ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူခဲ့သော
" ဒိဋ္ဌိစင်မှ နိဗ္ဗာန်မြင်မည် " တရားတော်
ဟောကြားခဲ့သည့်နေ့ (၈-၉-၆၂)
အပိုင်း (၂)
{ဒိဋ္ဌိစင်မှ သောတာပန်တည်မှာ}
ဒီလိုသိသဖြင့် မမြဲဘူး-မမြဲဘူး
ပေါ်လာတာကလေး မမြဲဘူး ပေါ်လာတာကလေ
းမမြဲဘူးလို့ ခင်ဗျားတို့ သိသဖြင့် ဘာဒိဋ္ဌိ
စင်သတုန်း(သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)
ပေါ်ပြီ (ပေါ်ပါပြီဘုရား)
ဒိဋ္ဌိစင်မှသောတပန် တည်မှာကိုးဗျ (မှန်ပါ)
ဒိဋ္ဌိစင်မှ နောက်က ဒကာ ဒကာမတွေ
သောတာပန်တည်မှာ ရှင်းပလား(ရှင်းပါပြီဘုရား)
ဘာစင်မှတုန်း (ဒိဋ္ဌိစင်မှပါဘုရား) ဘာဒိဋ္ဌိစင်သွား
သတုန်း(သဿတဒိဋ္ဌိစင်သွားပါတယ်ဘုရား)
ဒါ ခင်ဗျားတို့ ဘယ်တော့မှ မရှိတော့ဘူး ဒီဥစ္စာ
(မှန်ပါ့ဘုရား) ဒီဘဝမှာ ဘယ်တော့မှမရှိတော့ဘူ
း ဒီ ပဋိစ္စသမုပ္ပါဒ်က သက်သေခံသွားပြီ(မှန်ပါ)
မခံသေးဘူးလား …(ခံသွားပါပြီဘုရား)
ကဲ…တစ်ခါ ဒါကိုရေရေလည်လည် နားလည်ပြီးပါ
ပြီ သဿတဒိဋ္ဌိလည်း တပည့်တော်တို့သန္တာန်
မှာဘယ်တော့မှမရှိတော့ပါဘူး ရုပ်တရားလည်း
တစ်ခုချုပ်ပြီး တစ်ခုဖြစ်တာပဲ (မှန်ပါ)
နာမ်တရားကော …(တစ်ခုချုပ်ပြီး တစ်ခုဖြစ်တာပါ
ဘုရား)
အဲ…တစ်ခုချုပ်ပြီး တစ်ခုဖြစ်လိုက် ဖြစ်တဲ့တရား
ကလေးချုပ်ပြီး နောက်တစ်ခါဖြစ်လိုက် ဒီလို
မနေဘူးလား…(နေပါတယ်ဘုရား)
ဒီလိုနေတာ ထောက်ပြသဖြင့် နောက်က ဒကာ
ဒကာမတွေ ဘာဒိဋ္ဌိစင်သတုန်း…
(သဿတဒိဋ္ဌိစင်သွားပါတယ်ဘုရား)
သဿတဒိဋ္ဌိစင်သွားတယ်လို့မှတ်လိုက်စမ်းပါတဲ့
ဒါက ရှင်းပြမှ သဿတဒိဋ္ဌိစင်တာ မပြရင်…
(မစင်ပါဘူးဘုရား) မစင်ဘူးဆိုတော့ ဒီ ပဋိစ္စသမု
ပ္ပါဒ်စက်ဝိုင်း ဒေသနာဟာ ကိုယ့်ခန္ဓာဖြစ်စဉ်ဟာ
ဒီအတိုင်းပဲလို့ သိသဖြင့် သင်တဲ့ဆရာက
လက်ညှိုးညွှန်ပြီ ပြသ,သင်သောအားဖြင့်
ဦးဘသန်းရေ သဿတဒိဋ္ဌိဟာ အမြင်ကိုစင်သွာ
းပါပြီ (မှန်လှပါ)
{ ဒုတိယဒိဋ္ဌိ }
ဘယ့်နှယ်နေသတုန်း (သဿတဒိဋ္ဌိဟာ အမြင်
စင်သွားပါတယ်ဘုရား) အမြင်စင်သွားပြီတဲ့
ကဲ…ဒီတစ်ခါ ဥစ္ဆေဒဒိဋ္ဌိစင်အောင် လုပ်ပေးဦးမယ်
သဿတဒိဋ္ဌိ ကျေနပ်ပြီ…(မှန်လှပါ)
ဝေဒနာချုပ်သွားပြီးတော့ကို ဆရာကောင်းသမား
ကောင်း မမှီဝဲရတဲ့ပုဂ္ဂိုလ်မှာ နိယာမအားဖြင့်
ဘာပေါ်လေ့ရှိသတုန်း(တဏှာပေါ်လေ့ရှိပါတယ်)
တဏှာပေါ်လေ့ရှိတယ် (မှန်ပါ)
သြော်…ဝေဒနာချုပ်သွားပြီး ဘာမှမပေါ်ဘူးဆိုမှ
ဥစ္ဆေဒကိုး (မှန်ပါ) အခုတော့ ဝေဒနာ ချုပ်သွားပြီး
သည့်နောက် ဝေဒနာပစ္စယာ ဝေဒနာအကြောင်း
ဆက်ပြီးတော့ အကျိုးပေါ်စေတယ် (မှန်ပါ့)
တဏှာပေါ်လာတယ် (မှန်လှပါ) မပေါ်ဘူးလား…
(ပေါ်လာပါတယ်ဘုရား)
တဏှာပေါ်လာတာ ထောက်လိုက်သဖြင့်ဝေဒနာ
အကြောင်းကင်းရဲ့လား (မကင်းပါဘုရား)
ဝေဒနာ မချုပ်ဘဲနေရင် တဏှာပေါ်ပါ့မလား
(မပေါ်ပါဘုရား)
မပေါ်ဘူးဆိုတော့ ဝေဒနာချုပ်လို့သာ တဏှာပေါ်
တာထောက်လိုက်သဖြင့် …တဲ့
ဝေဒနာက အကြောင်းဆက်ခဲ့တာကြောင့် တဏှာတည်းဟူသော အကျိုးတရားပေါ်တယ်လို့
သိသဖြင့် ဝေဒနာချုပ်ပြီးဘာမှမပေါ်ဘူး ပြတ်သွါး
