြီးသည် သမုဒ္ဒရာရေ
တစ်ပွက်ခန့်အချိန်မျှသာ ကြာပါသည်။ သာသ နာ
ပကာလများကတော့ ကမ္ဘာကဘေ နှစ်အသင်္ချေအနန္တ
ကြားညောင်းလှ၏။ ဘုရားပွင့်ထွန်း ပေါ်ပေါက်သည့် ကမ္ဘာ၌ တစ်ဆူနှင့်တစ်ဆူအကြားကာလသည်ပင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာရှိ၏။
ဘုရားပွင့်သည့် ကမ္ဘာပေါ်ပြီးပြန်လျှင်လည်း ဘုရား မပွင့်သော သုညကမ္ဘာများက များစွာဆက်တိုက်ဖြစ်၏။
ထိုသုညကမ္ဘာအတွင်း၌ နိဗ္ဗာန်ရောက် ရန်
အမြန်အားထုတ်နိုင်သည့် မဂ္ဂင်တရား ဟောကြားနိုင်သည့် ဘုရားရှင်မပွင့်ထွန်းသဖြင့် ကိုယ်တိုင် သစ္စာသိမြင်နိုင်သော ပစ္စေကဘုရားငယ်မှတစ်ပါး မည်သူမျှ မကျင့်ကြံ၊ မပွါးများ၊
အားမထုတ် နိုင်ကြပေ။
ဘုရားရှင်သာသနာတော်နှင့် တွေ့ကြုံခိုက်
ပါရမီဖြည့်ကျင့်ခြင်းသည် နိဗ္ဗာန်ရောက်ရန် နီးသော
အကြောင်းဖြင့် ကျင့်နိုင်၏။ အကြောင်းမူ မဂ္ဂင်ရှစ်ပါး
မြတ်တရားကို သိရှိခွင့်ရသော ကြောင့်ဖြစ်၏။
ဒါနပြုကလည်း မဂ္ဂင်တရားနှင့်၊ သီလဆောက်တည်ကလည်း
မဂ္ဂင်တရားနှင့် ပါရမီ(၁၀)ပါးလုံးကို မဂ္ဂင်တရားနှင့် တွဲပြီး ကျင့်ကြံနိုင်သောကြောင့် မိုးဥတုအတွင်း ရေဖြည့်ရာ ၌
လွယ်လင့်တကူ အမြန်ပြည့်နိုင်သကဲ့သို့ဖြစ်ပါသည်။
မိုးကုန်မှ ရေရှာရာ၌ လွန်စွာပင်ပန်းခံနိုင် သော
အလောင်းတော်ကြီးများကဲ့သို့ ဇွဲလုံ့လ၀ီရိယတရား
ပြင်းပြင်းထန်ထန် အားထုတ်နိုင် သူများသာလျှင် ပြင်းထန်သောသဒ္ဓါတရားရှိသောကြောင့် တစိုက်မတ်မတ်၊
စဉ်ဆက်မပြတ် အားထုတ်နိုင်ကြ၏။ သို့ကြောင့်လည်း ကာလသတ်မှတ်ချက်အတိအကျဖြင့် ပန်းတိုင်သို့ ရောက်နိုင်ကြခြင်းဖြစ်ပေမည်။
ပကတိသာဝကဖြည့်ကျင့်သူများကတော့ ပါရမီ ဖြည့်ကျင့်ရန်
ကာလ အတိအကျ မရှိကြပေ။ အတိအကျရှိတာမဟုတ်ဟု
သိသဖြင့် `ဖြည့်မနေဲ့၊ အချိန်တန်တော့ နိဗ္ဗာန်ရောက် လိမ့်´
ဟူ၍ အယူမှားမသွားစေနှင့်။
စဉ်ဆက်မပြတ် အားထုတ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ
သတိတရားဖြစ်က ဖြည့်ကျင့်လိုက်၊ မေ့လျော့က
မဖြည့်ကျင့်မိဘဲ လမ်းလွဲသွားလိုက်ဖြင့် ရှိနေတတ်သော
ကြောင့် အချိန်ကာလ အတိအကျမရှိခြင်း ဖြစ်နိုင်ပါသည်။
.
ဘုရားရှင်လက်ထက်က ပကတိသာဝကတို့ ကို ဖော်ပြရလျှင် အရှင်ဗေလဋ္ဌသီသမှာ ကမ္ဘာတစ်သိန်းတိုင်တိုင်လည်းကောင်း၊ ဓမ္မရုစိမထေရ် ဆိုလျှင် ကြားကာလ၌ ပဉ္စာနန္တရိယ
ကံကျူးလွန်မိသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်တိုင်လည်းကောင်း ပါရမီ
ဖြည့်ကျင့်ခဲ့ကြရပေသည်။
ပါရမီဖြည့်ကျင့်ရန်အတွက် ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ်ရှိနေကြရန်လိုအပ်ပါသည်။ ဉာဏ်ဖြင့်
မဆင်ခြင်ပဲ အမှားလမ်းလည်း မလိုက်မိစေနှင့်၊
ဝီရိယမထုတ်ဘဲ အပျင်းထူ၍လည်း မနေသင့်။
ဖြည့်နေသူတို့အတွက် ပြည့်ဘို့ရန် ရောက်လာမှာက
မလွဲဧကန်ပင်။ သတိဉာဏ်က ပျော့ ၀ီရိယတွေက
လျော့နေရင်သာ ပါရမီပြည့်ရန်ဆဲ နိဗ္ဗာန်ဝင်ရန်
လွဲနေမည်သာဖြစ်၏။
.
.
သင်ခန်းစာယူနိုင်ရန် သာဓကတို့ကို ထုတ်ပြလိုပါသည်။ ဘုရားရှင်လက်ထက်က ကုဋေ ရှစ်ဆယ်ကြွယ်ဝသော
သူဌေးသားနှင့် ထိုမျှပင်ချမ်းသာသော သူဌေးသမီးတို့ကို
မိဘများက ထိမ်းမြားလက်ဆက် ပေါင်းဖက်ပေးခဲ့ကြသည်။ ထိုသူနှစ်ဦးတို့သည် ရှေးဘ၀များစွာက ပါရမီ
ကုသိုလ်တရားတို့ ဆည်းပူးခဲ့ကြသူများ ဖြစ်ကြပေသည်။
ထို့ကြောင့် ယခုတဖန်လည်း ဘုရားရှင်သာသနာနှင့်
ကြုံတွေ့နေခိုက် ပထမအရွယ်မှာ ပါရမီကုသိုလ်အား
ထုတ်ကြပါလျှင် ယောက်ျားက ရဟန္တာ၊ မိန်းမက
အနာဂါမ်ဖြစ်နိုင်မည့် ပါရမီတို့ ပါခဲ့ကြ၏။
ဒုတိယအရွယ်မှာ အားထုတ်ကြပါလျှင် ယောက်ျားက
အနာဂါမ်၊ မိန်းမက သကဒါဂါမ်၊
တတိယအရွယ်မှာ အားထုတ်ကြပါက ယောက်ျားက
သကဒါဂါမ်၊ မိန်းမက သောတာပန်တည်ကြမည်
ဖြစ်သော် လည်း စတုတ္ထအရွယ်သို့တိုင် ရောက်ခဲ့ချိန်မှာ
တော့ တောင်မွေးတောင် အနိုင်နိုင်ဆွဲကာ ခွက်လက်ဆွဲ
တောင်းစားရသည့် အခြေအနေသို့ ရောက်သွားသောကြောင့် ဉာဏ်ကလည်း မရှိတော့၊ ၀ီရိယကလည်း ခွန်အားတွေ မပြည့်ဝတော့သည့်အတွက် ပါရမီပြည့်အောင်
မဖြည့်ဆည်းနိုင်ကြဘဲ မြင့်မြတ်သည့်အဖြစ်ကို လက်လွှတ်ဆုံးရှုံးရရှာလေသည်။
ဘုရားရှင်လက်ထက် ပုဏ္ဏားတစ်ဦးမှာလည်း အနည်းငယ်သောအချိန်ကာလမျှ ဉာဏ်၊ ၀ီရိယ
စိုက်ထုတ်လိုက်ပါလျှင် သောတာပန်တည်နိုင်သည့် ပါရမီတွေ ရှိခဲ့ပါသော်လည်း မဖြည့်ဆည်း လိုက်မိသောကြောင့်
ပါရမီပြည့်ဘို့ အလှမ်းဝေသွားရရှာခဲ့ပြန်သည်။
အကြောင်းမှာ- ထိုပုဏ္ဏား သည် ဘုရားရှင်ဟောကြားလိုသည့် တရားတော်ကို အကျယ်တ၀င့်နာကြားမှ သောတာပန်
တည်နိုင်မည့် ပါရမီရှိသော်လည်း မကျဉ်းမကျယ်မျှသာ
နာကြားပြီး အိမ်မှုကိစ္စနောက်ဆန် တင်းကာ
ပြန်သွားသည့်အတွက်ကြောင့် မြင့်မြတ်သူဖြစ်ဖို့အရေး ဝေးသွားရရှာလေသည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌
ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ် ရှိနေရန်
အရေးကြီး ကြောင်း နားလည်မိပါသည်။
နိဗ္ဗာန်ရောက်ရန် ပါရမီဖြည့်ကျင့်ရာ၌ စက္ကန့်ပိုင်းမျှ
လိုနေသည် ဖြစ်လင့်ကစား ထိုကာလမျှ သောအချိန်သည် လွန်စွာအရေးကြီးလှ၏။ ထိုအချိန်၌ အားလျှော့မိပါလျှင် ယနိဗ္ဗာန်နှင့် ဝေးသွား နိုင်ပေသည်။ ပါရမီပြည့်ရန်လိုနေသည့်
ကြားကာလအတွင်း၌ မအိပ်မစား မည်မျှပင်
အားထုတ်သော်လည်း မရနိုင်ဘဲ ရှိနေတတ်သည်။
ပါရမီ၏သဘောမှာ မည်မျှနက်နဲ ကျယ်ဝန်း လိုက်ပါသနည်း။
ပုဂ္ဂိုလ်တစ်ဦး၏ ပါရမီရင့်ကျက်ချိန်တန်ပြီ၊ ပါရမီရက်ကျက်ချိန် မတန်သေးသည်ကို ဘုရားရှင် သာလျှင် သိတော်မူလေသည်။ ဘုရားရှင်လက်ထက်က ဒါရုစိပုရိဗိုက်ကြီးသည် ဘုရားရှင်အား တွေ့လိုဇောဖြင့် တစ်ညတာခရီးကို မနားတမ်းလာခဲ့ရာ
နံနက်မိုးသောက် အလင်းရောက် ချိန်တွင် ဘုရားရှင်ရှိရာကျောင်းသို့ရောက်၏။
ထိုအချိန်တွင် ဘုရားရှင်က နောက်ပါရဟန်း တော်များနှင့်အတူ ဆွမ်းခံကြွနေသောကြောင့် ဒါရုစိပုရိဗိုက်ကြီးက
ဘုရားရှင်ဆွမ်းခံသွားရာ နောက်သို့ လိုက်လေ၏။
ဘုရားရှင်ကို တွေ့သောအခါတွင်-
ပုရိဗိုက်။ ။`မြတ်စွာဘုရား၊ တပည့်တော်အား
နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို
ဟောကြားတော်မူပါဘုရား။´
ဘုရားရှင်။ ။`ချစ်သား၊ တရားဟောချိန် မတန်သေးပေ၊ ဆိုင်းငံ့ဦး။´
ထိုသို့ သုံးကြိမ်တိုင်အောင် တရားတောင်းရာ
ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် ဆိုင်းငံ့ ခိုင်းလေသည်။ နောက်ဆုံး၌ ပုရိဗိုက်ကြီးက- `အရှင်ဘုရား၊ တပည့်တော်လည်း ဘယ်အချိန်သေရမည် မသိပါ၊ အရှင်ဘုရားကလည်း ဘယ်အချိန် ပရိနိဗ္ဗာန်စံဝင်မည် မသိနိုင် ပါ။ တပည့်တော်အား
သနားငဲ့ညှာတော်မူပြီး တရားဟောကြားပေးတော်မူပါဘုရား´
ဟူ၍ လျှောက်သောအခါတွင် ဗုဒ္ဓမြတ်စွာသည် ပုရိဗိုက်ကြီး၏ ပါရမီရင့်ကျက်ချိန်တန်သည်ကို သိတော်မူသဖြင့်
လေးပါဒမျှသာရှိသော တရားတော်ကို ဟောကြားလိုက်ရာ
တရားအဆုံးမှာ ပင် ဒါရုစိပုရိဗိုက်ကြီး
ရဟန္တာဖြစ်တော်မူလေသည်။
ထိုဝတ္ထု၌ သတ္တ၀ါအပေါင်းတို့ကို မဟာကရုဏာထားတော်မူသော မြတ်စွာဘုရားအနေဖြင့် တရားတောင်းနေသူကို
ချက်ချင်းတရားမဟောဘဲ ဆိုင်းငံ့ခိုင်းနေခြင်းသည်
တရားမဟောချင်၍ မဟုတ်ပေ။
၎င်း၏ ပါရမီရင့်ကျက်ချိန်ကို စောင့်နေသည်ဖြစ်ခြင်းကြောင့် ဟောချိန်မတန်သေး ဟူ၍ ပါရမီမရင့်ကျက်သေးမှီ
ကြားကာလအတွင်း တားနေခြင်းမျှသာဖြစ်ပေသည်။ ပါရမီ ရင့်ကျက်ချိန်လည်းရောက်ရော ၎င်း၏ ဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်အလေ့နှင့် ကိုက်ညီ သောတရားကို
အံဝင်ခွင်ကျဖြစ်အောင် ဟောကြားတော်မူလိုက်သဖြင့်
ခဏအတွင်းပင် ဒါရုစိပုရိဗိုက်ကြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူရခြင်းဖြစ်ပေသည်။
မဟာသာဝကကြီးဖြစ်သည့် အရှင်အာနန္ဒာမထေရ်
မြတ်သည်လည်း ဘုရားရှင်နှင့် အချိန်တိုင်း အနီးကပ်နေရ၊
ဘုရားရှင် ဟောထားသမျှသော တရားတော်တိုင်းကို
ပြန်လည်နာကြားရ၊ နှုတ်၌ပင် တစ်လုံးမကျန် အာဂုံဆောင်နိုင်ရ
ငြားသော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက် နိုင်ဘဲ
သောတာပန်အဖြစ်နှင့်သာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး
သည့်နောက် သုံးလတိုင်ပင် နေခဲ့ရလေသည်။ ဇွဲနပဲကြီးစွာ
အားထုတ်သော်လည်း မရခဲ့။ ပထမအကြိမ်
သံဃာယနာတင် မည့် တစ်ရက်အလိုကျမှသာ
ရဟန္တာဖြစ်တော်မူလေသည်။
ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဖြည့်ကျင့်နေရမည့်အလုပ်က
ကိုယ့်အလုပ်၊ ပြည့်သွားမှာက ဓမ္မအလုပ်ဟူ၍ ခွဲခြားစွာသိထားသင့်ပေသည်။ သာဝကဉာဏ်အရာမှာ
ပါရမီလိုသည်၊ သာဝက ဉာဏ်အရာမှာ ပါရမီမလိုဘူးဟူ၍
ငြင်းခုန်ပြီးလည်း မနေနှင့်။
သတ္တ၀ါတိုင်းအတွက် နိဗ္ဗာန် ရောက်ရန် ပါရမီကုသိုလ်
အားမထုတ်ဘဲ ရောက်ရိုးထုံးစံမရှိဟူ၍သာ တစ်ထစ်ချမှတ်ယူ၊ ဖြည့်ကျင့်သူတို့သာလျှင် အလိုရှိရာရောက်နိုင်ပါမည်။
ဥပမာ- မသွားဘဲထိုင်နေလျှင် ခရီးမတွင်
သကဲ့သို့ဖြစ်ချေသည်။ စက္ကန့်တိုင်းသွားနေက စက္ကန့်တိုင်း
ခရီးတွင်နေမည်။ ယခုလို ဘုရားသာသနာအတွင်း
ဖြည့်ကျင့်ခွင့်ရသည့် ပါရမီကုသိုလ်ထူးများမှာ အချိန်တိုင်း
စိန်စီထား သောစက္ကန့်များဟူ၍ တန်ဖိုးထားရမည့်
အချိန်တို့ပင် ဖြစ်ပေသည်။
သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။ စက္ကန့်တိုင်း ပါရမီကုသိုလ်တရားများ ဖြည့်ကျင့်ဆည်းပူး
အားထုတ်နိုင်ကြပါစေ။
━━━━━━━━━━━━━━━━━━━━
Written by ►►► 📝📝 ဓမ္မ ကုန်သည်
((ဖတ်ရှူ , နာယူ , မှတ်သားမိသမျှ ပြန်လည်မျှဝေသည်..။))
Tuesday, November 22, 2016
Saturday, November 12, 2016
ဝိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ဖြုတ်ရမည်
နမောတဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံပေါ်၌ ဟောကြားပြသ ဆုံးမတော်မူအပ်သော
ဝိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ဖြုတ်ရမည်
အလုပ်ပေးတရားတော်
(၁၃.၂.၆၁)
ဒကာ ဒကာမတွေ မှတ်စရာက ခန္ဓာဉာဏ်ရောက်စေချင်တယ်၊ ခန္ဓာငါးပါးလဲ ရှိတယ်၊ နာမ်ရုပ်တရား ဆိုတာလဲ သိပြီးသား ထားပါတော့။
အဲဒီခန္ဓာနာမ်ရုပ်ရဲ့ အဖြစ်အပျက်ကို နားလည်ပင်နားလည်ငြားသော်လဲ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တစ်ခုခု ငြိနေခဲ့ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို အားထုတ်ငြားသော်လဲ ဒုဗ္ဗလ အားနည်းတဲ့ဝိပဿနာ ဖြစ်နေလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးလို့ မှတ်ထားရမယ် … (မှန်ပါ့)။
ပြန်ပြောပါဦးမယ်၊ ဒီအရေးဟာ ကြီးပါတယ်လို့ဆိုတာ မှတ်ထားကြပါ … (မှန်ပါ့)၊ ခန္ဓာငါးပါး ရုပ်နာမ်တရားကို ဖြစ်မှု ပျက်မှု အနိစ္စတွေ ဒုက္ခတွေ အနတ္တကျအောင်ပဲ နားလည်တယ်ပဲ ထားပါတော့။ ပဋိစ္စသမုပ္ပာဒ် တည်းဟူသော အကြောင်းတရား အကျိုးတရားတွေကို နားမလည်လို့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တစ်ခုခုငြိနေလို့ ရှိရင်ဖြင့် အားနည်းတဲ့ ဝိပဿနာ ဖြစ်၍ အားကြီးတဲ့ ဝိပဿနာ မဖြစ်နိုင်သောကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်လို့ မှတ်ထားရမယ် … (မှန်လှပါ)။
သေသေချာချာ မှတ်ပါ၊ သုံးခေါက်ပြောပါ့မယ်၊ အားလုံး ဒကာ ဒကာမတွေ သတိထားကြပါ၊ ခန္ဓာငါးပါး ရုပ်နာမ်တရား အဖြစ်အပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ရှုပြီးနေကြတယ်ဆိုပါတော့၊ ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ ခန္ဓာငါးပါး ဖြစ်ကြောင်း ချုပ်ကြောင်းကို နားမလည်တဲ့အတွက် သဿတဥစ္ဆေဒငြိနေပါတယ်။
ထိုကဲ့သို့ ပဋိစ္စသမုပ္ပာဒ် နားမလည်တဲ့အတွက် သဿတ ဥစ္ဆေဒငြိနေလျက်နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ အားထုတ်ခဲ့သော အားနည်းတဲ့ ဝိပဿနာဖြစ်တယ်လို့ မှတ်ထားပါ … (မှန်ပါ့)၊ ဘာဝိပဿနာ ဖြစ်ပါလိမ့် … (အားနည်းတဲ့ ဒုဗ္ဗလဝိပဿနာ ဖြစ်ပါတယ်)။
