ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူခဲ့သော
" ဒိဋ္ဌိစင်မှ နိဗ္ဗာန်မြင်မည် "
(တရားထိုင်သူများအတွက်) အပိုင်း (၁)
ဟောကြားခဲ့သည့်နေ့ (၈-၉-၆၂)
ဒီခန္ဓာကြီးဟာ ဘာခန္ဓာတုန်းလို့ မေးကြလို့ရှိရင်
ဖြင့် အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ
ခန္ဓာကြီးဟာ ဘာခန္ဓာတုန်းလို့ မေးကြလို့ရှိရင်
ပဋိစ္စသမုပ္ပါဒ်ခန္ဓာလို့ဖြေကြရလိမ့်မယ် (မှန်ပါ့)
ဘယ့်နှယ့်ကြောင့် ပဋိစ္စသမုပ္ပါဒ်ခန္ဓာ လို့ဖြေလဲဆို
တော့ အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရား
တွေ (မှန်ပါ့ဘုရား)
အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရားတွေ
ဒီ အကျိုးတရားတစ်ခု ချုပ်သွားလို့ရှိရင်ဖြင့်
နောက်အကျိုးတရား တစ်ခုပေါ်ပြန်တာပဲလို့မှတ်
ရမယ်နော်…(မှန်လှပါ)
အဲဒါ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေ
တစ်ခုသော အကြောင်းကြောင့်ဖြစ်လိုက် အကျိုး
တရားတစ်ခု ခန္ဓာထဲပေါ်လာလိုက် အဲဒီပေါ်လာ
တဲ့ဥစ္စာက တစ်ခါအကြောင်းပြန်ဖြစ်ပြီးနောက်
အကျိုးတစ်ခု ဆက်ထားခဲ့တယ်
အဲဒီ အကျိုးတစ်ခု ချုပ်သွားပြန်လည်း အဲဒီအကျို
းတစ်ခုက အကြောင်းတစ်ခုကို ဆက်ထားခဲ့
တယ်ဆိုတော့ ဦးကျော်မောင်တို့ ဦးမြမောင်တို့
ပြတ်သေးရဲ့လား (မပြတ်ပါဘုရား)
{ အကြောင်းအကျိုး ဆက်နေတဲ့ ခန္ဓာကြီး }
အဲဒါကြောင့် ဒီခန္ဓာကြီး ဘာခန္ဓာတုန်းလို့မေးလို့
ရှိရင်ဖြင့် အကြောင်းအကျိုးဆက်နေတဲ့ခန္ဓာကြီး
(မှန်လှပါဘုရား)
စကားရှည်နေမှာစိုးလို့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးလို့
ပြောလိုက်ပါတယ် (မှန်လှပါ)
စင်စစ်တော့ အကြောင်းအကျိုးဆက်နေတဲ့
ခန္ဓာကြီးလို့မှတ် (မှန်ပါ့)
အကြောင်းအကျိုဆက်နေတဲ့ခန္ဓာကြီးကို ခင်ဗျား
တို့ မသိကြတော့ကိုတဲ့ သြော်…မနေကလည်း
ငါပဲ ယနေ့လည်းငါပဲ ဆိုပြီးသကာလ
တစ်နေ့သော်လည်း အခုပေါ်လာတာ ငါစွဲပြန်
ချုပ်သွားပြီး နောက်တစ်ခါပေါ်လာတာလည်း
ငါစွဲပြန် ငါက ပေါ်ရာကို စွဲတယ်လို့ ဒီလိုမယူဆ