တာပဲ ဝေဒနာချုပ်ပြီး ပြတ်သွားတာပဲဆိုတဲ့
ဥစ္ဆေဒဒိဋ္ဌိ အယူဟာမရှိတော့ဘူး (မှန်ပါ)
ရှိသေးရဲ့လား…(မရှိပါဘုရား)
ကဲ…တဏှာချုပ်သွားပြန်ပြီတဲ့ သူ့သက်တမ်းစေ့
လို့ (မှန်ပါ) ဘာပေါ်မတုံး (ဥပါဒါန်ပေါ်လာပါတယ်
ဘုရား) အလိုလိုပေါ်တာလား တဏှာချုပ်လို့ပေါ်
ရတာလား (တဏှာချုပ်လို့ပေါ်ရတာပါ)
တဏှာကကျေးဇူးပြုခဲ့တယ် (မှန်ပါ့) တဏှာက
ကျေးဇူးမပြုခဲ့လို့ရှိရင် ဥပါဒါန်…(မပေါ်ပါဘုရား)
ဒါဖြင့်…တဏှာချုပ်ပြီးပြတ်သွားတယ်လို့ယူမလား
ဥပါဒါန်ပေါ်သေးတယ်လို့ယူမလား (ဥပါဒါန် ပေါ်
သေးတယ်လို့ ယူရပါမယ်ဘုရား)
{ ကြောင်းကျိုးဆက်မှန်းသိလို့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်}
ဒါဖြင့် တဏှာချုပ်သွားရင် ဘာမှမဖြစ်တော့ဘူး
ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အဓိပ္ပါယ်မျိုးကော ယူသေးရဲ့
လား (မယူပါဘုရား) ဒါဖြင့် ဘယ်ဒိဋ္ဌိစင်သွားလဲ
(ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ်)
ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ်နော် …(မှန်ပါ့)
ဒါဖြင့် ခုတရားနာတာ ၁၅-မိနစ် ရှိသွားပြီ
ဒိဋ္ဌိဘယ်နှစ်မျိုးစင်လဲ (နှစ်မျိုးစင်ပါပြီဘုရား)
နှစ်မျိုးစင်ပြီနော် မှတ်ထားပါတဲ့ ဒိဋ္ဌိနှစ်မျိုးစင်ပြီ
နောက်နှစ်မျိုး စင်အောင်လုပ်ရဦးမယ်(မှန်လှပါ)
ဒါ မစင်ဘဲနဲ့ ခင်ဗျားတို့ ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး
ဉာဏ်ထဲမှာ မြင်နေဦး ဝမ်းထဲမှာဒီ ဒိဋ္ဌိ မရှင်းလို့
ရှိရင် ဘယ်လိုမှ နိဗ္ဗာန်မရဘူး (မှန်ပါ့)
ဒါတွေက ရှင်းနေမှ ကိုယ့်ဝမ်းထဲမှာ ကိုယ်ရှင်းနေ
မှရတာ (မှန်ပါ)
နို့မဟုတ်ရင် ဘယ်တော့မှဒုက္ခသိမ်းတဲ့နိဗ္ဗာန်မရ
ဘူး (မှန်ပါ့)
ဒါဖြင့် ဒီဟာ အသိနဲ့စင်ပြီးမှ အားထုတ်ရမယ်
ဆိုတဲ့ တစ်နေ့ကပြောခဲ့တယ် အသိဉာဏ်နဲ့
ရှင်းလင်းပြီးမှ နောက်ပိုင်းက အားထုတ်ပါဆိုတာ
ဦးမြမောင်တို့ ဦးကျော်မောင်တို့ မှာထားတယ်
(မှန်ပါ)
{ ညောင်းရုံပဲရှိမယ် }
ရမ်းပြီး ခင်ဗျားတို့ ယောဂီရိပ်သာသွားပြီး ဆရာ
က ဒါအားထုတ်ဆိုလို့ ထုတ်နေတာပဲဆိုတော့
သူက ဒါတွေရှင်းပေးပြီး မထားဘဲနဲ့အားထုတ်လို့
ရှိရင် ခင်ဗျားတို့ညောင်းရုံပဲရှိမယ် နိဗ္ဗာန်တော့
မရဘူး (မှန်လှပါဘုရား)
နိဗ္ဗာန်တော့ မရဘူး ဘာဖြစ်လို့တုန်း အမြင်မစင်
ကြယ်လို့ (မှန်ပါ)
ဘာပြုလို့တုန်း…(အမြင်မစင်ကြယ်လို့ပါဘုရား)
ဘယ့်နှယ်ကြောင့် အမြင်မစင်ကြယ်သတုန်း
ဆိုတော့ ဒိဋ္ဌိက ကပ်တယ် (မှန်ပါ)
ဒိဋ္ဌိက ကပ်တော့ ဝိစိကိစ္ဆာ ဝင်တယ်
ဟော…ဝိစိကိစ္ဆာကလည်း ပေါ်လာတယ် (မှန်ပါ)
ဒိဋ္ဌိဝိစိကိစ္ဆာ ချက်ချင်းဝင်မလာဘူးလား
(ဝင်လာပါတယ်ဘုရား) ဝင်လာတော့ အမြင်
မစင်ကြယ်ဘဲနဲ့ ဖြစ်ပျက်ကိုအားထုတ်နေလို့ရှိရင်
ဖြင့် အာပေါက်အောင် အားထုတ်မရပါဘူး(မှန်ပါ)
{ အမြင်စင်ကြယ်မှုရှေ့ထား }
အမြင်စင်ကြယ်မှုရှေ့ထားရပါတယ် ဒါ့ကြောင့်
ဘုရားက ဉာတပရိညာ ရှေ့ထားဟေ့တဲ့ (မှန်ပါ့)
မမှာဘူးလား (မှာပါတယ်ဘုရား)