အားနည်းတဲ့ဒုဗ္ဗလဝိပဿနာ ဖြစ်နေတဲ့အတွက် အားကြီးတဲ့ ဗလဝဝိပဿနာ မဖြစ်နိုင်သောကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘူးလို့ဆိုတဲ့ဥစ္စာ သက်သေသာဓက ဝတ္ထုနှင့်တကွ လုံလောက်အောင် ပြလိမ့်မယ် … (မှန်ပါ့)၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ပဋိစ္စသမုပ္ပာဒ် နားလည်မှ သဿတ ဥစ္ဆေဒက စင်တယ်။ စင်မှသာလျှင် အဖြစ်အပျက်ကို အားထုတ်လို့ ရှိရင်ဖြင့် အားကြီးတဲ့ ဗလဝ ဝိပဿနာ ဖြစ်လေသောကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တယ်လို့ မှတ်ရမယ်နော် … (မှန်လှပါဘုရား)။
ဒီအတိုင်း ကိုယ့်ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပာဒ် ခန္ဓာ့ဖြစ်စဉ်ကြီးကိုတော့ဖြင့် မသိဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို အားထုတ် ငြားသော်လဲ အားနည်းတဲ့ ဝိပဿနာဖြစ်တယ်လို့ ဦးခင်မောင် … မှတ်ရလိမ့်မယ်နော် … (မှန်လှပါဘုရား)။ သဘောကျကြ ပလား … (ကျပါပြီဘုရား)။
အားနည်းတဲ့ ဝိပဿနာ ရှုနေလို့ရှိရင်ဖြင့် ကုသိုလ်တော့ ရပါရဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျေးဇူးမပြုဘူး။ အဘယ့် ကြောင့်ဆိုသော် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ခံနေလို့လို့ မှတ်ရမယ် … (မှန်ပါ့ဘုရား)။ ရှင်းကြပလား … (ရှင်းပါပြီ)။
ဘာခံနေလို့တုံး … (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ခံနေလို့ပါဘုရား)။ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခံပြီးသကာလနေလျက်နဲ့ ဖြစ်မှု ပျက်မှုတွေကို ကြိုးစားပြီး သကာလ နေကြငြားသော်လဲ အားနည်းတဲ့ ဒုဗ္ဗလဝိပဿနာသာ ဖြစ်တယ်လို့ ဦးခင်မောင် … မှတ်ရလိမ့်မယ် … (မှန်လှပါဘုရား)။
အားကြီးတဲ့ ဗလဝဝိပဿနာ ဖြစ်ပါရဲ့လား … (မဖြစ်ပါဘူး)။ အဲဒါ ဒီနေ့ သေသေချာချာ ဝတ္ထုသက်သေထုတ်ပြီး သကာလ ပြပါမယ် ဒကာ ဒကာမတို့ … (မှန်ပါ့)။ ဘုရားနဲ့ ဖွားဘက်တော်ဆန္ဒဆိုတဲ့ တောထွက်တဲ့အခါ လိုက်ပို့တာ ဒကာသစ်တို့ ကိုမြရွှေတို့ ကြားဖူးကြပါလိမ့်မယ်နော် … (မှန်လှပါဘုရား)။ မြင်းနောက်ကလိုက်ပြီးမြင်းမြီးဆွဲမောင်ဆန် ဆိုတာ ကြားဖူးပါလိမ့်မယ်နော် … (မှန်ပါ့)။
ဘုရားနဲ့လဲ ဖွားဘက်တော် တစ်နေ့တည်း တစ်နာရီတည်းဆိုသလို နန်းတော်ထဲမှာ ဖွားကြတယ်ဆိုတာလဲ သိပြီး သားပါပဲ လို့ ထားလိုက်ပါနော် … (မှန်ပါ့ဘုရား)။
အဲ … သူဟာ ဘုရားပင့်သွားရင်း ဘုရားဆီမှာ ရဟန်းအဖြစ်နဲ့ပဲ နေပ့ါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ သူ ကြိုးစား တယ်။ ကြိုးစားပင် ကြိုးစားငြားသော်လဲ နိဗ္ဗာန်ဆိုတာကို သူမမြင်ဘူးဆိုတာ သူကိုယ်တိုင် ဖွင့်ပြောတဲ့အဓိပ္ပာယ်တွေ ယနေ့ ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ် … (မှန်ပါ့)။
ဒါကြောင့် ဒီအဓိပ္ပာယ်ကို ရှင်းပြီးသကာလ လာခြင်းသည် ဒကာသစ်တို့ ကိုမြရွှေတို့ အလုပ်အစီအစဉ် လွဲမှာစိုးလို့ အလုပ်အစီအစဉ် တည့်အောင်လို့ ဟောနေတယ်လို့ ဒကာ ဒကာမတွေ မှတ်ပါ … (မှန်ပါ့ဘုရား)။
သာမညဆိုလို့ ရှိရင်ဖြင့် ဖြစ်ပျက် အနိစ္စမြင်၊ ဒုက္ခမြင်၊ အနတ္တမြင်ရင် ပြီးတာပဲလို့ ခင်ဗျားတို့ မှတ်ချင်လဲ မှတ်ထား ကြလိမ့်မယ်နော် … (မှန်ပါ့)။ မဟုတ်သေးပါဘူးတဲ့၊ ဒိဋ္ဌိခွာပြီး မြင်မှ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိခွာပြီး မြင်မှသာလျှင် ဒကာ ဒကာမတို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တယ်နော် … (မှန်ပါ့ဘုရား)။
ဘာခွာပြီးမှပါလိမ့် … (သဿတ ဥစ္ဆေဒခွာပြီးမှပါဘုရား)။ သဿတ ဥစ္ဆေဒခွာပြီး ရှုမှသာလျှင် ဘာရနိုင်တုံး … (မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါတယ်)။
သဿတ ဥစ္ဆေဒ မကွာဘဲနဲ့ ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဖြစ်ပျက်တွေ ရှုပြီးသကာလ နေငြား သော်လဲ ဒုဗ္ဗလအားနည်းတဲ့ ဝိပဿနာသာ ဖြစ်တယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မြင်နိုင်တဲ့သဘောသို့ မရောက်ပါဘူး ဆိုတာကိုလဲ ယနေ့ ရှင်းရှင်းလင်းလင်း မှတ်ထားရမယ်နော် … (မှန်လှပါဘုရား)။
အဲဒါ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဆန္နသုတ်မှာ ဆန္နကိုယ်တိုင် မရလို့ သေသေချာချာ သူ့ခမျာမှာ ဒုက္ခရောက်လို့ အရှင်အာနန္ဒာဆီ ပြေးရတယ်ဆိုတဲ့ ဥစ္စာလဲ သက်သေသာဓက အရှင်အာနန္ဒာက ပဋိစ္စသမုပ္ပာဒ်ကို သေသေချာချာ ပြောဟောတော့မှ ဒိဋ္ဌိကွာတော့မှ ကိစ္စပြီးပုံကို ဒကာ ဒကာမတွေ ယနေ့ ရှင်းရှင်းလင်းလင်းနဲ့ပဲ သြော် … တို့အလုပ်စဉ် တည့်အောင် ဆရာဘုန်းကြီးကဖြင့် ကယ်ယူတင်ဆောင်ပို့နေပေါ့ဆိုတာ သေသေချာချာ မှတ်ကြပါ … (မှန်ပါ့ဘုရား)။
အလုပ်စဉ်တည့်အောင်လို့ ပေးနေတယ်ဆိုတာကော သဘောကျပလား … (ကျပါပြီဘုရား)။ အေး … ဒါကြောင့် ဒကာ ဒကာမတွေ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ ပေါင်းရမယ်ဆိုတဲ့ ဒီမဂ်ရခြင်း၏ အကြောင်းဟာ … သပ္ပရိသူပသံသေဝေါ ဟိ ဘန္တေ သောတာပတ္တယင်္ဂံ၊ သဒ္ဓမ္မဿဝနံ သောတာပတ္တိယင်္ဂံ၊ ယောနိသော မနသိကာရော သောတာပတ္တိယင်္ဂံ၊ ဓမ္မာနုဓမ္မပဋိပတ္တိ သောတာပတ္တိယင်္ဂံ။ (မဟာဝဂ္ဂသံယုတ်ပါဠိ၊ နှာ - ၃၀၂)
(၁) သူတော်ကောင်းနှင့် ပေါင်ဖက်ခြင်းကလဲ သောတာပတ္တ အင်္ဂါတစ်ပါး
(၂) သူတော်ကောင်းတရားကို နာကြားခြင်းကလဲ သောတာပတ္တိအင်္ဂါတစ်ပါး၊
(၃) သင့်လျော်စွာနှလုံးသွင်းခြင်းကလဲ သောတာပတ္တိအင်္ဂါ တစ်ပါး
(၄) လောကုတ္တရာအားလျော်သော အကျင့်ကိုကျင့်ခြင်းကလဲ သောတာပတ္တိအင်္ဂါတစ်ပါး …လို့
စတုက္ကနိပါတ် အင်္ဂုတ္တိုရ်များမှာ သောတာပတ္တမဂ်ရခြင်း အကြောင်းဟာ သူတော်ကောင်းနဲ့ ပေါင်းပြီးသကာလ လမ်းပြကောင်းပြနိုင်မှ လမ်းကောင်းပေါ် ရောက်ပြီးသကာလ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာကိုလဲ ဒကာသစ်တို့ ကိုမြရွှေတို့ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ်နော် … (မှန်ပါ့ဘုရား)။
ကိုင်း … ဒါဖြင့် ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္တ ရှုမှုနှင့် သဿတ ဥစ္ဆေဒဆိုတဲ့ ဒိဋ္ဌိနှစ်ခု ခွာမှုဟာ ဘယ်သူ့ကို ရှေ့ထားရမလဲ … (ဒိဋ္ဌိခွာမှု ရှေ့ထားရပါမယ်ဘုရား)။ သဿတ ဥစ္ဆေဒ ဒိဋ္ဌိခွာမှုကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ထားရမယ်ဆိုတာ မှတ်လိုက်ကြပါ … (မှန်ပါ့)။ မောင်ထွန်းလှိုင် ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)။
ဒါ ပါဠိတော်ရှိလို့ ရဲရဲတင်းတင်းတစ်ခါတည်း ဦးခင်မောင် ပြောရခြင်းဖြစ်တယ်ဆိုတာလဲ မှတ်ထားလိုက်တော့ ပေါ့နော် … (မှန်ပါ့ဘုရား)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်အလိုရှိတဲ့ အလုပ်ကို အရောက်ကြီး ရောက်ချင်လို့ အမြန်ဆုံးနည်းနဲ့ ရောက်ချင်လို့ ဝိပဿနာအလုပ်ကြီး လုပ်ငြားသော်လဲ အလုပ်ချင်း ရှေ့နောက်လွဲနေလို့ရှိရင်လဲ အားလုံး တရားတစ်ပွဲလုံးပဲ ဒကာ ဒကာမတို့ ကုသိုလ်ရပြီးသကာလ လိုရာခရီး အပြီးအပိုင် မရောက်ဘဲနေမှာ စိုးရိမ်ရမယ်နော် … (မှန်လှပါ)။ မစိုးရိမ် ရဘူးလား … (စိုးရိမ်ရပါတယ်ဘုရား)။
အဲ … ဒါကြောင့် ဒီနေ့ မနေ့ကလဲ အနုရာဓနည်းပေးခဲ့ပါတယ်။ ယနေ့ အရှင်ဆန္နအတွက် သေသေချာချာ သူမရခြင်း၏ အကြောင်း သူကိုယ်တိုင် တာဝန်ခံလို့ လုံလောက်သထက် လုံလောက်အောင်လို့ ဦးခင်မောင် ဒီဝတ္ထု ထုတ်လာပြန်တယ် … (မှန်ပါ့)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ဝတ္ထုကိုပဲ စ,ကြပါစို့တဲ့၊ ဒကာ ဒကာတွေ နားလည်မှုရှိအောင် ကြိုးစားပြီး သကာလလဲ မှတ်ကြပါနော် … (မှန်ပါ့)။ ကြိုးစားမှတ်ပြီးသကာလ ကြိုးစားပြီး ဒီအလုပ်စဉ် စ,ကြပါစို့ဆိုတဲ့ ဥစ္စာ သေသေ ချာချာ မှတ်ပါ။
ကဲ …ဒကာ ဒကာမတို့ သူ့မပြောခင် ဒိဋ္ဌိကို ကျုပ်တို့ အရင်ခွာကြစို့ … (မှန်ပါ့ဘုရား)။ ဆန္နဝတ္ထု မပြောမီ ဦးခင်မောင် ဘာကို အရင်ခွာရမတုံး … (ဒိဋ္ဌိ အရင်ခွာရပါမယ်ဘုရား)။ ဒိဋ္ဌိ အရင်ခွာကြစို့ … သဿတရော-ဥစ္ဆေဒရော ယနေ့ ခွာပေးမယ်နော် … (မှန်ပါ့ဘုရား)။
အရှင်ဆန္နမှာ သဿတဒိဋ္ဌိရှိနေတဲ့အတွက် ဘုရားဖြစ်စက စ,ပြီး ဦးခင်မောင် … အားထုတ်လိုက်တာ ဘုရား ပရိနိဗ္ဗာန် စံတောင်မရဘူး … (မှန်လှပါ)။ ဘယ်လောက်ကြာသတုံးဗျာ … (နှစ်အကြာကြီးပါဘုရား)။
ကဲ … တိုတိုပြောတော့ နှစ်အကြာကြီးကြာတယ်လို့ ဆိုရင်တောင် မလွဲပါဘူး … (မလွဲပါဘူးဘုရား)။ သဘောကျပလား … (ကျပါပြီ)။ ဒါဖြင့် ဒါဘာလွဲနေတာတုံးလို့ မေးတဲ့အခါကျမှ ဒကာ ဒကာမတွေ တစ်ပွဲလုံးကပဲ အဖြေ ထွက်ဖို့ပါပဲ။ ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုနေလို့ … (မှန်ပါ့ဘုရား)။ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။ ဘယ်လိုကြောင့် ပါလိမ့် … (ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုနေလို့ပါဘုရား)။
ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုပြီးသကာလနေတော့ ဖြစ်ပျက်တွေ့တော့ မြင်ပါရဲ့။ ဒိဋ္ဌိအပင်းက ခံပြီးသကာလ နေတဲ့ အတွက် လိုရာခရီး အပြီးတိုင်ရောက်ကဲ့လား … (မရောက်ပါဘုရား)။ ကြည့်စမ်း၊ ဦးခင်မောင်ကြီး … ကြာလိုက်တာ၊ ကြာပြီး ဟန်မရ ဖြစ်နေတယ်ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ ကြာတော့ ကြာတယ်၊ ဟန်ရသွားရှာရဲ့လား … (မရပါဘူး ဘုရား)။
ဟန်မရဖြစ်ပြီးသကာလ သွားတာက ဒကာ ဒကာမတို့ ရှေ့နောက် လွဲနေလို့-လို့ မဆိုသင့်ဘူးလား … (ဆိုသင့်ပါတယ်ဘုရား)။ ဒိဋ္ဌိအရင် ကွာပြီးသကာလမှာ ဝိပဿနာ အားထုတ်ရမယ်လို့ မှတ်လိုက်တာပေါ့ … (မှန်လှပါဘုရား)။ ဘယ်လိုမှတ်ကြမယ် … (ဒိဋ္ဌိခွာပြီးမှ ဝိပဿနာ အားထုတ်ရပါမယ်)။
ဒိဋ္ဌိအရင်ခွာပြီးမှ ဝိပဿနာ ကြိုးစားကြပါ ဆိုတာဖြင့် လေးစားစွာနဲ့ပဲ ဒီကနေပြီး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီး တိုက်တွန်းခြင်းကိစ္စ ပြောပါတယ်ဆိုတဲ့ဥစ္စာ သတိထားပါနော် … (မှန်လှပါ)။
ဒိဋ္ဌိခွာချင်တော့လဲ အလိုလို ကွာသွားမှာ မဟုတ်သောကြောင့် ခန္ဓာပဋိစ္စသမုပ္ပာဒ် နားလည်မှု ရှိရမယ် … (မှန်လှပါ)။ ဦးခင်မောင် … ဘာနားလည်ရမလဲ … (ခန္ဓာပဋိစ္စသမုပ္ပာဒ် နားလည်ရပါမယ်)။ ဒကာ ဒကာမတွေ ဘာနားလည် ရမယ် … (ခန္ဓာပဋိစ္စသမုပ္ပာဒ် နားလည်ရပါမယ်)။
ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်နားလည်ရမယ် … (မှန်ပါ့)။ သူတစ်ပါး ခန္ဓာလား … မိမိခန္ဓာလား တစ်ခါရွေးဦး … (မိမိခန္ဓာပါဘုရား)။ အဲ … မိမိခန္ဓာရွေးပါ …တဲ့၊ မိမိခန္ဓာ၏ ဖြစ်စဉ်ကို သိမှသာလျှင် ကိစ္စပြီးလွယ်တယ်။
ကိုင်း … ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ကို သုံးမျိုးဆက်ပြီး သကာလ ဒကာ ဒကာမတွေ ရှေ့ပိုင်းကနေပြီး ဆန္နဝတ္ထုမဟောမီတို့ ဒိဋ္ဌိကွာပြီးမှတို့ အားထုတ်မယ်ဆိုတဲ့ စိတ်လဲမွေးထားတော့ ဒိဋ္ဌိကွာနည်းနိဿရည်းကိုပဲ ရှေ့ပိုင်းက ပြပါတော့မယ်ဆိုတာ ဦးခင်မောင်ရေ … သေသေချာချာ မှတ်ပါနော် … (မှန်လှပါဘုရား)။
အားလုံး ဒကာ ဒကာမတွေ အရေးကြီး-ကြီးသလိုပြောနေတယ် ဆိုတာကော ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။ အရေးကြီးတဲ့အချက်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တပည့်သား၊ ဘုရားနောက်လိုက်ပြီး ဘုန်းကြီးက ကရုဏာရှေ့ထားကာ ဖွင့်ဟပြောနေပါတယ်ဆိုတာ သြော် … အရေးကြီးလို့ပါလား ဆိုတာ မှတ်ရမယ်နော် … (မှန်လှပါ)။
