Friday, February 24, 2017

ရင်ထဲကအရာ

နာမည်ကျော်တရုတ်စာရေးဆရာတစ်ဦးဟာ ဂျာမဏီမှာ ဂျာမန်အဘိုးအိုတစ်ဦးရဲ့အိမ်တစ်အိမ်မှာ ငှားနေခဲ့ဖူးတယ်။
.
တရက်မှာ စာရေးဆရာက မတော်တဆဖန်ခွက်တစ်ခုကို လုပ်ခွဲလိုက်မိတယ်။ သူက ဂျာမန်အဘိုးအိုကို ချက်ချင်းဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။
.
အဘိုးအိုက “ကိစ္စမရှိပါဘူး.. ခင်ဗျား မတော်တဆဖြစ်တာပဲ။ အဲဒီဖန်ခွက်မျိုးက ဈေးမကြီးဘူး။ မနက်ဖြန် ကျွန်တော်တစ်လုံးပို့လိုက်မယ်” လို့ဆိုတယ်။
.
နောက်တစ်ရက်မှာ အဘိုးအိုဖန်ခွက်လာပို့ပါတယ်။ သူက အိမ်ထဲဝင်တာနဲ့ စာရေးဆရာကို “ဟိုဖန်ခွက်ကွဲစတွေရော” လို့မေးတယ်။ စာရေးဆရာက “ကျွန်တော် လဲကျင်းပြီး အပြင်ထုတ်လိုက်ပြီ”လို့ဆိုတယ်။
.
အဘိုးအိုက အိမ်တံခါးအမြန်ဖွင့်ပြီး အမှိုက်အိတ်ကိုဆွဲဖွင့်တယ်။

ပြီးတော့ နောက်လှည့်ပြီး “ခင်ဗျား မနက်ဖြန်ကျရင် အိမ်ပြောင်းတော့၊ ခင်ဗျားကို ကျွန်တော်ဆက်မငှားချင်တော့ဘူး”လို့ ဆိုတယ်။ အဘိုးအိုဟာ တစ်ဘက်ကပြောရင်း တစ်ဘက်မှာ ဘောလ်ပင်၊ တံမြက်စည်း၊ ညှပ်နဲ့ အမှိုက်အိတ်ကိုယူပြီး အိမ်ပြင်ဖက်က အမှိုက်အိတ်ကိုသွန်ချပြီး အမှိုက်အမျိုးအစားခွဲတော့တယ်။ သူဟာ အသေးစိတ်ခွဲပါတယ်။
.
မိနစ်အနည်းငယ်အကြာမှာ ဖန်ခွက်ကွဲစတွေက တခြားအမှိုက်အိတ်တစ်ခုထဲရောက်သွားတယ်။ အမှိုက်အိတ်ပေါ်မှာ “သတိ.. ဖန်ခွက်ကွဲစပါသည်”လို့ သူရေးလိုက်တယ်။ နောက်အမှိုက်အိတ်တစ်ခုပေါ်မှာက “ဘေးကင်းသည်” လို့ရေးလိုက်တယ်။
.
စာရေးဆရာက ရုတ်တရက်သူမောင်းထုတ်ခံရတာကို နားမလည်နိုင်ဖြစ်နေခဲ့တယ်။ အဘိုးအိုကို သူမေးလိုက်တယ်… “ဘာဖြစ်လို့လဲ.. ကျွန်တော်ဖန်ခွက်လုပ်ခွဲလိုက်လို့လား”
.
အဘိုးအိုက ခေါင်းခါပြရင်း “မဟုတ်ဘူး… ခင်ဗျားရဲ့ရင်ထဲမှာ တခြားလူမရှိလို့” လို့ဆိုတယ်။
.
အခုနားက အဘိုးအို အမှိုက်အမျိုးအစားခွဲတာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရလို့ရယ်၊ အခု အဘိုးအိုပြောလိုက်တဲ့ စကားတစ်ခွန်းရယ်ကြောင့် စာရေးဆရာ မျက်နှာထူပူသွားခဲ့တယ်။
.
ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်၊ အလေးနက်ထားသင့်တာကို အလေးနက်ထားတာဟာ အဘိုးအိုရဲ့ရင်ထဲ တခြားသူကိုထည့်ထားလို့ဖြစ်တယ်။
.
အမှိုက်အိတ်ပေါ်မှာ အဘိုးအိုရေးထားတဲ့စကားလုံးတွေ သိပ်မများဘူး။ လက်ရေးလည်း မလှဘူး။ ဒါပေမယ့် အဲဒီစကားလုံးတွေထဲမှာ လှပမှု၊ နွေးထွေးမှုတွေပါနေခဲ့တယ်။ ဘောလ်ပင်ချင်းအတူတူပါပဲ.. ဒါပေမယ့် အမှိုက်အိတ်ပေါ် အဘိုးအိုလေးလေးနက်နက်ရေးလိုက်တဲ့ စကားလုံးတွေက စာရေးဆရာစာရွက်ပေါ်ရေးလိုက်တဲ့ လှပတဲ့စကားလုံးတွေထက် ပိုတောက်ပလင်းလက်နေခဲ့ပါတယ်။

                                         Credit နိုင်နိုင်စနေ
၂၅။ ဘိက္ခုဝဂ္ဂ Chapter 25

Chapter 25

၃၆၀။ စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှါယ သံဝရော။

၃၆၁။ ကာယေန သံဝရော သာဓု၊ သာဓု ၀ါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၃၆၀။ အကုသိုလ်မဖြစ်ရန် စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဃာနဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဇိဝှါဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။

၃၆၁။ ကာယဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ ၀စီဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ မနောဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ အလုံးစုံသော ဒွါရတို့၌ စောင့်စည်း ပိတ်ဆို့နိုင်သော ရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်၏။

360. It is good to control the eye, the ear, the nose and the mouth to prevent from sin.

361. It is good to control the body (kar ya), it is good to control the speech (wa zi) and it is good to control the mind (ma nor). It is good to control all senses. The Bhikkhu who can control all senses will be free from all sufferings.

၃၆၂။ ဟတ္ထသံယတော ပါဒသံယတော၊ ၀ါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊ ဧကော သန္တုသိတော တမာဟု ဘိက္ခုံ။

၃၆၂။ အကြင်သူသည် လက်ကိုစောင့်စည်း၏၊ ခြေကိုစောင့်စည်း၏၊ နှုတ်ကိုစောင့်စည်း၏၊ တစ်ကိုယ်လုံးကို စောင့်စည်း ၏၊ ကမ္မဋ္ဌာန်းစီးဖြန်းမှု၌ မွေ့လျော်ကာ တည်ကြည်သော စိတ်ရှိ၏၊ တစ်ယောက်တည်းနေ၍ ရရသမျှဖြင့် ရောင့်ရဲနိုင်၏၊ ထိုသူကို ရဟန်းဟူ၍ ဆိုကုန်၏။

362. The one who has control on his hands, control on his feet, control on his words, and who is well-controlled, who is upright, steadfast and joyful in meditation, stays in solitary and is contented – that one they call a Bhikkhu.

၃၆၃။ ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏၊ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏၊ မပျံ့လွင့်သောစိတ်ရှိ၏၊ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ဟောပြတတ်၏၊ ထိုရဟန်းဟောပြသော စကားသည် ချိုမြိန်သာယာ၏။

363. The Bhikkhu who is restrained in speech, speaks with wisdom, who has Samadhi, strong concentration, who has good command on sacred verses and in-depth meaning of them, his speech is pleasant.

၃၆၄။ ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

၃၆၄။ တရားလျှင်မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်တတ်သောတရားကို အဖန်ဖန် ကြံစည်တတ်သော အောက်မေ့ တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်နိုင်။

364. The Bhikkhu who only has Dhamma to live peacefully with, who is delightful in Dhamma, ponders in Dhamma and remembers Dhamma – he will not fall away from the Sublime Teaching, Dhamma.

၃၆၅။ သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။

၃၆၆။ အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝေါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

၃၆၅။ မိမိရမည့် လာဘ်လာဘကို မတရားရှာမှီးသောအားဖြင့် စက်ဆုပ်ဖွယ် မဖြစ်စေရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘ ကို မနှစ်သက် မတောင့်တရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို နှစ်သက်သော ရဟန်းသည် တည်ကြည်မှု သမာဓိကို မရနိုင်။

၃၆၆။ ရဟန်းသည် လာဘ်လာဘနည်းသော်လည်း၊ မိမိ လာဘ်လာဘကို မတရား ရှာမှီးသောအားဖြင့် အကယ်၍ စက်ဆုပ်ဖွယ် မဖြစ်စေခဲ့မူ အသက်မွေးစင်ကြယ်၍ မပျင်းမရိ လုံ့လရှိသော ထိုရဟန်းကို နတ်တို့သည် ဧကန်ချီးမွမ်းကုန်၏။

365. Do not let offerings received to be viewed as contempt by oneself, also not long for the offerings received by others. A monk who envies others cannot attain deep concentration.

366. Though a monk has received only a little offering, if it is not viewed as contempt by him, the gods praise the monk whose life is pure and free of laziness.

၃၆၇။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ၀ုစ္စတိ။

၃၆၇။ အကြင်ပုဂ္ဂိုလ်အား နာမ်တရား ရုပ်တရားအားလုံး၌ ငါ ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီး သော်လည်း မစိုးရိမ်၊ ထိုပုဂ္ဂိုလ်ကို ဘိက္ခုအစစ်ဟူ၍ ဆိုအပ်၏။

367. For the person who has no selfish possessiveness on all mind and matter aggregates, and who does not worry on when they are shattered, he is indeed called a Bhikkhu.

၃၆၈။ မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

၃၆၉။ သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။

၃၇၀။ ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စသင်္ဂါတိဂေါ ဘိက္ခု၊ သြဃတိဏ္ဏောတိ ၀ုစ္စတိ။

၃၇၁။ ဈာယ ဘိက္ခု မာ ပမာဒေါ၊ မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ဒုက္ခမိဒန္တိ ဒယှမာနော။

၃၇၂။ နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာနသန္တိကေ။

၃၇၃။ သုညာဂါရံ ပ၀ိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ၀ိပဿတော။

၃၇၄။ ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတီ ပီတိပါမောဇ္ဇံ၊ အမတံ တံ ၀ိဇာနတံ။

၃၇၅။ တတြာယမာဒိ ဘ၀တိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။

၃၇၆။ မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။
ပဋိသႏၴာရ၀ုတ်ႆ၊ အာစာရကုသေလာ သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။

၃၆၈။ မေတ္တာတရားကို ပွားများလေ့ရှိသော၊ မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုသော ရဟန်းသည် သင်္ခါရ တို့၏ငြိမ်းရာ ငြိမ်သက်ချမ်းအေးသော နိဗ္ဗာန်ကို ရနိုင်၏။

၃၆၉။ ရဟန်း ဤခန္ဓာကိုယ်တည်းဟူသောလှေမှ မိစ္ဆာဝိတက်ဟူသော ရေကို ပက်ထုတ်လော့၊ ထိုသို့ ပက်ထုတ်လျှင် သင်၏ ခန္ဓာကိုယ်တည်းဟူသော လှေသည် လျင်စွာသွားနိုင်လတ္တံ့၊ ရာဂ ဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့။

၃၇၀။ အောက်ပိုင်းသံယောဇဉ် ငါးပါးကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ် ငါးပါးကိုစွန့်ရာ၏၊ သဒ္ဓါစသော ငါးပါး သောတရားတို့ကို အလွန်ပွားရာ၏၊ လောဘစသော ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော ရဟန်းကို သံသရာ ၀ဲ သြဃကို ကူးမြောက်ပြီးသူ ဟူ၍ ဆိုအပ်၏။

၃၇၁။ ရဟန်း အနိစ္စစသည်ဖြင့်ရှုလော့၊ မမေ့လျော့လင့်၊ သင်၏စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်၊ မေ့လျော့၍ သံတွေခဲကို မမျိုလင့်၊ လောင်သည်ရှိသော် ဤသို့အလောင်ခံရခြင်းသည် ဆင်းရဲလေစွဟု မငိုကြွေးလင့်။

၃၇၂။ ပညာမရှိသူအား သမာဓိဈာန်မရှိ၊ သမာဓိဈာန်မရှိသူအား ၀ိပဿနာပညာမရှိ၊ ထိုပုဂ္ဂိုလ်၌ သမာဓိဈာန် လည်းကောင်း၊ ၀ိပဿနာပညာသည်လည်းကောင်း ရှိ၏၊ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့၏။

၃၇၃။ ဆိတ်ငြိမ်ရာအရပ်သို့ ၀င်ရောက်၍ ကောင်းစွာတရားကို ရှုမှတ်သော ငြိမ်သက်သောစိတ်ရှိသောရဟန်းအား လူသာမန်တို့နှင့် မထိုက်သော ၀ိပဿနာဈာန်စသော တရား၌ မွေ့လျော်ခြင်းသည်ဖြစ်၏။

၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း နှစ်သက်မှုပီတိ ၀မ်းမြောက်မှုပါမောဇ္ဇကို ရ၏၊
ထို နှစ်သက်ဝမ်းမြောက်မှုသည်ပင် တရားမှန်ကိုသိသော ပညာရှိတို့အတွက် နိဗ္ဗာန်ရောက်ကြောင်းပင်တည်း။

၃၇၅။ ဤသာသနာတော်၌ ဣနြေ္ဒကိုစောင့်ထိန်းမှု အာဇီဝ ပစ္စယနှစ်ပါး၌ရောင့်ရဲမှု ပါတိမောက္ခ သီလ၌ စောင့်စည်းမှု စတုပါရိသုဒ္ဓိသီလလေးပါးသည် ပညာရှိ ရဟန်းအတွက် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစ ဖြစ်၏။

၃၇၆။ စင်ကြယ်သော အသက်မွေးခြင်းရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသဓမ္မ ပဋိ သန္ထာရနှစ်ပါးတို့နှင့် ပြည့်စုံစေရာ၏၊ ကျင့်ဝတ်သီလတို့၌ လိမ္မာရာ၏၊ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့်
ဝမ်းမြောက် မှုများသည်ဖြစ်၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့။

368. The bhikkhu who practices loving kindness all the time, who has excellent faith in Teachings of the Bhddha, he would attain the state in peace where sankharas (compounded existences) has ceased.