ပရိညာသုံးပါ အင်္ဂုတ္ထိုရ်ပါဠိတော်မှာလာပါတယ်
(မှန်ပါ)
{ တတိယဒိဋ္ဌိ }
ကဲ…တတိယဒိဋ္ဌိဖြုတ်ဦးမယ် တတိယဒိဋ္ဌိက
တစ်ခုသောတရားချုပ်ပြီး သကာလ အချို့ဖြစ်
တယ် အချို့မဖြစ်ဘူးလို့ယူတဲ့ တစ်ပိုင်းကြောင့်
သဿတဒိဋ္ဌိရှိသေးတယ် (မှန်ပါ့)
တစ်ခုသောတရားချုပ်ပြီး တစ်ခုသောအကြောင်း
တရားချုပ်ပြီး တစ်ခုသောအကျိုးတရားဟာ
ဖြစ်တဲ့အခါလည်းဖြစ်တယ် မဖြစ်တဲ့အခါလည်း
မဖြစ်ဘူးလို့ယူတဲ့ ဥစ္စာလည်းရှိသေးတယ်(မှန်ပါ)
အဲဒါက ဧကစ္စသဿတဒိဋ္ဌိတဲ့…
ဦးဘသန်းကြီး သေသေချာချာမှတ်ပါ(မှန်ပါဘုရာ
း) တစ်ချို့ဖြစ်တယ် တချို့မဖြစ်ဘူး တစ်ပိုင်း
ကြောင့် သဿတဒိဋ္ဌိ (မှန်ပါ့)
တစ်ခုသောအကြောင်းတရားချုပ်ပြီး တစ်ခုသော
အကျိုးတရားဟာ ဖြစ်တာလည်းရှိတယ်
မဖြစ်တာလည်းရှိတယ်လို့ယူတဲ့အယူ ဘာအယူ
တဲ့တုန်း(တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိပါဘုရား)
တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိအယူ တစ်ဝက်
ဖြစ်တယ်
တစ်ချို့ဖြစ်တယ် တစ်ချို့ကျတော့ မဖြစ်ဘူးလို့
ယူလို့ရှိရင် တစ်ပိုင်းကြောင့်သဿတဒိဋ္ဌိလို့မှတ်
ပါ …(မှန်ပါ)
ဒီလို…ဒီ ဒိဋ္ဌိရှိနေလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို
အာပေါက်အောင် အားထုတ် ဖြစ်ပျက်တွေမြင်
ချင်တိုင်းမြင် နိဗ္ဗာန်မရပါဘူး (မှန်လှပါ)
ဧကစ္စသဿတဒိဋ္ဌိ ခံပါတယ် (မှန်လှပါ)
သဘောပါပလား (ပါ,ပါပြီ) ရှင်းပလား(ရှင်းပါပြီ)
ဒိဋ္ဌိဘယ်နှစ်မျိုးပြီးသွားပလဲ(သုံးမျိုးပြီးသွားပါပြီ)
ဒိဋ္ဌိလေးမျိုးတော့ ခွာပေးရမယ် (မှန်ပါ)
ခွာပြီးတော့မှ ခင်ဗျားတို့ သေသေချာချာ
အားထုတ်ရမယ်နော် (မှန်ပါ့)
{ စတုတ္ထဒိဋ္ဌိ }
စတုတ္ထ အမရာဝိက္ခေပဒိဋ္ဌိဆိုတာကတော့
မဖြစ်သည်လည်းမဟုတ် ဖြစ်သည်လည်းမဟုတ်
သူက ဒီလိုယူတယ် (မှန်လှပါဘုရား)
တစ်ခုသော အကြောင်းတရား ချုပ်ပြီးသကာလ
တစ်ခုသော အကျိုးတရား မဖြစ်သည်လည်း
မဟုတ်ဘူး ဖြစ်တယ်လို့လည်း သူမဆိုလိုဘူးတဲ့
ဘာ ကောက်ရမှာတုံး ဒီဥစ္စာ ဒီလိုယူတာလည်း
ရှိသေးတယ်…(မှန်လှပါ)
မဖြစ်ဘူးလို့လည်း သူမဆိုလိုဘူး ဖြစ်တယ်လို့လဲ
သူမဆိုလိုဘူး အဲဒါ အမရာဝိက္ခေပဒိဋ္ဌိပဲနော်
(မှန်လှပါဘုရား)
ဒီ ဒိဋ္ဌိက ဘယ်လိုပုဂ္ဂိုလ်မှာ ရှိတာတုန်းဆိုတော့
ဆရာလုပ်ပြီး နားမလည်တာနဲ့ မုသားဖြစ်မှာ
ကြောက်လို့သုံးတာ (မှန်ပါ့ဘုရား)
မဖြစ်ဘူးလို့လည်း သူမဆိုလိုဘူး ဖြစ်တယ်လို့လဲ
သူမဆိုလိုဘူးဆိုတော့ ဘာကောက်ကြမလဲ
ဘာမှ မကောက်တတ်ဘူး မဟုတ်လား(မှန်ပါ)
အဲဒါ အမရာဝိက္ခေပဒိဋ္ဌိ (မှန်လှပါ)
မဖြစ်ဘူးလို့လည်း သူမဆိုဘူး ဖြစ်တယ်လို့ကော
(မဆိုပါဘုရား) အဲဒီလို ယူထားတယ်
တစ်ခုသော အကြောင်း တရားချုပ်သွားတယ်
တစ်ခုသော အကျိုးတရားပေါ်တယ်ဆိုတဲ့ဥစ္စာ
ဖြစ်တယ် ပေါ်တယ်လို့လည်း သူမဆိုလိုဘူး
မပေါ်ဘူးလို့လည်း သူမဆိုလိုဘူး ဒီလိုယူတဲ့
အယူလည်း ရှိသေးတယ် အဲဒါကို
အမရာဝိက္ခေပဒိဋ္ဌိ ခေါ်ပါတယ် (မှန်ပါ့)
ဒီ ဒိဋ္ဌိလေးမျိုးတစ်ခုခုရှိနေခဲ့ရင် ခင်ဗျားတို့ဝမ်းထဲ
မှာ မရှင်းဘဲနဲ့ရှိနေခဲ့သော် ဟုတ်လား