အဲဒီတော့ ဒကာ ဒကာမတွေက စွဲချက်တင်ချင် တင်လိုက်ပါ၊ ဘုန်းကြီးဆီ တရားနာရတာ အရေးမကြီးတဲ့နေ့ တစ်ခုမှ မပါဘူးလို့လဲ ပြောချင် ပြောကြလိမ့်မယ်၊ ဦးခင်မောင် … မပြောပေဘူးလား၊ ပြောတော့ ပြောကြလိမ့်မယ် … တဲ့၊ ကိုယ့်မှာလဲ အရေးမကြီးစရာ အလုပ်က တစ်ခုမှ မရှိသေးတော့ ဦးခင်မောင် ပြောရမှာပဲ … (မှန်လှပါ)။
ကိုယ်ကလဲ ဘာမှမသိတော့ အရေးကြီးတဲ့ အလုပ်ရယ်လို့ သိထားတာရှိရဲ့လား … (မရှိပါဘူးဘုရား)။ မရှိသေးတော့ အလုံးစုံမသိသေးတော့ သိစရာဟူသရွေ့ အရေးကြီးတဲ့အလုပ်ချည်း မှတ်ပေတော့ … (မှန်လှပါဘုရား)။ သိစရာဟူသရွေ့ကို … (အရေးကြီးတဲ့အလုပ်ချည်း မှတ်ရမယ်)။
အရေးကြီးတဲ့အလုပ်ချည်း မှတ်ထားလိုက်တဲ့အခါကျတော့ အသိဆုံးမှလဲ နိဗ္ဗာန်ရောက်မှာ ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတွေ အသိတရား အရေးထားကြပါဆိုတာကိုလဲ တိုက်တွန်းရပြန်တယ် … (မှန်လှပါ)။ အသိတရား အရေးထားပါ ဆိုတာလဲ တိုက်တွန်းရတယ်နော် … (မှန်လှပါဘုရား)။
ဘုရားသခင်ဟောထားတာ ကြည့်ပါလား၊ ဉာတပရိညာ သိမှု မရှိဘဲနဲ့ တီရဏပရိညာ ပွားမှုကို ရနိုင်ပါ့မလား … (မရနိုင်ပါဘုရား)။ တီရဏပရိညာဆိုတဲ့ ပွားမှု ဝိပဿနာရှုမှုမှ မရှိဘဲနဲ့ ပဟာနပရိညာဆိုတဲ့ ကိလေသာ ပယ်တဲ့အလုပ်မျိုးကော အထမြောက်နိုင်ပါ့မလား … (မမြောက်နိုင်ပါဘုရား)။
အေး … ဒါတွေသိတော့ ဘုန်းကြီးပြောတာလား၊ ပရိညာသုံးပါးနဲ့ ဝေဖန်ပြီး ဘုရားဟောတာလားဆိုတာ ပေါ်လာ တယ် … (မှန်လှပါဘုရား)။ ရှေးဦးစွာ သိမှုပရိညာကို လုပ်ရမယ်၊ ပြီးတော့မှ ဘာလုပ်ရမလဲ … (ပွားမှုလုပ်ရပါမယ်)။ ပွားမှု လုပ်ရလိမ့်မယ်၊ ပြီးတော့မှ ဘာလုပ်ရမယ် … (ပယ်မှုလုပ်ရမယ်)၊ ပယ်မှုလုပ်ရမယ်ဆိုတော့ ဦးခင်မောင် သူ့အစဉ်ကလဲ ဒီအတိုင်းပါကလား … (မှန်ပါ့ဘုရား)။
ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာရယ်လို့ သုံးမျိုး ရှိပြီးသကာလနေတော့ ဒကာ ဒကာမတို့ တရားချီးနေတာလား၊ ခင်ဗျားတို့ အလုပ်တည့်အောင်လို့ စဉ်ပေးနေတာလား အကဲခတ်စမ်း … (အလုပ်တည့်အောင်လို့ စဉ်ပေးနေတာပါ ဘုရား)။
ဟာ … ဘုန်းကြီးက တရားချီးခါပဲရှိသေးတယ်၊ မဟောသေးဘူးလို့ အောက်မေ့မနေနဲ့ … (မှန်ပါ့)၊ တရားချီးခါပဲ ရှိသေးတယ်၊ မဟောသေးဘူးလို့ အောက်မေ့နေရင် လွဲကြပါလိမ့်မယ် … (မှန်လှပါဘုရား)။ ကိုယ့်ဉာဏ်ထဲ အစဉ် တည့်ပေးနေတယ် ဆိုတာကော သိပြီလား … (သိပါပြီဘုရား)။
ရှေးဦးစွာသိမှု၊ ပြီးတော့မှ ပွားမှု၊ ပယ်မှု၊ ဘယ်နှစ်ခုပါလိမ့် … (သုံးခုပါဘုရား)။ ၁-နံပတ်က ဘာပါလိမ့် … (သိမှုပါဘုရား)။ ၂- နံပါတ်က ဘာပါလိမ့် … (ပွားမှုပါ)။ ၃-နံပါတ်က ဘာပါလိမ့် … (ပယ်မှုပါဘုရား)။
ဒါဟာ ဘုရားဟောတဲ့ အစီအစဉ်ဖြစ်နေတော့ သြော် … နိဗ္ဗာန်ရောက်ချင်ရင် ဒီအစဉ်ကျော်လို့ ရကြပါ့မလား … (မရပါဘုရား)။ မရနိုင်ဘူးဆိုတာကလဲ သေချာပလား … (သေချာပါတယ်)။
အေး … ဒါကြောင့် အစီအစဉ်အတိုင်း ဟောပြီးသကာလ လာတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သြော် … ကျပမ်းလုပ်လို့ မဖြစ်ပါကလား၊ အိမ်တွင်ဘုရားရှိခိုးပြီး ပုတီးစိပ်ပြီးသကာလနေတော့ ကုသိုလ် မဖြစ်ဘူးလား … (ဖြစ်ပါတယ်)၊ ဒကာ ဒကာမတို့ အလုပ်စဉ်က လွဲချင် လွဲနေဦးမယ် … (မှန်လှပါ)၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီ … ဆိုနိုင်စရာ အကြောင်းတွေက ရှိနေသောကြောင့် သြော် … ၁-နံပါတ်က ဘာတဲ့ … (သိမှုပါဘုရား)။ ၂- နံပါတ်က … (ပွားမှုပါ)။ အဲ- ကျင့်မှုပွားမှုပေါ့၊ ၃-နံပါတ်က … (ပယ်မှုပါဘုရား)၊ အဲ … အစဉ်အတိုင်း သွားရမယ် မဟုတ်လား … (မှန်ပါ့)၊ သိမှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ ကျင့်မှုလဲ လွဲလိမ့်မယ်နော် … (မှန်ပါ့ဘုရား)။ ကျင့်မှု လွဲလို့ရှိရင် ကိလေသာ ပယ်မှုကိစ္စသည် ဦးခင်မောင် … လိုရာကိစ္စ ပြီးနိုင်ပါ့မလား … (မပြီးပါဘူး)။
မပြီးနိုင်ဘဲနဲ့ ကိလေသာ ပမယ်နိုင်ဘဲနဲ့ ဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာတွေ မပယ်နိုင်ဘဲနဲ့လဲ ဘယ်သူ သောတာပန် ဖြစ်လိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမယ် … (ဘယ်သူမှ မဖြစ်ပါဘူးဘုရား)။ ဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာ အသေချာကြီး သေချာပလား … (သေချာပါတယ်ဘုရား)။
အေး … ဒါတွေကို ပြောရတဲ့အတွက် ဒကာ ဒကာမတွေကလဲ ဒီအတိုင်းပဲ လုပ်ပါတော့မယ်ဆိုတဲ့ အသိ ကလေးကို ဉာဏ်ထဲမှာ ထားတဲ့အတွက် ဘုန်းကြီးများက ဝမ်းမြောက်ရပါတယ် ဆိုတာကိုလဲ မှတ်ထားပါ … (မှန်ပါ့ဘုရား)။
ကိုင်း … ဒါဖြင့် သဿတ-ဥစ္ဆေဒ ဒိဋ္ဌိခွာကြစို့၊ ခွာနည်းကို သိအောင်လုပ်ကြစို့ရဲ့ … (မှန်လှပါ)။ သဿတ-ဥစ္ဆေဒခွာတော့မယ်နော် ဒကာ ဒကာမတွေ … (မှန်ပါ့)။ သဿတနဲ့ ဥစ္ဆေဒခွာတော့မယ် ဆိုတော့ တပည့်တော်တို့မှာ ဘာဖြစ်နေလို့တုံးလို့ ကိုမြရွှေတို့က မေးစရာကော အကြောင်းပေါ်မလာဘူးလား … (ပေါ်ပါတယ်ဘုရား)။
တပည့်တော်တို့မှာ ရှိနေလို့သာ မှတ်ကြပေတော့ … (မှန်လှပါ)။ သဘောကျပလား … (ကျပါပြီ)။ သဿတနဲ့ ဥစ္ဆေဒကို ဆရာဘုန်းကြီးက ပဋိစ္စသမုပ္ပာဒ်ပြပြီး ခွာတော့မယ်လို့ .. ရှေ့ပိုင်းပြပါတော့မယ်လို့ ပြောတယ်နော် … (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဒီအဓိပ္ပာယ်ကြီး ဆရာဘုန်းကြီးစ စ, ပါလိမ့်မလဲလို့ မေးရင် တစ်ပွဲလုံး ဘယ့်နှယ် ဖြေကြမလဲ … (ရှိနေလို့ပါဘုရား)။ ရှိနေတယ်၊ ဦးခင်မောင် ဘာတဲ့တုံး … (ရှိနေလို့ပါဘုရား)။ ရှိနေလို့တဲ့ … (မှန်ပါ့)။ ရှိတယ် မရှိတယ် ခင်ဗျားတို့ စဉ်းစားကြည့် … (မှန်ပါ့)။
ရှိတယ်မရှိတယ် ခင်ဗျားတို့ဟာ ခင်ဗျားတို့ သေသေချာချာ ဝေဖန်ကြည့်၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ဟိုဘဝ ဒီဘဝ ရှိတယ်ဆိုတာလဲ ယုံကြည်တယ်၊ ကံ, ကံ၏အကျိုးလဲ ယုံကြည်ပါတယ်၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ ကံ,ကံ၏ အကျိုးကို ငါလုပ် ငါရမှာပဲဆိုတာ မယုံကြည်ဘူးလား … (ယုံ့ကြည်ပါတယ်ဘုရား)။
ကုသိုလ်ဒါနတွေလဲ သိပ်ပြုပါတယ် …တဲ့၊ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာဆရာက ကုသိုလ်လဲ ပြုပါတယ်၊ ကံ,ကံ၏ အကျိုးလဲ ယုံကြည်ပါတယ်…တဲ့၊ ထိုသို့ယုံကြည်ပြိးသကာလ နေငြားသော်လဲ အခုနိဗ္ဗာန်ကို သွားတော့မယ်ဆိုလို့ ရှိရင် သူမကြိုက်ဘူး … (မှန်ပါ့)။ အခုနိဗ္ဗာန်ပို့မည့် ဆရာကောင်း သမားကောင်းနဲ့ တွေ့တဲ့အခါ သူမကြိုက်ဘူး … (မှန်ပါ့)။
ဒကာ ဒကာမတွေ သဿတရှိတဲ့ပုဂ္ဂိုလ်ဟာ အခုနိဗ္ဗာန် ရောက်မယ်ဆိုရင် … (မကြိုက်ပါဘူး)။ မကြိုက်ဘူးတဲ့၊ ဒါ ဘာဒိဋ္ဌိက ခံနေလို့လဲ … (သဿတဒိဋ္ဌိခံနေလို့ပါဘုရား)၊ အို… ငါလုပ်ထားတာတွေ အလကားဖြစ်ကုန်ရော့မယ်၊ ငါနတ်ပြည်သွား ခံစားလိုက်ဦးမယ် ဗြဟ္မာပြည်သွား ခံစားလိုက်ဦးမယ် ဆိုပြီး နိဗ္ဗာန်မသွားချင်ဘူး၊ ဘဝထဲမှာ ပုန်းအောင်း နေချင်တယ်၊ ဒါဘယ်သူ့ သတ္တိထင်သလဲ … (သဿတဒိဋ္ဌိပါဘုရား)။
ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ …၊ ခင်ဗျားတို့ ရှိတယ်,မရှိတယ် ဒီကနေ အကဲခတ်ကြပါ … (မှန်ပါဘုရား)၊ တပည့်တော်တို့မှာ သဿတဒိဋ္ဌိရှိနေသလား၊ ဥစ္ဆေဒဒိဋ္ဌိရှိနေသလားလို့ မေးတဲ့အခါ ကျလို့ရှိရင် ကိုယ့်ဟာကိုယ် ဝမ်းထဲမှာ ဝေဖန်ကြပါနော် … (မှန်ပါ့)။
ဟိုဘဝ ဒီဘဝ ရှိတယ်ဆိုတာလဲ သူယုံကြည်တယ် … (မှန်ပါ့)။ ကုသိုလ်ကောင်းမှုတွေလဲ အများကြီး ပြုပါတယ် တဲ့၊ အကုသိုလ်ဆိုတာလဲ သိပ်ကြောက်ပါတယ်တဲ့၊ သဘောကျပလား … (ကျပါပြီ)။ အကုသိုလ် မလုပ်ချင် ဘူးနော် … (မှန်ပါ့)။ ကုသိုလ်တော့ သိပ်ပြုတာပဲတဲ့ … (မှန်ပါ့)။
ဘုရားနဲ့တွေ့၊ ဘုရား၏တပည့်သားပဲ၊ နိဗ္ဗာန်ကယ်တင်မည့် ပုဂ္ဂိုလ်နဲ့ တွေဲတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ … ဘုံစဉ်စံကလေး ကြိုက်တယ်၊ ဒီလိုလာတတ်တယ် … (မှန်ပါ့)။ ဘယ်လိုလာတတ်ပါလိမ့် … (ဘုံစဉ်စံကလေး ကြိုက်ပါတယ် ဘုရား)။
ဒါဖြင့် သူဘုံထဲကို ပုန်းအောင်ချင်တယ်၊ နိဗ္ဗာန်ဆီမသွားချင်ဘူး … (မှန်ပါ့ဘုရား)။ ဘယ်ပုန်းအောင်း ပါလိမ့် … (ဘုံထဲ ပုန်းအောင်ပါတယ်ဘုရား)။ ဘုံထဲပုန်းအောင်းတော့ သူ့ကို ဘာဒိဋ္ဌိရှိတယ် ဆိုကြမလဲ … (သဿတ ဒိဋ္ဌိရှိပါတယ်)။ ကိုင်း … ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့ အကဲခတ်ကြည့်တာပေါ့၊ ငါတို့ဟာ ဒိဋ္ဌိရှိသလား … မရှိဘူးလားဆိုတာ ကိုယ့်ကိုယ်ကို အကဲခတ်ကြည့်တော့ အို.. နိဗ္ဗာန်မရမီစပ်ကြားမယ် အပါယ်ငရဲကလေး လွတ်ပြီး နတ်ရွာသုဂတိ အကြိမ်ကြိမ် ခံစားရလို့ရှိရင် တော်သေရောပေါ့ ဆိုတဲ့.. အဓိပ္ပာယ်မျိုးကလေးဟာ တဏှာကလေးက လှမ်းကြိုက်တယ် … (မှန်ပါ့)။ မကြိုက်ဘူးလား … (ကြိုက်ပါတယ်ဘုရား)။
အဲဒီတော့ ဘုံဘဝထဲ သူပုန်းအောင်းချင်သေးသလား … နိဗ္ဗာန်ပဲ သွားချင်သလားမေးရင် ဘယ့်နှယ်ဖြေမလဲ … (ဘုံဘဝထဲ ပုန်းအောင်ချင်ပါတယ်)။ အဲဒါ … ကိုယ့်ကိုယ်ကိုသာ အကဲခတ်တော့ သဿတဒိဋ္ဌိရှိလို့ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ)။ နို့ ဘာဖြစ်လို့ပါလိမ့် … (သဿတဒိဋ္ဌိရှိနေလို့ပါဘုရား)။
ဒါဖြင့် ဒီအထဲ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို အကဲခတ်မိ ကြပလား … (ခတ်မိပါတယ်ဘုရား)။ ဘယ်လိုများ ခတ်မိကြ သလဲ … (သဿတဒိဋ္ဌိရှိနေလို့ပါ)။ သဿတဒိဋ္ဌိရှိနေတယ် … (မှန်ပါ့)။
ဦးခင်မောင် … ခင်ဗျားမှာ ဘာရှိသတုံး …(သဿတဒိဋ္ဌိရှိပါတယ်ဘုရား)။ ခင်ဗျားလဲ ဒါဖြင့် ဘုံစဉ်စံကြိုက်ပဲ၊ ဘုံစဉ်စံ ကြိုက်ဟူသရွေ့ ဘယ့်နှယ်ဆိုကြမယ် … (သဿတဒိဋ္ဌိရှိနေလို့ပါ)။
အခုယူမလား၊ ကဲ ခုနစ်ရက် အားထုတ်ပြီး ခုနစ်ရက်နဲ့ ယူမလားလို့ မေးလိုက်တဲ့အခါ ကျလို့ရှိရင် အို … ဖြည်းဖြည်းပဲ ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ပဲ သွားတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်များဟာ ဘာထင်ကြသလဲ … (သဿတဒိဋ္ဌိခံနေတယ်)။
ခင်ဗျားတို့ ဆုကလေးဘာကလေး တောင်းတဲ့အခါကျတော့ ပါကြရဲ့လား … (ပါ,ပါတယ်ဘုရား)၊ ပါတယ်၊ အဲဒါ ဘယ်သူက အတောင်းခိုင်းတာတုံး ဆိုတာကော ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)၊ ဘယ်သူက အတောင်းခိုင်းတာတုံး … (သဿတဒိဋ္ဌိက အတောင်းခိုင်းတာပါ)။
အဲ …သဿတဒိဋ္ဌိက အတောင်းခိုင်းတဲ့ အခါကျလို့ရှိရင် အခု ဘုရားပွင့်တောင် မလိုက်သေးဘူးဆိုတဲ့ အဓိပ္ပာယ် … (မှန်ပါ့)။ အခု အားထုတ်ပြီး ခုနစ်ရက်အတွင်း ရမယ်ဆိုတာတောင်မှ ဦးခင်မောင်ရေ နည်းနည်းတော့ ဆိုင်းချင်သေးတယ် … (မှန်ပါ)။ ဘာရှိနေလို့တုံး … (သဿတဒိဋ္ဌိရှိနေလို့ပါဘုရား)။
ကိုင်း ဒါဖြင့် သူဘယ်ထဲပုန်းအောင်း ပုန်းအောင်းနေပါလိမ့် … (ဘုံဘဝထဲပုန်းအောင်းနေပါတယ်)။ ဘုံဘဝထဲ ပုန်းအောင်းသောကြောင့် ဘွုံဘဝပုန်းအောင်းချင်တဲ့ သဘောသည် ဘာဒိဋ္ဌိတုံး … (သဿတဒိဋ္ဌိပါ)။
တစ်ခါတလေကျတော့ ဦးခင်မောင်ကြီးတို့ပ လာတယ်၊ ကိုင်းကွာ မွေးတစ်နေ့ သေတစ်နေ့၊ သေတာပဲ ကောင်းပါတယ် … (မှန်လှပါဘုရား)။ သေအေးတာပဲကွ အစရှိသည်ဖြင့် စိတ်ပျက်လက်ပျက်နဲ့ကော မပြောတတ်ဘုလား … (ပြောပါတယ်)။
အဲဒါကျတော့လဲ ဟိုဘဝ ဒီဘဝ သူမမျှော်တော့ဘူး၊ သေအေးတာပဲဆိုတော့ ဒကာ ဒကာမတွေ ဒါက ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့ အသံ … (မှန်ပါ့)။ ဘယ်သူက ထွက်လာတာလဲ … (ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတာပါ)။
အဲ … သူ့ကျတော့လဲ ဒကာ ဒကာမတွေ ဟိုဘဝ ဒီဘဝ ရှိတယ်ဆိုတာလဲ သိပါရဲ့တဲ့။ ကံ, ကံ၏အကျိုးလဲ ယုံကြည်ပါရဲ့၊ ကုသိုလ်တော့ မပြုဘူးတဲ့။ အကုသိုလ်ပြုတဲ့အခါ ရဲရဲတင်းတင်း ပြုလေ့ရှိတယ်တဲ့ … (မှန်ပါ့)။
