Monday, January 9, 2017
လောကကို ​စောင့်​​ရှောက်​ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သည်​ ​လောကကို​စောင့်​​ရှောက်​ရန်​အတွက်​ဖြစ်
၏။ ဗုဒ္ဓမြတ်​စွာသည်​ ​လောကသား ( သတ္တ၀ါ)  တို့အား ​စောင့်​ရှောက်​နိုင်​ရန် သာသနာ​​​တော်​ကြီး
ကိုတည်​​ထောင်​ခဲ့၏။ ထို့​ကြောင့်​ ဤသာသနာ
တော်​ကြီးသည်​ ​လောကကို​စောင့်​​ရှောက်​ရန်​ဖြစ်
၏။ ​လောကyကို​စောင့်​​ရှောက်​ရာ၌ ​လောကသား
( သတ္တ၀ါ) တို့ အကျိုးစီးပွားဖြစ်​လာ​စေရန်​ ဆိုလို
ခြင်းဖြစ်​၏။ အကျိုးစီးပွားဆိုရာ၌ -
၏။
     အချို့​သော အသိနည်းပါးသူတို့သည်​ -
ပစ္စက္ခအကျိုးကိုသာ လိုလားတတ်​ကြ၏။ မည်​သို့ပင်​ဆို​စေ ​လောကသား ( သတ္တ၀ါ) အတွက်​ တစ်​စုံတစ်​ခု တစ်​​နေရာရာမှ ​ကောင်းကျိုးဖြစ်​​အောင်​ ​ဆောင်​ကျဉ်း​ပေးမှသာ
လောကကို​စောင့်​​ရှောက်​သည်​မည်​၏။ ​လောက
သား ( သတ္တ၀ါ)  တို့အတွက်​ မည်​သည့်​​ကောင်း
ကျိုးကိုမှ မ​ဆောင်​ကျဉ်းနိုင်​ဘဲ မိမိ​ကောင်းကျိုး
ကိုသာ ​ဆောင်​ရွက်​သူသည်​ ​လောကကို ​စောင့်
ရှောက်​သည်​မမည်​​ပေ။
မန္တ​လေးမြို့။
၇.၁.၂၀၁၇။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
No comments:
Post a Comment