369. Bhikkhu – empty the boat (of aggregate). If it is empty, it will sail quickly. Having cut off passion and hatred, you will thereby reach Nibbana.

370. Cut off the lower five attachments. Throw off the upper five attachments. Cultivate these five. The bhikkhu who has abandoned beyond the five attachments is called "the person who has crossed over the flood of Samsara".
* lower five – selfishness, doubt, wrong austerities and rites, lust, hatred
* upper five – desire to be born with a body, or without a body, self-will, restlessness, ignorance
* cultivate five – faith, mindfulness, energy, contemplation, vision
* five attachments – lust, hatred, delusion, pride, wrong views

371. Bhikkhu – be mindful, do not be negligent, let your mind not to be on sensual desires, do not swallow a red hot iron ball by negligence, if burned, do not cry "This is painful".

372. The person who has no insight will not have contemplation; the person who has no contemplation will not have insight. For the person who has contemplation and insight, he is indeed close to Nibbana.

373. The Bhikkhu with calm mind has entered his empty house, deep in meditation, has gained the insight knowledge with which he lives in delight unlike ordinary beings.

374. Whenever one concentrates on impermanence of rising and disappearing on five aggregates, one gains joy and delight, with that one with insight knowledge can attain Nibbana.

375. Here in this Buddhist Era (Buddha's Thar tha nar), these are the first things for the Bhikkhu with insight; guarding the senses, contentment, restraint in Patimokkha precepts which can lead to attaining Nibbana.

376. Let one be good association with friends who have right livelihood and are not slothful. Let one be also clever with sound moral principles and be attentive with precepts. Being that, one will have a full joy and will make an end of sufferings.

၃၇၇။ ၀ဿိကာ ၀ိယ ပုပ္ဖါနိ၊ မဒ္ဒ၀ါနိ ပမုဉ္စတိ။
ဧ၀ံ ရာဂဉ္စ ဒေါသဉ္စ၊ ၀ိပ္ပမုဉ္စေထ ဘိက္ခဝေါ။

၃၇၇။ ရဟန်းတို့ မုလေးပန်းပင်တို့သည် ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို စွန့်လွတ်ဘိ သကဲ့သို့ ဤအတူ သင်တို့ သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ စွန့်လွှတ်ကြကုန်လော့။

377. O Bhikkhu, just as Spanish jasmine lets its faded flowers fall, you should shed passion and hatred.

၃၇၈။ သန္တကာယော သန္တ၀ါစော၊ သန္တ၀ါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ၀ုစ္စတိ။

၃၇၈။ ကောင်းစွာ တည်ကြည်သည်ဖြစ်၍ ငြိမ်သက်သောကိုယ် ငြိမ်သက်သောနှုတ် ငြိမ်သက်သော စိတ်ရှိသော လော ကီစည်းစိမ် အရှိန်အစော်စသည်ကို ထွေးအန်ပြီးသောရဟန်းကို ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။

378. It can be said that a monk is in peace when he is calm with his body, mind and speech, when he is the master of himself and has already left behind all worldly wealth.

၃၇၉။ အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ၀ိဟာဟိသိ။

၃၈၀။ အတ္တာ ဟိ အတ္တနော နာထော၊(ကော ဟိ နာထော ပရော သိယာ)
အတ္တာ ဟိ အတ္တနော ဂတိ။ တသ္မာ သံယမမတ္တာနံ၊ အဿံ ဘဒြံဝ ၀ါဏိဇော။

၃၇၉။ ရဟန်း မိမိကိုယ်ကို မိမိကိုယ်တိုင် စောကြောစစ်ဆေးလေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဆင်ခြင်လေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသောသင်သည် ချမ်းသာစွာ နေရလတ္တံ့။

၃၈၀။ မိမိသည်သာလျှင် မိမိကိုးကွယ်ရာဖြစ်၏၊ တစ်ပါးသောသူသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း၊ မိမိသည် သာလျှင် မိမိ၏ လဲလျောင်းရာဖြစ်၏၊ ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းမြင်းကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။

379. You need to restrain by yourself, you need to control by yourself, by thus being well-guarded and examined by yourself, and you who has mindfulness will stay in joy.

380. You are the master of yourself and nobody but yourself is your own master. You are the sole guide of yourself, so you control yourself just as a horse merchant does his good horse.

၃၈၁။ ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

၃၈၁။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး၍ ၀မ်းမြောက်ခြင်းများသော ရဟန်းသည် သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။

381. For the monk who is firm and has deep affection in Buddha's teachings, with full of joy, will attain Nibbana where the end of sankharas, cessation of volitional formations.

၃၈၂။ ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း မြတ်စွာဘုရားသာသနာတော်၌ စင်စစ် လုံ့လ ကြိုးကုတ်အားထုတ်၏၊ ထိုရဟန်းသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းတောက်ပစေ၏။

382. Though young in age, a monk who has a relentless striving in Buddha's teachings brightens up the world like the moon free from clouds.
၂၄။ တဏှာဝဂ္ဂ Chapter 24

Chapter 24

၃၃၄။ မနုဇဿ ပမတ္တစာရိနော၊ တဏှာ ၀ဍ္ဎုတိ မာလုဝါ ၀ိယ။
သော ပ္လ၀တီ ဟုရာ ဟုရံ၊ ဖလမိစ္ဆံဝ ၀နသ္မိ ၀ါနရော။

၃၃၅။ ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ၀ိသတ္တိကာ။
သောကာ တဿ ပ၀ုဍ္ဎုန္တိ၊ အဘိဝဋ္ဌံဝ ဗီရဏံ။

၃၃၆။ ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပတန္တိ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။

၃၃၇။ တံ ဝေါ ၀ဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

၃၃၄။ မေ့လျော့သောသတ္တ၀ါအား မာလောပေါက်နွယ်ကဲ့သို့ တဏှာတိုးပွား၏၊ သစ်သီးကိုအလိုရှိသောမျောက်သည် တောတွင်း၌ တစ်ပင်မှတစ်ပင် ခုန်လွှားကူးသန်းသကဲ့သို့ ထို တဏှာတိုးပွားသူသည် တစ်ဘ၀မှ တစ်ဘ၀သို့ ပြေးသွားရာ၏။

၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ ကြီးပွားသကဲ့သို့ လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။

၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှဉ်းဆဲနိုင်ခဲ့မူ ထိုပုဂ္ဂိုလ်သဏ္ဌန်မှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျောကျကုန်၏။

၃၃၇။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာကြကုန်သော သင်တို့အား ငါသည် ကောင်းသောစကားကို ဟောအံ့၊ ပန်းရင်းခေါ်သောပြိတ်မြက်၏အမြစ်ကို အလိုရှိသူသည် ပြိတ်မြက်ပင်ကို တူးရသကဲ့သို့ နိဗ္ဗာန်ကို အလိုရှိသူသည် တဏှာ၏ အမြစ်အရင်းကိုတူးပစ်ကြကုန်လော့၊ ရေအလျင်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီးစေလင့်။

334. For a heedless person the craving grows like a Maluva creeper. That person has to go from existence to existence (rebirths and deaths) like a monkey jumping from one tree to another wishing for fruit.

335. Whoever in the world is overwhelmed by craving, his sorrow grows more and more, like the entangling creeper, birana grass, well grown by rained upon.

336. But whoever in the world overcomes that craving which is hard to abandon, sorrow falls away from that person like drops of water from a lotus leaf.

337. Therefore I will tell good luck to all of you who have gathered here; uproot craving entirely to get to Nibbana, as the person who seeks the fragrant root digs the grass above, so the killer desires may not destroy you again and again, as a running river destroys reeds.

၃၃၈။ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနရေ၀ ရူဟတိ။
ဧ၀မ္ပိ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။

၃၃၉။ ယဿ ဆတ္တိံသတိ သောတာ၊ မနာပသ၀နာ ဘုသာ။
မဟာ ၀ဟန္တိ ဒုဒ္ဒိဋ္ဌိံ၊ သင်္ကပ္ပါ ရာဂနိဿိတာ။

၃၄၀။ သ၀န္တိ သဗ္ဗဓိ သောတာ၊ လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊ မူလံ ပညာယ ဆိန္ဒထ။

၃၄၁။ သရိတာနိ သိနေဟိတာနိ စ၊ သောမနဿာနိ ဘ၀န္တိ ဇန္တုနော။
တေ သာတသိတာ သုခေသိနော၊ တေ ဝေ ဇာတိဇရူပဂါ နရာ။

၃၄၂။ တသိဏာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
သံယောဇနသင်္ဂသတ္တကာ၊ ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။

၃၄၃။ တသိဏာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
တသ္မာ တသိဏံ ၀ိနောဒယေ၊ အာကင်္ခန္တ ၀ိရာဂမတ္တနော။

၃၃၈။ ရေသောက်မြစ်ကို မဖျက်ဆီးဘဲ မနုတ်ဘဲ ပင်စည်ကိုဖြတ်သော်လည်း သစ်ပင်သည် တစ်ဖန် ပေါက်ရောက် စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသော တဏှာကို မဖျက်ဆီးအပ်သေးသည်ရှိသော် ဤပဋိသန္ဓေ နေရခြင်းစသော ဆင်းရဲသည် အဖန်ဖန်အထပ်ထပ် ဖြစ်ရ၏။

၃၃၉။ အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည် ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။

၃၄၀။ တဏှာတည်းဟူသော ရေအလျဉ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီးကုန်၏၊ တဏှာတည်းဟူသော နွယ်သည် ဒွါရခြောက်ပါး၌ဖြစ်၍ အာရုံခြောက်ပါး၌တည်၏၊ ထိုတဏှာတည်းဟူသောနွယ်ကို မြင်၍ ထိုတဏှာ နွယ်မြစ်ကို မဂ်ပညာဖြင့် ဖြတ်ကြကုန်လော့။

၃၄၁။ သတ္တ၀ါတို့အား အောက်မေ့ခြင်း ချစ်ခြင်း ၀မ်းမြောက်ခြင်းတို့သည် ဖြစ်ကုန်၏၊ ထိုသူတို့သည် သာယာဖွယ် ၌မှီကုန်လျက် ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မုချကပ်ရောက်ကြရကုန်၏။

၃၄၂။ တဏှာဖြင့် ၀န်းဝိုင်းခြံရံအပ်ကုန်သော သတ္တ၀ါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံထိတ်လန့် နေကြရကုန်၏၊ ကာမရာဂစသော သံယောဇဉ်အစေးဖြင့် ကပ်ငြိကုန်သောသူတို့သည် အဖန်တလဲလဲ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲကို ကပ်ရောက်ကြကုန်၏။

၃၄၃။ တဏှာဖြင့် ၀န်းဝိုင်းခြံရံအပ်ကုန်သော သတ္တ၀ါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံထိတ်လန့် နေကြရကုန်၏၊ ထို့ကြောင့် ရာဂကင်းခြင်းကို တောင့်တသောသူသည် တဏှာကို ပယ်ဖျောက်ရာ၏။

338. A tree will grow again though it is cut down as long as its root has not been destroyed and is firm, in the same way if the root of craving is not wholly uprooted, suffering (rebirths) will come again and again.

339. For the person there are thirty-six mighty streams (six senses and their corresponding objects) of craving running towards pleasure; with wrong view his thoughts fixed with passion (associated with ta hnar,
ra ga), will sweep him away in the flow.

340. The streams of craving flow everywhere; the creeper of craving has sprung up from six sensual orifices of the body and established six mental states. Having seen the creeper sprung up, cut out its root with insight wisdom.

341. All beings are experienced and moved by such mental states as remembering, loving and happiness. Attached with mental defilements, seeking comfort and pleasure, such beings are certainly led to rebirths and old age.