ဘုရားနဲ့ တွေ့တဲ့အခါကျလို့ ရှိရင်လဲ သူ့အယူကို လျင်လျင်မြန်မြန်တော့ စွန့်တတ်တယ်တဲ့၊ သဿတလောက် မခက်ဘူးတဲ့ … (မှန်ပါ့ဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် ဘယ်သူက ကျွတ်လွယ်သတုံး … (ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ကျွတ်လွယ်ပါတယ် ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က သူ အရမ်းဥစ္ဆေဒ ဖြစ်နေတာလို့ မှတ်လိုက်စမ်းပါနော် … (မှန်ပါ့ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ သန္တာ၌ ဒီဒိဋ္ဌိနှစ်ခုတွင် တစ်ခုခ ရှိလိမ့်မယ်နော် … (မှန်ပါ့)။
အဲဒီတော့ ဒီနှစ်ခုကို ဘုန်းကြီးက ရှေ့ဖြစ်စဉ်နဲ့ ပယ်မပေးခဲ့သော ဒကာ ဒကာမတွေ ဒိဋ္ဌိဟာ ရှုသာနေတယ် ဝမ်းထဲကနေ ခံနေလိမ့်မယ် … (မှန်လှပါ)။ မခံပေဘူးလား … (ခံပါတယ်ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာကိုအရင်ရှင်း ပေးရမှာပါလိမ့်မလဲဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ ဘာအရင်ရှင်းရမှာလဲ … (သဿတနဲ့ ဥစ္ဆေဒကို အရင်ရှင်းရပါမယ်)။
ဒါဖြင့် ဆန္နဝတ္ထုကို မဟောနိုင်သေးဘူး။ ဒါကိုရှင်းရဦးမယ်။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဒါရှင်းမှသာလျှင် ခင်ဗျားတို့ ရှေ့ကို ဆက်ပြီးအလုပ်စခန်း ဟောရမှာပေါ့နော် … (မှန်လှပါ)။
အဲဒီတော့ ဒါရှင်းအောင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဉာဏ်ထဲမှာ နှစ်ခုစလုံး ပယ်ထုတ်ပေးမယ်ဆိုတော့ အင်မတန် ဝမ်းသာစရာ ကောင်းတယ် … (မှန်ပါ့ဘုရား)။ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဟာ ခင်ဗျားတို့ ဝမ်းထဲမှာ တစ်ခုခု ရှနေတယ်နော် … (မှန်ပါ့)။
အဲ … တစ်ခုခုရှိနေလို့ရှိရင်လဲ ဘယ်တော့မှ နိဗ္ဗာန်မရဘူး … (မှန်လှပါဘုရား)။ ကိုမြရွှေ … ဘာတဲ့တုံး … (ဘယ် တော့မှ နိဗ္ဗာန်မရပါဘုရား)။ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တစ်ခုခုရှိနေခဲ့သော ဒကာ ဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက် ချမလဲ … (ဘယ်တော့မှ နိဗ္ဗာန်မရပါဘုရား)။
ဒိဋ္ဌိဆိုတာ မဂ်တား၊ ဖိုလ်တားလို့ တရားတစ်ပွဲလုံး မှတ်လိုက်စမ်းပါ … (မှန်ပါ့ဘုရား)။ ဒိဋ္ဌိဆိုတာ ဘာတဲ့တုံး … (မဂ်တား ဖိုလ်တားပါဘုရား)။ မဂ်တား ဖိုလ်တားပါတဲ့။ ဘယ်တော့မှ မရနိုင်ဘူး … (မှန်ပါ့)။ ဒါကြောင့် ဒကာ ဒကာမတို့ သဿတဒိဋ္ဌိလဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး။ ဥစ္ဆေဒဒိဋ္ဌိ ရှိနေရင်ကော … (မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ပါဘုရား)။
အဲ … ဒါဖြင့် ဒကာ ဒကာမတွေ ဒီဒိဋ္ဌိနှစ်ခုဟာ ဘယ်မှာ ကပ်နေပါလိမ့်မလဲဆိုတာမှ မသိလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကိုယ်ချိတ်ထားတဲ့ ပုတီးကလေးဟာ ဘယ်နေရာမှာချိတ်ထားတယ်လို့မှ မသိလို့ရှိရင် ဒီပုတီးကို ယူချင်လို့သောလည်းကောင်း၊ ကြိုးလဲချင်လို့သော်လည်းကောင်း၊ စိပ်ချင်လို့သော်လည်းကောင်း ဒကာသစ် ဖြစ်ပါ့မလား … (မဖြစ်ပါဘုရား)။
ရှိတဲ့နေရာ မခွာတတ်လို့ပေါ့ဗျာ … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီ)။ ရှိတဲ့နေရာ မခွာတတ်လို့ရှိရင် ကိုယ်ကျိုးဖြင့် နည်းပေါ့လို့ အောက်မေ့ရမယ် … (မှန်ပါ့)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှိတဲ့နေရာ အရင်ခွာပေးလို့ ရှိရင်ဖြင့် ပထမအသိနဲ့ ပြုတ်ရင် စူဠသောတာပန် ဖြစ်ပါတယ်နော် … (မှန်ပါ့ဘုရား)။ အဲဒါကြောင့် လူစေ့တက်စေ့ မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက …
*အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယော ဇနာနံ သန္ဓာဝတံ သံသရတံ … လို့ သေသေချာချာ ပါဠိတော်တွေမှာ ဟောပြီးထားတဲ့အတွက် ဒကာ ဒကာမတွေ ဘယ်ဘဝက စ,လို့ သေသေချာချာ ပါဠိတော်တွေမှာ ဟောပြီးထားတဲ့အတွက် ဒကာ ဒကာမတွေ ဘယ်ဘဝက စ, လာတယ်ဆိုတာ များဟာဖြင့် ဘုရား မဟောနိုင်ဘူးတဲ့နော် … (မှန်ပါ့)။
ဘယ်နှစ်ခါ သေခဲ့ပြီလို့ကော မဟောနိုင်ပါ၊ ဘယ်နှစ်ခါ သူများပါးစပ်ထဲမှာ ဝိညာဏ်ပျောက်ခဲ့ရပြီလို့ကော … (မဟောနိုင်ပါဘုရား)။
ဘယ့်နှယ်ကြောင့် မဟောနိုင်တာတုံး … ဆိုတော့ ဘုရားဖြစ်တဲ့နေ့က ဥပမာ - ဦးခင်မောင်အကြောင်း စ, ဟော … (မှန်ပါ့)။ ဘုရားပရိနိဗ္ဗာန်စံသည့်တိုင်အောင် နှုတ်သွက်သွက်နဲ့ ဟောငြားသော်လဲ ကုန်နိုင်စရာ အကြောင်းမရှိဘူး … တဲ့ … (မှန်ပါ့ဘုရား)။ သူများပါးစပ်ထဲ သေခဲ့ရတဲ့ဘဝ … (အများကြီးပါဘုရား)။ ဘယ်လောက်များတယ်ဆိုတာ သဘောကျပလား … (ကျပါပြီ)။
အဲဒီအသေကြီးတွေ ဒကာ ဒကာမတို့ ဒီဒိဋ္ဌိ မပြုတ်သေးရင် နောက်ဒီအသေမျိုး အဆပေါင်းအရေအတွက် မရှိအောင် လာမယ် … (မှန်လှပါဘုရား)။ မလာပေဘူးလား … (လာပါတယ်ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ်မှ မရတော့ ဒကာ ဒကာမတို့ ဒီအသေပေါင်း ဘယ်လောက်လာမလဲ … (မရေတွက်နိုင်ပါဘုရား)။ ခင်ဗျားတို့ လူတစ်ယောက်၏ အရိုးကို ဘုန်းကြီးပြောပြပါ့မယ်။
ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာဆိုလို့ရှိရင်ဖြင့် တစ်ဆယ့်သုံးမိုင်လောက် တက်ပါလိမ့်မယ် … (မှန်ပါ့)။ လူတစ်ယောက်၏ အရိုးတွေကို ပုံပုံ-ပုံပုံပြီး မဆွေးမမြည့်ဘဲနဲ့ ပုံလို့ရှိရင် ဘယ်လောက်တက်မယ် ထင်ကြသတုံး … (တစ်ဆယ့်သုံးမိုင်လောက် တက်ပါလိမ့်မယ်)။ တစ်ဆယ့်သုံးမိုင်ဆိုတော့ ဒကာ ဒကာမတို့ မန္တလေးတောင်လောက်တောင် မကပေဘူး … (မကပါဘုရား)။
အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရိုးရှိတဲ့ သတ္တဝါဖြစ်တုန်း စုထားရင် ဒီလောက်ရှိမယ်။ တီတို့- ပတ်တို့ မျှော့တို့ ဖြစ်တာ ဒါမထည့်သေးဘူးဗျ။ အဲဒါတွေက အရည်ပျော်သွားလို့ … (မှန်လှပါဘုရား)။ ထည့်လို့ရပါ့မလား … (မရပါဘုရား)။
ဒါဖြင့် လူတစ်ယောက်၏ အရိုးဆိုတာကော ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ အဲဒါ ခင်ဗျားတို့ အရိုးတောင်လိုများ ပုံချင်ကြ သေးသလား … (မပုံချင်ပါဘုရား)။ ဟုတ်ကဲ့လား … စဉ်းစားကြပါဦး။ ဟိုဘဝ, ဒီဘဝ အောင်းချင်ရင်တော့ အရိုးပုံဦးမှာပဲ … (မှန်ပါ့ဘုရား)။ ဟိုဘဝ, ဒီဘဝ အောင်းချင်ကြရင် ဘယ့်နှယ်တုံး … (အရိုးပုံဦးမှာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဟိုဘဝ, ဒီဘဝ ကြိုက်နေတဲ့ ပုဂ္ဂိုလ်များ အရိုးကြီးပွားရေးကို ဆုတောင်း နေကြတာနဲ့ တူလိုက်တာ၊ ဟိုဘဝ, ဒီဘဝဆုတောင်းနေကြတဲ့ ဒကာ ဒကာမများ ဘာပါလိမ့် … (အရိုးကြီးပွားရေး ဆုတောင်းနေကြတာပါဘုရား)။ မငေဘဲနဲ့လဲ ဟိုဘဝ, ဒီဘဝ ကူးမှာ ဟုတ်ကြရဲ့လား … (မကူးပါဘုရား)။ အဲဒီတော့ သေ,သေနေတော့ အရိုးတွေက ထပ်မနေဘူးလား … (ထပ်နေပါတယ်ဘုရား)။
အေး … ဒါကြောင့် ဒကာ ဒကာမတို့ အရိုးကြီးပွားရေးလဲ ကိုယ့်ဟာကိုယ်ပဲ ကိုယ်က မမြင်ငြားသော်လည်း ဘုရားက မြင်၊ ဆရာဘုန်းကြီးတို့က ဘုရားဟောထားလို့ မြင်တော့အရိုးကြီးပွာညားရေး သိမ်းကြပါတော့ … (မှန်လှပါဘုရား)။ ဘယ်လို မေတ္တာရပ်ပါလိမ့် … (အရိုးကြီးပွားရေး သိမ်းပါတော့ - တဲ့)။
အရိုးကြီးပွားရေးသိမ်းကြပါတော့၊ အရိုးကြီးပွားတယ်ဆိုတာက အသားကိုတော့ ကျီး, လင်းတတွေက စားသွား၊ ကျားတွေ ဘာတွေက စားသွားပါပြီ၊ အရိုးကျန်ရတဲ့ဘဝကို ဟောပါတယ်ဆိုကတည်းက ဒကာ ဒကာမတို့ သူများသတ်လို့ သေလို့ အရိုးကျန်ခဲ့ရတယ်ဆိုတာလဲ ကောင်းနိုင်သေးရဲ့လား … (မကောင်းနိုင်ပါဘုရား)။ ရှင်းကြပလား … (ရှင်းပါပြီ)။
ဒါဖြင့် ဘုံဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်များ ဘာကြီးပွားရပါလို၏လို့ အဓိပ္ပာယ် ရောက်သလဲ … (အရိုးကြီးပွား ရပါလို၏လို့ အဓိပ္ပာယ် ရောက်ပါတယ်)။ ခင်ဗျားတို့ဟာ ပါးစပ်ထဲ မထည့်ကြပါနဲ့၊ မထည့်ကြပါနဲ့ဆိုတာ သတိပေးလိုက် ပါတယ် … (မှန်ပါ့ဘုရား)။
မသိလို့ ရှေးကထည့်ခဲ့သော်လဲ အခုပြင်လိုက်ရင် ရပါတယ်၊ ကိုယ့်ဘဝတစ်ခါတည်း ဝိပဿနာအလုပ်လဲ လုပ်ပါတယ်။ ချက်ချင်းပဲ ရပါရစေဆိုတာသာ ပြောင်းပစ်ပါတော့။ အရိုးကြီးပွားရေး ဇာတ်သိမ်းပါတော့၊ အရိုးကြီးပွားရေး လုပ်တဲ့ ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိလို့ မှတ်လိုက်ပါ … (မှန်လှပါဘုရား)။
အရိုးကြီးပွားရေး ကြိုက်တဲ့ပုဂ္ဂိုလ်ဟာ … (သဿတဒိဋ္ဌိပါဘုရား)။ မဆိုးရွားဘူးလားနော် … (ဆိုးရွားပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကိုယ့်အကြောင်းကိုယ် မသိတော့ ဘုရားရှေ့မှာဖြစ်စေ၊ သံဃာတော်တွေ ရှေ့မှာဖြစ်စေ ခင်ဗျားတို့က နိဗ္ဗာန်မရမီ စပ်ကြားမှာဖြင့် ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ ငှက်ဖြစ်သော်လဲ တစ်ကိုင်းတည်း၊ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်း၊ ရှုပ်လိုပ်တာတွေ မပြောပါနဲ့တော့။
အဲဒါတွေ ထည့်မနေနဲ့၊ အဲဒါတွေ ဘာတွေပါလိမ့်မတုံးဆိုတာကော သိပလား … (သိပါပြီဘုရား)။ ဘာပါလိမ့် … (အရိုးကြီးပွားရေး တောင်းနေတာပါဘုရား)။ အရိုးကြီးပွားရေးတဲ့ … (မှန်ပါ့ဘုရား)။ မောင်ညွန့်ရွှေ … အရိုးကြီးပွားရေး တဲ့ကွာ … ထည့်တောင်းတယ် … (မှန်ပါ့)။ တော်တော်ရိုင်းတဲ့ါ ပါးစပ်မို့ ထည့်တာပဲဆိုတဲ့ အဓိပ္ပာယ်ကော သဘောပါကြပလား … (ပါ, ပါတယ်ဘုရား)။
ကိုင်း … ပြင်နိုင်, ဆင်နိုင်လို့ရှိရင် ပြင်ကြ ဆင်ကြပါစို့ဆိုတာကိုလဲ တိုက်တွန်းပါတယ်နော် … (မှန်လှပါဘုရား)။ ဦးခင်မောင် တရားချီးနေတာလား၊ ခင်ဗျားတို့ဖြစ်စဉ် ပြောနေတာလား … (ဖြစ်စဉ်ပြောနေတာပါဘုရား)။ အဲ - အပြင်ခိုင်းနေတယ်ဆိုတာ သဘောကျပလား … (ကျပါပြီဘုရား)။
ကိုင်း ဒါဖြင့် အရိုးကြီးပွားရေး ဇာတ်သိမ်းချင်ရင် သဿတ, ဥစ္ဆေဒ ဖြုတ်ကြစို့ … (မှန်ပါ့)။ အရိုးကြီးပွားရေး ဇာတ်သိမ်းချင်ရင် … (သဿတ, ဥစ္ဆေဒဖြုတ်ပါဘုရား)။ သဿတ, ဥစ္ဆေဒကို မောင်ထွန်းလှိုင် ဖြုတ်ကြစို့ ရဲ့နော် … (မှန်ပါ့)။
သဿတ, ဥစ္ဆေဒဟာ ဘယ်က လာတာတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ခန္ဓာပဋိစ္စသမုပ္ပာဒ် နားမလည်တာက လာတယ် … (မှန်ပါ့)။ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်က လာပါလိမ့် … (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် နားမလည် တာက လာပါတယ်ဘုရား)။
ဒါဖြင့် ကိုယ့်ခန္ဓာအကြောင်းမှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် သဿတ, ဥစ္ဆေဒဒိဋ္ဌိ တစ်ခုခုဖြစ်တော့မယ် … (မှန်ပါ့)။ မရှိပေဘူးလား … (ရှိပါတယ်ဘုရား)။
အဲဒီတော့ ဘုရားက သဿတလမ်းလဲ မလိုက်နဲ့၊ ဥစ္ဆေဒလမ်းလဲ မလိုက်နဲ့၊ အလယ်လမ်းလိုက်လို့ ငါ … ဘုရားဖြစ်လာတယ်လို့ မပြောဘူးလား … (ပြောပါတယ်ဘုရား)။
အဲဒီတော့ ဘယ်လမ်းက ဘုရားဖြစ်သလဲ … (အလယ်လမ်းက ဘုရားဖြစ်ပါတယ်ဘုရား)။ ခင်ဗျားတို့ကလဲ အလယ်လမ်းက သွားရမှာ၊ သဿတလမ်းလဲ မလိုက်ပါနဲ့၊ ဥစ္ဆေဒလမ်း ကော … (မလိုက်ပါနဲ့)။ ဘယ်လမ်းလိုက်ကြ ရမယ် … (အလယ်လမ်း လိုက်ကြရပါမယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အလယ်လမ်းဆိုတာ သဿတလဲ ဝမ်းထဲမှာ ရှင်းမှ … (မှန်ပါ့)။ ဥစ္ဆေဒကော … (ဝမ်းထဲမှာ ရှင်းမှပါဘုရား)။ ဘယ်လမ်းလိုက်ကြမယ် … (အလယ်လမ်း လိုက်ကြရပါမယ်ဘုရား)။
အလယ်လမ်းကို လိုက်ကြရမည့်အလုပ်ဟာ ခင်ဗျားတို့က သဿတလမ်း လိုက်ပြန်တော့ အရိုးကြီးပွားရေး … (မှန်ပါ့)၊ ဥစ္ဆေဒလမ်းကို လိုက်၊ လိုက်ပြန်တော့လဲ ငရဲကြီးပွားရေး … (မှန်ပါ့)၊ ကောင်းသေးရဲ့လား … (မကောင်းပါဘုရား)။
ဘယ်ဟာ ဘယ်လမ်းမှသာလျှင် ကျုပ်တို့သင့်လျော်တဲ့လမ်းလို့ ဆိုလို့ရပါ့မလဲ … (အလယ်လမ်းက လိုက်ရမှာပါ ဘုရား)။ အလယ်လမ်းမှ လျော်တဲ့လမ်းဆိုတော့ ဘုရားဘယ်လမ်းက ဖြစ် … (အလယ်လမ်းက ဖြစ်ပါတယ်)။ သောတာပန် ဘယ်လမ်းကဖြစ် … (အလယ်လမ်းက ဖြစ်ပါတယ်)။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဘယ်လမ်းကဖြစ် … (အလယ်လမ်းက ပါဘုရား)။
