ငြီးငွေ့တယ်ဆိုတာ ဘယ်လိုဟာလဲ
ရုပ်တရားအပေါ်၌လည်း နိဗ္ဗန္ဒတိ ငြီးငွေ့၏။
ဝေဒနာအပေါ် သညာအပေါ် သခါင်္ရအပေါ် ၀ိညာဏအပေါ်၌လည်း နိဗ္ဗန္ဒတိ ငြီးငွေ့၏
ထိုငြီးငွေ့တယ်ဆိုတာ ၂မျိုးရှိတယ်။
၁။ သံဝေဂဉာဏ်နဲ့ ငြီးငွေ့တာတစ်မျိုး
၂။ ၀ိပဿနာဉာဏ်နဲ့ ငြီးငွေ့တာ တစ်မျိုး
ထို့တွင် ဒီခန္ဓာကြီးမှာ ဟိုနားကနာ သည်နားက အောင့် ဟိုနားက ကျင် ဟိုနားကကိုက်နဲ့ မသက်သာလှဘူး၊ အခံခက်လှပါပြီ။ အံမလေး အံမလေး မခံနိုင်ဘူး တားလို့ဆီးလို့မရ ငြီးငွေ့လှပါပြီ ဆိုတံ့ ဥစ္စာမျိုးက သံဝေဂဉာဏ်နဲ့ ငြီးငွေ့တာ သည်ငြီးငွေ့နည်းမျိုးက မဂ်မရနိုင်
ရူပက္ခန္ဓာရဲ့ အဖြစ်အပျက် ဝေဒနက္ခန္ဓာရဲ့ အဖြစ်အပျက် သခါင်္ရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ရဲ့ အဖြစ်အပျက်
အဲဒီလို အဖြစ်အပျက်တွေချည်းမြင်ပြီး ငြီးငွေ့တာမျိုးမှ ၀ိပဿနာဉာဏ်နဲ့ ငြီးငွေ့တာ။ ၀ိပဿနာ နိဗ္ဗိန္ဒဉာဏ်လို့ခေါ်တယ်။
အရေးကြီးလို့ထပ်မံပြီးပြောဦးမယ်
နာတယ် ကျင်တယ် ကိုက်တယ်ခဲတယ်ဆိုတဲ့ ဝေဒနာတွေနိပ်စက်လို့ ငြီးငွေ့တာက သံဝေဂဉာဏ်လို့ မှတ်ပါ။
သုခဝေဒနာတွေပေါ်လာတယ် ပြီးတော့ပျောက်သွားတယ် ဒါဟာသုခဝေဒနာလေး တွေ မပျောက်ပါစေနဲ့လို့ တောင်းပန်လို့မရခဲ့ဘူး။
ဒုက္ခဝေဒနာပေါ်လာလဲ တားလို့မရဘူး။ သူ့သဘာဝအတိုင်းပဲ ပေါ်ချိန်ပေါ်တယ် ပျက်ချိန်ပျက်တယ် ကိုယ့်အလိုအတိုင်းမဖြစ်ဘူး
ဒါတွေကိုမုန်းလာမှ နိဗ္ဗန္ဒဝိပဿနာဉာဏ်၊
ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့လာမှ မုန်းလာမှ အဖိုးတန်သည် မဂ်ဉာဏ်ရနိုင်မည်။
နာတာကျင်တာ ကိုက်တာခဲတာကို မလိုချင်လို့ ငြီးငွေ့တာမျိုးက ထိတ်လန့်တဲ့ဉာဏ်ပဲ။ ဒါလောက်နဲ့မရသေးဘူး။
မဂ်မရနိုင်သေးဘူး။
ဒါမျိုးကတော့ ဘယ်သူမဆိုသိတာပေါ့။
တိရိစ္ဆာန်ကလေးတွေတောင် သူတို့ကိုရိုက်ရင် အော်မြည်ပြီး ထွက်ပြေးမယ်။ ရွံမယ် မုန်းမယ် ငြီးငွေ့မယ် အဲဒါမျိုးကို ဆိုလိုတာမဟုတ်ဘူး။
ဖြစ်ပျက်တွေကိုမြင်ပြီး ၀ိပဿနာဉာဏ်နဲ့ မုန်းတာမျိုးမှ နိဗ္ဗန္ဒ = ငြီးငွေ့တယ်လို့ဆိုတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓ၏ဓမ္မစာစုများ မှ
# Sarah Bradshawo
No comments:
Post a Comment