342. Having attached by craving, people run around like a frightened hare trapped in hunter's noose, being held by fetters and bonds. They, who are stuck with bondage of Karma (ra ga) get sufferings like rebirths again and again.

343. Having attached by craving, people run around like a frightened hare trapped in hunter's noose. Therefore the person who wished to get rid of lust (ra ga) must first need to conquer desires ( ta hnar).

၃၄၄။ ယော နိဗ္ဗနထော ၀နာဓိမုတ္တော၊ ၀နမုတ္တော ၀နမေ၀ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊ မုတ္တော ဗန္ဓနမေ၀ ဓာဝတိ။

၃၄၄။ အကြင်သူသည် လူ့အဖြစ်၌နေခြင်းဟူသော တောကိုစွန့်၍ အကျင့်တည်းဟူသောတောသို့ သက်ဝင်ခဲ့၏။ အိမ်ရာထောင်မှု တဏှာတောမှ လွတ်ပြီးလျက် အိမ်ရာထောင်မှု တဏှာတောသို့ပင် ပြေးဝင်ပြန်၏၊ လာကြကုန်လော့၊ ထိုပုဂ္ဂိုလ်ကို ရှုကြကုန်လော့၊ အိမ်ရာထောင်မှု အနှောင်အဖွဲ့မှလွတ်ပြီးလျက် အိမ်ရာထောင်မှု အနှောင်အဖွဲ့သို့သာလျှင် ပြေးဝင်၏။

344. The person who has desires makes himself free from desires as he has left his home to enter another, but when he is free he then returns his life of old desires – come see this person, he became free and he ran back to his old home.

၃၄၅။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊ ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

၃၄၆။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ သြဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊ အနပေက္ခိနော ကာမသုခံ ပဟာယ။

၃၄၅-၃၄၆။ သံဖြင့်ပြုလုပ်သော သံခြေကျဉ်းစသော အနှောင်အဖွဲ့ သစ်သားဖြင့်လုပ်သော ထိတ်တုံးစသော အနှောင်အဖွဲ့ မြက်လျှော်တို့ဖြင့်ပြုလုပ်သော ကြိုးစသော အနှောင်အဖွဲ့မျိုးတို့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန်၊ ပတ္တမြား နားတောင်းစသော ရတနာတို့၌ လည်းကောင်း၊ သားသမီး မယားတို့၌ အလွန်တပ်မက်သော ငဲ့ကွက်မှု တဏှာအနှောင်အဖွဲ့ကို ရုန်းဖြတ်၍၊ မငဲ့ကွက်ဘဲ ကာမချမ်းသာကိုစွန့်လျက် တောထွက်ကြကုန်၏။

345-346. The wise do not say a strong fetter which is made of iron (iron legs), of wood (stocks), or of jute, but far stronger is the passionate affection on precious stones, jeweled ornaments, children and wives.
The wise say this is a strong fetter that drags the person down to the four woeful planes, is seemingly loose but hard to remove. By cutting through that bond, leaving behind all worldly pleasures and desires, wise people walk the path of wisdom.

၃၄၇။ ယေ ရာဂရတ္တာနုပတန္တိ သောတံ၊ သယံကတံ မက္ကဋကောဝ ဇာလံ။
ဧတပ္ပိ ဆေတွာန ၀ဇန္တိ ဓီရာ၊ အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

၃၄၇။ ပင့်ကူသည် မိမိပြုသော ပိုက်ကွန်၌ အိပ်သကဲ့သို့ သတ္တ၀ါတို့သည် ပြင်းစွာတပ်မက်ကုန်သည်ဖြစ်၍ မိမိတို့ပြုသော တဏှာအလျဉ်သို့ကျကုန်၏၊ ပညာရှိတို့သည် ဤတဏှာကိုဖြတ်၍ မငဲ့ကွက်ဘဲ ခပ်သိမ်းသော ဆင်းရဲကိုစွန့်လျက် သွားကုန်၏။

347. People who are firmly filled with desires and passions immerse into the stream of craving just as the spider falls and sleeps in the web it made. The wise cut through this and walk away leaving behind all passions that are the origination of sufferings.

၃၄၈။ မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘ၀ဿ ပါရဂူ။
သဗ္ဗတ္ထ ၀ိမုတ္တမာနသော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

၃၄၈။ လွန်လေပြီးသောခန္ဓာ၌ တဏှာကိုစွန့်လော့၊ နောင်ဖြစ်ပေါ်မည့်ခန္ဓာ၌ တဏှာကိုစွန့်လော့၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌ တဏှာကိုစွန့်လော့၊ အလုံးစုံ ပစ္စုပ္ပန် အတိတ် အနာဂတ်ခန္ဓာ၌ တဏှာမှလွတ်သော စိတ်ရှိလျက် ဘ၀သုံးပါး၏အဆုံးသို့ ရောက်သည်ဖြစ်၍ တစ်ဖန်အိုခြင်း နာခြင်းသို့ မကပ်လေလင့်။

348. Let go the past body with craving behind, let go the future body with craving behind, also let go the present body with craving behind, be liberated your mind free from craving in the past, present and future, so that you no longer need to enter again into old age and decay.

၃၄၉။ ၀ိတက္ကမထိတဿ ဇန္တုနော၊ တိဗ္ဗရာဂဿ သဘာနုပဿိနော။
ဘိယျော တဏှာ ပ၀ဍ္ဎုတိ၊ ဧသာ ခေါ ဒဠှံ ကရောတိ ဗန္ဓနံ။

၃၅၀။ ၀ိတက္ကူပသမေ စ ယော ရတော၊ အသုဘံ ဘာဝယတေ သဒါ သတော။
ဧသ ခေါ ဗျန္တိ ကာဟိတိ၊ ဧသ ဆေစ္ဆတိ မာရဗန္ဓနံ။

၃၄၉။ ကာမ၀ိတက် နှိပ်စက်အပ်သော ထက်သောရာဂရှိသော တင့်တယ်၏ဟု အဖန်ဖန်ရှုသော သတ္တ၀ါအား တဏှာသည် အလွန်တိုးပွားလေ၏၊ ဤသူသည် မာရ်၏အနှောင်အဖွဲ့ကို ခိုင်မြဲအောင် ပြု၏။

၃၅၀။ အကြင်ပုဂ္ဂိုလ်သည် မိစ္ဆာဝိတက် ငြိမ်းခြင်း၌သာ မွေ့လျော်၏၊ သတိရှိသည်ဖြစ်၍ အခါခပ်သိမ်း အသုဘ အာရုံကိုပွား၏၊ ဤသူသည် မာရ်၏အနှောင်အဖွဲ့ကို ကင်းအောင်ပြု၏၊ မာရ်၏ အနှောင်အဖွဲ့ကိုဖြတ်၏။

349. The person who is held by clinging, and also has strong passions, thinking that this is delightful, grows more craving passions and he actually makes his bondage stronger.

350. The person who has already abandoned miserable thoughts delights in peace, ever mindful and meditates on viewing unpleasantness of the body. That person certainly will cut the attachment and end the bondage with Mara.

၃၅၁။ နိဋ္ဌင်္ဂတော အသန္တာသီ၊ ၀ီတတဏှော အနင်္ဂဏော။
အစ္ဆန္ဒိ ဘ၀သလ္လာနိ၊ အန္တိမောယံ သမုဿယော။

၃၅၂။ ၀ီတတဏှော အနာဒါနော၊ နိရုတ္တိပဒကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊ ဇညာ ပုဗ္ဗာပရာနိ စ။
သ ဝေ အန္တိမသာရီရော၊ မဟာပညော မဟာပုရိသောတိ ၀ုစ္စတိ။

၃၅၁။ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ပြီးသူသည် ထိတ်လန့်ခြင်းမရှိ၊ တဏှာကင်း၏၊ ကိလေသာကင်း၏၊ ဘ၀သို့ ရောက်ကြောင်း ရာဂစသော ငြောင့်တံသင်းတို့ကို ဖြတ်ပြီးဖြစ်၏၊ ဤခန္ဓာကိုယ်သည် အဆုံးစွန်ဖြစ်၏။

၃၅၂။ တဏှာကင်းသော၊ စွဲလန်းခြင်းမရှိသော၊ နိရုတ္တိ ပဋိသမ္ဘိဒါ၌ လိမ္မာသော၊ အက္ခရာတို့၏ အပေါင်းကိုလည်း သိသော၊ ရှေ့နောက်အက္ခရာတို့ကိုလည်း သိသော၊ အဆုံးစွန်ဖြစ်သော ကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကြီးသောပညာရှိသူ ယောက်ျားမြတ်ဟူ၍ ခေါ်ဆိုအပ်၏။

351. The Bhikkhu who has reached to the perfection (of Arahant), has no fear, no craving and is dispassionate. He has already broken the throngs of life-giving sensual pleasures (such as ra ga). This will be his last body.

352. He who has no craving, no attachment, well understood in language and expressions (fourfold Analytical Knowledge of Patisambhida) – the arrangement of words in due order, one with the great wisdom and the final body is called the Great person.

၃၅၃။ သဗ္ဗာတိဘူ သဗ္ဗ၀ိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
သဗ္ဗဉ္ဇဟော တဏှက္ခယေ ၀ိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျံ။

၃၅၃။ ငါသည် အလုံးစုံတရားတို့ကို နှိမ်နင်း၍တည်၏၊ အလုံးစုံသော တရားသဘောကိုသိ၏၊ အလုံးစုံသော သဘောတရားတို့၌ ကပ်ငြိတွယ်တာခြင်းမရှိ၊ အလုံးစုံသော တေဘုမ္မကတရားကို စွန့်၏၊ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှလွတ်၏၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ အဘယ်သူကို ငါ့ဆရာဟု ညွှန်ပြရအံ့နည်း။

353. I have conquered all, I understand the all nature of all Dhammas, I have no attachments with regard to all Dhammas, I have no craving and already left everything behind, I am free – having understood with great wisdom and to whom should I point as my teacher?

၃၅၄။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

၃၅၄။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

354. The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings.

၃၅၅။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေ၀ အတ္တနံ။

၃၅၅။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏၊ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်၊ ပညာမဲ့သူသည် စည်းစိမ်ဥစ္စာ၌ တပ်မက်ခြင်းဖြင့် သူတစ်ပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်၏။

355. Wealth destroys the person who has little wisdom, but not those who seek the other shore, Nibbana. Affection in wealth destroys the unwise person and others.

၃၅၆။ တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ၀ီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၇။ တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ၀ီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၈။ တိဏဒေါသာနိ ခေတ္တာနိ၊ မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ၀ီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၉။ တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ၀ိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၆။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ရာဂသည် ဖျက်ဆီး၏၊ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၇။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ဒေါသသည် ဖျက်ဆီး၏၊ ထို့ကြောင့် ဒေါသကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၈။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို မောဟသည် ဖျက်ဆီး၏၊ ထို့ကြောင့် မောဟကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၉။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို အလိုရမက်သည် ဖျက်ဆီး၏၊ ထို့ကြောင့် အလိုရမက်ကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို တဏှာသည် ဖျက်ဆီး၏၊ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

356. Weeds are the cause of destruction of fields; sensual desire is the cause of destruction of humankind. Therefore donating a gift to the person who has no sensual desire has great benefit.

357. Weeds are the cause of destruction of fields; hatred is the cause of destruction of humankind. Therefore donating a gift to the person who is free from hatred has great benefit.

358. Weeds are the cause of destruction of fields; delusion is the cause of destruction of humankind. Therefore donating a gift to the person who is free from delusion has great benefit.

359. Weeds are the cause of destruction of fields, desire (craving) is the cause of destruction of humankind. Therefore donating a gift to the person who is free from desire has great benefit.
၂၃။ နာဂ၀ဂ္ဂ Chapter 23

Chapter 23

၃၂၀။ အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။

၃၂၁။ ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုေဿသု၊ ယောတိဝါကျံ တိတိက္ခတိ။

၃၂၂။ ၀ရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓ၀ါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ၀ရံ။

၃၂၀။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့)ကျရောက်လာသောမြားကို မတုန် မလှုပ်ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ လောကီဘုံသား လူအများသည် သီလမရှိသည်သာတည်း။

၃၂၁။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ဆောင်ကုန်၏၊ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းသည်စီး၏၊ လွန်ကျူးစော်ကားသောစကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။

၃၂၂။ အဿတိုရ်မြင်းတို့သည် လည်းကောင်း၊ အာဇာနည်မြင်းတို့သည် လည်းကောင်း၊ သိန္ဓောမြင်းတို့သည် လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည် လည်းကောင်း ယဉ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏၊ ကိုယ် စိတ်နှစ်ပါးကို ဆုံးမယဉ်ကျေးပြီးသူသည် ထို မြင်း ဆင်တို့ထက် လွန်မြတ်၏။

320. Like an elephant in the battle endures the arrows shot from the bow, I, as the Buddha, will endure the abusive words as the majority of people are of poor virtue (immoral).

321. They take a tamed elephant or horse to the crowd (assembly); the King also mounts a tamed elephant or horse. Among people a tamed one is the best who can endure the abusive words.