အဲ … အလယ်လမ်းဆိုတာက ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါးလမ်း … (မှန်ပါ့)၊ ဒီက သဿတဒိဋ္ဌိ ဆိုတာက ခိုင်တယ်, မြဲတယ်လို့ ယူတဲ့လမ်း … (မှန်ပါ့ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိက ပြတ်ရင်ပြီးတာပဲလို့ ယူတဲ့လမ်း … (မှန်ပါ့)။
ဘယ်နှစ်လမ်း ရှိပါလိမ့် … (သုံးလမ်းရှိပါတယ်ဘုရား)။ သုံးလမ်း၊ ဘယ်လမ်းသာ အားကိုးစရာ မြင်ကြသလဲ … (အလယ်လမ်းသာ အားကိုးစရာ မြင်ပါတယ်ဘုရား)။
အဲ … ဒါကြောင့် ဒကာ ဒကာမတို့ အလယ်လမ်းကို ပြတော့မယ်ဆိုလို့ ရှိရင်ဖြင့် .. တဲ့၊ ပဋိစ္စသမုပ္ပာဒ်ကို သဿတ၊ ဥစ္ဆေဒစင်တဲ့ ဉာဏ်ကလေး ဝမ်းထဲရောက်သွားတော့မှ အလယ်လမ်း ဉာဏ်ပေါ်လာတယ် … (မှန်ပါ့ဘုရား)။ မောင်မြ … အရေးမကြီးဘူးလား … (ကြီးပါတယ်ဘုရား)။
ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ ဝမ်းထဲ စင်သွားတော့မှ ဝမ်းထဲမှာ စင်သွားပြီ၊ သဿတလဲ မရှိတော့ဘူး၊ ဘုရားဟော ပဋိစ္စသမုပ္ပာဒ် ပြလိုက်တာ၊ ဥစ္ဆေဒလဲ မရှိတော့ဘူးဘုရား ဆိုတော့မှ အလယ်လမ်း သိတဲ့ဉာဏ်ကလေး ဝမ်းထဲရောက်လာတယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပာဒ် အဖြစ်ကိုလဲ သိ၊ ဒကာ ဒကာမတို့ အပျက်ကိုလဲ သိတော့မှ ဖြစ်ပျက်နှစ်ပါလုံး သိတဲ့အခါကျတော့မှ အလယ်လမ်းဖြစ်တဲ့ ဉာဏ်ကလေး ဦးခင်မောင် … ဝမ်းထဲ ရောက်လာတယ် … (မှန်လှပါဘုရား)။
ဒါဖြင့် ဆရာဘုန်းကြီးက သဿတ၊ ဥစ္ဆေဒ မရှင်းပေးခဲ့လို့ရှိရင် ဒီဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းပြီ … (မှန်လှပါ)။ မနည်းပေဘူးလား … (နည်းပါတယ်ဘုရား)။
အလုပ်တော့လုပ်မှာပဲ ခလုတ်ကလေးတိုက်မိဦး … အနိစ္စ .. အနိစ္စ၊ လုပ်တော့လုပ်မှာပဲ … (မှန်ပါ့ဘုရား)၊ မလုပ်ပေဘူးလား … (လုပ်ပါတယ်ဘုရား)၊ လုပ်ပေမယ့် သူ့မှာ သဿတ၊ ဥစ္ဆေဒက ဦးဘအုန်းရေ .. စင်ရဲ့လား … (မစင်ပါဘုရား)။
မစင်တော့ သူလုပ်နေတာသည် ဒုဗ္ဗလဝိပဿနာသာ ဖြစ်တယ်၊ ဗလဝဝိပဿနာ ဖြစ်ပါရဲ့လား … (မဖြစ်ပါဘုရား)၊ ရှင်းကြပလား … (ရှင်းပါပြီ)၊ ကဲ … ဒါဖြင့် သဿတ ဥစ္ဆေဒဖြုတ်ကြပါစို့ ဆိုတာ ဒကာ ဒကာမတွေ ဖြုတ်လိုက်ရင် ဘယ်လမ်းရောက်မယ် ထင်ကြသလဲ … (အလယ်လမ်းရောက်မှာပါ)။
အလယ်လမ်းရောက်အောင် ဦးခင်မောင် … နာရီဝက်သာသာ ပြောရတယ်၊ လျှာရှည်တဲ့ဘုန်းကြီးလို့ အောက်မေ့ မနေနဲ့၊ ခင်ဗျားတို့ ဖျင်းလို့ပြောတာ … (မှန်ပါ့ဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ လျှာရှည်လို့လား၊ ခင်ဗျားတို့ ဖျင်းလို့လား … (ဖျင်းလို့ပါဘုရား)။
နောက်ကို ဘယ်တော့မှ မကဲ့ရဲ့နဲ့နော် … (မှန်လှပါ)။ ဟာ … ဘုန်းကြီးက စကားတွေ အမျိုးမျိုးပဲ သိလွယ်အောင်လို့ ပြောတော့ ပြောတာပဲ၊ တရားသားကို မရောက်သေးဘူးလို့ အောက်မေ့မနေနဲ့ … (မှန်ပါ့)၊ ဒါ တရားသားပဲ၊ အလယ်လမ်း ရောက်လို့ရှိရင်ဖြင့် သဿတ ဥစ္ဆေဒ စင်ရင် အလယ်လမ်း သိတဲ့ဉာဏ် မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား)။
အဲဒီဉာဏ် ရောက်လာကတည်းကိုက သိမှုကိစ္စပြီးတာပဲ၊ ကျင့်ရုံပဲ ကျန်တော့တယ် … (မှန်ပါ့ဘုရား)။ ဒကာ ဒကာမတွေ၏အစ သတ္တဝါအစကိုဖြင့် … ဘုရားပင် ရှာမတွေ့ပါဘူးတဲ့ … (မှန်ပါ့)။ သတ္တဝါအစကိုဖြင့် … (ဘုရားရှာ မတွေ့ပါဘုရား)။ သတ္တဝါဖြစ်ကြောင်း အစကျတော့ကော … (တွေ့ပါတယ်ဘုရား)၊ အဝိဇ္ဇာနဲ့ တဏှာကို သွားတွေ့တယ် …. (မှန်ပါ့)။
သတ္တဝါအစသာ တွေ့မယ်ဆို ဘုရားဖြစ်တဲ့နေ့က စ,ဟော ပရိနိဗ္ဗာန်သာ စံတယ်၊ ဦးခင်မောင်တစ်ယောက်၏ အစကို မတွေ့နိုင်ဘူးတဲ့၊ မကုန်နိုင်ဘူးတဲ့ … (မှန်ပါ့)၊ ဘယ်လောက်ရှည်ခဲ့တယ်ဆိုတာ သဘောကျပလား … (မှန်လှပါဘုရား)။
သို့သော ဖြစ်ကြောင်းကို ရှာလိုက်တဲ့အခါကျတော့ ဘာလာတွေ့သတုံး … (အဝိဇ္ဇာနဲ့ တဏှာတွေ့ပါတယ်ဘုရား)။
ကဲ … ဒါဖြင့် ကျုပ်တို့ခင်ဗျားတို့အစ အဝိဇ္ဇာက ဆိုကြပါစို့ … (မှန်ပါ)၊ သဘောကျပလား … (မှန်လှပါ)၊ အဝိဇ္ဇာပစ္စယာ ဘာလာမယ် … (သင်္ခါရာပါဘုရား)၊ သင်္ခါရလာမယ်။ သြော် … အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာ သင်္ခါရအလုပ် လုပ်မှာပဲ … (မှန်ပါ့)။
သင်္ခါရအလုပ်ဆိုတဲ့ ဥစ္စာတစ်ခြားမဟုတ်ဘူး၊ ဒကာ ဒကာမတို့ ကုသိုလ်လဲ လုပ်တယ်၊ ဘုံဘဝတွေလဲ ဆုတောင်းတယ်၊ နိဗ္ဗာန်မပါဘူး … (မှန်ပါ့)၊ ကုသိုလ်တော့ လုပ်တယ်နော် ဆုတောင်းတော့ ဘုံဘဝတွေကို … (ဆုတောင်းပါတယ်ဘုရား)။
ဘုံဘဝတွေ တောင်းတာကတော့ဖြင့် တဏှာဆန္ဓလို့ဆိုရင် လွဲပါ့မလား … (မလွဲပါ)။ ဒီဘက်က လုပ်တာကတော့ ကုသိုလ်ပဲနော် … (မှန်ပါ့)။ ဘုံဘဝတွေ တောင်းတာကတော့ … (တဏှာပါဘုရား)။
ကိုင်း … ဒါဖြင့် အဝိဇ္ဇာသည် တဏှာသည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းပါပဲ၊ ကုသိုလ်လဲ လုပ်တယ်၊ ဘုံဘဝလဲ ဆုတောင်းတယ်ဆိုတာ ဘယ့်နှယ်ကြောင့် တောင်းပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သြော် … သေသေချာချာ ပေါ်တော့မှ မသိလို့ တောင်းနေတာ … (မှန်လှပါဘုရား)။ သဘောကျပလား … (ကျပါပြီ)။ မသိလို့ … (တောင်းနေတာပါ ဘုရား)။
မသိလို့ တောင်းသည်ဆိုတော့ မသိတာက အဝိဇ္ဇာ၊ ဟုတ်လား၊ ကုသိုလ်တွေ ပြုပြီးသကာလ နိဗ္ဗာန်ရနိုင်ပါလျက်သားနဲ့ ဒီသား ဒီသမီး သံယောဇဉ် သဿတဒိဋ္ဌိတွေ စွဲနေတာနဲ့ ဦးခင်မောင်ရေ … ဆုကလေး ဘာလေး တောင်းလိုက်တယ် … (မှန်လှပါဘုရား)။ မတောင်းလိုက်ဘူးလား … (တောင်းလိုက်ပါတယ် ဘုရား)။
အင်း … သူတို့လဲ ကျန်းမာအောင် ကိုယ်လဲကျန်းမာအောင် ရောက်ရာဘဝမှာလဲ ဒီသား ဒီသမီးနဲ့ မခွဲရအောင်၊ မလာလားဗျာ … (လာပါတယ်ဘုရား)။
အဲဒါ ဘယ်လိုကြောင့် ပါလိမ့်မတုံးလို့ အရင်းစစ်လိုက်တဲ့ အခါကျတော့မှ အဝိဇ္ဇာပစ္စယာကြောင့် သင်္ခါရ အလုပ်လုပ်ပါတယ် … (မှန်လှပါဘုရား)။ ဘယ်လိုပါလိမ့် … (အဝိဇ္ဇာပစ္စယာကြောင့် သင်္ခါရ အလုပ်လုပ်ပါတယ်)။ ရှင်းပြီနော် … (ရှင်းပါပြီ)။
ဒါဖြင့် အဝိဇ္ဇာဆိုတာ မသိတာ၊ သင်္ခါရက ပြုလုပ်တာ … (မှန်ပါ့)၊ အဝိဇ္ဇာက … (မသိတာပါဘုရား)၊ သင်္ခါရက … (ပြုလုပ်တာပါဘုရား)။ ဦးဇံရင် ကျေနပ်ပလား … (ကျေနပ်ပါပြီ)။
သြော် … ဒါဖြင့် အဝိဇ္ဇာက ဘာမသိတာတုံး၊ သင်္ခါရက ဘယ်လိုမသိလို့ သင်္ခါရ လုပ်ဖြစ်ပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာ ဆိုတာ “ဒုက္ခေ အဉာဏံ၊ ဒုက္ခသမုဒယေ အဉာဏံ” အစရှိတဲ့ သစ္စာလေးပါး မသိလို့ လုပ်ဖြစ်တာ … (မှန်လှပါ)။ သဘောကျပလား … (ကျပါပြီ)။
ကုသိုလ်လုပ်တတ်လို့ ရှိရင်ဖြင့် နိဗ္ဗာန်ရောက်နိုင်တဲ့ကုသိုလ်ချည်းပဲ၊ ဒကာ ဒကာမတို့ လုပ်တတ်လို့ ရှိရင် … နော် … (မှန်လှပါ)။ သို့သော် ခင်ဗျားတို့က နိဗ္ဗာန်မရောက်ချင်တဲ့ ပုဂ္ဂိုလ်က..တဲ့ ဒီသား ဒီသမီးနဲ့မှ အတူတူဆိုတဲ့ ဥစ္စာသည် သွားနိုင်ဖို့ မြင်သေးရဲ့လား … (မမြင်ပါဘုရား)။
မယုံချင်လို့ရှိရင် နောက်ကသေနတ်နဲ့ လိုက်ပစ်၊ ကလေးနှစ်ယောက်သာ ဆွဲပြေးရင် ဒီဥစ္စာ မှန်ချေရဲ့ … (မှန်ပါ့)၊ ကလေးနှစ်ယောက်သာ လက်ဆွဲပြီး ပြေးမယ်ဆိုရင် ဒီလူ လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်ပါ့မလား … (မပြေးနိုင်ပါ ဘုရား)။
ဘာပြုလို့တုံး၊ ကလေးနှစ်ယောက် လက်တွဲနေရလို့ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်ပါ့မလား … (မပြေးနိုင်ပါဘုရား)၊ ဘာဖြစ်လို့ မပြေးနိုင်တာလဲ … (ကလေးနှစ်ယောက် လက်တွဲနေရလို့)။
ဒီမှာလဲ ထိုနည်းအတူပဲ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်ပါမှဆိုရင် ခဲယဉ်းပြီ … (မှန်ပါ့)၊ မခဲယဉ်းပေဘူးလား … (ခဲယဉ်းပါတယ်)၊ သို့သော်လဲ ခင်ဗျားတို့ကတော့ ဒါကလေးမှ မထည့်လိုက်ရလို့ရှိရင်တဲ့ အမိနို့ဖိုးတောင် ကျေပုံမရဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။ အတော်ဆိုးတယ်ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ကိုင်း … ဒါဖြင့် မသိတာကြောင့် သင်္ခါရအလုပ် မလုပ်ပေဘူးလား … (လုပ်ပါတယ်ဘုရား)။ အဲဒါ ခင်ဗျားတို့ ကျုပ်တို့၏ အစပါပဲ … (မှန်ပါ့)။
ဟော … သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ဟောဒါ လူဝိညာဏ်လဲ ဖြစ်နိုင်တယ်၊ နတ်ဝိညာဏ်ကော … (ဖြစ်နိုင်ပါတယ်)။ လူခန္ဓာကော … (ဖြစ်နိုင်ပါတယ်)၊ နတ်ခန္ဓာ … (ဖြစ်နိုင်ပါတယ်)။ ဗြဟ္မာခန္ဓာ … (ဖြစ်နိုင်ပါတယ်)၊ အဲ … နိဗ္ဗာန်တော့ မပါဘူး … (မှန်ပါ့ဘုရား)၊ ပါသေးရဲ့လား … (မပါ,ပါဘုရား)။
ဘယ့်နှယ်ကြောင့် မပါ,ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ … မသိလို့ လုပ်ထားတော့ မသိသလို ပေါ်လာတဲ့ ခန္ဓာ၊ ဒီခန္ဓာ ဘာသစ္စာတဲ့ … (ဒုက္ခသစ္စာပါဘုရား)။ ဒီဒုက္ခသစ္စာကို ဒီသင်္ခါရနှစ်ခုက မလုပ်ဘူးလား … (လုပ်ပါတယ်ဘုရား)။
သင်္ခါရနှစ်ခုက လုပ်ချင်လို့ လုပ်ရတာလား … မသိတဲ့လူက ခေါင်းဆောင်နေလို့လား … (မသိတဲ့လူက ခေါင်းဆောင် နေလို့ပါဘုရား)။ သြော် … မသိတဲ့လူက ခေါင်းဆောင်တော့ လုပ်မိလုပ်ရာ လုပ်တော့ကို ဖြစ်မိဖြစ်ရာ ဖြစ်တယ် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ ဖြစ်မိဖြစ်ရာ ဘာသစ္စာတုံး …. (ဒုက္ခသစ္စာပါဘုရား)။ ပေါ်ကြပလား … (ပေါ်ပါပြီ)။
နိဗ္ဗာန်သွားနိုင်တဲ့အလုပ် လုပ်လိုက်လို့ရှိရင် ဒီကုသိုလ်တွေဟာ နိဗ္ဗာန်သွားနိုင်သားပဲ။ သူသည်ကား လို့ဆိုရင် ဥပနိဿယပစ္စယော အားကြီးသော အကြောင်းလဲရှိသားပဲ။ ခင်ဗျားတို့ကိုက ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ ဒီဘုံးတွေ ကြိုက်နေတဲ့ ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိလို့ ဒီခန္ဓာကြီး ပေါ်လာတာ …(မှန်လှပါဘုရား)။ မပေါ်လာဘူးလား … (ပေါ်လာပါတယ်ဘုရား)။
ကဲ … ဒီခန္ဓာပေါ်လာတော့ ဒါဟာ ဒီဘဝပစ္စုပ္ပန်ဘဝလို့ ဆိုကြပါစို့ … (မှန်ပါ့)။ ယခုဘဝအစ ဒီခန္ဓာက၊ ဟုတ်ကဲ့လား …(မှန်လှပါဘုရား)။ ယခုဘဝအစ … (ဒီခန္ဓာကပါဘူရား)။
ကောင်းပြီ … ဒါဖြင့် ၁-ကယ်၊ ၂-ကယ်ဟာ အတိတ်ဘဝ ထားလိုက်တာပေါ့ … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)၊ ၁-ကယ်၊ ၂-ကယ်ဟာ … (အတိတ်ဘဝပါဘုရား)၊ အတိတ်ဘဝ ထားလိုက်တာပေါ့။
ဒါဖြင့် ဒီအထဲ သွားလိုက်ပါတော့ ဒကာ ဒကာမတို့၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ ထုံးစံအတိုင်း မသွားပေဘူးလား … (သွားပါတယ်ဘုရား)။ အဲ… ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ … သဘောကျပြီနော် … (မှန်ပါ့ဘုရား)။
ကောင်းပြီ … ဒီငါးခု ဝင်လာပြီ၊ ဒီဘက်က တဏှာ ဥပါဒါန် ကံ သုံးခုကကော ဒကာ ဒကာမတို့ မလာပေဘူးလား … (လာပါတယ်ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံ၊ သုံးခုလာရမယ်နော် … (မှန်ပါ့)။ ဒါက အရင်နားလည်ပြီးသားဖြစ်လို့ ဦးခင်မောင် ခပ်ပြင်းပြင်းပဲ ပြောသွားတယ် … (မှန်ပါ့)။
သို့သော် သဿတ ဥစ္ဆေဒခွာချင်တော့ ဒကာ ဒကာမတို့ ဒီမှာ ကြည့်လိုက်တာပေါ့၊ ဒါ ဝိညာဏ် မဟုတ်လားဗျာ … (မှန်ပါ့)၊ … (စက်ဝိုင်းကိုပြသည်)။ ဝိညာဏ်ဖြစ်နေတော့ ပုဂ္ဂိုလ်သတ္တဝါ ပါ,ပါရဲ့လား … (မပါ,ပါဘုရား)။
မပါတော့ သြော် … ဝိညာဏ်ဟာ စိတ်ပဲ၊ သူနဲ့တော့ သဟဇာတ ဖြစ်တာ ရုပ်ပဲ၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။ ပုဂ္ဂိုလ်၊ သတ္တဝါ ပါသေးလား … (မပါ,ပါဘုရား)။ ဒါက သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်တာ … (မှန်ပါ့ဘုရား)၊ ရှင်းပလား … (ရှင်းပါပြီ)။
ပုဂ္ဂိုလ် သတ္တဝါ မပါဘူးလို့ သိကတည်းကိုက သင်္ခါရက လုပ်လိုက်ကတည်းက ပုဂ္ဂိုလ်သတ္တဝါ လုပ်တာလား၊ ခန္ဓာလုပ်တာလား … (ခန္ဓာလုပ်တာပါ)၊ ခန္ဓာဆိုတော့ နာမ်ရုပ်ပေါ့ဗျာ … (မှန်လှပါ)၊ ရှင်းပြီနော် … (ရှင်းပါပြီ)။
အဲဒီတော့ တစ်ခါစဉ်းစားလိုက်တဲ့ အခါကျတော့ သြော် … ဘယ်သူဖန်ဆင်းတာတုံး၊ ဒီခန္ဓာပေါ်လတာ ဘယ်သူဖန်ဆင်းတာမှ မဟုတ်ဘူး၊ သဘောကျပလား … (ကျပါတယ်ဘုရား)။ သင်္ခါရပစ္စယာကြောင့် ဝိညာဏ် ပေါ်တာပဲဆိုတာ သဘောကျကြပလား … (ကျပါတယ်ဘုရား)။
