ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ
==============
ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး
💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫
၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ
အရှင်ကောဏ္ဍည
၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ
အရှင် သာရိပုတ္တရာ
၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်မောဂ္ဂလ္လာန်
၎) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကဿပ
၅) 'ဒိဗ္ဗစက္ခုဥာဏ်' ဘွဲ့တံဆိပ်ရသူ
အရှင်အနုရုဒ္ဓါ
၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ
အရှင်ဘဒ္ဒိယ
၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ
အရှင်လကုဏ္ဍကဘဒ္ဒိယ
၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ပိဏ္ဍောဘွဲ့တံဆိပ်ရသူ
အရှင် ဘာရဒွါဇ
၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ သည်ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာ တော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏
၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ
အရှင်ပုဏ္ဏ
၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ
အရှင်မဟာကစ္စည်း
၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ၀ိဝဋ္ဋ' ဘွဲ့တံဆိပ်ရသူ
အရှင်စူဠပန်
၁၂) 'အဂ္ဂ သညာ ၀ိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင်မဟာပန်
၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ
အရှင်သုဘူတိထေရ်
၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ
အရှင်ရေ၀တထေရ်
၁၅) ဈာန်ဝင်စားသောအရာ၌ဘွဲ့တံဆိပ်ရသူ
အရှင် ကင်္ခါရေ၀တ
၁၆) လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋ ၂၀-တန် တန်ဆာကို လူ့ဘ၀က ၀တ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ်
အရှင်ကောဋိဝိသသောဏ
၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ၀ါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘ၀က တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့်
အရှင်ကုဋိကဏ္ဏသောဏ
၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ
အရှင်သီဝလိ
၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ
အရှင် ၀က္ကလိ
၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ
သားတော် အရှင်ရာဟုလာ
၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင်ရဋ္ဌပါလ
၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်ကောဏ္ဍဒါန
၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝန၀န္တ' ဘွဲ့တံဆိပ်ရသူ
အရှင်ဝင်္ဂီသ
၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ
အရှင် ဥပသေန
၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ
အရှင် ဒဗ္ဗ
၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေ၀ါနံ ၀ိယမနာပ' ဘွဲ့တံဆိပ်ရသူ
အရှင် ပိလိန္ဒ၀စ္ဆ
၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂ ခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ
အရှင်ဒါရုစိ
၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ
အရှင်ကုမာရကဿပ
၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဥာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကောဋ္ဌိတ
၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ
အရှင် အာနန္ဒ
၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ
အရှင် ဥရုဝေဠကဿပ
၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ
အရှင် ကာလုဒါယီ
၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ
အရှင် ဗာကုလ
၃၄) ပုဗ္ဗေနိဝါသဥာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်သောဘိတ
၃၅) ၀ိနည်းဓိုရ်ရာထူး၌ 'အဂ္ဂ ၀ိနယဓရ' ဘွဲ့တံဆိပ်ရသူ
အရှင် ဥပါလိ
၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ
အရှင် နန္ဒက
၃၇) ဣနြေ္ဒကောင်းရာ၌'အဂ္ဂ ဣနြေ္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ
ညီတော်မင်းနန်ခေါ် အရှင်နန္ဒ
၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု သြ၀ါဒက' ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကပ္ပိန္န၊
၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓါတု ကုသလ' ဘွဲ့တံဆိပ်ရသူ
အရှင် သာဂတထေရ်
၄၀) ဒေသနာတော် အသစ်အသစ်တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ
အရှင် ရာဓ
၄၁) ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ
အရှင် မောဃရာဇ
ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃ ပါး
~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁ ။ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ
'အဂ္ဂ ရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်
၂ ။ ခေမာ ထေရီ
'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်
၃ ။ ဥပ္ပလ၀ဏ် ထေရီ
'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်တော်ရသည်
၎ ။ ပဋာစာရီ ထေရီ
ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ၀ိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်
၅ ။ ဓမ္မဒိန္နာ ထေရီ
'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်
၆ ။ နန္ဒာ ထေရီ
ဈာန်ဝင်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်
၇ ။ သောဏာ ထေရီ
'လုံ့လ ၀ီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်
၈ ။ ဗကုလာ ထေရီ
'ဒိဗ္ဗစက္ခုဥာဏ်' ဘွဲ့တံဆိပ်တော်ရသည် အချို့မူ၌ "သကုလာ"ဟု ရှိသည်
၉ ။ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ
အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂ ခိပ္ပါဘိည' တံဆိပ်တော်ရသည်
၁၀ ။ ဘဒ္ဒါ ကပိလာနီ ထေရီ
'ပုဗ္ဗေနိဝါသဥာဏ်' တံဆိပ်တော်ရသည်
၁၁ ။ ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ
'ဥာဏ်အမြင်ကြီးရာ၌' တံဆိပ်တော် ရသည်
၁၂ ။ ကိသာ ဂေါတမီ ထေရီ
ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်
၁၃ ။ သိင်္ဂါလ မာတာ ထေရီ
သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်
ဧတဒဂ်ဘွဲ့ထူးရ လူယောက်ျား ၁၀ယောက်
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
၁) "တဖုဿ ဘလ္လိက" ကုန်သည် ညီနောင်
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်
၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊ သို့သော် သံဃာမရှိသေးရကား "ဒွေဝါစိက သရဏဂုံ"သာ ရသည်
၂) အနာထပိဏ် သူဌေးကြီး
အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်
၃) စိတ္တသူကြွယ်
တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်
၎င်းသည် ရုပ် နာမ် ကံ ၀ိပါက်တို့၌အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော "စိတ္တသံယုတ်"ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်
၎) ဟတ္ထာဠာဝက
"သင်္ဂဟ၀တ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌" ဘွဲ့တံဆိပ်တော်ရလေသည်
၅) မဟာနံ သာကီဝင်မင်း
အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂ ပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်
၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်
နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂ မနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်
၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ် သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်
၈) သူရပန်
မတုန်မလှုပ် ကြည်ညိုရာ၌ 'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်
အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်
၉) ဆရာဇီဝက
ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်
သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်
၁၀) နကုလပိတာ သူကြွယ်
ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်
သူသည် ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင် "ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ ကြွနေသနည်း"ဟု အကျွမ်းတ၀င်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား ဘ၀မခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊ ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ၀ရီးအဖြစ် အကြိမ်ငါးရာ ဘ၀မခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတ၀င် ဘုရားရှင်အား "ချစ်သား ချစ်သား"နှင့် ခေါ်လေ့ရှိသတတ်၊ ထို့ကြောင့် '၀ိဿာသက'ဘွဲ့တံဆိပ်ရလေသည်
ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက်
💎💎💎💎💎💎💎💎💎💎💎💎💎💎.
၁) သေနိယ သူဌေးသမီး သုဇာတာ
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမ သရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်
၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ၀ိသာခါ
အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်
၃) ခုဇ္ဇုတ္တရာ
'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်
၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား၊ ၄င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏
၎) သာမာဝတီ
မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ၀ိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်
၅) နန္ဒမာတာ ဥတ္တရာ
ဈန်ဝင်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်
၆) ကောလိယမင်းသမီး သုပ္ပ၀ါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်
၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂ ဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်
၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်တော်ရလေသည်
၉) နကုလ မာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ၀ိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ)
၁၀) ကာလီ ခေါ် ဒါယိကာမ
အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂ အနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်
သုတေသန အဘိဓါန်
မှ
👇👇👇👇👇👇
သန်းထွန်လေး
အင်းတဲရွာ
Thu Kha Shin