အာပေါက်အောင် အားထုတ်ပါ
ခန္ဓာကိုယ် ဖြစ်ပျက်ကို မြင်ချင်တိုင်း မြင်ပါ
ဘယ်နည်းနဲ့မှ ဒုက္ခဆုံးတဲ့ နိဗ္ဗာန် မရောက်ပါဘူး
(မှန်ပါ့) ဘာဖြစ်လို့တုံး ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုးခံ
နေလို့ …(မှန်လှပါဘုရား)
ပထမမဂ်က "ဒိဋ္ဌိနိရောဓေါ နိဗ္ဗာနံ" ကိုးဗျ
ပထမမဂ်က ဘယ်ဒိဋ္ဌိမှ မကျန်မှ နိဗ္ဗာန်ရောက်မှာ
ဒိဋ္ဌိ တစ်ခုခုကျန်ရင် (မရောက်ပါဘုရား)
ဒါဖြင့် ဒိဋ္ဌိခွာမှုနဲ့ ဝိပဿနာရှုမှု ဘယ်သူ့ရှေ့ထား
ရမှာတုန်း…(ဒိဋ္ဌိခွာမှု ရှေ့ထားရမှာပါဘုရား)
နောက်က ဒကာ ဒကာမတွေ ဒါ သေသေချာချာ
အရေးကြီးပါတယ်
များသောအားဖြင့် ဒါတွေကိုရှင်းမပေးဘူး
ဒါတွေကိုရှင်းမပေးလို့ရှိရင် ရက်သာကုန်လို့ပြန်ခဲ့
ရမယ် ဟုတ်ပလား…(မှန်လှပါဘုရား)
{ ဖြစ်ပျက်တွေ့ပေမဲ့ နိဗ္ဗာန်မရ }
တွေ့တော့တွေ့တယ်ဟေ့ ဖြစ်ပျက် ကလေးတွေ
တွေ့တော့ တွေ့တယ် တွေ့ပေမဲ့ မင်း နိဗ္ဗာန်မရ
ဘူး ဘာ့ကြောင့်တုံး ဒိဋ္ဌိလေးမျိုး မင်းတစ်မျိုးမျိုးခံ
နေတယ် (မှန်လှပါ)
ဘာကြောင့် ခံရသတုံး ပဋိစ္စသမုပ္ပါဒ် နားမလည်
လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)
ဘာဖြစ်လို့တုန်း (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ
ဘုရား) နားမလည်တော့ ဒိဋ္ဌိခံမနေဘူးလား
(မှန်ပါ) ခင်ဗျားတို့ အခုတော့ ဒိဋ္ဌိခံသေးရဲ့လား…
(မခံတော့ပါဘုရား)
မခံတော့ဘူးတဲ့ တစ်ခုသောအကြောင်းတရား
ချုပ်သွားတယ် တစ်ခုသောအကျိုးတရားဖြစ်တာ
ပဲ (မှန်ပါ့)
ချုပ်တာမြင်သဖြင့် သဿတဒိဋ္ဌိရှိသေးရဲ့လား
(မရှိတော့ပါ)
နောက်ဖြစ်တာမြင်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ ရှိသေးရဲ့လါး
(မရှိပါဘုရား)
တစ်ပိုင်းကြောင့်ကော ရှိသေးရဲ့လား
(မရှိတော့ပါဘုရား) မဖြစ်သည်မဟုတ် ဖြစ်တယ်
လို့လည်းမဆိုလို ဆိုတာမျိုးလည်း ရှိသေးရဲ့လား
(မရှိပါဘုရား)
အဲဒါ ခင်ဗျားတို့ ယနေ့နာရတဲ့ အတွက် ဒိဋ္ဌိပြုတ်
သွားသဖြင့် ဒိဋ္ဌုပါဒါန်ပါ ပြုတ်ပါတယ် (မှန်ပါ)
ဒိဋ္ဌိရှိမှ ဒိဋ္ဌုပါဒါန်ဖြစ်တယ် တဏှာရှိမှတဏှုပါဒါန်
ဖြစ်တယ် ဟုတ်လား (မှန်ပါ့)
ဒိဋ္ဌိရှိမှ ဒိဋ္ဌုပါဒါန် ဖြစ်ပါတယ်
တဏှာရှိမှ တဏှုပါဒါန် ဖြစ်ပါတယ်
တဏှာနဲ့ဒိဋ္ဌိဟာ တွဲလျှက်ပါလို့ဘုန်းကြီးတို့
ဒကာ ဒကာမတွေ က ရှင်းရှင်းလင်းလင်း မှတ်
ထားပါ (မှန်ပါ့)
သဘောကျပလား…(ကျပါပြီဘုရား)
{ဆက်လက်ပူဇော်တင်ဆက်ပါမည်…}
Myint Wai (TGI)
Sunday, January 15, 2017
Friday, January 13, 2017
တရားဓမ္မနဲ့ တည့်အောင်နေပါ
================
ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးဟာ အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်၊ လောကလူ
တွေကိုကြည့်ပါ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ။ အဘိုးကြီး အဘွား
ကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။
မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊ နားကလည်း မကောင်းဘူးတဲ့၊ ဒူးက