ဒါ စူးစူးစိုက်စိုက်လဲ မှတ်ပါ၊ စူးစူးစိုက်စိုက်လဲ နာပါ၊ ဒီဥစ္စာ သဿတ၊ ဥစ္ဆေဒ ဖြုတ်ရမယ်ဆိုတော့ မဂ်တား ဖိုလ်တားတာ ဖြုတ်ရမယ်ဆိုတော့ ဦးခင်မောင် … သာမည ပြောလို့မရဘူးနော် … (မရပါဘူး)၊ သာမည ပြောလို့ ကိုမြရွှေ ရပါ့မလား … (မရပါဘုရား)။
ကိုင်း … ဒါဖြင့် ဒီဝိညာဏ်ဖြစ်လာတာလဲ သင်္ခါရကြောင့် ဘာဖြစ်တာတုံး … (ဝိညာဏ်ဖြစ်ပါတယ်ဘုရား)။ ကဲ … တစ်ခါ ဝိညာဏ်ချုပ်သွားတဲ့အခါ ကျလို့ရှိရင်လဲ နာမ်ရုပ် မလာပေဘူးလား … (လာပါတယ်ဘုရား)။
ဒါဖြင့် ဝိညာဏ်ကလေးဟာ ဖြစ်လဲ မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။ သင်္ခါရကြောင့် ဖြစ်ကော မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
နောက်သူသည်ကားလို့ ဆိုရင် နာမ်ရုပ် ကျေးဇူးပြုတော့မယ်ဆိုတော့ သူမချုပ် ပေဘူးလား … (ချုပ်ပါတယ် ဘုရား)။ ချုပ်တယ်လို့ ထားလိုက်ပါဦးတော့၊ အဲဒီတော့ သူဟာ ဖြစ်လဲ ဖြစ်တယ်၊ ချုပ်လဲ ချုပ်တဲ့တရားဆိုရင် ဘယ့်နှယ်တုံး … (မှန်ပါတယ်ဘုရား)။
ဒါဖြင့် သူဟာ ခိုင်တဲ့မြဲတဲ့ တရားလား … (မခိုင်မမြုပါဘုရား)။ ခိုင်တဲ့မြဲတဲ့တရား မဟုတ်ဘူးဆိုတာတော့ ခင်ဗျားတို့ ဉာဏ်ထဲမှာ မသိသေးဘူးလား … (သိပါတယ်ဘုရား)။ ဒီကနေ ဉာဏ်နဲ့နားထောင်တာပေါ့။ ဒီကဉာဏ်နဲ့ နားထောင်တော့ ခိုင်မြဲတဲ့တရားလဲ မဟုတ်ဘူးလို့ ဆိုနိုင်ကြသလား … (ဆိုနိုင်ပါတယ်ဘုရား)။
ဝိညာဏ်ဟာ ဖြစ်ပေါ်တာပဲ၊ ဖြစ်တဲတရားလဲ ဟုတ်ပါရဲ့လား … (ဟုတ်ပါတယ်ဘုရား)။ ချုပ်တဲ့တရားကော … (ဟုတ်ပါတယ်ဘုရား)။ ဝိညာဏ်ဆိုတော့ ပဝတ္တိညာဏ်လဲ ဒီအတိုင်းပဲ၊ ဖြစ်လဲဖြစ်တယ်၊ ချုပ်လဲ ချုပ်တယ်လို့ မသိဘူးလား … (သိပါတယ်ဘုရား)။
သြော် … ဒါဖြင့် ဖြစ်လဲဖြစ်တယ်လို့ ဆိုသဖြင့် ဒကာ ဒကာမတို့ ဖြစ်လဲဖြစ်တယ် ဆိုတာသိသဖြင့် စောစောစီးစီး မှတ်ထား လိုက်စမ်းပါတဲ့၊ ဥစ္ဆေဒဒိဋ္ဌိ စင်သွားပြီ … (မှန်ပါ့ဘုရား)။ ဖြစ်ပြိးပျက်ကော မပျက်ဘူးလား … (ပျက်ပါတယ် ဘုရား)။ ဖြစ်ပြီးပျက်သွားတယ် ဆိုကတည်းက ခိုင်မြဲတဲ့သဘော သဿတသဘော ရှိသေးရဲ့လား … (မရှိပါဘုရား)။ ဒါဖြင့် တိုတိုကလေး မှတ်ထားလိုက်စမ်းပါ။
အဖြစ်မြင်ရင် ဥစ္ဆေဒစင်ပြီ၊ သဘောကျပလား … (ကျပါပြီဘုရား)။
အပျက်မြင်ရင် … သဿတ … (စင်ပါတယ်ဘုရား)၊ အဖြစ်မြင်ရင် … (ဥစ္ဆေဒစင်ပါတယ်ဘုရား)၊ အပျက်မြင်ရင် … (သဿတ စင်ပါတယ်ဘုရား)။
ပြန်ပြော ပြန်ပြော၊ ဒါဟာ အရေးကြီးတယ်၊ အဖြစ်မြင်ရင် …. (ဥစ္ဆေဒစင်ပါတယ်ဘုရား)။ အပျက်မြင်ရင် … (သဿတ စင်ပါတယ်ဘုရား)။
အဲဒါ သံယုတ်ပါဠိတော်ကြီးများမှာလဲ ဒီအတိုင်းပဲလာတယ်ဆိုတာ မှတ်ထားလိုက်ပါတော့။
သြော် … ဒါဖြင့် ဝိညာဏ်ပြီးတော့ နာမ်ရုပ်ကလေး၊ နာမ်ရုပ်ကလေး ဖြစ်မှုကို မြင်ပြန်တော့လဲ ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုမယ် … (ဥစ္ဆေဒစင်ပါတယ်ဘုရား)။ ပျက်မှုမြင်လိုက်ပြန်တော့ … (သဿတစင်ပါတယ်ဘုရား)။
အဲ … ဖြစ်မှုမြင်လိုက်တဲ့အခါကျတော့ကိုတဲ့ ပြတ်သွားတာ မဟုတ်ဘူးတဲ့။ ဒီကအကြောင်းကြောင့် သူဖြစ်ပေါ် လာတော့ ဖြစ်မှုကို မမြင်ကြဘူးလား … (မြင်ပါတယ်ဘုရား)။ အကြောင်းဖြစ်လို့ အကျိုးမဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
အဲဒီဖြစ်မှုမြင်ကတည်းက အင်း… အကြောင်းရှိနေသရွေ့ကာလပတ်လုံး အကျိုးဖြစ်နေမှာပဲလို့ မသိဘူးလား … (သိပါတယ်ဘုရား)။ ဒီလိုသိတော့ ဘယ်ဒိဋ္ဌိစင်သွားသလဲ … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား)၊ အဲ … ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ သေရင် ပြီးတာပဲဆိုတာ ဟုတ်ကဲ့လား … (မဟုတ်ပါဘုရား)၊ ဥစ္ဆေဒစင်ပုံကို ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် ဒီအကြောင်းကလေးဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ ဖြစ်ပြီးတော့ ချုပ်မသွားဘူးလား … (ချုပ်သွားပါတယ်ဘုရား)၊ ခိုင်ရဲ့၊ မြဲရဲ့လား … (မမြဲပါဘုရား)၊ မမြဲတာမြင်သဖြင့် ဘာစင်သွားသတုံး … (သဿတ စင်သွား ပါတယ်ဘုရား)။ ခိုင်မြဲတယ် ထင်တဲ့သဿတက မစင်ဘူးလား … (စင်ပါတယ်ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ သေသေချာချာ ဒီတစ်လုံးကို မှတ်ထားလိုက်စမ်းပါ။
အဖြစ်မြင်ရင် … (ဥစ္ဆေဒ စင်ပါတယ်ဘုရား)။
အပျက်မြင်ရင် … (သဿတ စင်ပါတယ်ဘုရား)။
သဿတဒိဋ္ဌိ စင်တယ်ဆိုတော့ ကိုင်း … ရှင်းပါတော့မယ် ဒကာ ဒကာမတွေ ရှေ့နား “ဖဿပစ္စယာ ဝေဒနာ” နှစ်လုံးကိုပဲ ရှင်းပြလိုက်ရင် ဒကာ ဒကာမတို့ သိလောက်ပါတယ်နော် … (မှန်ပါ့)။ “ဖဿပစ္စယာ ဝေဒနာ” သိပြီနော် … (မှန်ပါ့)၊ ဖဿပစ္စယာ … (ဝေဒနာပါဘုရား)။
ဒါ - ခင်ဗျားတို့သန္တာန် ခင်ဗျားတို့တွေ့တယ် ကိုင်လိုက်တယ်ဆိုတာ ဖဿ … (မှန်ပါ)၊ နူးညံ့လိုက်တာ ကောင်းလိုက်တာဆိုတာက ဝေဒနာ၊ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ မလာပေဘူးလား … (လာပါတယ်ဘုရား)၊ ဒါဖြင့် ဖဿပစ္စယာ … (ဝေဒနာပါဘုရား)၊ ဒါဖြင့် .. ဖဿနိရောဓာ … (ဝေဒနာနိရောဓောပါဘုရား)။
ဒါဖြင့် … ဖဿဖြစ်ရင် ဒကာ ဒကာမတို့ စဉ်းစားကြည့်၊ ဝေဒနာဖြစ်ရမှာပဲ … (မှန်ပါ့)။ ဖဿပစ္စယာ … (ဝေဒနာပါဘုရား)။ ဒီလိုသိသွားလို့ ဖဿဖြစ်လို့ ဝေဒနာဖြစ်တာပဲလို့ သိသဖြင့် ဘယ်ဒိဋ္ဌိ စင်သွားသတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား)။ သဘောကျပြီနော် … (မှန်ပါ့)။
ဒါဖြင့် ဖဿချုပ်လို့ ဝေဒနာကော … (ချုပ်ပါတယ်ဘုရား)၊ ဘာဒိဋ္ဌိ စင်သွားသတုံး … (သဿတဒိဋ္ဌိစင်ပါတယ်)၊ ခိုင်မြဲတာရှိသေးရဲ့လား … (မရှိပါဘုရား)။
ဒါကလေးနှစ်လုံးကိုဖြင့် ဒကာ ဒကာမတို့ မဂ်ဆိုက် ဖိုလ်ဆိုက် ဟောရမည့် တရားထူး ဖြစ်နေသည့်အတွက် ခင်ဗျားတို့က မုန်းချင်မုန်းပေတော့၊ ဒါတော့ သိအောင်ဟောရလိမ့်မယ် … (မှန်ပါ့)။
ဒါမှမသိရင် ကိုမြရွှေ … ဟောဝိပဿနာရှုလို့လဲ အလကားပဲ၊ သဘောကျပြီလား …(ကျပါပြီဘုရား)။ ဒါလေးမှ မသိရင်ဖြင့် … (ဝိပဿနာရှုလို့လဲ အလကားပါပဲဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဒုဗ္ဗလဝိပဿနာ သာဖြစ်ပါတယ်၊ (ဝါ) အားနည်းတဲ့ ဝိပဿနာသာ ဖြစ်တယ်၊ မောင်ထွန်းလှိုင် အားကြီးတဲ့ဝိပဿနာ … (မဖြစ်နိုင်ပါဘုရား)၊ အားကြီးတဲ့ ဝိပဿနာ ဆိုတာက မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျေးဇူးပြုမည့် ဝိပဿနာ။
အဲဒါ မဖြစ်နိုင်လို့ အဋ္ဌကထာဆရာ အသေအချာ ဖွင့်နေတဲ့အတွက် ဒကာ ဒကာမတို့ ဖဿပစ္စယာ … (ဝေဒနာပါ ဘုရား)၊ သြော် ဖဿဖြစ်လို့ ဘာတဲ့လဲ … (ဝေဒနာ ဖြစ်ပါတယ်ဘုရား)။ ဒီလိုသိသွားတော့ ဝေဒနာလေး ပေါ်တိုင်းပေါ်တိုင်း ဒကာ ဒကာမတွေက သူ့အလိုလို ဖြစ်တာမဟုတ်ပါဘူး၊ တွေ့ထိလို့ ဖြစ်တာပါပဲ၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား)။ မတွေ့ထိဘဲနဲ့ မဖြစ်နိုင်ပါဘူး၊ မီးများလိုပဲ၊ လက်ကလေးနဲ့ သွားပြီး မထိဘဲနဲ့ ပူတယ်ဆိုတဲ့ မခံရပ်နိုင်အောင် ဒုက္ခဝေဒနာတွေက ပေါ်နိုင်ပါ့မလား … (မပေါ်နိုင်ပါဘုရား)။
မီးနဲ့ထိတာက ဖဿ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်)၊ ဒီ-လက်ထဲ ပေါ်တာက မခံနိုင်အောင် ဖြစ်လာတာက … (ဝေဒနာပါဘုရား)၊ မထိဘဲနဲ့ ဝေဒနာပေါ်ပါ့မလား … (မပေါ်ပါဘုရား)၊ ထိမှ ဝေဒနာပေါ်တယ်ဆိုတာ သဘောကျပလား … (ကျပါပြီ)။
ဒါဖြင့် ဒီမီးချုပ်သွားတဲ့အခါကျတော့ ထိတဲ့ဖဿ ချုပ်သွားတော့ ဝေဒနာကော … (ချုပ်သွားပါတယ်ဘုရား)။ တစ်ခါဒီဘက် နောက်ဆုတ်လိုက်တဲ့အခါကျတော့ မီးနဲ့မထိဘူး၊ ဖဿက ရှိသေးရဲ့လား … (မရှိပါဘုရား)။ ဒီနားကျမှပဲ အထူးပူနေသေးလား၊ အေးချမ်းသွားသလား … (အေးချမ်းသွားပါတယ်)။ ဒါဖြင့်ဖဿချုပ်လို့ ဝေဒနာ ဘယ့်နှယ်ဖြစ်သွား သလဲ … (ချုပ်သွားပါတယ်ဘုရား)။
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်ဆိုတာ ဒကာ ဒကာမတို့ ဘယ်ဒိဋ္ဌိစင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။ ရှင်းပလား … (ရှင်းပါပြီ)၊ ဖဿချုပ်ရင် … (ဝေဒနာချုပ်ပါတယ်)၊ ဝေဒနာချုပ်တယ်၊ အတွေ့ချုပ်သွားလို့ ရှိရင် အနာချုပ်တာဘဲ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)၊ ဖဿချုပ်ရင် … (ဝေဒနာချုပ်ပါတယ်ဘုရား)။
အဲဒီလို သိတဲ့အခါကျတော့ ဘယ်ဒိဋ္ဌိစင်သတုံး … (သဿတဒိဋ္ဌိစင်ပါတယ်)။ ချုပ်တာမြင်တော့ သဿတဒိဋ္ဌိ စင်တယ်၊ ချုပ်တာမြင်ကတည်းက ဒကာ ဒကာမတို့ ခိုင်မြဲတာရှိသေးရဲ့လား … (မရှိပါဘုရား)။ သဿတဒိဋ္ဌိ မစင်ဘူးလား … (စင်ပါတယ်ဘုရား)။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ် သိသဖြင့် ဘာဒိဋ္ဌိစင်သွားသတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။ သြော် .. မပြတ်ပါလား ဆိုတာ ပေါ်လာတယ် … (မှန်ပါ့)။ ပြတ်သေးရဲ့လား … (မပြတ်ပါဘုရား)။ သေသေချာချာ ရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)၊ ဒကာ ဒကာမတို့ ပေါ်ပလား … (ပေါ်ပါပြီ)။
ဒါဖြင့် “ဝေဒနာပစ္စယာတဏှာ” တစ်လုံးကို ခင်ဗျားတို့ ရှင်း မရှင်း ကြည့်ရအောင်၊ ဝေဒနာဖြစ်လို့ ဘာဖြစ်တာ တုံး … (တဏှာဖြစ်ပါတယ်)။ ဝေဒနာဖြစ်လို့ စားလို့ကောင်းလို့ ဝယ်ချင်တယ်၊ ဒကာ ဒကာမတို့ စားလို့ ကောင်းတာက ဝေဒနာ … (မှန်ပါ့)။ ဝယ်ချင်တာက … (တဏှာပါဘုရား)။
စားလို့ကောင်းတာက … (ဝေဒနာပါ)။ ဝယ်ချင်တာက … (တဏှာပါ)။
စားလို့ကောင်းလို့ မဝယ်ချင်တဲ့ပုဂ္ဂိုလ်ဟာ အတော်ရှားပါလိမ့်မယ် … (မှန်ပါ့ဘုရား)။ မရှိလို့ အောင့်အည်းနေတာသာ ရှိချင်ရှိရမယ် … (မှန်ပါ့)။ ဦးခင်မောင်ရေ … စားလို့ ကောင်းတာကျတော့ … (ဝယ်ချင်ပါတယ်ဘုရား)။ ဒါဖြင့် … စားလို့ကောင်းတာက … (ဝေဒနာပါဘုရား)။ ဝယ်ချင်တာက … (တဏှာပါဘုရား)။
အချိန်များ ဆိုင်းသေးသလား … (မဆိုင်းပါဘုရား)။ ထမင်းပွဲ လက်စုံကျလို့ရှိရင် နက်ဖန် ဒီဟင်းချက်ဦးဟေ့လို့ ပြောကတည်းကိုက ဒီဟာ ဝယ်ဦးဟေ့လို့ ပြောကတည်းကိုက ဖဿပစ္စယာ … (ဝေဒနာပါဘုရား)။ ဝေဒနာပစ္စယာ … (တဏှာပါဘုရား)။
ဒါဖြင့် ကောင်းတဲ့ဝေဒနာ လာလို့ရှိရင် နောက်ကဘာလိုက်သတုံး … (တဏှာလိုက်ပါတယ်)။ ကဲ .. စားရတာက ဒကာ ဒကာမတွေ လျှာပေါ်မှာဖြစ်စေ၊ ကိုယ်ပေါ်မှာဖြစ်စေ မကောင်းလိုက်တာဆိုတဲ့ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ ဒီဒုက္ခဝိညာဏ်ကော မလာပေဘူးလား … (လာပါတယ်ဘုရား)။
အဲဒီဟာကျတော့ မဝယ်နဲ့တော့ကွာ၊ မလာဘူးလား … (လာပါတယ်ဘုရား)။ စားလို့ မကောင်းတော့ ဘာတဲ့ … (မဝယ်နဲ့တော့)၊ မဝယ်နဲ့တော့ကွာ ဆိုတော့ ဖဿပစ္စယာ ဘာတုံး … မဝယ်ပါနဲ့တော့ကွာပေါ့ … (မှန်လှပါဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ ဖဿပစ္စယာ … (မဝယ်နဲ့တော့ကွာ)။
မဝယ်နဲ့တော့ကွာဆိုတာက သူ့ဒေါသကလေးဖြစ်လာတာ … (မှန်ပါ့)။ ဒေါမနဿဝေဒနာ ပေါ်တယ် … (မှန်လှပါဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဘာဝေဒနာ ပေါ်ပါလိမ့် … (ဒေါမနဿဝေဒနာ ပေါ်ပါတယ်ဘုရား)။ ဒါလဲ ဖဿပစ္စယာဝေဒနာပဲ … (မှန်ပါ့ဘုရား)။
ခင်ဗျားတို့ကကောင်းတာကလေးတစ်ခုသာ ပြုံးနေတာ … (မှန်လှပါ)။ မကောင်းတာကျတော့ မင်းက မဟန်ပါဘူး ဆိုတာ မလာဘူးလား … (လာပါတယ်ဘုရား)။ ဒါကြီးမှဝယ်ချက် ရသလားကွာ၊ ငါ အဲ့ပါရဲ့ကွာလို့ မလာပေဘူးလား … (လာပါတယ်ဘုရား)။
အဲဒီတော့ ဖဿပစ္စယာ … (ဝေဒနာပါဘုရား)၊ ဘာ ဝေဒနာပါလိမ့် … (ဒေါမနဿဝေဒနာပါ)။ ဒေါမနဿ ဝေဒနာ မလာပေဘူးလား … (လာပါတယ်ဘုရား)။ သဘောကျပလား … (မှန်ပါ့)။
ဥပမာ - အကြမ်းထည်ကြီးကို ဦးခင်မောင်က ကိုင်ကြည့်တယ်၊ ဦးခင်မောင်ဖို့ဆိုပြီး သကာလ ဝယ်ခဲ့တယ်၊ ဈေးထဲက၊ ဒါဖြင့် ဒီလိုဝယ်တဲ့အခါကျလို့ ရှိရင်လဲ ဦးခင်မေင်က စမ်းကြည့်လိုက်တော့ မတွေ့ဘူးလား … (တွေ့ပါတယ်ဘုရား)။ ခပ်ကြမ်းကြမ်း မတွေ့ဘူလား … (တွေ့ပါတယ်ဘုရား)။ ဝယ်ခဲ့ဦးခိုင်းမလား၊ မင်းမို့ ဝယ်ခဲ့တယ်လို့ ဆိုမလား … (မင်းမို့ ဝယ်ခဲ့တယ် ဆိုပါမယ်ဘုရား)။
