Saturday, July 15, 2017

*** အနတ္တ လက္ခဏ အခါတော်နေ့ ဓမ္မ ပူဇာ ***

      <||><||><||><||><||><||><||><||><||><||>

သာသနာတော်တွင်း အခွင့် အရး အလေးထားကြရန်
______________________________________________

         မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် - ၁၀၃ - ခုနှစ် ဝါဆို
လပြည့်နေ့ မှအစပြု ၍ ဓမ္မစကြာ တရားဦးကို ပဉ္စဝဂ္ဂီ( ၅ )
ဦးတို့ အားဟောကြား တော်မူ သည်  မှ  ဝါဆိုလပြည့်
ကျော်( ၅ )ရက်နေ့သို့ ရောက်ရှိသောအခါ "အနတ္တလက္ခ
ဏသုတ္တန်ဒေသနာတော်"ကိုဟောကြားမူရာ ပဉ္စဝဂ္ဂီ( ၅ )
ဦးတို့  အရဟတ္တမဂ် _ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်
တော်မူကြသည့် နေ့ ထူး _ နေ့ မြတ်ကို ဓမ္မပူဇာ ဤစာစု
ဖြင့် ရိုသေလေးမြတ် ဦးခိုက်အပ်ပါ၏ ။

                   အနတ္တပုဒ်

                အနတ္တ ဆိုသော စကားအဓိပ္ပါယ်ကို ရှေဦးစွာ
အခြေပါဒကမှစ၍ တတ်သိလိမ္မာရန်လိုအပ်၏။ အနတ္တ
ဟူသောပုဒ်သည်  မူလ ပုဒ်ရင်းပုဒ်မှန်မဟုတ် ပုဒ်ပြန်
ဖြစ်သည်။အမှန်နေရမည်မှာ န - အတ္တ ဟုနေရမည် ။
နအတ္တ ကို ပုဒ်ခွဲသော်  န   တစ်ပုဒ်| အတ္တ တစ်ပုဒ် ဖြစ်
မည်။ န  ပုဒ်သည် "ပဋိသေဓ"မြစ်ထားသောပုဒ်။နဂို ရှိ
ရင်းစွဲ ကိုမြစ်ထားသည်။ဖျ က်ထားသည်ဟုဆိုလိုသည်။
တစ်နည်းအားဖြင့် ရှိခြင်း အနက်ကို  မရှိ _ မဟုတ်  ဟု
ပြု ထားသည်။ထို့ ကြောင့် ………………………………

_ န ပုဒ်သည် မဟုတ်ဟူသော အနက်ဟောကို  ရ၏ ။

_ အတ္တ ပုဒ်သည် ကိုယ်ဟူသော အနက်ဟောကို  ရ၏ ။

_ န ပုဒ်+ အတ္တပုဒ် ပေါင်း၍ အနက်ပေးသော် နအတ္တ ဖြစ်
   ဖြစ်၏ ။

          အတ္တ = ကိုယ်သည်| န= မဟုတ် ။အနတ္တ=ကိုယ်
မဟုတ်။ဤသို့ ဖြစ်၏။ အနတ္တ ကိုယ်မဟုတ်ဟု" သုခုစ္စာ
ဒနတ္တ"  အရွတ် အဆို လွယ်ကူစေခြင်းအကျိုးငှာအနတ္တ
ဟူ၍ " ပုဒ်ပြန် " ခြင်းဖြစ်သည်။

           ယံဒုက္ခံ တဒနတ္တာတိ ဝစနတော

ယံ=အကြင် ခန္ဓာငါးပါး ဒုက္ခတရားသည်| အတ္ထိ=ရှိ၏
တံ=ထိုတရားသည်| အနတ္တာ=အနတ္တ မည်ကုန်၏ ။
ဣတိ=ဤသို့ |ဝစနတော=ဘုရားဟောတော်မူသော
ကြောင့် _ ဒုက္ခ တရား ခန္ဓာငါးပါးသည်ပင်လျှ င် အနတ္တ
တရားမည်ပါ၏ ။