ဘဲနဲ့ မူလဖြစ်ထားတဲ့ဟာ မပျောက်သေးဘူးဆိုပြီ
းငါစွဲတဲ့ဟာဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့
ဒီ "ငါ" လာတာလို့ မှတ်ရမယ် (မှန်လှပါ)
စဉ်းစားကြည့်ပါတဲ့ အားလုံး ဒကာ ဒကာမတွေ
ဥပမာမယ် မြင်စိတ်ဖြစ်ပြီးတော့ ချုပ်ပျောက်သွား
တယ် ပဋိစ္စသမုပ္ပါဒ်တရားတစ်ခု ချုပ်သွားတယ်
ကြားစိတ်တစ်ခုပေါ်လာတယ် ချုပ်သွားပြန်ပြီ
နံစိတ်တစ်ခု ပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ
စားစိတ်တစ်ခုပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ
ဒီလိုချည်းပဲ ပေါ်လိုက်ချုပ်လိုက် ပေါ်လိုက်ချုပ်
လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာနေတာကိုပင်လျှင်
ဒါဟာ ကျုပ်ချည်းပဲလို့ယူထားလိုက်တယ်(မှန်ပါ့)
ငါချည်းပဲလို့ယူထားလိုက်တာ ပဋိစ္စသမုပ္ပါဒ်နားမ
လည်တဲ့အတွက် သဿတ ဖြစ်နေပါတယ်(မှန်ပါ့
) ရှင်းပလား …(ရှင်းပါပြီ)
ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် ဘာဖြစ်နေ
သလဲ…(သဿတ ဖြစ်နေပါတယ်ဘုရား)
အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို နေ့တိုင်းလမ်းထွင်
ပြီးသကာ ပြခြင်းသည် ဦးစံဖေတို့ ဦးဘသန်းတို့
ကမှတ်ရမယ် သြော်…သဿတ ခွာနေတာပါက
လား (မှန်လှပါ) မဟုတ်ဘူးလား…(မှန်ပါ့)
"ဝေဒနာပစ္စယာ တဏှာ" ဆိုတော့ ဝေဒနာချုပ်
သွားပြီး တဏှာလာတာပဲ (မှန်ပါ့)
အဲဒီမှာ ဆရာကောင်း သမားကောင်းနဲ့ မှီဝဲတဲ့
ပုဂ္ဂိုလ်ကတော့ ဝေဒနာပစ္စယာ ပညာလာတာပဲ
(မှန်ပါ့)
ဆရာကောင်း သမားကောင်းမမှီဝဲတဲ့ပုဂ္ဂိုလ်က
ဝေဒနာပစ္စယာ (တဏှာပါ) သြော်…ဝေဒနာချုပ်ပြီ
းတဏှာလာတာပဲ (မှန်လှပါ)
{ ဆရာကောင်း တပည့်ကတော့ }
ဆရာကောင်း သမားကောင်းနဲ့ နည်းနာ,နိဿယ
ရတဲ့ပုဂ္ဂိုလ်များကတော့ ဝေဒနာပစ္စယာ ပညာ
(မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ ပညာပေါ်လာတယ် မပေါ်
ဘူးလား…(ပေါ်ပါတယ်ဘုရား)
အဲဒီကဲ့သို့ပေါ်လာတဲ့အခါကျတော့ အကြောင်းနဲ့
အကျိုးလို့မဆိုဘူး ဝေဒနာချုပ်လို့ပညာပေါ်နိုင်တါ