မင်းမို့ ဝယ်တာဆိုတော့ သူ့အပေါ် အလိုကျသလား၊ အလိုမကျလို့လား … (အလိုမကျလို့ပါဘုရား)။ ဒါဖြင့် ဖဿပစ္စယာ … (ဒေါမနဿဝေဒနာပါဘုရား)။ ဒေါမနဿဝေဒနာဆိုတော့ ပေါ်တာချည်းပဲ … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်လို့ ဒီလိုသိရင် ဘယ်ဒိဋ္ဌိစင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား)။ ဖဿချုပ်သွားတော့ … (ဝေဒနာချုပ်ပါတယ်ဘုရား)။
ဖဿချုပ်သွားတော့ ကဲ လက်ထဲကိုင်တာကလေးလဲ ဦးခင်မောင် မကိုင်တော့ပါဘူး၊ ကြမ်းမှန်း ထော်မှန်လဲ မသိတော့ ပါဘူးဆိုတော့ စိတ်က ပြေမသွားဘူးလား … (ပြေသွားပါတယ်ဘုရား)။
ပြေသွားတာ ထောက်လိုက်လို့ရှိရင် ဖဿချုပ်သွားလို့၊ ဘာချုပ်သွားသတုံး … (ဝေဒနာချုပ်ပါတယ်ဘုရား)။ ဝေဒနာချုပ်သွားတယ်၊ နောက်သာ မမှားစေနဲ့တော့ကွာ လေချိုသွေးသွားပြီ၊ အဲဒီကျတော့ မသွေးဘူးလား … (မှန်ပါ့ဘုရား)။
အဲဒီတော့ ဝေဒနာချုပ်တဲ့အသံ မထွက်လာဘူးလား … (ထွက်လာပါတယ်ဘုရား)။ နောက် ဒီလို မမှားစေနဲ့ ဟေ့ … သဘောပါပလား … (ပါ, ပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်လို့ သိရင် ဘယ်ဒိဋ္ဌိစင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။ ဟုတ်သားပဲ၊ အကြောင်းအကျိုး ပြတ်ကဲ့လား … (မပြန်ပါဘုရား)။ ဖဿပစ္စယာ … (ဝေဒနာပါဘုရား)။
ဝေဒနာဆိုတော့ အကြောင်းအကျိုး ဆက်နေတာကို သိလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ မစင်သေးဘူးလား … (စင်ပါတယ်ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိဆိုတာ တစ်ခါတည်း အကြောင်းအကျိုး ဘာမှ မရှိဘူး၊ ပြတ်တာချည်းပဲလို့ ယူတာက ဘာဒိဋ္ဌိလဲ … (ဥစ္ဆေဒဒိဋ္ဌိပါဘုရား)။
ခုတော့ ဖ္စဿဖြစ်ရင် ဝေဒနာက … (ဖြစ်ပါတယ်ဘုရား)။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဝေဒနာသုံးမျိုး လာမယ်ဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား)။ ဒါဖြင့် ဖဿပစ္စယာ … (ဝေဒနာပါဘုရား)။ ဖဿမရှိလို့ရှိရင် ဝေဒနာ ရှိပါ့မလား … (မရှိပါဘုရား)။
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တာပဲလို့ ခန္ဓာကိုယ်ထဲမှာ သိတိုင်းသိတိုင်း ဘယ်ဒိဋ္ဌိ စင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား)။ ဒါဟာ သိအောင်ဟောတာနော်၊ ရှုတော့ ဖြစ်ပျက်ရှုရုံပါပဲ … (မှန်ပါ့ဘုရား)။
သြော် … ဒီတရားကလေးဟာ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံး ဆိုတော့ ဘယ့်နှယ်ကြောင့် ဆိုတဲ့စကားကို ပယ်ချနေတာ … (မှန်လှပါ)။ ဘယ့်နှယ်ကြောင့်မှ မဟုတ်ဘူး။ ဖဿဖြစ်လို့ ဝေဒနာဖြစ်တာ … (မှန်လှပါ()။ ရှင်းပလား … (ရှင်းပါပြီ)။ ဖဿချုပ်ရင် … (ဝေဒနာချုပ်ပါတယ်ဘုရား)။ ဝေဒနာချုပ်တယ်ဆိုတော့ ဘယ်ဒိဋ္ဌိစင်သွားသတုံး … (သဿတဒိဋ္ဌိ စင်သွားပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ကို ရှုခိုင်းတဲ့ ဖြစ်ပျက်ဆိုတာ ဒိဋ္ဌိနှစ်ခုကို အစင်ခိုင်းတာ … (မှန်လှပါ)။ အဖြစ်လဲ မြင်အောင်ကြည့်၊ အပျက်လဲ … (မြင်အောင်ကြည့်ရပါမယ်ဘုရား)။ ဘယ်ဒိဋ္ဌိ အစင်ခိုင်းတာပါလိမ့် … (ဒိဋ္ဌိနှစ်ခု အစင်ခိုင်းတာပါ)။ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ အစင်ခိုင်းတာပါပဲ … (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့မှာ ဖြစ်ပျက်မှတစ်ပါ။ ဒိဋ္ဌိခွာနည်း နိဿရည်း ရှိသေးရဲ့လား … (မရှိပါဘုရား)။ အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိ စင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)။ အပျက်မြင်ရင် … (သဿတဒိဋ္ဌိစင်ပါတယ်)။ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဘာသာလျှင် ရှိပါလိမ့် … (ဖြစ်ပျက်သာ ရှိပါတယ်)။ အဖြစ်နဲ့ အပျက်သာလျှင် ရှိတယ်ဆိုတာ ခင်ဗျားတို့ သိပြီးသကာလ ခန္ဓာကိုယ်ထဲမှာ ဘာမှ မရှိဘူး၊ ဖြစ်ပြီးပျက်တတ်တဲ့ ဓမ္မတွေသာ အကုန်ရှိတယ်လို့ သိကတည်းကိုက အင်း … ဒကာ ဒကာမတို့ အဖြစ်မြင်တုန်း ဥစ္ဆေဒ စင်ပါတယ် … (မှန်ပါ့)။ အပျက်မြင် တော့ ခိုင်တယ် မြဲတယ် ထင်တဲ့ သဿတတေကာ … (စင်ပါတယ်ဘုရား)။
ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များသည် ဒကာ ဒကာမတို့ အကြောင်းနှင့်တကွ သိမ်းဆည်းပြီး သိတဲ့အတွက် သဿတ ဥစ္ဆေဒ မစင်သေးဘူးလား … (စင်ပါတယ်ဘုရား)။
ဒါဖြင့် စင်ပြီးမှ ရှုရင် အားကြီးတဲ့ ဝိပဿနာဖြစ်မယ် … (မှန်လှပါဘုရား)။ ဒိလိုမစင်ဘဲနဲ့ ရှုခဲ့သော် … (အားနည်းတဲ့ ဝိပဿနာ ဖြစ်ပါတယ်ဘုရား)။ အားနည်းတဲ့ဝိပဿနာ ဖြစ်လို့ရှိရင် ကုသိုလ်ရရုံပဲ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး … (မှန်လှပါဘုရား)။ ပေါ်ကြပလား … (ပေါ်ပါပြီ)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဖြစ်ပျက်ကို ဘယ်တရားကလေးလာလာ အကြောင်းဖြစ်လို့ အကျိုး ဖြစ်တယ်၊ မှတ်မိကြပလား … (မှတ်မိပါပြီ)၊ အကြောင်းချုပ်လို့ … (အကျိုးချုပ်ပါတယ်ဘုရား)။ အကြောင်းဖြစ်လို့ … (အကျိုးဖြစ်ပါတယ်ဘုရား)။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်လို့ သိရင် ဘယ်ဒိဋ္ဌိစင်သတုံး … (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိရင် … (သဿတဒိဋ္ဌ စင်ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သန္တာန် ရှုတိုင်း ရှုတိုင်း သြော်.. ဖြစ်တာပဲ၊ ပျက်တာပဲ၊ သြော် ဖြစ်ပြီး ပျက်ပေမှာပဲ၊ သူ့အကြောင်း ဖြစ်တော့ သူဖြစ်ပေမှာပဲ၊ သူ့အကြောင်း ချုပ်တော့ သူချုပ်ပေမှာပဲလို့ ဆိုတော့ ခင်ဗျားတို့ သံသယနဲ့ ရှုနေတာလား၊ ခင်ဗျားတို့ ရဲရဲတင်းတင်း ရှုနေတာလား … (ရဲရဲတင်းတင်း ရှုနေတာပါဘုရား)။
ရဲရဲတင်းတင်း ရှုရင် ဒိဋ္ဌိနှစ်ခု စင်ပြီလို့ မှတ်လိုက် … (မှန်ပါ့ဘုရား)။ ရဲရဲတင်းတင်း ရှုရင် … (ဒိဋ္ဌိနှစ်ခု စင်ပါပြီ)။ ဒိဋ္ဌိနှစ်ခု စင်ပြီဆိုတာ သေချာပလား … (သေချာပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်သင့်လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်လို့ ဒီလို ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင် ဦးခင်မောင်.. မပူနဲ့တော့၊ ဗလဝဝိပဿနာ ဖြစ်ပြီ … (မှန်လှပါဘုရား)။
ဗလဝဝိပဿနာဆိုတာ အင်မတန်အားကောင်းတဲ့ ဝိပဿနာလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့ဘုရား)။ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရ,ရအောင် ကျေးဇူးပြုမည့် ဝိပဿနာလို့ မှတ်လိုက်စမ်းပါ … (မှန်လှပါဘုရား)။ ရှင်းပလား … (ရှင်းပါပြီ)။ ဒါဖြင့် သဿတ ဥစ္ဆေဒသည် ပဋိစ္စသမုပ္ပာဒ် အကြောင်း အကျိုး မဆက်တတ်လို့၊ ဒါကြောင့် ဒကာ ဒကာမတို့ အကြောင်း အကျိုး ဖြစ်ပုံ ချုပ်ပုံ နားမလည်ရင် သဿတဥစ္ဆေဒ စင်ပါ့မလား … (မစင်ပါဘုရား)။ ရှင်းပြီနော် … (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပာဒ် အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိလို့ရှိရင်ဖြင့် ဒိဋ္ဌိနှစ်ပါး စလုံး မစင်သေးဘူးလား … (စင်ပါတယ်ဘုရား)။
အဲဒါတော့ ပဋိစ္စသမုပ္ပာဒ်ဆိုတာ တစ်ခြားလား ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဖြစ်တဲ့တရားလား … (ခန္ဓာကိုယ်ထဲ ဖြစ်တဲ့တရားပါ ဘုရား)။ အဲ … ခန္ဓာကိုယ်ထဲဖြစ်တဲ့တရားမှာ ဝေဒနာပစ္စယာ တဏှာကလေး၊ တဏှာကလေးဟာ ဘယ်ကလာပါလိမ့် … (ဝေဒနာက လာပါတယ်ဘုရား)။
ဝေဒနာဖြစ်လို့ … (တဏှာဖြစ်ပါတယ်ဘုရား)။ ဝေဒနာချုပ်လို့ … (တဏှာချုပ်ပါတယ်ဘုရား)။
ဒီလိုသိထားရမယ်၊ သြော် … တဏှာကလေးဟာ တို့သန္တာန် ပေါ်လိုက် ချုပ်လိုက်၊ ပေါ်လိုက် ချုပ်လိုက်၊ သြော် ပေါ်လိုက် ချုပ်လိုက် ဖြစ်ပေမှာပဲ၊ ဝေဒနာဖြစ်တော့လဲ သူက ဖြစ်သကိုး၊ ဝေဒနာချုပ်တော့လဲ … (သူကချုပ်ပါတယ်)။
သူက ချုပ်သကိုးဆိုတော့ ဘယ်ဖြစ်ချုပ်မဆို အကြောင်း အကျိုးနဲ့တကွ မသိဘူးလား … (သိပါတယ်ဘုရား)။ ထိုကဲ့သို့ သိသော် ဒိဋ္ဌိဘယ်နှစ်ပါး စင်ပါလိမ့် … (နှစ်ပါးစင်ပါတယ်ဘုရား)။ သဿတလဲ စင်ပါတယ်၊ ဥစ္ဆေဒကော … (စင်ပါတယ်ဘုရား)။ စင်ပြီးမှ ဖြစ်ပျက် အားထုတ်လို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရ မရှိဘူးတဲ့ … (မှန်လှပါဘုရား)။ သဘောကျပလား … (ကျပါပြီ)။
ကောင်းပြီ … ဒါဖြင့် ဒကာ ဒကာမတို့ ဝတ္ထုထုတ်တော့မယ်တဲ့၊ ဝတ္ထုထုတ်တော့မယ်လို့ ကိုမြရွှေတို့ မှတ်ရမယ်နော် … (မှန်လှပါဘုရား)။
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် (နှာ-၁၀၈) မှာ ဗာရာဏသီပြည်၌ ရှင်ဆန္နဟာ ရှိပါတယ်တဲ့၊ ဘုရားပရိနိဗ္ဗာန် စံသွားတဲ့အခါ ရှင်ဆန္နက ကျန်နေရစ်တော့ ဗာရာဏသီပြည်မှာပဲ သီတင်းသုံးနေတယ်။
အဲဒီမှာ သံဃာတွေက သူ့ကို သပိတ်မှောက်ပြီးသကာလ သံဃာတွေက သူ့ကို မပြောကြစတမ်း၊ မဆိုကြစတမ်းဆိုပြီး ဘုရားက သူ့ကို ဗြဟ္မဒဏ်ပေးထားတဲ့အတွက် သူကရဟန်းတွေကို လိုက်ပြီးသကာလ ဦးခင်မောင်ရေ … အရှင်ဘုရားတို့ တပည့်တော်ကို ဆုံးမကြပါဦး၊ ကံမြစ်ကြပါဦး၊ တရားပေးကြပါဦးဆိုပြီး သူကလိုက်ပြီးသကာလ သံဃာတွေဆီသွားပြီး တောင်းပန်နေရှာတယ်နော် … (မှန်လှပါ)။
တပည့်တော်ကို ဆုံးမပါဦး၊ ကံမြစ်ပါဦး၊ တရားပေးကြပါဦး၊ တရားရရှုပါရစေ … (မှန်ပါ့)။ ဒကာ ဒကာမတို့ ရိပ်မိပလား … (ရိပ်မိပါပြီ)။
သူ့ကျောင်းကလေး သံကောက်နဲ့ ပိတ်ပြီးသကာလ သံဃာကြီးတွေ ရှိတဲ့ဆီသွားတယ်၊ တပည့်တော်ကို ကံမြစ်ကြပါဦး၊ ဆုံးမကြပါဦး၊ တရားပေးကြပါဦး၊ တရားကို သိကောင်းသိနိုင်ပါတယ် ဆိုတဲ့ အကြောင်းတွေနဲ့ သူကျောင်းတွေ လျှောက်ပြီး သွားတဲ့အခါကျတော့ ရဟန်းတွေက တရားဟောကြတယ်။ ငါ့ရှင်ဆန္န … ရုပ်ဟာ အနိစ္စ၊ ဝေဒနာ အနိစ္စ၊ သညာအနိစ္စ၊ သင်္ခါရအနိစ္စ၊ ဝိညာဏ်အနိစ္စ၊ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာ ကွာ၊ ဒါကို ရှုရုံပါပဲ … (မှန်လှပါ)။
ဟောတဲ့တရား မမှန်ဘူးလား ဒကာ ဒကာမတို့ … (မှန်ပါတယ်ဘုရား)။ ရုပ်တရား ဘယ့်နှယ်ဟောသလဲ … (အနိစ္စပါ ဘုရား)။ ဝေဒနာတရား ဘယ့်နှယ်ဟောပါလိမ့် … (အနိစ္စပါဘုရား)။ ကဲ .. သိမ်းကြပါစို့၊ ဝိညာဉ်တရား ဘယ့်နှယ်ဟောသလဲ … (အနိစ္စပါဘုရား)။
အနိစ္စချည်းပါပဲ၊ ကဲကွာ .. နောက်ဆုံးပိတ် နိဂုံးချုပ်လိုက်မယ် ..တဲ့။ သဗ္ဗေသင်္ခါရာ အနိစ္စာပဲကွ၊ သဗ္ဗေဓမ္မာအနတ္တာပဲကွ ဒီလိုဟောလိုက်တယ် … (မှန်ပါ့ဘုရား)။
အို … သူကလဲ ဘဝင်က ခပ်မြင့်မြင့်ရယ် ဦးခင်မောင်ရ … (မှန်လှပါဘုရား)။ ဒကာသစ်ရေ … ဘဝင်က မြင့်တယ်နော် … (မှန်ပါ့)။ ဒီတရားမျိုးအားထုတ်နေတာ ကြာပြီတဲ့ … (မှန်လှပါ)။ အံမာလေး .. ကြောက်စရာကြီးပါကလား။
ဒကာ ဒကာမတို့ ဒီတရားမျိုး အားထုတ်နေတာကြပါပြီ တဲ့၊ ဒီအနိစ္စ အနတ္တတွေ အားထုတ်နေကြတာ ကြာပါပြီတဲ့၊ ဒကာ ဒကာမတို့ သူကလဲ တောင်းသေးတယ်၊ ဟောတဲ့တရားကျတော့ ဒါအားထုတ်နေတာ ကြာပါပြီတဲ့ … (မှန်ပါ့)၊ ကောင်းသေးရဲ့လား … (မကောင်းပါဘုရား)။
ဒီတရား သူအားထုတ်နေတာ ကြာပါပြီတဲ့၊ အနိစ္စတွေ အနတ္တတွေ ဒီကိုယ်တော်တွေ ဟောတဲ့တရားမျိုး တော့ သူ အားထုတ်နေတာကြာပါပြီတဲ့ ..။
ကြာပင်ကြာငြားသော်လဲတဲ့ …”သဗ္ဗေသင်္ခါရ သမထော” အလုံးစုံ သင်္ခါရတရားချုပ်ငြိမ်းတဲ့နိဗ္ဗာန်၊ ဥပဓိတွေ ခန္ဓာငါးပါး ပျောက်သွားတဲ့နိဗ္ဗာန်၊ တဏှာချုပ်တဲ့နိဗ္ဗာန်ကို တစ်ခါမှ မမြင်ဖူးတဲ့၊ သူ အနိစ္စ အနတ္တတော့ ရှုပါတယ်တဲ့ … (မှန်လှပါဘုရား)။ နိဗ္ဗာန်ကို တစ်ခါမှ မမြင်ဖူး ပါဘူးတဲ့ … (မှန်လှပါဘုရား)။
ဒါ့ကြောင့် ဒီတရားမျိုးကိုတော့ သူရှုပါတယ်တဲ့၊ ရှုပေမယ့်လဲ သူသည် ခုနကပြောတဲ့ ဒါသင်္ခါရ တရားတွေပေါ့ဗျ၊ အဲဒီ သင်္ခါရ တရားတွေ လုံးဝချုပ်သွားတဲ့ နိဗ္ဗာန်ကို မတွေ့ဖူးဘူးတဲ့၊ ရိပ်မိကြပလား … (ရိပ်မိပါပြီ)။