လည်း မကောင်းဘူးတဲ့၊ မကောင်းတာတွေ များလာတယ်။ ဒီ့ထက် ပိုများလာလို့ရှိရင် နှလုံးက
မကောင်းဘူးတဲ့၊ ကျောက်ကပ်က မကောင်းဘူးတဲ့၊ အသည်းက မကောင်းဘူးတဲ့ ကောင်းတာ
တွေ ကုန်သွားရင် သေရတော့တာပဲ။
ပြီးတော့ .. မတည့်တဲ့ စာရင်းတွေလည်း များလာတယ်။ အသက်ကြီးလာရင် ၀က်သား
မတည့်ဘူးတဲ့၊ ဘာဖြစ်လို့လဲ၊ သွေးတိုးရှိလို့။ သကြား မတည့်ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ ဆီးချို
သွေးချိုရောဂါရှိလို့တဲ့၊ မတည့်တာတွေ များလာပါတယ်။ နောက်ဆုံး သုသာန်ရောက်သွားတော့
ရတာပဲ။
ကိုယ်ခန္ဓာမှာ မကောင်းတာတွေကလည်း များလာတယ်၊ မတည့်တာတွေကလည်း များ
လာတယ်၊ ဒါက သံဝေဂဖြစ်စရာတွေပါ။ ငယ်ငယ်တုန်းကတော့ မတည့်တာဆိုတာ မရှိဘူး၊ အ
ကုန်စားလို့ အဆင်ပြေတယ်။ မကောင်းတာဆိုလည်း မရှိဘူး၊ အကုန်ကောင်းတယ်။ ဒီတော့ ဒီ
လိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပါ။
ကျန်တာတွေက မကောင်းဘူး၊ ကျန်တာတွေက မတည့်ဘူးဆိုရင် “တရားဓမ္မ”နဲ့တော့
တည့်အောင်နေရမယ်။ မျက်စိ မကောင်းချင်နေ၊ ခါး မကောင်းချင်နေ၊ နား မကောင်းချင်နေ၊
ကျောက်ကပ် မကောင်းချင်နေ၊ အသည်း မကောင်းချင်နေ ဘာပဲဖြစ်ဖြစ် စိတ်ကလေး ကောင်း
နေဖို့ လိုပါတယ်။ ဒီစိတ်ကလေး ကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့
သဒ္ဓါတရားလေး ကောင်းနေဖို့ လိုပါတယ်။
အဲဒီ သဒ္ဓါတရားလေး ကောင်းနေလို့ရှိရင် .. ခန္ဓာကိုယ်ကြီးဆိုတာ အသက်ကြီးမှ သေ
သွားတဲ့သူက မကောင်းလို့ ပစ်ရတယ် ဆိုပေမယ့် အသက်ငယ်တဲ့သူကလည်း ငယ်ငယ်ရွယ်
ရွယ်နဲ့ ကောင်းနေတုန်း ပစ်ထားခဲ့ရတာပါပဲ။
ဒီတော့ .. ကိုယ် သတိထားရမှာက အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့စိတ်
ဓာတ်ပဲ။ မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ ဘယ်တော့မှ အောက်ကို
မရောက်စေဘူး။
ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မြတ်ဗုဒ္ဓဟောကြားခဲ့သော
တရားဓမ္မများကို လိုက်နာကျင့်သုံးပြီး နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါ
စေ ကုန်သတည်း။ ။
*****************************
ပါမေါက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

★ " ကရုဏာမှသည် မြင့်မြတ်ခြင်းသို့ " ★
လူတစ်ယောက်ဟာ အခြေအနေတစ်ခု ကျန်းမာရေးချို့ယွင်းနေတယ်
စီးပွားဥစ္စာချို့ယွင်းနေတယ် ဒုက္ခရောက်နေတယ်
ဘဝမှာအဆင်မပြေဘူးဆိုလို့ရှိရင်
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေဘက်ကကြည့်ရင် အော်
သူ့ဒီအခက်အခဲတွေက မြန်မြန်လွတ်ပါစေ အဆင်ပြေပါစေ
သူ့အတွက်အရာရာဟာအကောင်းတွေသာဖြစ်လာပါစေလို့
ဒီလို နှလုံးထားနိုင်တာကို ဒါကို ကရုဏာ-လို့ခေါ်တယ်။
အဆင်မပြေဖြစ်နေတဲ့အပေါ်မှာ ကြင်နာမှုတွေနဲ့ ဖေးကူးပေးတာဟာ ကရုဏာ။
အဲ့ဒီတော့ ကရုဏာတရားဆိုတာ မေတ္တာနဲ့မတူတဲ့သဘော
မုဒိတာနဲ့မတူတဲ့သဘော ။မေတ္တာဆိုတာတော့ အားလုံးအပေါ်မှာ
မိတ်ဆွေစိတ်ဓာတ်မွေးတာကိုမေတ္တာလို့ခေါ်တယ်။