ဝေဒနာချုပ်လို့ ဆရာကောင်းသမားကောင်းမရှိ
တဲ့ပုဂ္ဂိုလ်များ တဏှာပေါ်တာမဆိုနိုင်ဘူးလား
(ဆိုနိုင်ပါတယ်ဘုရား)
အဲဒီတော့ကို ဝေဒနာမချုပ်ဘဲနဲ့ ပညာလည်း
မပေါ်နိုင်ဘူး တဏှာလည်းမပေါ်နိုင်ဘူး(မှန်ပါ့)
ပေါ်နိုင်ပါ့မလား…(မပေါ်နိုင်ပါဘုရား)
မပေါ်နိုင်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
မှာ တစ်ခါတလေ ဝေဒနာနဲ့အသက်ရှင်နေတယ်
တစ်ခါတလေ ပညာနဲ့အသက်ရှင်နေတယ်
တစ်ခါတလေ ပညာနဲ့အသက်ရှင်နေတယ်(မှန်ပါ့
) ဆရာကောင်း သမားကောင်းမှီဝဲတဲ့ပုဂ္ဂိုလ်မှာ
တစ်ခါတလေကျတော့ ဝေဒနာလေးပေါ်ပါတယ်
အင်း…ဝေဒနာနဲ့အသက်ရှင်နေတယ် တစ်ခါ
ဝေဒနာကို ဖြစ်ပျက်ရှုလိုက်ပြန်တော့ ဖြစ်ပျက်ရှု
တဲ့ဉာဏ်နဲ့အသက်ရှင်နေတယ် (မှန်ပါ့)
ပညာနဲ့အသက်ရှင်နေတယ် (မှန်ပါ့)
ဆရာကောင်း သမားကောင်းကို မမှီဝဲရ မဆည်း
ကပ်ရ နည်းနာနိဿယကောင်း မရတဲ့ပုဂ္ဂိုလ်ကျ
တော့ကို ဝေဒနာချုပ်သွားပြီးတဏှာနဲ့အသက်ရှင်
နေတယ် (မှန်ပါ့)
မဟုတ်ဘူးလား…(ဟုတ်ပါတယ်ဘုရား)
{ ဝေဒနာပစ္စယာ ပညာ }
အဲဒီတော့ "ဝေဒနာပစ္စယာ ပညာ" ဆိုတာဆရာ
ကောင်းသမားကောင်းမှီဝဲရမှ ဖြစ်ပါတယ်
ပဋိစ္စသမုပ္ပါဒ်မှာနော် (မှန်ပါ့)
ဝေဒဏှာပစ္စယာတဏှာ ဆိုတာကတော့
ကမ္ဘ္ဘ္ဘာနဲ့မြေစာလို့မှတ်လိုက်ပါ(မှန်ပါ့)
လူတိုင်းမှာလှည့်နေတယ် (မှန်ပါ့)
"ဝေဒနာပစ္စယာ တဏှာ" က ကမ္ဘာနဲ့မြေစာ
"ဝေဒနာပစ္စယာ ပညာ" က သာသနာတွင်းမှာ
ဆရာကောင်းသမားကောင်းနဲ့ မီဝဲမှပေါ်တာ
နို့မဟုတ်လို့ရှိရင်ဖြင့် တပည့်တော်တို့နောက်တုန်
းကဘယ်လိုနေခဲ့ရသတုံး ဝေဒနာပစ္စယာတဏှာ
နဲ့နေခဲ့ရတယ်ဆိုတော့ ဝေဒနာချုပ်သွားပြီ သူ့နေ
ရာဘယ်သူပေါ်ပါလိမ့် (ပညာပါဘုရား)
ပညာပေါ်တယ် ဒါဆရာကောင်း သမားကောင်း
မှီဝဲတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ့)
ဒီနေရာ နည်းနည်းရှင်းလိုက်ပါဦးမယ်တဲ့
ပထမက ဦးမြမောင် ဝေဒနာနဲ့အသက်ရှင်နေ
တယ်(မှန်လှပါဘုရား) ခန္ဓာကိုယ်ကြီးဟာ
ဝေဒနာချုပ်သွားတော့ကို ဆရာကောင်းသမား
ကောင်းမှီဝဲတဲ့ပုဂ္ဂိုလ် ဘာနဲ့အသက်ရှင်သတုံး