               မိစၧာပရိကပၸ( ၆ )မ် ိဳ း

       အတ္တ အယူ ဝါဒ ကိုလည်း သိသင့်ပါ၏ _ ဘုရားရှင်
မပွင့်ထွန်းတော်မူ မီက လောကကြီးသည် _အမိုက်လော
က _ အမှောင်လောက _ အရမ်းလောက အတိဖြစ်၏ ။
ယထာဘူတကျ မှန်ကန်သောအသိဉာဏ် မဲ့ကြ၏။အတ္တ
စွဲ _ အတ္တဒိဋ္ဌိ _ အတ္တဝါဒုပါဒါန် _ သက္ကာယ ဒိဋ္ဌိ စွဲ ဖြင့်
အတ္တလောက အတ္တသမားတို့ သည် ………………

၁။သာမိ အတ္တ=ငါ့ ကိုယ် ငါပိုင်သည်| ငါဆိုင်သည် ဟူ
                        သော ဝါဒ ။

၂။သယံ ဝသီအတ္တ=ငါ့ ကိုယ်ဖြစ်၍ ငါ့ အလိုသို့ လိုက်
    နိုင်၏။ငါကိုယ်တိုင် သွားနိုင်  လာနိုင်၏။ထိုင်နိုင် ထနိုင်
    ၏ စသည်ဖြင့် ကိုယ့်အလိုဆန္ဒ ကိုလိုက်ပါနိုင်သည်ဟူ
    သောဝါဒ ။

၃။နိဝသီ အတ္တ=ငါပိုင်သောကိုယ်ဖြစ်သောကြောင့် သူ
    တစ်ပါးတို့ အလိုနှင့် မဆက်ဆံ သူတစ်ပါးတို့ ပြု စုမှုမခံ
    သူတစ်ပါးတို့ အကူအညီမလို |ကိုယ့်လက် ကိုယ့်ခြေ
    ကိုယ့်မျ က်စိ _ နား _ နာခေါင်း _လျှာ _ ကိုယ်တို့ နှင့်
    နေ နိုင်၏ မည်သူ တစ်ဦးတစ်ယောက်ထံမှ ငှားရန်းရန်
    မလို ကိုယ်အလိုအတိုင်း နေနိုင်သည်ဟူသောဝါဒ ။

၎။ကာရက အတ္တ=ချ မ်းသာအောင်လည်း လုပ်နိုင်သည်
    ဆင်းရဲအောင်လည်း လုပ်နိုင်သည်။သုခ _ဒုက္ခ နှစ်မျိုး
    စလုံး ကို ကိုယ်တိုင်လုပ်နိုင်သည် ဟူသောဝါဒ ။

၅။ဝေဒကအတ္တ=အတ္တကောင် ရှိခြင်းကြောင့် ချ မ်းသာ
    လည်း ခံစားနိုင်၏ ဆင်းရဲ ကိုလည်းခံစားနိုင်၏ ဟူ
    သောဝါဒ ။

၆။အဓိဋ္ဌာယကအတ္တ=စိတ်ထားမြဲမြန် ဓိဋ္ဌာန်ဆောက်
    တည် နေနိုင်သည်။မိမိ စိတ်ကို ထားချ င်ရာ ထား နိုင်
    သည်။မိမိ စိတ်ကို ငြိမ်ငြိမ် ထားလည်ဖြစ်၏။လွှတ်
ထားလည်းဖြစ်၏ ဟူသောဝါဒ ။

         ပြဆိုခဲ့သော အချ က်တို့ သည် အညတိတ္ထိယမည်
သော သာသနာ့ဗာဟိရက(သာသနာ့ အပြင်ပ) တိတ္ထိ
တို့ ကြံဆ အပ်သော အတ္တ( ၆ )မျိုးတို့ တည်း။အနတ္တ
တရား ထင်ရှားသည်ရှိသော်  ဤ အတ္တ တသင်း ဖယ်
ရှင်းခြင်းသို့ ရောက်ပါ၏ ။