မိတ်ဆွေလိုသဘောထားတယ်။မိတ်ဆွေရင်းစိတ်ဓာတ်ထားတယ်
အားလုံးအပေါ်မှာ ကောင်းကျိုးချမ်းသာတွေဖြစ်စေချင်တဲ့ စိတ်နှလုံးရှိတယ်။
ဒါကမေတ္တာ။
ကရုဏာ-ဆိုတာကျတော့ ကျန်းမာရေးဖြစ်စေ အရာတစ်ခုခုဖြစ်စေ
အဆင်မပြေဖြစ်လို့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို
အကူအညီပေးချင်တယ် ။
သူအပေါ်မှာ စာနာတယ်ထောက်ထားတယ်။ဒီဒုက္ခတွေက
လွတ်စေချင်တယ်ဆိုတဲ့ ဖေးမကူညီတဲ့သဘောတရားတွေ
ဒါတွေကို ကရုဏာလို့-ခေါ်တာ။
မကျန်းမမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရောက်လာလို့ ရှိရင်
ပြုစုစောင့်ရှောက်တဲ့ဆရာဝန်တစ်ယောက်အနေနဲ့ အေး
လူနာတစ်ယောက်ရောက်လာပြီဆိုရင်
စိတ်ထဲမှာဘယ်လို နှလုံးထားရမလဲ ဒီပုဂ္ဂိုလ်ဖြစ်ပေါ်နေတဲ့
ရောဂါဝေဒနာတွေက ပျောက်ကင်းသွားပါစေ သက်သာသွားပါစေ
ဆိုရင် ဒါကရုဏာလို့ခေါ်တယ်။ အဲ့ဒီလို စိတ်နှလုံးထားနိုင်ရမယ်။
ထားနိုင်မယ်ဆိုလို့ရှိရင် ဝဇ္ဇသိပ္ပံ မေတ္တာပုဗ္ဗင်္ဂမံ ဆိုတာလို၊
ဝဇ္ဇသိပ္ပံ ကရုဏာပုဗ္ဗင်္ဂမံ -ဆေးပညာအတတ်ဟာ
မေတ္တာရှေ့သွားရှိတယ် မေတ္တာနဲ့လုပ်ရတယ်။
ဆေးပညာအတတ်သည် ကရုဏာရှေ့သွားရှိတယ် ဒီလိုပြောရမယ်။
ဘယ်အရာပဲဖြစ်ဖြစ် လုပ်ပြီဆိုလို့ရှိရင် ဖြူစင်တဲ့စိတ်ထားလို့ခေါ်တဲ့
မေတ္တာနှလုံးသားနဲ့လုပ်ကိုင်မှုတွေ
မှန်သမျှသည် တစ်ဖက်သားမှာအကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ မိမိရဲ့နှလုံးသားထဲမှာတော့ စင်ကြယ်မှုအပြည့်အဝ ရှိတယ်။
မေတ္တာဆိုတဲ့သဘောတရားက မုန်းတီးခြင်းဆိုတဲ့
ဒေါသရဲ့ဆန့်ကျင်ဘက်သဘောတရား။
ကရုဏာဆိုတဲ့သဘောတရားကတော့ အေး
ဘယ်သူတွေဘာဖြစ်ဖြစ် ငါလွတ်ရင်ပြီးရော
ဆိုတဲ့ တစ်ဖက်သားတွေကို ဖြစ်ချင်ရာ ဖြစ်ပါစေ၊ ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ မျိုးမရှိရင် ဒါကရုဏာ-လို့ခေါ်တယ်။
အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအဆင်ပြေအောင်
ငါတတ်နိုင်သမျှ ဖေးမမယ် ကူညီမယ် စောင့်ရှောက်မယ်ဆိုတဲ့
စိတ်ဓာတ် ဒါ ကရုဏာ။အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ
ထားတဲ့စိတ်ထားမျိုး ။မေတ္တာဆိုတာတော့
အားလုံးအပေါ်မှာထားတဲ့ စိတ်ဓာတ်
မိတ်ဆွေတွေအပေါ်မှာထားတဲ့ စိတ်ဓာတ် မေတ္တာ။
ကရုဏာဆိုတာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ထားတဲ့စိတ်ဓာတ်
ဒါကြောင့်မို့ ကရုဏာ-ကျတော့ အကြင်နာ-လို့ဒီလိုပြောကြတယ်။
ကရုဏာရဲ့ သဘောတရားက ကြင်နာမှု သနားမှုဆိုတဲ့နေရာမှာ
တစ်ဖက်သားရဲ့ ဒုက္ခကို မနေစိမ့်ဘူး မကြည့်ရှု့စိမ့်ဘူး
တစ်ဖက်သားဒုက္ခရောက်နေတာကို
ကြည့်မနေနိုင်တဲ့ အနေအထားတစ်ခုကို ပြောတာ။
သို့သော်သူက ဘာနဲ့သွားတူတတ်တုန်းဆိုရင်
သောက-နဲ့သွားတူတတ်တယ်။လောကမှာ သောကရောက်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ ကရုဏာမဟုတ်ဘူး။
ဆိုပါစို့ သားကလေးတစ်ယောက် နေမကောင်းနေလို့
စိတ်ပူနေတဲ့ မိခင်ဟာ ဒါသောက-လို့ခေါ်တယ်။
အဲ့ဒီသောက-ဟာကြည့်လိုက်ရင်တော့
