Friday, January 20, 2017

✔️ငါသေရင် အပါယ်သွားဦးမှာလား✔️
➖➖➖➖➖➖➖➖➖➖➖➖➖
သြော် . . . ငါသေရင် အပါယ်ကျမလားရယ်လို့ အများကြီးလျှောက်တွေးမနေပါနဲ့ 

ဘုရားတွေ ဘယ်လောက်တည်တည် ၊ ကျောင်းတွေ ဘယ်လောက်ဆောက်ဆောက်

နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ . . . ဈာန်သမထတွေ ဘယ်လောက်မြင့်မြင့်

အနိမ့်ဆုံးအရိယာ ဖြစ်တဲ့ သောတာပန်အဆင့်လောက်မှ ရောက်မထားဘူး

ဆိုလို့ ရှိရင်ဖြင့် ၀ိနိပါတိက ဘေး မလွတ်ဘူးတဲ့ဗျာ . . .။

ဝိနိပါတိက ဘေး ဆိုတာက မြန်မာလိုပြန်တော့ ပရမ်းပတာ သေတာကိုပြောတာ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက . . အေးး ဘယ်သူသေသေ

ပုထုဇဉ်အဖြစ်နဲ့ သာသေရင် . . . ပရမ်းပတာသေတဲ့ဘေးက လွတ်လိမ့်မယ်လို့ 

ငါ - မဟောနိုင်ဘူးတဲ့ ။ ကဲ ကိုယ်ကျိုးမနည်းပေဘူးလားဗျာ ။

အဲတော့ မလှူ ရဘူး . . မပြောပါဘူးး လှူ ပါ . . . ဒါပေမယ့် သစ္စာသိပြီးမှလှူ ပါ ။

မပျော်ရဘူး မပြောပါဘူး ပျော်ပါ ကျ နော်လည်း လူငယ်သဘာဝ ပျော်ချင်ပါတယ်

ဒါပေမယ့် ရှေ့ ပိုင်းက သစ္စာလေးသိပြီးမှ ပျော်တာကောင်းတယ် ။

အဲတော့ အသေမဦးခင် ဥာဏ်လေး အရင်ဦး ထားပါမှ တော်ကာကျမယ်နော် ။

ဂင်္ဂါဝါဠု သဲစုမက ပွင့်ပြီးခဲ့တဲ့ ဘုရားအဆူဆူတွေ . . . မနည်းတော့ဘူးးးနော်

ဘုရားတစ်ဆူတစ်ဆူဖြစ်ဖို့  ဖြည့်ကျင့်ရတဲ့ ပါရမီတွေဆိုတာကလေ

အနည်းဆုံး ၄ သင်္ချေ နဲ့ ကမ္ဘာ ၁ သိန်း ၊အများဆုံး ၁၆ သင်္ချေ နဲ့ ကမ္ဘာ ၁ သိန်းဗျ

ကဲ ဥာဏ်မှီသလောက်လေးပဲ တွက်ကြည့်ကြပါဦး တို့ တွေ ဒီသံသရာကြီးထဲမှာ

ကျင်လည်ခဲ့ကြတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလို့  ။

အဲဒီထဲမှာ အဆိုးဆုံးက ဖြစ်ပျက် တဲ့ ၀ိပဿ နာဥာဏ်လေး ကို

သံသရာတစ်လျှောက်လုံးမှာ တစ်ကြိမ်တစ်ခါလောက်မှ မမြင်ဘူးခဲ့ကြလို့ များလား ?

ဘုရားပွင့်တဲ့အချိန် ကျွတ်တန်းဝင်တဲ့ ပုဂ္ဂိုလ် တွေဆိုတာလေ

အဲဒီ သံသရာ တစ်လျှောက်လုံးမှာ ၀ိပဿ နာဥာဏ် လေး အနည်းဆုံးတစ်ကြိမ်တစ်ခါ

လောက်ဖြစ်ဖူးတဲ့သူ ရဖူးတဲ့ သူတွေကိုပဲ ဘုရားက ကျွတ်တန်းဝင်အောင်လုပ်နိုင်တာ

ဖြစ်ပျက်မမြင်ဘူးတဲ့သူတွေကို ဘုရားနဲ့ တွေ့ လည်း မကယ်နိုင်ဘူးးတဲ့ဗျ ၊ ဒီနေရာမှာ

တစ်ချို့ တော့ဖြင့် ၀ိပဿ နာဥာဏ်လေး ဖြစ်ဖူးပါတယ် (သံသရာတစ်လျှောက် )

ဘ၀ တစ်ခုခုမှာ . . . ဒါပေမယ့် ရပ်ပြစ်ရှစ်ပါး ရောက်နေပြန်ရင်လည်း

ဘုရားမကယ်နိုင်ဘူးတဲ့ဗျာ . . . ဒါကြောင့် ပုထုဇဉ်ဘ၀ ရခဲလှတယ် ဆိုတာ

အလကား ဟောထားတာမဟုတ်ဘူးးးဗျ . . . အကြောင်းတရားတွေ အများကြီးရှိတယ် ။

အလုံးစုံသိမြင်တော်မူတဲ့ ဘုရားရှင်ရဲ့  သဗ္ဗေညု တ ဥာဏ်တော်ကြီးနဲ့ ဟောထားတာ

ကဲ . . . အဲဒီတော့ အသေမဦးခင် ဥာဏ်ဦး အောင်လို့  ၀ိပဿ နာအလုပ် လုပ်ကြဦးစို့  ။

( မိုးကုတ်ဆရာတော် ဘုရားကြီး )

No comments:

Post a Comment