322. Noble horses and mules are good if tamed, so also great elephants; but the person who tames himself is even better.

၃၂၃။ န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။

၃၂၃။ ဤပြကတေ့သော ဆင်ယာဉ် မြင်းယာဉ်တို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မရောက်နိုင်သည်သာတည်း၊ ၀ိပဿနာအခိုက် စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့်လည်းကောင်း၊ မဂ်အခိုက် မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့်လည်းကောင်း ယဉ်ကျေးပြီးသူသည်သာ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်၏။

323. It is not by these horses and elephants that one may not go to Nibbana. Only when practicing vipassana meditation or while in magga Samadhi one who already tamed by himself can reach Nibbana where untravelled before.

၃၂၄။ ဓနပါလော နာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊ သုမရတိ နာဂ၀နဿ ကုဉ္ဇရော။

၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန်ခဲယဉ်းသော ဓနပါလမည်သောဆင်သည် အဖွဲ့အချည် ခံရသဖြင့် အစားအစာကို မစားနိုင်၊ ဆင်သည် မိမိနေရာ ဂန့်ဂေါ်တောကိုသာ အောက်မေ့နေ၏။

324. The bull elephant named Danapala, in time of rut, being taken captive, is hard to control. It does not eat any food when bound; the elephant only remembers his elephant grove.

၃၂၅။ မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊ နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊ ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

၃၂၅။ ထိုင်းမှိုင်းငိုက်မျဉ်းကာအိပ်လျက် အစားကြီးသော ၀က်ကြီးကဲ့သို့ တလူးလူး တလဲလဲ အိပ်လေ့ရှိသည့် ပညာနုံ့သူသည် (အနိစ္စ အစရှိသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့်) အဖန်ဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

325. When a person is lazy and becomes a great eater who sleeps and rolls like a big hog can't concentrate in mindfulness, gets the rebirth again and again.

၃၂၆။ ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊ ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော၊ ဟတ္ထိပ္ပဘိန္နံ ၀ိယ အင်္ကုသဂ္ဂဟော။

၃၂၆။ ဤစိတ်သည် ရှေးအခါက လိုရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စား ခဲ့လေပြီ၊ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သောဆင်ကို နှိပ်ဘိ သကဲ့သို့ ငါသည် ယခုထိုစိတ်ကို အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် နှိပ်ပေအံ့။

326. My mind was used to be wandering about where it wished, where it wanted, where it pleased; now I will control it by practicing mindfulness, like the holder of the hook controls an elephant in rut.

၃၂၇။ အပ္ပမာဒရတာ ဟောထ၊ သစိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္နောဝ ကုဉ္ဇရော။

၃၂၇။ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။

327. Practice in mindfulness and take the pleasure. Guard well your mind. Lift yourself up out of the mental defilements – as would an elephant draws himself out of a muddy swamp.

၃၂၈။ သစေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံစရံ သာဓုဝိဟာရိဓီရံ။
အဘိဘုယ် သဗၺာနိ ပရိႆယာနိ၊ စေရယ် တေနတ္တမနော သတီမာ။

၃၂၉။ နော စေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံစရံ သာဓုဝိဟာရိဓီရံ။
ရာဇာဝ ရဋ္ဌံ ၀ိဇိတံ ပဟာယ၊ ဧကော စရေ မာတင်္ဂရညေ၀ နာဂေါ။

၃၃၀။ ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါဿုက္ကော မာတင်္ဂရညေ၀ နာဂေါ။

၃၂၈။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော် ပညာရှိ အဆွေခင်ပွန်းကို အကယ်၍ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ၀မ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။

၃၂၉။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော်ပညာရှိ အဆွေခင်ပွန်းကို အကယ်၍မရခဲ့မူ၊ မင်းသည် နိုင်ပြီးသောတိုင်းပြည်ကိုစွန့်၍ ထွက်သကဲ့သို့ လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း လှည့်လည်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။

၃၃၀။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ။

328. If you find a wise man in your life who is intelligent, upright and steadfast, you may walk through your life with that person joyfully and mindfully overcoming all dangers.

329. If it is hard to find a wise man in your life who is upright and steadfast to walk with, travel alone like a King abandoning a conquered land or like the Matanga elephant roaming in the forest.

330. It is better in life to go alone rather than to have a bad person as a companion. Let go alone without attachments, commit no sins like the Matanga elephant alone in the forest.

၃၃၁။ အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊ တုဋ္ဌီ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊ သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။

၃၃၂။ သုခါ မတ္တေယျတာ လောကေ၊ အထော ပေတ္တယျတာ သုခါ။
သုခါ သာမညတာ လောကေ၊ အထော ဗြဟ္မညတာ သုခါ။

၃၃၃။ သုခံ ယာဝ ဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။

၃၃၁။ အဆွေခင်ပွန်း ရှိခြင်းသည် အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ချမ်းသာ၏၊ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏၊ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏၊ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏။

၃၃၂။ လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏။

၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏၊ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏၊ ပညာကိုရခြင်းသည် ချမ်းသာ၏၊ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။

331. It is delightful having friends when an occasion arises; it is delightful having contentment with whatever being earned, it is delightful having virtue and a wholesome deed in the hour of death, and it is delightful having relinquished all misery (dukkhas) behind.

332. It is good in the world taking care of mother, also good taking care of father, a blessing too, is taking care of monks and bhikkhus, and moreover it is good taking care of Buddha and Arahants who already abandoned sins.

333. It is pleasant having virtue that lasts to old age, it is also pleasant having faith and generosity well-founded, also pleasant having attainment of wisdom, and is pleasant having refrained from doing all sins.
၂၂။ နိရယ၀ဂ္ဂ Chapter 22

Chapter 22

၃၀၆။ အဘူတ၀ါဒီ နိရယံ ဥပေတိ၊ ယော ၀ါပိ ကတွာ န ကရောမိစာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘ၀န္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

၃၀၆။ မဟုတ်မမှန် ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ မိမိပြုလုပ်လျက် မပြုလုပ်ဟု ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သောအမှု ရှိကုန်သည်ဖြစ် ၍ နောင်တမလွန်ဘ၀၌ ငရဲခံရခြင်း တူကုန်၏။

306. The person who speaks lies goes to hell, and the one who has done things said, "I haven't done this" also goes to hell. Both of them, after having passed away, will have to suffer as they sinned against truth.

၃၀၇။ ကာသာဝကဏ္ဌာ ဗလဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

၃၀၇။ ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

307. Those who have bad qualities wear the yellow robes on their necks and not have good nature and self-control; such persons are led to hell by their bad deeds.

၃၀၈။ သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။

၃၀၈။ သီလလည်းမရှိ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ် သောဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ကောင်းမြတ်သေး၏။

308. It would be better to swallow a red hot iron ball which is glowing like fire, for bad and unrestrained fellows than that one should eat the alms provided by devoted people.

၃၀၉။ စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေ၀ီ။
အပုညလာဘံ န နိကာမသေယျံ၊ နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။

၃၁၀။ အပုညလာဘော စ ဂတီ စ ပါပိကာ၊ ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ န သေဝေ။

၃၀၉။ တရားလမ်းမှန် သတိမထားဘဲ သူတစ်ပါးသားမယားကို မှီဝဲသူသည် အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း ချမ်းသာစွာမအိပ်ရခြင်း၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်းတို့သို့ ရောက်ရ၏။

၃၁၀။ မကောင်းမှုကိုလည်းရ၏၊ ယုတ်သောလားရာဂတိလည်းရှိ၏၊ ကြောက်ရွံ့ထိတ်လန့်သော ယောက်ျား၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော်ပျော်ပါးရခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏၊ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ်ကိုလည်းပေး၏၊ ထို့ကြောင့်ယောက်ျားသည် သူတစ်ပါးမယားကို မမှီဝဲရာ။

309. The person who is thoughtless takes another man's wife would go through four misfortunes: got sinned, lack of sleep peacefully, disgraced by other people and lastly hell.

310. Getting the sin, and the downward path to hell for the brief pleasure of a frightened man with frightened woman, the imposition by the King with heavy punishment; therefore let no man think of another man's wife.

၃၁၁။ ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေ၀ါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယုပကဍ္ဎုတိ။

၃၁၂။ ယံကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ၀တံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။

၃၁၃။ ကယိရာ စေ ကယိရာထေနံ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗာဇော၊ ဘိယျော အာကိရတေ ရဇံ။

၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် ကိုင်သောလက်ကိုသာလျှင် ခွဲရှသကဲ့သို့ မကောင်းသဖြင့် ကျင့်သုံးအပ်သော ရဟန်းအဖြစ်သည် ထိုရဟန်းကိုပင် ငရဲသို့ဆွဲချ၏။

၃၁၂။ လျော့ရဲစွာပြုအပ်သော အမှုကိစ္စတစ်စုံတစ်ခုသည် လည်းကောင်း၊ ညစ်နွမ်းသော အကျင့်သည် လည်းကောင်း၊ ယုံမှားတွေးတောဖွယ်ဖြစ်သော ရဟန်းအကျင့်သည် လည်းကောင်း အကျိုးမကြီးချေ။

၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့မူ ထိုအမှုကိစ္စကို တိကျစွာ ပြုလုပ်ရာ၏၊ ထိုအမှုကိစ္စကို မြဲမြံစွာအား ထုတ်ရာ၏၊ လျော့ရဲစွာပြုအပ်သော ရဟန်းအဖြစ်သည် ကိလေသာမြူကို ထပ်လောင်းကြဲဖြန့်တတ်၏။

311. Just as a blade of grass, if badly grasped, cuts the hand, the life of a monk, if imperfectly followed, will only lead him to hell.

312. For an act carelessly performed, when sacred vows are broken, a monk's life with suspicion and hesitation – these may have no great results.

313. If a thing is to be done, let one do it firmly. A thoughtless, careless Bhikkhu only raises the dust (messing things up) – the dust of desires.

၃၁၄။ အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။

၃၁၄။ မကောင်းမှုကို မပြုခြင်းသည်မြတ်၏၊ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏၊ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏၊ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။

314. A misdeed is better left undone, as it torments afterwards; a good deed is better done, for having done it, one needs not have worry.

၃၁၅။ နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧ၀ံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

၃၁၅။ တိုင်းပြည်အစွန်ဖြစ်သောမြို့ကို အတွင်းအပြင်နှင့်တကွ လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို အတွင်းအပြင် လုံခြုံအောင် စောင့်ရှောက်ကုန်လော့၊ သင်တို့ကို ဘုရားပွင့်ခြင်းစသော အခွင့်အခါကောင်းသည် မလွန်ပါစေလင့်၊ အခွင့်အခါကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ကြရကုန်၏။

315. Like a city on the border is guarded both inside and out, so let a man guard himself. Do not let a good moment with Buddha's Thar tha na (Sasana) slip by, for those who carelessly allow the good opportunity pass by, in the end they have to suffer when born in hell.

၃၁၆။ အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

၃၁၇။ အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

၃၁၆။ ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော
မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

၃၁၇။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ် မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

316. Those who are ashamed of what is not shameful and not ashamed of what is shameful; those people who have very wrong views go the hellish abode in the end.

317. Those who fear what they should not fear, and who do not fear what they should fear; those people who have very wrong views go to hellish abode.

၃၁၈။ အ၀ဇ္ဇေ ၀ဇ္ဇမတိနော၊ ၀ဇ္ဇေ စာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

၃၁၉။ ၀ဇ္ဇဉ္စ ၀ဇ္ဇတော ဉတွာ၊ အ၀ဇ္ဇဉ္စ အ၀ဇ္ဇတော။
သမ္မာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

၃၁၈။ အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

၃၁၉။ အပြစ်ကိုအပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန်သောကြောင့် ကောင်းသောအယူ ရှိကုန်သော သတ္တ၀ါတို့သည် သုဂတိဘ၀သို့ ရောက်ရကုန်၏။

318. Those who see sin where there is no sin, and who do not see sin where there is sin; those people who have very wrong views go to hellish abode.

319. Those who see clearly the good thing is good and the bad thing is bad; have the right views and they go to the happy state.

Thursday, February 23, 2017

၂၁။ ပကိဏ္ဏက၀ဂ္ဂ Chapter 21

Chapter 21

၂၉၀။ မတ္တာသုခပရိစ္စာဂါ၊ ပေဿ စေ ၀ိပုလံ သုခံ။
စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ၀ိပုလံ သုခံ။

၂၉၀။ အနည်းငယ်သော ချမ်းသာကို စွန့်လွတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသောချမ်းသာကို ရလိမ့်မည်ဟု မြင်ခဲ့မူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကိုမြင်သော ပညာရှိသည် အနည်းငယ်သောချမ်းသာကို စွန့်လွှတ်ရာ၏။

290. If by sacrificing a lesser pleasure when one may see a greater pleasure, the wise person leaves aside lesser pleasure looking to the greater.