ကရုဏာ-ယောင်ယောင်ဖြစ်နေတယ်။တကယ်တော့ သောက-ဆိုတာ
ဒေါမနဿ-ပဲ။ဒေါမနဿနဲ့ယှဉ်တွဲလာတဲ့ မကောင်းတဲ့ အကုသိုလ်သဘောတရားပဲ။
အဲ့ဒီတော့ ကရုဏာ-ဆိုတဲ့နေရာမှာ သောက-ကို မဖြစ်စေရဘူး။
သောက မဖြစ်ဘဲနဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပေါ်မှာ
အကြင်နာထားပြီးတော့ ထိုဆင်းရဲက ထိုပုဂ္ဂိုလ်ရဲ့
ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေက ဘယ်လိုလွတ်အောင်
ဆောင်ရွက်ပေးရမလဲ ဘာကူညီပေးရမလဲ ကူညီနိုင်သမျှ
အကူအညီပေးတာ ဒီသဘောတရားဟာ
သောက-မပါတဲ့အကြင်နာ တရားကို ကရုဏာလို့ခေါ်တယ်။
ဒါကြောင့်မို့ ကရုဏာ-ဟာမွန်မြတ်တယ်။သို့သော်
ကရုဏာတရားနဲ့ အနီးဆုံးရောထွေးသွားနိုင်တဲ့
သဘောတရားကတော့ သောကပဲ။ဒါ့ကြောင့်မို့ သောကမဖြစ်အောင် ပွားမှ
ကရုဏာ စစ်စစ်ရတယ်။ဒီသဘော အဓိပ္ပာယ်ကို ဘုန်းကြီးတို့
ဂျာမနီ နိုင်ငံအဘိဓမ္မာသင်တန်းသွားပို့ချတုန်းက ကရုဏာရဲ့သဘောကို
ထင်ရှားအောင် ပြောရတဲ့အခါမှာ
ဆိုပါစို့လို့---
ကရုဏာနာနဲ့ သောကဟာ ဘယ်လိုကွာခြားသလဲဆိုရင်
ကိုယ့်ရဲ့စိတ်ထားကို အကဲခတ်လေ့လာခြင်းဖြင့်
အထင်အရှားသိနိုင်တယ်ပေါ့။ဥပမာမယ် Accident ဖြစ်လို့
လူနှစ်ယောက်
ဆေးရုံရောက်တယ်။တစ်ယောက်က ကိုယ့်အမျိုး
တစ်ယောက်က သူစိမ်း။ဖြစ်ကြတာချင်း အတူတူပဲ
ဆေးရုံရောက်တယ် ကိုယ့်အမျိုးအပေါ်ကျတော့ ဘာဖြစ်လဲ
သောကဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ပူတယ်လေ။
ကိုယ့်အမျိုးဆိုတော့ ဟာ တော်တော်များပြင်းထန်သွားသလား
အသက်ဘေးမှ လွတ်ပါ့မလားဆိုတဲ့ ဆိုတဲ့ သောက-တွေနဲ့သွားတာ။
ဟို ကိုယ်နဲ့မသိတဲ့ သူစိမ်းနေရာကျတော့ သောက-မပါဘူး။
အော်ဒီလူလည်း ဒုက္ခရောက်ရှာတယ်။ဒုက္ခမှ လွတ်ပါစေ။
သူ့အပေါ်မှာတော့ သောက-မရှိဘူး။
Accident ဖြစ်လို့ ရောဂါ ရသွားလို့ ဒုက္ခရောက်သွားလို့
သနားတာပဲရှိတယ် အဲ့ဒီသဘောတရားနှစ်ခုဟာ
ကိုယ့်စိတ်ကို ဆန်းစစ်ကြည့် ဆွေမျိုးပေါ်မှာဖြစ်တဲ့ စိတ်နေစိတ်ထားနဲ့
သူစိမ်းပေါ်မှာဖြစ်တဲ့ စိတ်နေစိတ်ထား ဒီနှစ်ခု တူမတူ။
အဲ့ဒီတော့ ဆွေမျိုးအပေါ်မှာဖြစ်တာကျတော့ သောက။
သူစိမ်းတရံပေါ်မှာ ဖြစ်တာကျတော့ ဒါကရုဏာ-လို့ခေါ်တယ်။
အဲ့ဒီလို ကရုဏာဆိုတဲ့ သဘောတရားဟာ
ကြင်နာမှုသန့်သန့် ကြင်နာမှု သန့်သန့် ရှိသည့်အတွက်ကြောင့်
တစ်ဖက်သားကို ရက်စက်ခြင်း ခြောက်တွန်းခြင်းဆိုတာတွေ မဖြစ်ဘူး
ကရုဏာ က။သူရဲ့ဒုက္ခကို ဘယ်လိုကယ်တင်ရမလဲ
ဘယ်လိုအကူပေးရမလဲဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ တတ်နိုင်သမျှ ကူညီပေးတာ။
သို့သော် ကရုဏာရဲ့ သဘောတရားကို စာပေကျမ်းဂန်များမှာ
ဖွင့်ဆိုတဲ့အခါမှာ ကရုဏာ-ဆိုတဲ့ သဘောတရား စိတ်ထဲနှလုံးထဲ
ပေါ်လာလို့ရှိရင် အဲ့ဒီပေါ်လာတဲ့
ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းမှုတော့ ပျက်စီးသွားတယ်
ဒီလိုပြောတာ။ငြိမ်းချမ်းမှု ပျက်စီးသွားတယ်ဆိုတာ
excitement ဖြစ်တာကိုပြေတာ။တစ်ဖက်သားပေါ်မှာ
ကြင်နာတယ်ဆိုကတည်းက သူဟာ ငြိမ်ငြိမ်နေလို့မရဘူး။