           လက္ခဏတ္တယ ၏ အကြောင်းပြ စီစစ်ချ က်
            ___________________________________

         အနိစ္စ အရာ မှာ အကြောင်းပြချ က်နှစ်ချ က် ………

၁။ ခယဋ္ဌေန

၂။ဝယဋ္ဌေန

            အနိစ္စလက္ခဏာတွင် _ ခယဋ္ဌေန=ကုန်ခမ်းတတ်
သော သဘောကြောင့်လည်းကောင်း| ဝယဋ္ဌေန=ချု ပ်
ပျောက်ပြု န်းတီး ပျ က်စီးတတ်သောသဘောကြောင့်
လည်းကောင်း အနိစ္စမည်သည်ဖြစ်၏ ။

            ဒုက္ခအရာမှာ အကြောင်းပြချ က်နှစ် ချ က်…………

၁။ဘယဋ္ဌေန

၂။ပိဠနဋ္ဌေန

၁။ဒုက္ခလက္ခဏာတွင်_ ဘယဋ္ဌေန=ကြောက်ဖွယ်လိလိ
    ဘေးအတိ ဖြစ်သောကြောင့်လည်းကောင်း|ပိဠနဋ္ဌေန
=အမြဲမပြတ်ကပ်၍ နှိပ်စက်တတ်သော သဘောကြောင့်
လည်းကောင်း ဒုက္ခမည်သည် ဖြစ်၏ ။

     အနတ္တအရာမှာ အကြောင်းပြချ က် သုံး ချ က်…………

၁။အသာရကဋ္ဌေန

၂။အနိဿ      ရဋ္ဌေန

၃။အဝသ ဝတ္တနဋ္ဌေန

         အနတ္တလက္ခဏာတွင် _ အသာရကဋ္ဌေန=အမာခံ
စစ် စစ် ခိုင်မြဲသော အနှစ်သာရ မရှိသော သဘော
ကြောင့်လည်းကောင်း|အနိဿ      ရဋ္ဌေန=အာဏာတန်ခိုး
အစိုးမရသော သဘောကြောင့်လည်းကောင်း|အဝသ
ဝတ္တနဋ္ဌေန=လိုရာ လိုရပ်သို့  မလိုက်တတ်သော သ
ကြောင့်လည်းကောင်း အနတ္တ မည်သည်ဖြစ်၏

          အနတ္တ လက္ခဏာ၌ ပြဆိုအပ်သော ဟိတ်သုံး
ချ က် အနက် အနိဿ      ရဋ္ဌ နှင့် အဝသဝတ္တနဋ္ဌ နှစ်ပါးကို
နားလည်လွယ်၏ ခန္ဓာငါးပါးတရားသည် အာဏာတန်ခိုး
အစိုးမရပါတကား|မိမိ၏ အလိုဆန္ဒ ကို ပြည့်ဝအောင် မ
လိုက်ပါလားဟု ထင်မြင်ရိပ်စားမိနိုင်ကြ၏ ။

                   အနိဿ      ရနဋ္ဌ

        အာဏာ တန်ခို အစိုးမရ | ကိုယ်ထားသလိုမနေ|
ကိုယ်ခိုင်းသလိုမရ|သူဖြစ်ချ င်သလို ဖြစ်နေ၏။မအို _မ
နာ _ မသေ နှင့် ဆို၍မရ။ အို၏ _ နာ၏ _ သေ၏ ။

                အဝသဝတ္တနဋ္ဌ

          မိမိ၏ လိုရာ လိုရပ်သို့  မလိုက်တတ် မျ က်စိမ မှုန်
ချ င်_ နားမထိုင်းချ င် _ ခါးမကိုင်းချ င် _ ဝဏ္ဏသမ္ပတ္တိ အ
ဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ တင့်တယ်စေချ င်၏
ဤသို့ မိမိ အလိုဆန္ဒ တစ်ခုမျှ  မလိုက်လျောပါ။သူသ
ဘောအတိုင်းသာဖြစ်သည်။