၂၉၁။ ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရော သော န ပရိမုစ္စတိ။

၂၉၁။ သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေလျက် မိမိ၏ချမ်းသာကို အလိုရှိသူသည် ရန်ကိုရန်ချင်း ရောနှောသောအားဖြင့် ရောနှောခြင်း ဖြစ်ရကား ရန်မှမလွတ်နိုင်။

291. The person who causes pain to others to obtain happiness for him, having entangled in the bonds of hatred, will never be free from hatred.

၂၉၂။ ယံ ဟိ ကိစ္စံ အပ၀ိဒ္ဓံ၊ အကိစ္စံ ပန ကရီယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ၀ဍ္ဎုန္တိ အာသ၀ါ။

၂၉၃။ ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာ သတိ။
အကိစ္စံ တေ န သေ၀န္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆ န္တိ အာသ၀ါ။

၂၉၂။ ပြုသင့်ပြုထိုက်သောအမှုကို မပြုလုပ်ဘဲစွန့်ပစ်၍ မပြုသင့် မပြုထိုက်သော အမှုကိုမူကား ပြုလုပ်ကာ မာန ထောင်လွှားလျက် မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွားကုန်၏။

၂၉၃။ အကြင်သူတို့ကား ကာယဂတာသတိကို အမြဲကောင်းစွာ အားထုတ်ကြကုန်၏၊ ထိုသူတို့သည် မပြုသင့် မပြုထိုက်သောအမှုကိုမပြု မမှီဝဲကုန်၊ ပြုသင့်ပြုထိုက်သောအမှု၌ မပြတ်ပြုလုပ်ကြကုန်၏။ သတိရှိသူ ကောင်းစွာ အပြားအားဖြင့်သိမှု သမ္ပဇဉ်ဉာဏ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ခြင်းသို့ရောက်ကုန်၏။

292. By not doing what should be done and what is not to be done is done; sinful desires will increase in the person who is arrogant and proud.

293. Those who have well undertaken, constantly mindful with regard to the nature of the body, who do not attend to what is not to be done, persevering in what is to be done. Of those mindful and attentive; mental desires come to an end.

၂၉၄။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

၂၉၅။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ သောတ္ထိယေ။
ဝေယဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော ရေမြေအရှင် ဘုရင်မင်းမြတ်နှစ်ပါးတို့ကို လည်းကောင်း၊ နန္ဒီရာဂ တည်းဟူသော အခွန်သိမ်း အမတ်နှင့်တကွ အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော တိုင်းပြည်ကို လည်းကောင်း သတ်ခြင်းကြောင့် ဆင်းရဲကင်းလျက်သွားရ၏။

၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော မင်းပုဏ္ဏားနှစ်ပါးတို့ကို လည်းကောင်း သတ်သောကြောင့် ကျားရဲရှိ သောခရီးနှင့်တူသော ၀ိစိကိစ္ဆာလျှင် ငါးခုမြောက် နီဝရဏ အတားအဆီးကို ပယ်ဖျက်ကာ ဆင်းရဲကင်းလျက် သွားရ၏။

294. Killing mother (as craving) and father (as pride), and two warrior kings (as grasping and rejecting), killing a kingdom with all its subjects (sense-avenues and sense-objects), the Arahant goes without any grief.

295. Killing mother (as craving) and father (as pride), and two learned kings (as eternalism and nihilism), killing five eminent men (as sensuality, ill-will, stupefaction, excitation followed by regret and doubt), the Arahant goes untroubled.

၂၉၆။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

၂၉၇။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

၂၉၈။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

၂၉၉။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

၃၀၀။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။

၃၀၁။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

၂၉၆။ နေ့ရောညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့ သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၇။ နေ့ရောညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၈။ နေ့ရောညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၉။ နေ့ရောညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၃၀၀။ နေ့ရောညဥ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၃၀၁။ နေ့ရောညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

296. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on Buddha's virtues.

297. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on the virtues of his Teaching, Dhamma.

298. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on the virtues of his Community, Sangha.

299. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on fleeting nature of the body.

300. The disciples of Gotama are always wide awake and watchful, and their mind day and night delights in compassion.

301. The disciples of Gotama are always wide awake and watchful, and their mind day and night delights in the practice of loving kindness meditation.

၃၀၂။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခောသမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။

၃၀၂။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ ရဟန်းပြုနိုင်ခဲ၏၊ သူတော်အကျင့်၌ မွေ့လျော်နိုင်ခဲ၏၊ အိမ်၌ မပြည့်မစုံ နေရခြင်း သည် ဆင်းရဲ၏၊ သဘောမတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏၊ သံသရာ ခရီးသွားရခြင်းသည် ဆင်းရဲသို့ ကျတတ်၏၊ ထို့ကြောင့် သံသရာခရီးသွား မဖြစ်ရာ၊ ဆင်းရဲသို့ ကျရောက်သူ မဖြစ်ရာ။

302. It is hard to leave the wealth and become a novice (to be a monk) – hard to enjoy therein. The householder's life is also difficult and burdensome. It is also hard to live with incompatible ones. And samsara travelers are trapped in suffering. So be not a traveler. And be not trapped in suffering.

၃၀၃။ သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသောဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။

၃၀၃။ သဒ္ဓါတရားလည်းရှိ သီလလည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏။

303. The generous one who is perfect with virtue, possessed of companions and wealth, will be held in honors wherever that person may go.

၃၀၄။ ဒူရေ သန္တော ပကာသေန္တိ၊ ဟိမ၀န္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။

၃၀၄။ ဟိမ၀န္တာတောင်သည် အဝေး၌တည်သော်လည်း ထင်ရှားသကဲ့သို့ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏၊ ညဥ့်အခါ ပစ်လိုက်သည့် မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။

304. The virtuous persons are visible from far away, like the Himalaya Mountains; but the sinful though very near are in darkness, invisible like arrows shot in the night.

၃၀၅။ ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ၀နန္တေ ရမိတော သိယာ။

၃၀၅။ မပျင်းမရိမူ၍ တစ်ယောက်တည်းနေ တစ်ယောက်တည်းအိပ် တစ်ယောက်တည်း လှည့်လည် သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တစ်ယောက်တည်း တောင်၌ မွေ့လျော်ရာ၏။

305. Without sloth, the person stays alone, sleeps alone, and walks alone, controls by oneself, would be delighted in the solitude of the forest / mountain.
၂၀။ မဂ္ဂ၀ဂ္ဂ Chapter 20

Chapter 20

၂၇၃။ မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။

၂၇၄။ ဧသေ၀ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ၀ိသုဒ္ဓိယာ။
ဧတဥှိ တုမှေ ပဋိပဇ္ဇထ၊ မာရေဿတံ ပမောဟနံ။

၂၇၅။ ဧတဥှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။

၂၇၆။ တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

၂၇၃။ လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည် အမြတ်ဆုံးဖြစ်၏၊ သစ္စာအားလုံးတို့တွင် အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏၊ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။

၂၇၄။ ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်းအတွက် ခရီးမှန်ဖြစ်၏၊ ဤလမ်းခရီးမဂ်မှ တစ်ပါးသောခရီးသည် မရှိတော့ပြီ၊ ထို့ကြောင့် သင်တို့သည် ဤခရီးမှန်ကိုသာ သွားကြကုန်လော့၊ ဤခရီးမှန်သည် မာရ်မင်းမမြင်နိုင်သော လမ်းခရီးတည်း။

၂၇၅။ သင်တို့သည် ဤမဂ်ဟူသောလမ်းမှန်ကို သွားကြကုန်သည်ရှိသော် ဆင်းရဲအဆုံးကို ပြုရကုန်လတ္တံ့၊ ငါသည် ရာဂစသော ဆူးငြောင့်ကင်းသောလမ်းမှန်ကို ကိုယ်တိုင်သိ၍ သင်တို့ အား မဂ်ဟူသောလမ်းမှန်ကို ညွှန်ကြားအပ်ပြီ။

၂၇၆။ သင်တို့သည် ကိုယ်တိုင်ပြုဖွယ်ကိစ္စကို အားထုတ်ကြကုန်လော့၊ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြားရုံမျှ ဖြစ်ကုန်၏၊ ကျင့်ကြကုန်၍ ကိလေသာကို ရှို့မြှိုက်ကြသူတို့သည်သာ မာရ်မင်း အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။

273. Of all the paths, the Eightfold Path is the best. Of truths, the Four Noble truths are the best. Detachment (Passionless ness) is the best of principles; and of two-footed persons, Buddha, the Man of Vision who has eyes to see insight.

274. This is the Path; there is no other that leads to Purity of Vision. Go along this path; this is what Mara can't see.
275. If you go on this way you will make an end of suffering. I showed this way when I had understood the removal of darts and thorn (of lust, passions) as cravings.

276. You yourself must make an effort. Buddhas (The Awakened Ones) only show the path. For those meditative ones who enter this path are free from the bondage of Mara.

၂၇၇။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

၂၇၇။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

277. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are transient. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

၂၇၈။ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

၂၇၈။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

278. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are suffering. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

၂၇၉။ သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

၂၇၉။ အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

279. Through Vipassana wisdom (pyin nyar) one sees by insight that all things, Dhamma are anatta which means 'no self'. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

၂၈၀။ ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊ ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊ ပညာယ မဂ္ဂံ အလသော န ၀ိန္ဒတိ။

၂၈၀။ ပျိုမျစ်နုထွား ခွန်အားနှင့်ပြည့်စုံပါသော်လည်း ထကြွသင့်သောအခါ၌ ထကြွမှုလုံ့လမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံဝိတက်များ၍ အလွန်ပျင်းရိသူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယမဂ်ကို မရနိုင်။

280. One does not arise and strive when it is time to rise and strive though young and strong but fills with laziness and lack of determination, that person does not reach enlightenment which can find only with right-mindedness (rational thinking).

၂၈၁။ ၀ါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန စ နာကုသလံ ကယိရာ။
ဧတေ တယော ကမ္မပထေ ၀ိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

၂၈၁။ ၀စီဒုစရိုက်ကို ကောင်းစွာရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကိုအစဉ် စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မနောဒုစရိုက်ကို စောင့်စည်းရာ၏၊ ကိုယ်ဖြင့်လည်း အကုသိုလ်ကိုမပြုရာ၊ ထိုကမ္မပထတရား သုံးပါးတို့ကို သုတ်သင်ပြီးလျှင် မြတ်စွာဘုရားဟောကြားအပ်သော မဂ်ကိုပြီးစေရာ၏။

281. Always careful in speech (wa zi) and well restrain in mind (ma nor), and one should not do any harm with the body (kar ya). Make sure to purify all these three actions and fulfill the Path (to wisdom) made known by Buddha.

၂၈၂။ ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘ၀ါယ ၀ိဘ၀ါယ စ။
တထာတၱာနံ နိေ၀ေသယ်၊ ယထာ ဘူရိ ပ၀ၯုတိ။

၂၈၂။ ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှုလုံ့လကြောင့် ပညာဖြစ်ပွား၏၊ အားထုတ်မှု လုံ့လမရှိခြင်း ကြောင့် ပညာကုန်ခန်း၏၊ ပညာဖြစ်ပွားခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာတိုးပွား၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။

282. Wisdom arises through meditative effort; wisdom disappears through lack of effort; knowing this two-fold path of growth and decline, one should arrange oneself so that wisdom increases.

၂၈၃။ ၀နံ ဆိန္ဒထ မာ ရုက္ခံ၊ ၀နတော ဇာယတေ ဘယံ။
ဆေတွာ ၀နဉ္စ ၀နထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။

၂၈၄။ ယာဝ ဟိ ၀နထော န ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနောဝ တာဝ သော၊ ၀စ္ဆော ခီရပကောဝ မာတရိ။

၂၈၃။ ရဟန်းတို့ တဏှာတည်းဟူသောတောကို ခုတ်ဖြတ် ကြကုန်လော့၊ ပြကတေ့သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊ တဏှာဟူသောတောကြောင့် ဇာတိစသောဘေး ဖြစ်၏၊ တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသောတောမှ ထွက်မြောက်ကြကုန်လော့။

၂၈၄။ နို့မခွဲသေးသော နွားငယ်သည် အမိနွားမသို့ ကပ်သကဲ့သို့ ယောက်ျားအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောက်ျားသည် ကပ်ငြိသောစိတ်ရှိသည် ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်၏။

283. O Bhikkhus, cut down the forest of desires, not a mere tree only! For the danger is in the forest. Because of desires and craving, round of rebirths happen. So cut down the forest and its undergrowth, make yourself free from desires.

284. As long as a man's desire for women, however little it may be, is not cut through, so long is his mind attached and death and rebirth of sankhara is prolonged as he is like a sucking calf tied to a mother cow.

၂၈၅။ ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေ၀ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

၂၈၅။ တန်ဆောင်မုန်းလရာသီ၌ လရောင်ကြောင့်ပွင့်သော ကုမုဒြာကြာပန်းကို လက်ဖြင့်ဖြတ်သကဲ့သို့ မိမိ၏ချစ်ခြင်းတဏှာကို ဖြတ်လော့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်ကိုသာ ဟောတော်မူအပ်၏၊ နိဗ္ဗာန်သို့ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ် တရားကိုသာလျှင် ပွားများလေလော့။

285. Cut out the desire of love (ta hnar, ra ga) like you would an autumn lily by hand. Buddha showed the path of peace, Nibbana. Foster the Dhamma taught by Buddha to get to Nibbana.

