လောကအကျိုး သယ်ပိုးနိုင်ဖို့ရာ
•~•~•~•~•~•~•~•~•~•~•~•
- လောကအကျိုး၊ အများအကျိုးကို ဆောင်ရွက်လိုသော သူဟာ အဓိကအားဖြင့် လိုအပ်ချက် နှစ်ခုရှိပါတယ်။
- ပထမအချက်က မိမိကိုယ်တိုင် အရည်အချင်းရှိဖို့ ၊ ပညာတတ်ဖို့ ၊ လူတော်လူကောင်းဖြစ်ဖို့ ၊ သာမန်
လူတွေထက်သာအောင် ဇွဲ - လုံ့လ -ဝိရိယ ထုတ်ပြီးကြိုးစားထားရပါမယ်။
အဲဒီလို ကြိုးစားထားမှ ကိုယ်က သူများကို ကယ်တင်နိုင်စွမ်းရှိမှာပါ။
- ဒုတိယအချက်က အများအကျိုးကို သယ်ပိုးနေတဲ့အချိန်မှာ သာမန်လူတွေထက် သာလွန်တဲ့ သည်းခံမှု့၊ အနစ်နာခံမှု့၊
ကိုယ်ကျိုးစွန့်လွှတ်မှု့မျိုး ရှိရပါမယ်။
အဆဲခံနိုင်ရမယ်၊ အဝေဖန်ခံနိုင်ရမယ်၊ ပုတ်ခတ်တာခံနိုင်ရမယ်၊ အကြောင်းမသင့်ရင် ရန်ရှာတာမျိုးတောင် ခံရတတ်ပါတယ်။
" ငါကတော့ ကောင်းတာလုပ်နေတာပဲ။ ငါ့ကို ဘယ်သူမှ မကောင်းမြင်မှာ မဟုတ်ဘူး၊ အားလုံး
အကောင်းချည်းပဲမြင်ကြမှာပါ ဆိုတဲ့ အယူကို လက်ခံထားလို့ မရပါဘူး။"
" အများအကျိုးသယ်ပိုးချိန်မှာ သာမန်ထက် ပိုပြီး အဆိုးတွေလည်း ကြုံတွေ့ ရတတ်ပါတယ်။"
အဲဒီ အချက်-နှစ်ချက်နဲ့ မပြည့်စုံရင် အများအကျိုးကို ဘယ်လိုမှ သယ်ပိုးဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။
အများအကျိုးတော့သယ်ပိုးချင်ပါရဲ့ အဝေဖန်၊ အပုတ်ခတ်လည်းခံနိုင်ပါရဲ့နဲ့ လူတော်-လူကောင်းမဟုတ်လို့၊့ အရည်အချင်းမရှိလို့  အများအကျိုး မဆောင်ရွက်နိုင်သူတွေရှိသလို---
- အရည်အချင်းလည်းရှိ၊ လူတော်လူကောင်းလည်းဖြစ်ပါရဲ့နဲ့- အများပုတ်ခတ်တာ မခံနိုင်လို့  နောက်ပြန်
လှည့်သွားသူတွေလည်း အများကြီး ရှိပါတယ်။
- တကယ်တော့ လောကမှာ သူတော်ကောင်းတွေ ရှားတယ်ဆိုတာ
အဲဒီနှစ်ချက်နဲ့ ပြည့်စုံဖို့  ခဲယဉ်းလို့ပါပဲ။
ဒါကြောင့် အများ အကျိုးကို ကူညီသယ်ပိုးချင်တယ်ဆိုရင်
အဲဒီနှစ်ချက်နဲ့  ပြည့်စုံအောင်- " ကြိုးစားကြပါ - သည်းခံကြပါ။ "•••
share
No comments:
Post a Comment