(ပညာနဲ့အသက်ရှင်ပါတယ်ဘုရား) ပညာနဲ့
အသက်ရှင်တယ်
သြော်…ဒါဖြင့် အသက်ရှင်တယ်ဆိုတာကို သိတဲ့
အခါကျတော့ ဝေဒနာပစ္စယာကြောင့် ပညာဖြစ်
တယ် ပညာနဲ့အသက်ရှင်ပြီးသကာလနေတယ်
ဆိုတာကို အခုတော့ကိုယ်ပိုင်ဉာဏ်နဲ့သိရတော့
ကို ပညာနဲ့အသကိရှင်ရမှုကလည်း မလွယ်ပါ
ကလား (မှန်လှပါ)
ဆရာကောင်းသမားကောင်း မမှီဝဲရတော့
ဝေဒနာပစ္စယာ (တဏှာပါ) ဝေဒနာနဲ့အသက်ရှင်
နေတဲ့ပုဂ္ဂိုလ် ဝေဒနာချုပ်သွားတော့ ဦးမြမောင်
တစ်ယောက် သေပြီ ဦးကျော်မောင်တစ်ယောက်
သေပြီ ဘာနဲ့အသက်ရှင်နေသတုံး (တဏှာနဲ့
အသက်ရှင်နေပါတယ်ဘုရား)
တဏှာချုပ်သွားတော့ ဒီပုဂ္ဂုလ် ဘာနဲ့အသက်ရှင်
နေသတုံး (ဥပါဒါန်နဲ့အသက်ရှင်နေပါတယ်ဘုရား
) ဥပါဒါန်နဲ့အသက်ရှင်နေတယ် စိတ်တစ်ခုခုနဲ့
အသက်ရှင်ရမှာကိုး (မှန်ပါ့)
" ဧကစိတ္တသမာယုတ္တာ "ကိုး တစ်ခုသောစိတ်နဲ့
အသက်ရှင်ရမှာကို ရှင်းပြီးသကာလ
ဒါဖြင့် ခင်ဗျားတို့ ဒီလိုဆရာသမားတွေနဲ့မတွေ့
ကိုယ့်အလုပ်ကိုလည်း လုပ်ကောင်းမှန်းမသိတဲ့
ပုဂ္ဂိုလ်တွေမှာ တဏှာနဲ့အသက်ရှင်လိုက်
ဥပါဒါန်နဲ့အသက်ရှင်လိုက် ကံနဲ့အသက်ရှင်လိုက်
ပြန်လှည့်လိုက် (မှန်ပါ့)
ပြန်လှည့်တဲ့အခါကျလို့ရှိရင်ဖြင့် စိတ်နဲ့အသက်
ရှင်လိုက် ဖဿနဲ့အသက်ရှင်လိုက် ဝေဒနာနဲ့
အသက်ရှင်လိုက် (မှန်ပါ့)
ဒီလိုချည်းလှည့်နေတာ သြော်…ဒါကြောင့်
ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်ဆိုတာ စိတ်ကနေလှည့်
လိုက်လည်း ကရောက် ကံကနေမသေသေး
ပြန်လှည့် စိတ်ပြန်ရောက် (မှန်ပါ့)
မရောက်ဘူးလား…(ရောက်ပါတယ်ဘုရား)
ရောက်တော့ကို ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ဟာ
ဘာခန္ဓာကိုယ်တုန်းလို့ မေးတော့ ပဋိစ္စသမုပ္ပါဒ်
ခန္ဓာကိုယ် (မှန်ပါ့) ဒါတွေလှည့်ဖြစ်နေတာ
ပေါ်ကြပလား…(ပေါ်ပါပြီဘုရား)
{ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ် }
ဘာခန္ဓာကိုယ်တုံး(ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်ပါ
ဘုရား) ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်လို့သိတော့