၂၈၆။ ဣဓ ၀ဿံ ၀သိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။
ဣတိ ဗာလော ၀ိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။

၂၈၆။ ဤအရပ်၌ မိုးအခါပတ်လုံးငါနေမည်၊ ဤအရပ်၌ ဆောင်းအခါ နွေအခါတို့ပတ်လုံး ငါနေမည်ဟု လူမိုက်သည် အထူးထူးအထွေထွေ ကြံစည်၏၊ ဘယ်အခါ ဘယ်အရပ်မှာ ငါသေမည်ဟု မိမိ၏ အသက်အန္တရာယ်ကိုမူကား ထိုသူ မသိရှာလေ။

286. Here I will live during the rainy season, here in winter and summer (plans for the future) – so the foolish one thinks but he does not realize the danger of when and where he sees the death.

၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

၂၈၇။ သားသမီး ကျွဲနွားဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။

287. The person whose mind is in delight with possessions of the abundance of children, cattles and belongings; is carried away by death like a great flood carries off a sleeping village.

၂၈၈။ န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓ၀ါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

၂၈၉။ ဧတမတ္ထ၀သံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ၀ိသောဓယေ။

၂၈၈။ သေမင်းနှိပ်စက်ခံရသူအား သေမင်းမှ စောင့်ရှောက်ရန်အတွက် သားသမီးတို့ မရှိကုန်၊ အမိအဖတို့လည်း မရှိကုန်၊ အဆွေခင်ပွန်းတို့လည်း မရှိကုန်၊ ဆွေမျိုးတို့တွင် စောင့်ရှောက်နိုင်မည့် သူလည်းမရှိ။

၂၈၉။ ဤအကြောင်းထူးကိုသိ၍ ပညာရှိသည် သီလကိုစောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်စွာသာလျှင် သုတ်သင်ရာ၏။

288. Children can give no protection, nor parents, nor yet spouses, there is no refuge in relatives, for the person whom death has seized.

289. The wise person with virtue who realizes this fact, would make the Path quickly that leads to Nibbana.
၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ Chapter 19

Chapter 19

၂၅၆။ န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပ၀ုစ္စတိ။

၂၅၆။ ဆုံးဖြတ်အပ်သော အမှုသဘောကို နိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌တည်သူ တရားသူကြီးမဟုတ်၊ ပညာရှိသည် ဟုတ်မှန်သောအကြောင်း မဟုတ်မမှန်သောအကြောင်း နှစ်ပါး စုံကို စုံစမ်းမေးမြန်း၍ ဆုံးဖြတ်ရာ၏။

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို နိုင်ခြင်းရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သော တရား၌တည်သူ တရားသူကြီးဟု ဆိုအပ်၏။

256. One who forcefully decides and settles matters in his own way is not righteous; a wise person considers what is right and what is wrong.

257. One who judges others justly and righteously with Dhamma, is called "One firm in Dhamma".

၂၅၈။ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟု ဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပ၀ုစ္စတိ။

၂၅၈။ စကားများစွာ ပြောကာမျှဖြင့် ပညာရှိမဖြစ်၊ ဘေးမရှိရန်မလာ ကြောက်ရွံ့မှုကင်းကွာသူကို ပညာရှိဟူ၍ ဆိုအပ်၏။

258. One is not a wise one merely because one speaks much. The one who is peaceful, loving and fearless is called a "wise one".

၂၅၉။ န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟု ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

၂၅၉။ စကားများစွာပြောကာမျှဖြင့် တရားကိုဆောင်သူမမည်၊ အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့်မြင်၏၊ ထို သစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူမည်၏။

259. One is not a Dhamma-bearer merely because one speaks much. He who hears a little of Dhamma, sees Dhamma about the Four Noble Truths by oneself mentally, and does not neglect them, is indeed, a Dhamma-bearer.

၂၆၀။ န တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။
ပရိပက္ကော ၀ယော တဿ၊ မောဃဇိဏ္ဏောတိ ၀ုစ္စတိ။

၂၆၁။ ယမှိ သစ္စဉ္စ ဓမ္မောစ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ၀န္တမလော ဓီရော၊ ထေရော ဣတိ ပ၀ုစ္စတိ။

၂၆၀။ ထိုရဟန်း၏ ဦးခေါင်းသည်ဖွေးဖွေးဖြူ၏၊ ထိုဦးခေါင်း ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ်မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟုဆိုအပ်၏။

၂၆၁။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏၊ ညှဉ်းဆဲမှုမရှိ၊ သီလစောင့်ခြင်း ရှိ၏၊ ဣနြေ္ဒကိုလည်းဆုံးမ၏၊ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏။

260. A monk can't be a venerable elder Bhikkhu because his hair has gone grey; though ripe with old age, he is indeed "old in vain".

261. But a monk can be a venerable Elder Bhikkhu if he is in truth and Dhamma, nonviolence, restraint, self-control, who has already ejected mental defilements and is wise.

၂၆၂။ န ၀ါက္ကရဏမတ္တေန၊ ၀ဏ္ဏပေါက္ခရတာယ ၀ါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။

၂၆၃။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ၀န္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ၀ုစ္စတိ။

၂၆၂။ ငြူစူတတ်သော ၀န်တိုသော စဉ်းလဲတတ်သောပုဂ္ဂိုလ်သည် ကောင်းသောစကားကို ပြောတတ်ကာမျှဖြင့် လည်းကောင်း၊ ရုပ်အဆင်း လှပကာမျှဖြင့် လည်းကောင်း ကောင်းသောသဘောရှိသည် မမည်။

၂၆၃။ အကြင်သူသည် ငြူစူခြင်း ၀န်တိုခြင်း စဉ်းလဲခြင်းဟူသော ထိုသဘောကို အကြွင်းမဲ့ဖြတ်၏၊ အမြစ်ပြတ် ပယ်နှုတ်ပြီးဖြစ်၏၊ ကိလေသာအပြစ်ကို ထွေးအန်ပြီးသော ထိုပညာရှိကို ကောင်းသောသဘောရှိသူဟု ဆိုအပ်၏။

262. A jealous, greedy and deceitful person cannot be a man of good-natured - merely by fine words and beauty of appearance.

263. But this person in whom these three sins are uprooted and who already ejected mental defilements, he is in truth a man of good-natured.

၂၆၄။ န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘ၀ိဿတိ။

၂၆၅။ ယော စ သမေတိ ပါပါနိ၊ အဏုံထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပ၀ုစ္စတိ။

၂၆၄။ ဦးပြည်းခေါင်း တုံးကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ သီလအကျင့် ဓုတင်အကျင့်လည်း မရှိသော ချွတ်ယွင်း သောစကားကိုလည်း ပြောတတ်သော လိုချင်မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာ ရဟန်းဟုတ်နိုင် ပါအံ့နည်း။

၂၆၅။ အကြင်ပုဂ္ဂိုလ်သည် အသေးအကြီးဖြစ်သော မကောင်းမှုတို့ကို အချင်းခပ်သိမ်း ငြိမ်းစေ၏၊ ထိုပုဂ္ဂိုလ်ကို မကောင်းမှုအလုံးစုံကို ငြိမ်းစေတတ်သောကြောင့် ရဟန်းဟူ၍ ဆိုအပ်၏။

264. Not by a shaven head (a skinhead), does a man become a Samana, a monk. How can a man be a Samana if he forgets his religious vows, if he speaks what is not true, if he still has desire and greed?

265. But one who puts away all evils, whether great or small, he is in truth a Samana because of having put away all evils.

၂၆၆။ န တေန ဘိက္ခု သော ဟောတိ၊ ယာဝတာ ဘိက္ခတေ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။

၂၆၇။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြာဟ္မစရိယ၀ါ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ဘိက္ခူတိ ၀ုစ္စတိ။

၂၆၆။ သူတစ်ပါးတို့ထံ တောင်းစားကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ တရားနှင့်မညီညွတ်သော အကျင့်ကိုယူ၍ ကျင့်ကာမျှဖြင့် ရဟန်းမည်သည်မဖြစ်။

၂၆၇။ ဤသာသနာတော်၌ အကြင်သူသည် မြတ်သောအကျင့်ရှိသည်ဖြစ်၍ ကောင်းမှု မကောင်းမှုကို ပယ်နုတ်လျက် ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့်ဆင်ခြင်၍ ကျင့်၏၊ ထိုသူကို ရဟန်းဟု ဆိုအပ်၏။

266. One may not simply be a samana because he asks for alms from others; and one may not thereby a samana just for having taken up wrong practices.

267. One who, in this circle of Buddha's Order ( in Buddha's Theravada Thar tha nar), has meritorious deeds sets aside both the wholesome and unwholesome (merit and demerit) with insight and sees the world as five aggregates with his knowledge. He, indeed, is called "Bhikkhu".

၂၆၈။ န မောနေန မုနီ ဟောတိ၊ မူဠှရူပေါ အ၀ိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ၀ရမာဒါယ ပဏ္ဍိတော။

၂၆၉။ ပါပါနိ ပရိဝဇ္ဇေတိ၊ သ မုနီ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပ၀ုစ္စတိ။

၂၆၈-၂၆၉။ အသိပညာမရှိပါဘဲ တွေဝေသော သဘောရှိသောသူသည် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမမည်၊ အကြင်ပညာရှိသည် ချိန်ခွင်ကိုကိုင်၍ ချိန်စက်သကဲ့သို့ ကောင်းမှုတည်းဟူသော အမြတ်တရားကိုယူ၍ မကောင်းမှု အကုသိုလ်တရားတို့ကို ကြဉ်ရှောင်၏၊ ထို့ကြောင့် ထိုပညာ ရှိသည် မုနိမည်၏၊ အကြင်သူသည် အဇ္ဈတ္တဗဟိဒ္ဓ ခန္ဓာနှစ်ပါးတို့ကိုသိ၏၊ ထိုသူသည်လည်း မုနိ မည်၏၊ ထိုအကြောင်းနှစ်ပါးကြောင့် မုနိဟု ဆိုအပ်၏။

268-269. One does not become a "Mu ni", a sage by silence alone if one be dull and ignorant. But a wise one who, holding a pair of scales, takes to what is the best and rejects what is bad. For that reason he is a ''Mu ni". He who understands inner and outer worlds of the body is therefore called a Sage (Mu ni).

၂၇၀။ န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ အရိယောတိ ပ၀ုစ္စတိ။

၂၇၀။ အကြင့်ကြောင့် သတ္တ၀ါတို့ကို ညှဉ်းဆဲ၏။ ထို ညှဉ်းဆဲခြင်းကြောင့် အရိယာမဖြစ်၊ သတ္တ၀ါတို့ကို မညှဉ်းဆဲ ခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

270. Because a man injures other living creatures, he is not a Noble one (Ariya). By harmlessness ( with loving kindness) towards all living beings, he is called a Noble one.

၂၇၁။ န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ၀ါ ပန။
အထ ၀ါ သမာဓိလာဘေန၊ ၀ိဝိတ္တသယနေန ၀ါ။

၂၇၂။ ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေ၀ိတံ။
ဘိက္ခု ၀ိဿာသမာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ။

၂၇၁-၂၇၂။ သီလအကျင့် ရှိကာမျှဖြင့်လည်းကောင်း အကြားအမြင် များကာမျှဖြင့် လည်းကောင်း၊ တည်ကြည်မှု သမာဓိ ရကာမျှဖြင့် လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့် လည်းကောင်း ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာ အဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏ဟူ၍ သက်သာရာ ရပ်နားခြင်းသို့ မရောက်ပါစေလင့်။

271-272. Not by precepts and moral rites, nor by much learning, nor by attainment of concentration, nor by a bed of solitude, do not think by yourself as you reach the joy of freedom (enjoyed the bliss of Renunciation – Anagami-phala) which is unknown to ordinary people. O Bhikkhu, be not contented on the way, if not having attained extinction of desires (Arthawal tayas).
၁၈။ မလ၀ဂ္ဂ Chapter 18

Chapter 18

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၆။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

၂၃၇။ ဥပနီတ၀ယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၈။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

၂၃၅။ ဥပါသကာ သင်သည် ယခုအခါဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ဖြစ်ခဲ့ပြီ၊ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏အစ ဘ၀အဆုံး၌လည်း တည်ခဲ့ပြီ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၆။ ထိုသင်သည် မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော့၊ လျင်စွာ အားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

၂၃၇။ ဥပါသကာ သင်သည်ယခုအခါအရွယ်လွန်ချေပြီ၊ သေမင်း၏ အထံသို့ သွားချိန်ရောက်ခဲ့ပြီ၊ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၈။ ဥပါသကာ သင်သည်မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော၊့ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေ လော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့ လတ္တံ့။

235. It is like a withered yellow leaf that you look like now; the messengers of Death have come near to you. You stand at the door of departure for far away journey, but you have no provisions to carry along with you for that journey (in next life).

