- #ဘုရား ဘယ်နေရာဖြစ်သတုံး#
>>>>>>>>>>> * <<<<<<<<<<<
ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်သလား
ဝေဒနာနဲ့တဏှာကြားမှာ ဘုရားဖြစ်သလား
ဝေဒနာနဲ့ တဏှာကြားမှာ ဝိပဿနာမဂ်;
လောကုတ္တရာ မဂ်အပြည့်အစုံပေါ်လို့သာလျှင်
ဘုရားဖြစ်သွားတယ်ဆိုတော့ အဓိပ္ပါယ်ဟာ
ဘာမှ လင်းပါးဖွယ်မလို့ဘူးI ရှင်းပြီလား?
ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ်
ဆိုတာက ပညတ်သမားက ပြောတာI ပရမတ်သမား
ကပြောတော့ ဝေဒနာနဲ့ တဏှာကြားမှာ
ဘုရားဖြစ်တယ်လို့ ပြောရမယ်။
ဝေဒနာနဲ့ တဏှာကြားမှာ အာသဝေါကုန်
သွားတယ်I သဘောပါပြီလားI ဝေဒနာနဲ့ တဏှာ
ကြားမှာ အာသဝေါကုန်တာ မကုန်တာ
ဘုန်းကြီးရှင်းပြတော့မှ ဒကာ; ဒကာမတွေ
ပိုမို ရှင်းလင်းပါလိမ့်မယ်ဆိုတော့ ဖြစ်ပျက်ရှုနေ
တယ်ဆိုကထဲက အဝိဇ္ဇာ အာသဝကုန်သွားတယ်။
ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့
ဟိုဘက်က တဏှာI ဥပါဒါန်တွေ လာသေးရဲ့လား
(မလာပါဘုရား)
အဲဒီထဲမှာ ကာမသဝI ဘဝါသဝI ဒိဋ္ဌာသဝက
ဟိုဘက်ကကုန်သွားတယ်I အာသဝေါလေးပါး
ကုန်သွားတယ်I ရိပ်မိပြီလား။
ဒါဖြင့် အာသဝကုန်လို့ ဘုရားဖြစ်တာ
သဘောပါပြီလား။
ဒါဖြင့် ဒီ ဒကာ; ဒကာမတွေမှာလည်း
သောတာပန်တည်ချင်လည်း ဒီကြားမဂ်သွင်း
ရမယ်I သကဒါဂါမ်တည်ချင်I အနာဂါမ် တည်
ချင်လည်း ရဟန္တာဖြစ်ချင်ရင် ဒီကြားထဲဝေဒနာနဲ့
တဏှာကြားဘဲ မဂ်သွင်းရမယ်I နိဗ္ဗာန်သွားတဲ့
ပုဂ္ဂိုလ်အပေါင်း အာသဝေါကုန်သွားတဲ့ ပုဂ္ဂိုလ်
အပေါင်းဟာ ဒီနေရာမှာ မူတည်ကြတာချည့်ပဲ။
ဗောဓိပင်နဲ့ရွှေပလ္လင်အပေါ်မှာ ဘုရား
ဖြစ်တယ်လို့ မယူပါနဲ့တဲ့I ခန္ဓာပဋိစ္စသမုပ္ပါဒ်ကြား
ထဲမှာ ဘုရားဖြစ်တာI ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နောက်
မဆက်ဘူးရှင်းပြီလား။ ခန္ဓာပဋိစ္စသမုပ္ပါဒ်
နောက်က တဏှာ ဥပါဒါန် မဆက်ဘူးI ဒေါသ
သောက မဆက်လို့ ဘုရားဖြစ်သွားတာဆိုတော့
သြော် ဘုရားဖြစ်တဲ့နေရာလည်း သိပြီလား
မပေါ်သေးဘူးလား။
ဝေဒနာနဲ့ တဏှာကြားစိတ်ရှုတော့
စိတ်ပေါ်မှာ ဒိဋ္ဌိကို ဝေဒနာနဲ့ တဏှာကြားပေါ်မှာ
ရှုတဲ့ မဂ်က သတ်ပြစ်လိုက်တယ်။
ငါ့စိတ်ဟုတ်လားI ငါမြင်တယ်I ငါကြား
တယ်ဆိုတော့ စိတ်ကို စွဲနေတာI စိတ်ကကြား
တာကိုးဗျI ငါမြင်တယ်I ငါကြားတယ်I ငါလှူတယ်I
ငါစားတယ်I ငါယားတယ်I ငါနာတယ်I ငါသိတယ်I
လုပ်နေတယ်I ဟုတ်လား ငါမေတ္တာပို့နေတယ်I
အစရှိသည်ဟာ ဒါစိတ်ပေါ်မှာ စွဲတဲ့ ဒိဋ္ဌိတွေကို
စိတ်ပေါ်တိုင်း ဖြစ်ပျက်လိုက်တော့ စိတ်ပေါ်မှာ
ဒိဋ္ဌိနေနိုင်သေးရဲ့လား။
မနေနိုင်တော့ ပထမမဂ်သည် ဒိဋ္ဌိသတ်
တာပဲဆိုတာ မသေချာဘူးလားI ဒါဖြင့် ပထမမဂ်က
ဒိဋ္ဌိသတ်တဲ့အတွက် ဒီဒကာ; ဒကာမတွေမှာတဲ့
သေတာပန်တည်ချင်လည်း ဝေဒနာနဲ့ တဏှာကြား
မှာ မဂ်ပေါ်အောင်လုပ်ပေတော့I စိတ်ရှုပေးနော်
ရှင်းကြရဲ့လား။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
ဟောကြားတော်မူသော ဒုက္ခမြင်မှနိဗ္ဗာန်ရပုံ
တရားတော်များ
* * * * * * * * * *
မေတ္တာဖြင့်<>မျှဝေသူ<>အောင်ဝင်း
(copy) အဖြူရောင်အမဲရောင်
No comments:
Post a Comment