                    အသာရကဋ္ဌေန

        အမာခံစစ် စစ် ခိုင်မြဲသော အနှစ်သာရ မရှိသော သ
ဘောကိုမူ အဟောအပြော အပြအသ အလွန်နည်း၏။ထို့ ကြောင့်တတ်သိလိမ္မာ သူလည်းနည်း၏ အလွန်
လည်းအသိခက်သည်။ အသိခက်ခြင်းကြောင့်လည်း
အနတ္တ၏ ရှေ့မှ အနိစ္စ နှင့် ဒုက္ခ တရားထိုနှစ်ပါးကို
သုတ္တန် ဒေသနာ နည်းဖြင့် ဟောကြားတော်မူ၏။အဘိ
ဓမ္မာနည်းအားဖြင့်သုံးပါးပြားရန်မရှိ အနတ္တတစ်ပါးတည်း
ကိုသာ ဘုရာရှင်ဟောတော်မူသည်။

              အနိစ္စ _ ဒုက္ခ _ အနတ္တ လက္ခဏာရေးသုံးပါး
တို့ တွင် အနိစ္စလက္ခဏာ_ ဒုက္ခလက္ခဏာ နှစ်ပါးတို့ 
သည် ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ ပွင့်တော်မူ၍
သော်လည်းကောင်း| မပွင့်တော်မူ၍ သော်လည်းကောင်း
သိလွယ် _ မြင်လွယ် _ ထင်ရှားလွယ်သော လက္ခဏာ
တို့ ဖြစ်၍ "ပါကဋလက္ခဏာ" မည်၏ ။
         အနတ္တလက္ခဏာသည် လောက၌ ဘုရားရှင်တို့ 
ပွင့်ထွန်းဆဲ အခါ၌သာ ပွင့်ပေါ်ရသောတရားဖြစ်၏။ အ
နိစ္စ _ ဒုက္ခ တရားကဲ့သို့ မဟုတ် အမိုက်တိုက်အလားဖြစ်
၍ သိနိုင် ခဲ_ မြင်နိုင်ခဲ _ ထင်ရှားနိုင်ခဲသည့်အတွက်
"အပါကဋ လက္ခဏာ" မည်၏ ။ အနတ္တသည် အနိစ္စ _
ဒုက္ခ တရားနှစ်ထက်လည်း အသိခက်ပါသည်။သို့ သော်
မဂ်ဉာဏ် _ ဖိုလ်ဉာဏ်ရခြင်းသည် အနတ္တလက္ခဏာ ကို
သိမြင်ခြင်းကြောင့်ဖြစ်သည်။အနတ္တလက္ခဏာကျော်၍
မဂ်ဉာဏ် _ ဖိုလ်ဉာဏ် မရကောင်းပါ။လောကတွင်ဘုရား
ရှင် ပွင့်ထွန်းမှသာ အနတ္တတရားသည် လည်း ပွင့်ထွန်းပါ
သည် ။ဘုရားမပွင့်ထွန်းလျှ င် အနတ္တတရားသည်လည်း
မပွင့်ထွန်း မထင်ရှားနိုင်ပါ။ဘုရားရှင် နှင့် အနတ္တတရား
သည် တစ်ထပ်တည်းဖြစ်နေသည်။အနတ္တတရားသည်
ဘုရားရှင်နှင့် အတူပေါ်လာသောတရားဖြစ်၏ ဟုယူ
သော်ရ၏။ထို့ အပြင် လောကတွင် ဘုရားရှင်ဆိတ်လျှ င်
အနတ္တတရားဆိတ်၏ဟူ၍ လည်းယူသော်ရ၏ ။

      အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓု ပ္ပါ နပညာယတိ
ဗုဒ္ဓု ပ္ပါဒေယေဝ ပညာယတိ ။( ဝိဘင်းအဋ္ဌကထာ)

အနတ္တလက္ခဏံ= အနတ္တလက္ခဏာသည်| ဗုဒ္ဓု ပ္ပါဒါ= ဘု
ရားပွင့်သောအခါနှင့် | ဝိနာ=ကင်း၍ |နပညာယတိ= မ
ထင်ရှား|ဗုဒ္ဓု ပ္ပါဒေယေဝ=ဘုရားပွင့်တော်မူသော အခါ၌
သာလျှ င် | ပညာယတိ= ထင်ရှား၏။ထို့ ကြောင့် အနတ္တ
တရားကို အချိန် အခါမရွေး နာကြားနိုင်ခွင့်ဆိုတာ မရ
နိုင်ကြသည်ကို သတိပြု သင့်ကြသည်။သာသနာတော်
ထင်ရှားရှိခိုက် ကြုံ ဆုံခိုက်၌သာ နာကြားခွင့် သိခွင့်ရနိုင်
ကြသည်။သာသနာကွယ်လျှ င် အနတ္တတရားလည်း
ကွယ်သည်။သာသနာ ထင်ရှားရှိသည်ဆိုခြင်းမှာ အနတ္တ
တရား ရှိခြင်း ကိုခေါ်သည်။သာသနာကွယ်ပသောကာ
လတွင် အနတ္တတရားဟောကြားသူမရှိ၍ မနာကြားရပါ။
ယခုလူတို့  သာသနာတော်နှင့်ကြုံ ဆုံရသဖြင့် အနတ္တတ
ရားကို နာကြားခွင့် ရနေကြ၏ ။ အလွန့် အလွန် ရခဲလှ
သော ဘဝမ် ိဳ း ကာလမ် ိဳ းကို မိမိ တို ့ပိုင္ဆိုင္ထားၾက
သည် ကို  သိကြ၍ တန်ဖိုး ထားပြီး ကျိုးစား သင့်သည်        
အခွင့်အခါ  ကို သိ၍ ရအောင် ယူတတ်ကြရန်လိုသည်။

         သာသနာပ အခါတွင် သရဘင်္ဂ _ နာရဒ အစရှိ
သော ရသေ့ သူတော်စင်ကြီးတို့ သည် မြေလျှိုး _ မိုးပျံ
တန်ခိုးဈာန်အဘိညာဉ်နှင့် ဒိဗ္ဗစက္ခု အဘိညာဉ်ရကြ
သောကြောင့် ရှေးကမ္ဘာပေါင်းလေးဆယ် မျှော်ခေါ်မြင်
နိုင်စွမ်းရှိကြ၏။နောက်ကြောင်းပြန်ကြည့်လျှ င်လည်း
ကမ္ဘာပေါင်းလေးဆယ်အထိ မြင်နိုင်ကြ၏။ထိုသူတော်
စင်ကြီးတို့ သည် အနိစ္စတရား _ ဒုက္ခတရား ထိုနှစ်ပါးကို
ကောင်းစွာသိကြ၏ ဟောနိုင် ပြောနိုင်၏ အနတ္တတရား
ကိုမူ  နားမျှ လေသံ  မဆက်ဆံဘူးသောကြောင့် ဟော
ပြောခြင်းငှာ မစွမ်းနိုင်ပေ။မဟိဒ္ဓိက မဟာနုဘာဝ ဖြစ်ကြ
ကုန်သော ကမ္ဘာ အကျော်အမော် ဆရာကြီးတို့ သော်မှ
လည်း အနတ္တတရားကို မသိ မမြင်ကြရကား တစ်မဂ် _
တစ်ဖိုလ် မျှ လည်းမရ| သံသရာဝဋ်မှ လည်းမကျွ တ် မ
လွတ်ကြဘဲ အသညသတ်ဘုံ စသည်တို့ ၌ ရောက်ကြ
ကုန်၏။ သာသနာတော်တွင်း အခါကာလတွင်မူ အဆိုပါ
ပုဂ္ဂို လ်ကျော်ကြီးတွေ မသိကြသော အနတ္တတရားကို ခု
နှစ် နှစ်အရွယ်အလွန်ငယ်ကုန်သော သတို့ သမီးတို့ ပင်
သိစွမ်းနိုင်ကြ၏ ။ သာသနာ တွင်း  သာသနာပ လူဖြစ်ရ
ကျိုးနပ် ပုံခြင်း အလွန်ကွာခြားချ က် ကို ထောက်ဆ ရှေး
ရှု သတိပြု နိုင်ကြပါ ရန် ………………………………