236. Do virtuous deeds to make an island or refuge for yourself, act quickly to become a wise one. With all impurities blown off and free from mental defilements, you will reach the heavenly land of nobles.

237. And you are now well advanced in age. You are going to meet the death soon. There is no resting place on the way, and you have done no good deeds for that journey (in next life).

238. Do virtuous deeds to make an island for yourself, act quickly to become a wise one. With all impurities blown off and free from mental defilements, you will not again enter into the circle of birth and old age anymore.

၂၃၉။ အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

၂၃၉။ ပန်းတိမ်ဆရာသည် ရွှေ၏အညစ်အကြေးကို တဖြည်းဖြည်းထုတ်သကဲ့သို့ ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ်အနည်းငယ် အခွင့်ရတိုင်း ရာဂစသော အညစ်အကြေးကို ထုတ်ပယ်ရာ၏။

239. Let the wise one blow away passions and impurities of the self, little by little by chance, again and again, moment to moment, like a goldsmith removes impurities from gold.

၂၄၀။ အယသာဝ မလံ သမုဋ္ဌိတံ၊ တတုဋ္ဌာယ တမေ၀ ခါဒတိ။
ဧ၀ံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

၂၄၀။ သံချေးသည် သံမှပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ လွန်ကျူး၍ကျင့်သောသူကို မိမိကျင့်ကြံမှုတို့သည် ဒုဂ္ဂတိဘ၀သို့ ဆောင်ကုန်၏။

240. Like rust eats away the iron from which it is sprung, so do one's misdeeds lead that person to the evil path.

၂၄၁။ အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ၀ဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ ပျင်းရိခြင်းသည် အဆင်းလှပခြင်း၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏။

241. No recitation leads to the rust of Literary work of scriptures, no maintenance leads to destruction of a house, laziness leads the taint of beauty, forgetfulness leads to impurity of the guardian.

၂၄၂။ မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိ စ။

၂၄၃။ တတော မလာ မလတရံ၊ အ၀ိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

၂၄၂။ လင်ကိုလွန်ကျူး၍ကျင့်ခြင်းသည် မိန်းမ၏ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ နှမြောဝန်တိုခြင်းသည် ပေးလှူသူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဤဘ၀၌လည်းကောင်း၊ တမလွန်ဘ၀၌လည်းကောင်း ဧကန်ပျက်စီးကြောင်း အညစ်အကြေးမည်ကုန်၏

၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးကား အမှန်ကိုမသိမှု အ၀ိဇ္ဇာပင်တည်း၊ ရဟန်းတို့ ဤအလွန်ကဲဆုံး အ၀ိဇ္ဇာ အညစ်အကြေးကို သုတ်သင်၍ အညစ်အကြေး ကင်းစေကုန်လော့။

242. Misconduct is the impurity of a woman; stinginess is the impurity of a donor. Evil things are indeed impurities in this world and the beyond.
243. But the greatest of all impurities is ignorance (Awaitzar), O Bhikkhus! Throw this away and become pure from sin.

၂၄၄။ သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။

၂၄၅။ ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

၂၄၄။ အရှက်မရှိသူသည် ရဲတင်းသောကျီးနှင့်တူသဖြင့် လည်းကောင်း၊ သူတစ်ပါးဂုဏ်ကို ဖျက်စီးသဖြင့်လည်းကောင်း၊ သူတစ်ပါးပြုသည်ကို မိမိပြုသယောင်ဆောင်သဖြင့် လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊ အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။

၂၄၅။ အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တိုသဖြင့်လည်းကောင်း၊ မကြမ်း ကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက်မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့် လည်းကောင်း အသက်မွေးမှုပြုသောကြောင့် အသက်မွေးမှု ခဲယဉ်း၏။

244. Life is easy for those who shamelessly are bold as a crow, for the impudent, for the mischief-maker, for the arrogant and insulting, for the impure.

245. Life is hard to live for the modest always seeking purity, free from clinging, and not impudent, is detached (not stingy), pure in the mode of life.

၂၄၆။ ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။

၂၄၇။ သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေ၀ မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။

၂၄၈။ ဧ၀ံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မော စ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

၂၄၆-၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ ပိုင်ရှင်မပေးသော သူ့ဥစ္စာကို ခိုးယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ သေရည်သေရက်ကိုလည်း သောက်စား၏၊ ထိုသူသည် ဤဘ၀၌ပင်လျှင် မိမိ၏ မူလရင်း အခြေအမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏။

၂၄၈။ အိုယောက်ျား ကိုယ်စသည်ကိုစောင့်စည်းမှု ကင်းဝေးသူတို့သည် ယုတ်ညံ့သောသဘော ရှိကုန်၏ဟု သိလေ လော့၊ လောဘသည် လည်းကောင်း ဒေါသသည် လည်းကောင်း သင့်ကို ကြာမြင့်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေလင့်။

246-247. Whoever in this world destroys life, speaks untruth, takes what is not given, and goes to another's wife, and gets drunk with intoxicants, digs up his own root right here in this world (leads to his own destruction).

248. O man! Know this; that the lack of self-control means wrongdoing. Do not let greed and wrongdoing oppress you into prolonged suffering.

၂၄၉။ ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာပသာဒနံ ဇနော။
တတ္ထ ယော စ မင်္ကု ဘ၀တိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ၀ါ ရတ္တိံ ၀ါ၊ သမာဓိမဓိဂစ္ဆတိ။

၂၅၀။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝေ ဒိဝါ ၀ါ ရတ္တိံ ၀ါ၊ သမာဓိမဓိဂစ္ဆတိ။

၂၄၉။ လူအပေါင်းသည် တစ်စုံတစ်ယောက်အား ယုံကြည်သည့်အလျောက် ကြည်ညိုသည့်အလျောက် ပေးကမ်း လှူဒါန်း၏၊ စားဖွယ်သောက်ဖွယ်စသည်ကို သူတစ်ပါးတို့ ပေးလှူရာ၌ မျက်နှာမသာသူသည် နေ့အခါ၌ လည်းကောင်း၊ ညဥ့်အခါ၌ လည်းကောင်း စိတ်၏ တည်ကြည်မှုကိုမရ။

၂၅၀။ အကြင်သူသည် ဤမျက်နှာမသာမှုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏၊ ထိုသူသည် နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း စိတ်၏တည်ကြည်မှုကို ဧကန်ရ၏။

249. People make donations according to their faith: if one's thoughts are disturbed by what has given out to others, that person may not attain concentration by day and by night.

250. But when this is cut off and uprooted, then that person can attain concentration by day and by night.

၂၅၁။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

၂၅၁။ ရာဂနှင့်တူသော မီးသည်မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သတ္တ၀ါသည်မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည်မရှိ၊ တဏှာနှင့်တူသော မြစ်သည်မရှိ။

251. There is no fire like passion, no captor like anger, there is no net like illusion and there is no river like craving.

၂၅၂။ သုဒဿံ ၀ဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ၀ဇ္ဇာနိ၊ သြပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတ၀ါ သဌော။

၂၅၂။ သူတစ်ပါးတို့၏အပြစ်ကို မြင်လွယ်၏၊ မိမိ၏အပြစ်ကိုကား မြင်နိုင်ခဲ၏၊ ထိုသူသည် ဖွဲကိုလွှင့်သကဲ့သို့ သူ တစ်ပါးတို့၏ အပြစ်ကိုလွှင့်၏ စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည် ကိုယ်ကို သစ်ရွက်စသည်ဖြင့် ဖုံးလွမ်း သကဲ့သို့ မိမိ၏ အပြစ်ကိုမူကား ဖုံးလွှမ်း၏။

252. It is easy to see the fault of others, but one's own is hard to see. One shows the faults of others like chaff winnowed in the wind, but one conceals one's own faults as a cunning bird hunter who hides under the leaves.

၂၅၃။ ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသ၀ါ တဿ ၀ဍ္ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။

၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

253. One who sees the faults of others is always ready to blame. This makes him increase of compulsions (Arthawal taya). Such one is far from extinction of compulsion.

၂၅၄။ အာကာသေ၀ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။

၂၅၅။ အာကာသေ၀ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

၂၅၄။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်းမရှိ၊ သတ္တ၀ါတို့သည် သံသရာချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိ တရား၌ မွေ့လျော်ကုန်၏၊ ဘုရားရှင်တို့သည် သံသရာ ချဲ့ထွင်တတ်သောတရားမှ ကင်းကုန်၏။

၂၅၅။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရဖိုလ်ရ ရဟန်းမရှိ၊ မြဲကုန်သောသင်္ခါရ တရားတို့သည် မရှိကုန်။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်းမရှိ။

254. There is no footstep in the sky; no true monk is found outside the Buddhist Order (in Buddha's Theravada Thar tha nar), the world delights in pleasures, Buddhas have overcome from such pleasures.

255. There is no footstep in the sky; no true monk is found outside the Buddhist Order (in Buddha's Theravada Thar tha nar), no Sankhara is eternal; Buddhas have no agitation.

Wednesday, February 22, 2017

၁၇။ ကောဓ၀ဂ္ဂ Chapter 17

Chapter 17

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ၀ါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

၂၂၂။ လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးသွားသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသော ရထားထိန်းဟူ၍ ငါဆို၏၊ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏။

222. One who controls rising anger as a chariot controls his carriage at full speed not going off the track, that one I call a true charioteer, others merely rein-holders.

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိက၀ါဒိနံ။

၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်အောင်ရာ၏၊ မကောင်းသော သဘောရှိသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

223. One would conquer anger by loving-kindness, one would conquer evil by good, one would conquer the mean by generosity, and one would conquer the man who speaks lies by truth.

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။

၂၂၄။ မှန်သောစကားကို ပြောဆိုရာ၏၊ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ရောက်ရ၏။

224. Let one tell the truth, let one not be angry, when asked, let one give, even be it a little. By these three factors, one would attain the world of gods (Deva).

၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရစသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

225. The Arahants who do no harm to others, who are always in control of the body, go to the immortal Nibbana, where once gone they sorrow no more.

၂၂၆။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသ၀ါ။

၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကြကုန်၏။

226. Those who are ever alert and watchful, who practice three discourses day and night with the intent upon Nibbana, their evil passions will come to an end.

၂၂၇။ ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

၂၂၈။ န စာဟု န စ ဘ၀ိဿတိ၊ န စေတရဟိ ၀ိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ၀ါ ပသံသိတော။

၂၂၉။ ယံ စေ ၀ိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒ၀ုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။

၂၃၀။ နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေ၀ါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ။

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့စဖူး၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ။

၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည် ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

227. It is an old saying, O Atula – not a new one, people find fault who stays silently, they find fault with one speaking much, and even with one who speaks moderately do they find fault. There is no one in this world who can escape not faulted.

228. There never was, there never will be, nor is there now, a man who is always blamed, or a man who is always praised.

229-230. But who would dare to blame the man whom the wise praise day after day, whose life is pure and full of light, in whom there is virtue and wisdom, who is pure as a pure coin of gold? Even the gods praise the man, even Brahma praises him.

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။

၂၃၂။ ၀စီပကောပံ ရက္ခေယျ၊ ၀ါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ၀ါစာယ သုစရိတံ စရေ။

၂၃၃။ မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။

၂၃၄။ ကာယေန သံဝုတာ ဓီရာ၊ အထော ၀ါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

၂၃၁။ ကိုယ်အမူအရာ ပျက်စီးမှု ကာယဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏ ကာယဒွါရဖြင့် ဒုစရိုက်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ကာယဒုစရိုက်ကိုပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ၀စီဒုစရိုက်လေးပါးကို စောင့်ရှောက်ရာ၏၊ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ၀စီဒုစရိုက်ကိုပယ်စွန့်၍ ၀စီသုစရိုက်ကိုကျင့်ရာ၏။

၂၃၃။ စိတ်အမူအရာပျက်စီးမှု မနောဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏၊ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

၂၃၄။ ပညာရှိသည် ကိုယ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ နှုတ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ စိတ်ဖြင့်ဝင် ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။

231. Guard against misdeeds caused by body, one should be restrained in body. Give up evil conduct of the body, but one should be of good bodily conduct.

232. Guard against misdeeds caused by words, one should be restrained in speech. Give up evil conduct in speech, but one should be of good conduct in speech.

233. Guard against misdeeds caused by mind, one should be restrained in thoughts. Give up evil conduct of mind, but one should be of good conduct in mind.

234. Those that are wise, whose body, words and mind are in self-control. They are indeed well-controlled.
၁၆။ ပိယ၀ဂ္ဂ Chapter 16

Chapter 16

၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

၂၁၁။ တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ၀ိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက် အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် သူတို့၏ အကျိုးစီးပွားကို ငါရမူကား ကောင်းလေစွဟု လိုလားတောင့်တ၏။

၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

၂၁၁။ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့ ဂန္ထတို့ မရှိကြကုန်။

209. One who does what should not be done and fails to make efforts on virtuous deeds, who forgets the true aim of life and sinks into sensual desires – will one day envy the person who makes efforts in high contemplation.