ပထမစိတ်နဲ့အသက်ရှင်နေတယ် ဆိုတော့
သြော်…ပဋိစ္စသမုပ္ပါဒ်နဲ့အသက်ရှင်နေတယ်
စိတ်ချုပ်သွားပြန်တော့ ဖဿနဲ့အသက်ရှင်တယ်
(မှန်ပါ့) ဖဿနဲ့အသက်ရှင်တယ် ဖဿခန္ဓာဖြစ်
ပြန်တယ် (မှန်ပါ့)
ဒါဖြင့် ဖဿခန္ဓာချုပ်သွားပြန်တော့ ဝေဒနက္ခန္ဓာနဲ့
အသက်ရှင်တယ် ဆရာကောင်းသမားကောင်း
မမှီဝဲရပြန်တော့ တဏှာခန္ဓာဖြစ်တယ်(မှန်ပါ့)
မဟုတ်ဘူးလား…(ဟုတ်ပါတယ်ဘုရား)
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့အသက်ရှင်တယ်ဆိုရင်
လွဲပါ့မလား…(မလွဲပါဘုရား)
ကောင်းပြီ ဒါဖြင့် အကြောင်းတစ်ခုချုပ်သွားတဲ့
အခါ အကျိုးတစ်ခု မပေါ်ဘူးလား
(ပေါ်ပါတယ်ဘုရား)
သြော်…ဒီအကျိုးဟာ အလိုလိုပေါ်သလား
အကြောင်းကကျေးဇူးပြုခဲ့လို့ပေါ်တာလား
(အကြောင်းကကျေးဇူးပြုလို့ပေါ်တာပါဘုရား)
အကြောင်းကကျေးဇူးပြုခဲ့လို့ ပေါ်တဲ့ဝေဒနာ
ကြောင့် ပညာပေါ်တယ် (မှန်ပါ့)
ဝေဒနာကြောင့်တဏှာပေါ်တယ် ဆရာကောင်း
သမားကောင်းမမှီဝဲရတော့လေ (မှန်လှပါဘုရား)
ဝေဒနာကြောင့် ဆရာကောင်းသမားကောင်း
မှီဝဲရရင် (ပညာပေါ်ပါတယ်ဘုရား) အဲ ဒီလူပညာ
နဲ့အသက်ရှင်တယ်နော် (မှန်ပါ့)
ဆရာကောင်းသမားကောင်းမမှီဝဲရတဲ့ပုဂ္ဂိုလ်ကျ
တော့ ဝေဒနာချုပ်သွား ဘာနဲ့အသက်ရှင်နေ
သတုန်း (တဏှာနဲ့အသက်ရှင်နေပါတယ်ဘုရား)
တဏှာနဲ့အသက်ရှင်နေတာသိတော့ သြော်…
အကြောင်းနဲ့အကျိုးဟာ မပြတ်ပါလားလို့
အကြောင်းကြောင့် အကျိုးဖြစ်နေတာပါလားလို့
ခန္ဓာကြီးမဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်ဘုရား)
{ တစ်ခုချုပ်မှတစ်ခုပေါ်နိုင်တယ် }
အကြောင်းချုပ်သွားရင် အကျိုးပေါ်တာပဲ
အဲဒီအကျိုးပေါ်တာ သိလိုက်သဖြင့် ကိုယ်အ
သက်ရှင်နေတာ သိလိုက်သဖြင့်
တစ်ခုချုပ်မှ တစ်ခုပေါ်နိုင်တာကိုးဗျ (မှန်ပါ့)
တစ်ခုချုပ်မှ (တစ်ခုပေါ်နိုင်ပါတယ်ဘုရား) တစ်ခု
ချုပ်မှတစ်ခုပေါ်နိုင်တာကို ဘုန်းကြီးတို့ ဒကာ
ဒကာမတွေသိတော့မှ မမြဲပါကလား (မှန်ပါ့)
မမြဲပါဘူး တစ်ခုချုပ်မှတစ်ခုပေါ်တာကိုးဗျ (မှန်ပါ့)