သင်္ခါရတရားတွေ ချုပ်တဲ့နိဗ္ဗာန် … (မတွေ့ပါဘုရား)။ ခန္ဓာချုပ်တဲ့နိဗ္ဗာန် … (မတွေ့ပါဘုရား)။ တဏှာချုပ်တဲ့ နိဗ္ဗာန် … (မတွေ့ပါဘုရား)။ မတွေ့ဖူးဘူးတဲ့၊ သူအနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုဘူးလား … (ရှုပါတယ်ဘုရား)။
ရှုလျက်သားနဲ့ သူ မတွေ့ဘူးတဲ့၊ အဲဒီတော့ ဒီတရားမျိုးတော့ သူဝမ်းထဲမှာ ပေါလွန်းလို့ မတတ်နိုင်ဘူး၊ နိဗ္ဗာန်မှ မမြင်တဲ့တရား … (မှန်ပါ့)။ သူက ဒီလိုကိုလာတာ ဦးခင်မောင် ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဒကာ ဒကာမတွေကေ သဘောကျ ပလား … (ကျပါပြီ)။
ဒါဖြင်သူ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မလုပ်လို့လား၊ လုပ်လျက်နဲ့ နိဗ္ဗာန်မမြင်တာလား … (လုပ်လျက်နဲ့ နိဗ္ဗာန် မမြင်တာပါဘုရား)။ ဒါကြောင့် သူ ဘဝင်မြင့်နေတာ … (မှန်လှပါ)။
အရှင်ဘုရားတို့ တရားဟောကြပါဦး၊ တပည့်တော်ကို ဆုံးမကြပါဦးဆိုတော့ အနိစ္စတွေ၊ အနတ္တတွေ ဟောကြတာပဲ နော် … (မှန်လှပါ)။
ဟောတော့ သူ့စိတ်ထဲ ဘယ့်နှယ်ထင်သလဲ၊ အို .. ဒီတရားတွေကို လုပ်ကြည့်ပါတယ်တဲ့၊ လုပ်ကြည့်ပေမယ့် သင်္ခါရတရားတို့၏ “သဗ္ဗသင်္ခါရသမထေ” ဆိုတဲ့အတိုင်း အလုံးစုံ သင်္ခါရတရားချုပ်တဲ့ နိဗ္ဗာန်၊ “ဥပဓိသင်္ခယေ” ဆိုတဲ့အတိုင်း ခန္ဓာငါးပါး ချုပ်သွားတဲ့နိဗ္ဗာန်၊ တဏှာချုပ်တဲ့ နိဗ္ဗာန်၊ တဏှာသိမ်းတဲ့နိဗ္ဗာန် မြင်ကို မမြင်ဘူးတဲ့၊ လုပ်နေတာ ကြာလှပြီ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
လုပ်တော့သူ မလုပ်ဘူးလား လုပ်သလား … (လုပ်ပါတယ်ဘုရား)။ ဒါဖြင့်သူ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်တယ်၊ ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကဲ့လား … (မရောက်ပါဘုရား)။
အဲ … ရောက်သောကြောင့်တဲ့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တရားတောင်းပြီးသကာလ ပေးတဲ့ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်တယ် … (မှန်လှပါ)။ ပေးတဲ့ပုဂ္ဂိုလ်နဲ့ … (ရန်ဖြစ်ပါတယ်ဘုရား)။
ဘာဖြစ်လို့ ရန်ဖြစ်တာတုံးတဲ့ … (နိဗ္ဗာန်မမြင်လို့ပါ)၊ နိဗ္ဗာန် မမြင်တာနဲ့ ရန်ဖြစ်တာ၊ သဘောပါကြပလား … (ပါ, ပါတယ်ဘုရား)။ သူလုပ်တယ်တဲ့၊ ဒီကိုယ်တော်တွေ ဟောတဲ့အတိုင်း ရုပ်အနိစ္စ၊ နာမ်အနိစ္စ၊ ဝေဒနာအနိစ္စ အကုန် လုပ်ပါတယ်တဲ့၊ သဗ္ဗေသင်္ခါရာ အနိစ္စာ လဲလုပ်ပါတယ်တဲ့။ သဗ္ဗေဓမ္မာ အနတ္တာတွေလဲ လုပ်ပါတယ်တဲ့၊ လုပ်ပင် လုပ်ငြားသော်လဲတဲ့ သင်္ခါရတရားတို့၏ ချုပ်ရာ၊ ဥပဓိတရားဆိုတဲ့ ခန္ဓာငါးပါး၏ ချုပ်ရာ၊ တဏှာ၏ ချုပ်ရာနိဗ္ဗာန်ကို မြင်ကို မမြင်ဘူးတဲ့၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲဒီတော့ ဒီတရားမျိုးနဲ့တော့ဖြင့် သူနိဗ္ဗာန် မမြင်တဲ့အတွက် ဒီကိုယ်တော်တွေ ဟောတာကို သူကျေနပ် ကဲ့လား … (မကျေနပ်ပါဘုရား)။ ဘာဖြစ်လို့ မကျေနပ်တယ်ဆိုတာ ခင်ဗျားတို့ရိပ်မိပလား … (ရိပ်မိပါတယ်)။ ဘာဖြစ်လို့ မကျေနပ်ပါလိမ့် … (နိဗ္ဗာန်မမြင်လို့ပါဘုရား)။
စင်စစ်တော့ ဟိုကိုယ်တော်တွေ ဟောတာက လွဲသလားတဲ့၊ သူပဲ နေရာမကျတာလား ဆိုတာကို ပြန်အကဲခတ် ပါဦး … (သူ နေရာမကျတာပါဘုရား)။ သူက ခုနကပြောခဲ့တဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခွာမထားဘူး၊ မခွာဘဲနဲ့ရှုနေလို့ မမြင်တာ … (မှန်ပါဘုရား)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ဒါ သူ့ဝတ္ထုက လာတာနော် … (မှန်ပါ့ဘုရား)။ ဘယ်လိုကြောင့် သူနိဗ္ဗာန်မရပါလိမ့် မတုံး ဒကာ ဒကာမတို့ … (သဿတ ဥစ္ဆေဒ မခွာဘဲ ရှုနေလို့ပါဘုရား)။ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိမကွာဘဲနဲ့ ရှုနေလို့ ဦးခင်မောင်ရေ … (မှန်ပါ့ဘုရား)။
ဒါဖြင့် အကြောင်းဖြစ်လို့ အကျိုးဖြစ်တာလဲ သူမသိ … (မှန်ပါ့)။ ဖြစ်ပျက်လောက်ပဲ မြင်နေတာပဲ … (မှန်ပါ့)။ အကြောင်းချုပ်လို့ အကျိုးချုပ်တာကော … (မသိပါဘုရား)။ မသိတော့ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်၊ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မတုံးဆိုတဲ့ သဿတ ဥစ္ဆေဒတွေကကော မလာပေဘူးလား … (လာပါတယ်ဘုရား)။
အဲ … သဿတ ဥစ္ဆေဒ မကွာဘဲနဲ့ ဖြစ်ပျက်တွေ ရှုနေလို့ သူဟာတဲ့ ဒကာ ဒကာမတို့ တစ်ထစ်ချသာ မှတ်ပါတော့ ခန္ဓာ ဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန် မမြင်ဘူး … (မှန်လှပါဘုရား)။ ဘယ်သူခံနေတယ်ဆိုတာ မပေါ်သေးဘူးလား … (ပေါ်ပါတယ်ဘုရား)။ ဘယ်သူခံနေပါလိမ့် … (သဿတနဲ့ ဥစ္ဆေဒ ခံနေပါတယ် ဘုရား)။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခံနေတယ်၊ ဦးခင်မောင် ကဲ .. အလုပ်လွဲပြီဆိုတော့ ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး … (ကြောက်စရာကောင်းပါတယ်ဘုရား)။ ကြည့်လေ … သူဟာ ဘုရားတောင် ပရိနိဗ္ဗာန်စံပြီဗျ ဘုရားရှင် ကပိလဝတ် ရောက်ဖို့ ဆွေတော်မျိုးတော်တို့နှင့် ပထမအကြိမ် တွေ့ဆုံချိန်မှာ သူဟာ ရဟန်းလုပ်ခဲ့တာ မဟုတ်လား … (မှန်ပါ့)။
အဲဒါနည်းတဲ့အလုပ်ခွင်လာိးု့ ဒကာ ဒကာမတို့မေးရင် နည်းတဲ့လုပ်နှစ်လားလို့ မေးရင် ဘယ့်နှယ် ပြောကြမယ် … (မနည်းပါဘုရား)။
သူ့ကိုယ်တိုင်ပဲ အခုဖွင့်ပြောပါတယ်တဲ့၊ ဒီကိုယ်တော်တွေ ဟောတဲ့၊ အနိစ္စတွေ အနတ္တတွေတော့ သူ့ဝမ်းထဲမှာ ရှိနေပါတယ်တဲ့၊ အနိစ္စတရား အနတ္တတရား သူရှုကြည့်တာ ဘယ်အခါမှ နိဗ္ဗာန်ကို မတွေ့ဘူးတဲ့၊ မတွေ့တဲ့အတွက် ဒီတရားနဲ့တော့ သူနဲ့ ဘယ်လိုဟောဟော အကျိုးပေးမှာ မဟုတ်ဘူးတဲ့ … (မှန်ပါ့)။ ဒီလိုကို ယူပစ်တာ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။
အပြီးသတ်တော့ ဟောတဲ့ပုဂ္ဂိုလ်ညံ့တာလား၊ သူက အလုပ်စဉ် ရှေ့ နောက်လွဲနေတာလား … (သူက အလုပ်စဉ် ရှေ့နောက် လွဲနေတာပါဘုရား)။ ဘယ်လိုများ ရှေ့နောက်လွဲနေပါလိမ့် ဒကာ ဒကာမတို့ အကဲခတ်စမ်း … (ဒိဋ္ဌ အရင်မခွာဘဲ ရှုနေလို့ပါဘုရား)။
ဒိဋ္ဌိအရင် မခွာဘဲနဲ့ ဝိပဿနာရှုနေလို့ … (မှန်လှပါဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ဘယ်လိုပါလိမ့် … (ဒိဋ္ဌိအရင် မခွာဘဲနဲ့ ဝိပဿနာရှုနေလို့ပါဘုရား)။ ဒိဋ္ဌိအရင်မခွာဘဲနဲ့ ဝိပဿနာရှုနေတော့ ဟောတဲ့ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်တယ် … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဲဒါ ဒကာ ဒကာမတွေကလဲ ကျုပ်တို့လဲ ရှုနေတာ ကြာပြီ၊ နိဗ္ဗာန်လဲ တစ်မှ မမြင်သေးဘူး၊ ဟောတဲ့ပုဂ္ဂိုလ် ညံ့ပြီ၊ ဒီလိုတော့ မလုပ်ကြနဲ့ဗျာနော် … (မှန်ပါ့)။ အလုပ်စဉ်သာ မတည့်လို့ရှိရင် ဘယ်နည်းနှင့်မှ မဖြစ်ဘူး … (မှန်ပါ့)။ သဘောပါ ကြပလား … (ပါ,ပါပြီဘုရား)။
ကိုင်း ဒါဖြင့် ဘယ့်နှယ်လုပ်ကြရမယ် … (အလုပ်စဉ်တည့်အောင် လုပ်ကြရမယ်)။ အလုပ်စဉ် တည့်အောင် ဘယ်လို လုပ်မယ် … (ဒိဋ္ဌိအရင်ခွာရမယ်)။ ဒိဋ္ဌိအရင်ခွာချင်တော့ ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ကို သိအောင်လုပ် ရဦးမယ် … (မှန်လှပါဘုရား)။
ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်သိတော့မှ အကြောင်းဖြစ်လို့ … (အကျိုးဖြစ်ပါတယ်)။ အကြောင်းချုပ်လို့ … (အကျိုးချုပ် ပါတယ်)။ အဲဒီလို သိပြီးသကာလမှာ သြော် … ဖြစ်တယ် ပျက်တယ်ဆိုတာ အကြောင်းဖြစ်တော့လဲ သူဖြစ်ပေ မှာပဲ၊ အကြောင်းချုပ်တော့လဲ … (သူချုပ်ပေမှာပဲ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်ပဲရှိတယ် ဆိုတာတော့ မှန်ရဲ့ ဒီအကြောင်းတွေကို မသိမ်းဆည်းဘူး … (မှန်ပါဘုရား)။ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။ မသိမ်းဆည်းတော့ အခု အရှင်ဆန္န ဘယ့်နှယ် ဖြစ်နေသတုံး … (နိဗ္ဗာန်မမြင်ပါဘုရား)။
မရတဲ့ပြင် ဟိုကိုယ်တော်တွေနဲ့ ဘာဖြစ်နေသတုံး … (ရန်ဖြစ်နေပါတယ်)။ ရန်တောင် ဖြစ်လိုက် သေးတယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။ ခင်ဗားတို့လဲ ကမ္မဋ္ဌာန်းပေးတဲ့ဆရာတွေနဲ့ ကမ္မဋ္ဌာန်းပေးတဲ့ ဘုန်းကြီးတွေနဲ့ ရန်တော့ မဖြစ်ပါနဲ့၊ သဘောကျပလား … (မှန်ပါ့)။
အပေးညံ့လို့ပဲ မဖြစ်တာလား။ ကိုယ်ဖျင်းလို့ပဲ မဖြစ်တာလား ဆိုတာလဲ အကဲခတ်ပါဦး … (ကိုယ်ဖျင်းလို့ မဖြစ်တာပါဘုရား)။ ဆရာကဖျင်းလို့ ဒီအကြောင်းအကျိုး ၁-၂ လွဲနေရင်လဲ မရနိုင်ဘူး … (မှန်လှပါ)။ ကိုယ် ကိုယ်တိုင်က ဒကာ ဒကာမတွေလဲ ကိုယ့်ခန္ဓာအကြောင်း ကိုယ်မသိလို့ကော … (မရနိုင်ပါ ဘုရား)။ မရနိုင်ဘူးဆိုတာ သဘောကျပလား … (ကျပါပြီ)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာ မရှုမီ ဘာလုပ်ရမတုံး … (ဒိဋ္ဌိအရင် ခွာရပါမယ်ဘုရား)။ ဘယ်ဒိဋ္ဌိ ခွာရမှာပါလိမ့် … (သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခွာရမှာပါဘုရား)။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခွာရမယ်ဆိုတာ သဘောကျပလား … (ကျပါပြီ)။ မခွာဘဲနဲ့ရှုရင် အားနည်းတဲ့ ဝိပဿနာ … (မှန်လှပါ)။ ခွာပြီးမှ ရှုရင် … (အားကြီးတဲ့ဝိပဿနာပါဘုရား)။
အားကြီးတဲ့ ဝိပဿနာဆိုတော့ အားကြီးတဲ့ဝိပဿနာမှ မဂ်ဉာဏ်ရမယ် … (မှန်လှပါ)။ အားနည်းတဲ့ဝိပဿနာသည် ကုသိုလ်သာရမယ်လို့ မှတ်ပါ … (မှန်လှပါဘုရား)။
တရားတော့ မဆုံးဘူး ဒကာ ဒကာမတို့၊ နာရီစေ့သွားပြီ၊ တော်ကြဦးစို့။
သာဓု … သာဓု …သာဓု။
Credit; mogok vipassana page

Tuesday, November 1, 2016
ကထိန်
မြတ်စွာဘုရားစသော သူတော်ကောင်းတို့က ကောင်း၏ဟု
ဝမ်းမြှောက်နုမော သာဓုခေါ်သည့်အတွက်ကြောင့် ကထိန်ဟုခေါ်သည်။
ကထိန်၏ ထူးမြတ်ပုံ
၁။ ဒေသ - လူ့ပြည်၌သာ ပြုနိုင်ပေ၏။
၂။ သမယ- သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ ၁ လ အချိန်အခါ၌သာ ခင်းခွင့်ရ၏။
၃။ ဝတ္ထု- အယုတ်ဆုံးအားဖြင့် မိခင်ကိုတောင် မတောင်းအပ် ဒကာ ဒကာမ တို့အလိုလျောက် သဒ္ဓါပေါက်၍ လှူဒါန်းအပ်သော သင်္ကန်းဖြစ်ရမည်။
၎။ အာနိသံသ -ကထိန်ခံသောရဟန်းတို့ အနာမန္တစသော အကျိုးငါးပါး ရရှိခြင်း။
၅။ ဖလ- ကထိန်ခင်းခွင့်ရသော ဒကာ ဒကာမတို့အား သံဃာတော်တို့ရအပ်သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။
{ကထိန်အာနိသင်}
ရဟန်းတို့ရအပ်သော အကျိုးများမှာ
၁။အာမန္တာစာရ -ကျောင်းတိုက်အတွင်းရှိ အတူနေရဟန်းများကို မပန်ကြားပဲပြင်ပသို့ကြွသော်လည်း
အာပတ် မသင့်ခြင်း။
၂။ အသမာဒါနစာရ-အဓိဋ္ဌာန်တင်အပ်သော တိစီဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ နေသော်လည်း အာပတ် မသင့်ခြင်း။
၃။ ဂဏဘောဇန-ထမင်းစားကြွပါစသည်ဖြင့် မအပ်သော နည်းဖြင့်ပင့်ဖိတ်၍ ၄ပါးထက် အလွန်ကြွရောက်သုံးဆောင်သော်လည်း အာပတ် မသင့်ခြင်း။
၎။ ယာဝဒတ္တစီဝရ - (သီတင်းကျွတ်လပြည့်ကျော် ၁ရက်မှ တပေါင်းလပြည့်နေ့တိုင်အောင်) ကထိန်အာနိသင်၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာ မပြုထားသော်လည်း အာပတ် မသင့်ခြင်း။
၅။ ယာဝတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း အသစ်အသစ်သော သင်္ကန်းများကို အစိုးတရပိုင်ဆိုင်ခြင်း၊ ကထိန်အာနိသင်မရသော ရဟန်းနှင့် အာဂန္တုက ဧည့်သည်ရဟန်းတို့အား ခွဲဝေမပေးသော်လည်း အာပတ်မသင့်ခြင်း တို့ဖြစ်သည်။
{ကထိန်ဒကာ ဒကာမတို့ ရအပ်သောအကျိုး}
၁၊ အဆင်းလှခြင်း
၂၊ ချမ်းသာခြင်း
၃၊ ဘေးရန်ကင်းစွာ သွားလာနိုင်ခြင်း
၎၊ အသက်ရှည်ခြင်း
၅၊ တတိုင်းရခြင်း
၆၊ ခွန်အားကြီးခြင်း
၇၊ ဉာဏ်ပညာကြီးခြင်း
၈၊ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း။
၈=ပါးတို့ဖြစ်လေ၏။ ။
{ကထိန်ခင်းကောင်းသောသင်္ကန်း}
၁။ ဒုကုဋ် ခေါ် နှစ်ထပ်သင်္ကန်း
၂။ ဧကသီခေါ် ကိုယ်ရုံ
၃။ သင်းပိုင် ခေါ် ခါးဝတ် တို့ဖြစ်သည်။
နေမျိုးသာကီ
Posted by minga larpar