210. Do not be in together with loved ones, also not get acquainted with unpleasant; not to see loved ones is pain, so also it is pain to see unpleasant.

211. Therefore do not make endearment, for separation from the dear is painful. Those who hold nothing dear and hate nothing has no fetters.

၂၁၂။ ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၂။ ချစ်ခင်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

212. From pleasure comes sorrow, from pleasure comes fear; one who is free from endearment, there is no fear and sorrow.

၂၁၃။ ပေမတော ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၃။ မြတ်နိုးမှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မြတ်နိုးမှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

213. From affection comes sorrow, from affection comes fear; one who is free from affection, there is no fear and sorrow.

၂၁၄။ ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ။
ရတိယာ ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၄။ မွေ့လျော်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မွေ့လျော်မှုကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ မွေ့လျော်မှုမှ ကင်းလွတ် သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

214. From enjoyment comes sorrow, from enjoyment comes fear; one who is free from enjoyment, there is no fear and sorrow.

၂၁၅။ ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၅။ ကာမကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ကာမကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ ကာမမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

215. From sensual desire comes sorrow, from sensual desire comes fear; one who is free from sensual desire, there is no fear and sorrow.

၂၁၆။ တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၆။ တဏှာကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ တဏှာကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

216. From craving comes sorrow, from craving comes fear; one is free from craving, there is no fear and sorrow.

၂၁၇။ သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

၂၁၇။ သီလနှင့်လည်းပြည့်စုံ ဉာဏ်အမြင်နှင့်လည်းပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ် အမှုကိစ္စကိုလည်းပြုတတ်သူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။

217. The one who has virtue and vision, who follows Dhamma, who realizes truth, and fulfills the work to be done – the world loves that person.

၂၁၈။ ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စ ဖုဋော သိယာ။
ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော၊ ဥဒ္ဓံသောတောတိ ၀ုစ္စတိ။

၂၁၈။ နိဗ္ဗာန်ကို အားကြီးစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့်တွေ့ထိကာ ကာမဘုံတို့၌ကပ်ငြိစိတ် မရှိသူကို အထက် အကနိဋ္ဌာဘုံသို့ အစဉ်အတိုင်း သွားမည့်သူဟု ဆိုအပ်၏။

218. One who is eagerly longing for the infinite Nibbana, and who is free from sensuous attachments, is the kind of person who goes upstream, for against the current of passions and worldly life he is bound for the joy of infinite.

၂၁၉။ စိရပ္ပ၀ါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။

၂၂၀။ တထေ၀ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂဏှန္တိ၊ ပိယံ ဉာတီဝ အာဂတံ။

၂၁၉။ ကြာမြင့်စွာကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကိုမြင်၍ ဆွေမျိုးမိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့သည် ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကုန်၏။

၂၂၀။ ထိုနည်းတူစွာလျှင် ဤပစ္စုပ္ပန်ဘ၀မှ တမလွန်ဘ၀သို့သွားသော ပြုပြီးသောကောင်းမှု ရှိသူကိုလည်း ဆွေမျိုးတို့သည် ပြန်ရောက်လာသောချစ်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏။

219. Like a person who has long been far away is welcomed by relatives and friends happily on his arrival.

220. In the same way the good deeds he has done in this life will receive him in his next life as relatives receive a dear one on his return.
၁၅။ သုခ၀ဂ္ဂ Chapter 15

Chapter 15

၁၉၇။ သုသုခံ ၀တ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊ ၀ိဟရာမ အဝေရိနော။

၁၉၈။ သုသုခံ ၀တ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ၀ိဟရာမ အနာတုရာ။

၁၉၉။ သုသုခံ ၀တ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿသု၊ ၀ိဟရာမ အနုဿုကာ။

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

197. Let us live in joy, in love among those who hate us. Among men who hate us, let us live free from hatred.

198. Let us live in joy, in love among those who are suffering. Among men who suffer from craving, let us live with wisdom.

199. Let us live in joy, in peace among those who struggle with greed. Among men who struggle, let us live in peace.

၂၀၀။ သုသုခံ ၀တ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘ၀ိဿာမ၊ ဒေ၀ါ အာဘဿရာ ယထာ။

၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှမရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

200. We live most happily; there is nothing at all our own. We shall be like Arbathaya Brahmas (Radiant Devas) feeding on joy.

၂၀၁။ ဇယံ ဝေရံ ပသ၀တိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

၂၀၁။ အနိုင်ရသူသည် ရန်ကိုပွါးစေ၏၊ ရှုံးသောသူသည် ဆင်းရဲစွာနေရ၏၊ ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

201. Winning brings hatred, defeated lives in miserable condition. The one who has given up both victory and defeat stays in comfort.

၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။

202. There is no fire like passion, there is no crime like anger, there is no suffering like the aggregate (of mind and body), and there is no peace higher than Nibbana.

၂၀၃။ ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

203. Hunger is the most severe illness; five aggregates of the Sankharas are the greatest miseries. If one knows this truly, Nibbana is the greatest joy.

၂၀၄။ အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။
ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင် သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။

204. Health is the greatest blessing. Contentment is the highest wealth. The trustworthy friend is the best kinsman. Nibbana is the greatest bliss.

၂၀၅။ ပ၀ိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

၂၀၅။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။

205. Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.

၂၀၆။ သာဟု ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေ၀ သုခီ သိယာ။

၂၀၇။ ဗာလသင်္ဂတစာရီ ဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေ၀ သဗ္ဗဒါ။
ဓီရော စ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

၂၀၈။ တသ္မာ ဟိ- ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ၀တ၀န္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

၂၀၇။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။

206. It is good to see the noble and association with them will make one happy. One who never sees silly persons will be at ease forever.

207. One accompanying with silly persons has a long journey of troubled state of mind, because being with a fool is as painful as to be with an enemy; but the joy of being with the wise is like the joy staying together with relatives.

208. Therefore one should follow the wise that is constant, intelligent, awake to the inner light, the learned, the much enduring, the dutiful, the noble; with such a one as this, one would associate like the moon follows the path of stars.
၁၄။ ဗုဒ္ဓ၀ဂ္ဂ Chapter 14

Chapter 14

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ ယဿ ဇာလိနီ ၀ိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၇၉။ အကြင်မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန်အောင်ဖွယ်မလို၊ လောက၌ အကြင် မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာနောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်း အခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာ ဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင် နိုင်ကုန်အံ့နည်း။

၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာသည်မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်း ကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

179. Buddha, the enlightened one, who already eradicated all mental defilements, has done what has to be done, whose victory cannot be turned into defeat, and whom no one can conquer?

180. Buddha, the enlightened one, who has no more net-like craving and clinging that cannot lead him whosesoever, whose range is limitless and pathless, by what path will you lead?

၁၈၁။ ယေ ဈာနပသုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေ၀ါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏၊ ကာမမှထွက်မြောက်မှု ကိလေသာငြိမ်းမှု၌ မွေ့လျော်ကုန်၏၊ သစ္စာလေးပါးတရားကို ကောင်းစွာသိကုန်သော လွန်ကဲသော သတိရှိကုန်သော ထိုပညာရှိတို့အား နတ်ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကြကုန်၏။

181. The wise ones who are intent on meditating delight (samata-meditation) in the calm of going out from all mental defilements. They, who are perfectly awakened, deeply inspired in mindfulness and who know well the Four Noble Truth, are delighted even by gods.

၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

၁၈၂။ လူအဖြစ်ကို ရခြင်းသည် ခဲယဉ်း၏၊ သတ္တ၀ါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဉ်း၏၊ ဘုရားရှင်တို့ ပွင့်ထွန်းပေါ် ပေါက်လာရခြင်းသည် ခဲယဉ်း၏။

182. It is difficult to get to be born as a man; it is also difficult to be the life of mortals, difficult is the hearing of the Dhamma, the rare event is the arising of a Buddha.

၁၈၃။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁၈၄။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော။

၁၈၅။ အနူပ၀ါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁၈၃။ မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံစေရာ၏၊ မိမိစိတ်ကိုဖြူစင်စေရာ၏၊ ဤသည်ကား ဘုရားရှင် တို့၏ အဆုံးအမတော်ပေတည်း။

၁၈၄။ တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်ပေတည်း၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏၊ ရဟန်းဟူသည် သူတစ်ပါးကို မညှဉ်းဆဲရာ၊ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် ရဟန်းမဟုတ်ပေ။

၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ မညှဉ်းဆဲရာ၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏၊ ဆိတ်ငြိမ်သောကျောင်း အိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ရာ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

183. To refrain from doing what is evil, to cultivate all virtuous actions, to purify one's own heart, these are the teachings of the enlightened Buddhas.

184. Forbearing patience is the highest sacrifice. The awakened Buddhas say Nibbana is supreme. If one hurts another, he is not a hermit; the one who offends another is not an ascetic.

185. Not to find faults, not to hurt, to restrain under the precepts of Patimokkha (Fundamental Moral Precepts), to be moderate in food, the solitude of one's place and one's bed, and to practice the highest consciousness; these are the teachings of Awakened Buddhas.

၁၈၆။ န ကဟာပဏ၀ေဿန၊ တိတ္တိ ကာမေသု ၀ိဇ္ဇတိ။
အပ္ပဿာဒါ ဒုခါ ကာမာ၊ ဣတိ ၀ိညာယ ပဏ္ဍိတော။

၁၈၇။ အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

၁၈၆-၁၈၇။ အသပြာမိုး ရွာသွန်းပေးသဖြင့်လည်း ကာမတို့၌ ရောင့်ရဲတင်းတိမ်မှုမရှိ၊ ကာမတို့သည် သာယာ ဘွယ်သဘောမရှိကုန်၊ ဆင်းရဲကုန်၏ဟုသိ၍ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ပညာရှိသည် နတ်၌ဖြစ်သော ကာမတို့၌ သော်လည်း မမွေ့လျော်၊ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။

186-187. No contentment is found among sensual pleasures even with a shower of money. Craving, desires and pleasures will come to an end in pain. Knowing this, the wise one has no delight even in heavenly sensual pleasures. The disciple of Buddha finds delight in the ending of all craving.

၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

၁၈၉။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၉၀။ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမ။
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

၁၉၂။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသောလူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။

၁၈၉။ ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။

၁၉၀-၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို လည်းကောင်း ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊ ဆင်းရဲမှ လွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအမှန် အင်္ဂါရှစ်ပါးရှိသော မြတ်သောမဂ္ဂသစ္စာ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။

၁၉၂။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။

188. Persons who are threatened by fear go to mountains and to forests, sacred trees and shrines for refuge.
189. But that is not a safe refuge, that is not the ultimate refuge. Having come to this refuge, one is not free of all miseries and troubles.

190-191. But one who takes refuge in Buddha, in his teaching (Dhamma) and his community of monks (Sangha), sees the four Noble Truths with accurate insight: Suffering, the Cause of Suffering, and the overcoming of Suffering, and the Noble Eightfold Path that leads to Cessation of Suffering.

192. Taking refuge in three jewels: Buddha, Dhamma (his teaching) and Sangha (his follower community) is a harmless refuge that is the best and having come to that refuge, one is free from all sufferings.

၁၉၃။ ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

၁၉၃။ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ဖြစ်ထွန်းပေါ်ပေါက်နိုင်ခဲ၏၊ ထိုယောက်ျားအာဇာနည် ပုဂ္ဂိုလ်မျိုးသည် ခပ်သိမ်းသောအရပ်ဒေသ၊ ခပ်သိမ်းသောအမျိုးအနွယ်တို့၌ မဖြစ်ထွန်းနိုင်၊ ပညာရှိသော အာဇာနည်ပုဂ္ဂိုလ်မျိုးသည် အကြင်အမျိုးအနွယ်၌ဖြစ်၏၊ ထိုအမျိုးအနွယ်သည် ချမ်းသာခြင်းသို့ရောက်၏။

193. A man of nobility is not easy to find, a Buddha, who is awake is not born in everywhere. That family prospers in happiness where that wise person is born.

၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏၊ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏။

194. Joyful is the birth of Buddha, joyful is the teaching of the Noble Doctrine, Dhamma, joyful is the unity of his followers (Sangha), joyful is the life of those who live in harmony.

၁၉၅။ ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေယဒိ ၀ သာဝကေ။
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေါ။

၁၉၆။ တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

၁၉၅-၁၉၆။ ပူဇော်ထိုက်ကုန်သော တဏှာ မာန ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော စိုးရိမ်ပူဆွေးငိုကြွေးခြင်းကို လွတ်မြောက်ပြီးကုန်သော ကိလေသာငြိမ်းအေး ပြီးကုန်သော တစ်စုံတစ်ခု ဘေးရန် မရှိကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့ကိုလည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုကို ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံတစ်ယောက်သောသူသည်လည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။

195-196. Of one worshipping those worthy of worship, a Buddha or his disciples who have left behind all craving and mental defilements and have crossed over sorrow, who, free from all fears; no one can measure the extent of the merit and the virtue of one worshipping them.