အဲဒီပေါ်လာတာလည်း ချုပ်ဦးမှာပဲ ချုပ်ပြီးနောက်
အသစ်တစ်ခုမပေါ်ပေဘူးလား(ပေါ်ပါတယ်ဘုရား) ဒါဖြင့် မြဲသေးသလား ဦးမြမောင်(မမြဲပါဘုရား)
အဲဒီလို သိလိုက်တော့ ပဋိစ္စသမုပ္ပါဒ် အကြောင်း
ချုပ်လို့ အကျိုးဖြစ်တာသိလိုက်သဖြင့်
သဿတဒိဋ္ဌိ စင်သွားတယ် (မှန်ပါ့)
{ ပထမဒိဋ္ဌိ }
တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်လာတာ ဒီလိုသိလိုက်
တော့ ဘာဒိဋ္ဌိစင်သွားသတုံး(သဿတဒိဋ္ဌိစင်
သွားပါတယ်ဘုရား)
ချုပ်သွားတာလည်း သိတာပဲ ပေါ်လာတာလည်း
(သိပါတယ်ဘုရား) အဲဒီတော့ ခိုင်တယ်မြဲတယ်
လို့ ယူလို့ရသေးရဲ့လား (မရပါဘုရား)
အဲဒါကြောင့် သဿတဆိုတဲ့ဥစ္စာ တစ်ခုတည်း
ခိုင်တယ်ယူတဲ့ဥစ္စာ သဿတကိုး (မှန်ပါ့)
အခုတော့ တစ်ခုတည်းခိုင်တယ်ဆိုတာ ဟုတ်
သေးရဲ့လား (မဟုတ်ပါဘုရား) တစ်ခုချုပ်ပြီးမှ
တစ်ခုပေါ်တယ် (မှန်ပါ့) အဲဒီ ပေါ်တဲ့တရား
ကလေးချုပ်ပြီး နောက်တစ်ခု(ပေါ်လာပါတယ်
ဘုရား) အဲ့ဒီတော့ ခိုင်တာကိုပါသေးရဲ့လား…
(မပါ,ပါဘုရား)
{မခိုင်မြဲတာသိလို့ သဿတဒိဋ္ဌိစင်တယ် }
အဲဒီကဲ့သို့ ခိုင်တာမပါတာကို သိသဖြင့်
ခိုင်တာမရှိဘူးဆိုတာ သိသဖြင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒကာ ဒကာမတွေ
သဿတဒိဋ္ဌိစင်သွားတယ် (မှန်ပါ့)ပေါ်ကြပလား
(ပေါ်ပါပြီ) သဿတဒိဋ္ဌိစင်ပုံသဘောကျပလား
(ကျပါပြီဘုရား)
သဿတဒိဋ္ဌိ စင်သွားပါပြီတဲ့ ရှင်းပြီနော် (မှန်ပါ)
ဒီနေ့ ဒိဋ္ဌိခွာတယ်…သောတာပန် တည်အောင်လို့
ဒိဋ္ဌိခွါနေတယ်
ဥမမာမယ် အခုဝေဒနာချုပ်သွားတော့ ခင်ဗျားတို့
ဘာနဲ့အသက်ရှင်နေသတုံး (တဏှာနဲ့အသက်
ရှင်နေပါတယ်ဘုရား)
တဏှာနဲ့အသက်ရှင်တော့ အင်း…ဝေဒနာသမား
မြဲရဲ့လားလို့ မေးရင်ဘယ့်နှယ်ပြောမလဲ
(မမြဲပါဘုရား)
ကဲ…တဏှာနဲ့အသက်ရှင်နေပြီ တဏှာကလည်း
ဖြစ်ပြီးပျက်သွားပြန်တော့ ဘာနဲ့အသက်ရှင်ရ
မယ်(ဥပါဒါန်နဲ့အသက်ရှင်ပါမယ်ဘုရား)
ဒီတော့ ခင်ဗျားတို့ခန္ဓာဟာ မြဲသေးရဲ့လား…
(မမြဲပါဘုရား)
{ ဆက်လက်ပူဇော်တင်ဆက်ပါမည်…}
Myint Wai (TGI)
No comments:
Post a Comment