      ယံန ဒိဌံပူရာဏေဟိ တိတ္ထိကာ စရိယေဟိ တံ ဓမ္မံ
      သုကုမာရီဘိ သတ္တဝဿာ ဒိဝေဒိတံ ……

ပူရာဏေဟိ တိတ္ထိကာ စရိယေဟိ=ရှေး၌ ထင်ပေါ်ကမ္ဘာ
အကျော် အမော်ဖြစ်ကြကုန်သော ဆရာကြီးတို့ ဖြစ်ကြ
ပါလျှ က်။ ယံ=အကြင် အနတ္တတရားကို။နဒိဋ္ဌံ=မမြင်စွမ်း
နိုင်ကြပေ။ပနတထာပိ=ထိုကမ္ဘာကျော် ဆရာကြီးတွေ
မမြင်နိုင်ကြသော်လည်း။ဣဓ=ဤသာသနာတော်မြတ်
အတွင်း၌ ။သတ္တဝဿာဒိ= ခုနှစ် နှစ်အရွယ်ငယ်ပေကုန်
သော။သုကုမာရီဘိ=မဟာဝိသာခါ _ စူဠဝိသာခါ အစ
ဖြာသော သတို့ သမီးလေးတို့ သည်။တံ=ထို အနတ္တတ
ရားကို။ဝေဒိတံ=ပိုင်ပိုင် နိုင်နိုင် သိကြကုန်၏ ။

           အမျိုးသားဘက်မှလည်း ခုနှစ် နှစ်သားအရွယ်
ငယ်ကြကုန်သော ပဏ္ဍိတသာမဏေ_ သုခ သာမဏေ_
သုမန သာမဏေ စသော သတို့ သားငယ်တို့ သည်
အနတ္တတရား ကို ထိုးထွင်းသိမြင်ကြသဖြင့် လေးမဂ် _
လေးဖိုလ် ရကြ၍ အာသဝေါကုန်ခန်း ရဟန္တာ အထိဖြစ်
ကြကုန်၏။အသက် ခုနှစ် နှစ် အရွယ်ငယ်သူ _ သတို့ သ
မီး __ သတို့ သားလေးတို့ ပင် အနတ္တတရားကို နာကြား
ကြ၍ သောတာပန် _ သကဒါဂါမ် _ အနာဂါမ် _ ရဟန္တာ
ဖြစ်ကြရသည် ဆိုပါလျှ င် ယခု လူတို့  သာသနာတော်
ကြီးနှင့် ကြုံ ဆဲ ကြုံ ခိုက် သာသနာတော် အတွင်း အခွင့်
အရေး အလေးထားသင့်ကြောင်း နှင့် အနတ္တတရား နာ
ကြား သိမြင် ဆင်ခြင် ပွားများခြင်းဖြင့် မဂ်ဉာဏ် _ ဖိုလ်
ဉာဏ် အမှန်ပင်ရ နိုင်ကြပါစေသောဝ်ဟုဆုတောင်မှုဖြင့်။

      ( သုခိတာ ဟောထ ဒုက္ခ မုဉ္စ ထ)

No comments:

Post a Comment