ဘယ်လို လုပ်ရပါ့မလဲ ဘယ်လိုကူညီရပါ့မလဲဆိုတာ သောကမပါတဲ့
စိတ်လှုပ်ရှားမှုလေးကို ကရုဏာ-လို့ခေါ်တယ်။
ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ
★ ကံ သုခံ ရုန္ဓတီတိကရုဏာတဲ့။ ★
စိတ်ရဲ့ချမ်းသာမှုကို တနည်းအားဖြင့် နှောက်ယှက်ပိတ်ပင်ထားတယ်။
ဒီသဘာဝ တရားဖြစ်လာလို့ရှိရင်
လူတစ်ယောက်ဟာ အေးအေးချမ်းချမ်းနေနိုင်စွမ်း မရှိဘူးပေါ့။
အဲ့ဒီသဘောတရားလေးတွေဟာ တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်
စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝတရား။
မေတ္တာတို့ ကရုဏာတို့ဆိုတာဟာ ဗြဟ္မာဝိဟာရလို့ခေါ်တယ်။
ဗြဟ္မာ-ဆိုတာ မြင့်မြတ်သူတို့ရဲ့ ဝိဟာရ-နေထိုင်မှု။မြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေရဲ့ နေထိုင်ကြောင်း မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့
စိတ်နေသဘောထား ဒီလိုဆိုလိုတာပေါ့ အဲ့ဒါကြောင့်မို့လို့ ဒီ
ကရုဏာ-တရားကိုရှေ့ထားပြီးတော့ မကျန်းမမာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်
မိမိတို့ကိုယ်တိုင်သူတို့ရဲ့ဆင်းရဲဒုက္ခကို ခံစားပြီးတော့
အများရဲ့ဆင်းရဲဒုက္ခ ရောဂါဝေဒနာရနေတဲ့သူတွေရဲ့
ဆင်းရဲဒုက္ခတွေ သက်သာပါစေ ပျောက်ကင်းပါစေ လွတ်မြောက်ပါစေ
ဆိုတဲ့ စိတ်သဘောထားနဲ့လုပ်ကိုင်ဆောင်သမျှ
အလွန်မွန်မြတ်တဲ့လုပ်ငန်းတစ်ခုပါ ။တစ်ဘက်ကလည်း
အကျိုးစီးပွားကိုလိုလားလို့ မေတ္တာဖြစ်တယ်
တစ်ဘက်ကလည်း ဒုက္ခရောက်နေတဲ့
အချိန်ပိုင်းမှာ ဒုက္ခက လွတ်ပါစေဆိုတဲ့ ဆန္ဒရှိလို့ ကရုဏာဖြစ်တယ်။
မိမိတို့ ကုသပေးလိုက်လို့ ကျန်းမာမှုရသွားတဲ့ပုဂ္ဂိုလ်
ရွှင်ရွှင်လန်းလန်းနဲ့ မိသားစုနဲ့ အိမ်ပြန်သွားတာကိုမြင်လိုက်ရလို့ရှိရင်လည်း
မုဒိတာ-ဖြစ်တယ်ပေါ့။
နောက်ဆုံးမှာ ကုလို့မရတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့
သဗ္ဗေသတ္တာ ကမ္မာသကာ။အဲ့ဒါကျတော့ ဥပေက္ခာလို့ ခေါ်တယ်။
အဲ့ဒီလို မွန်မြတ်တဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ
အများအပေါ်မှာ မေတ္တာထားနိုင်တယ် ကရုဏာထားနိုင်တယ်
မုဒိတာထားနိုင်တယ်။ ဥပေက္ခာထားနိုင်တယ်။
အေးဥပေက္ခာဆိုတာ လွဲမှားစွာအဓိပ္ပာယ်ဖော်တတ်ကြတယ်။
ဥပေက္ခာဆိုတာ ဂရုမစိုက်ဘူး။ဘာကြီးဖြစ်ဖြစ်
ပစ်ထားလိုက်မယ်ဆိုတာမျိုးကို ဥပေက္ခာလို့ ဗမာတွေအနေနဲ့
နားလည်နေကြတယ်။
အဲ့ဒိအဓိပ္ပာယ်ကိုပြောတာ မဟုတ်ဘူး။
မေတ္တာကိုအကျိုးစီးပွားကို လိုလားပါစေဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။
ကရုဏာလို ကြင်နာသနားခြင်းဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။မုဒိတာလို
တစ်ဖက်သား အောင်မြင်သွားလို့ ကျန်းမာသွားလို့
ဝမ်းသားတယ်ဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။စိတ်ဓာတ်တည်ငြိမ်
ရင့်ကျက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားတယ်။
တည်တည်ငြိမ်ငြိမ်ထားနိုင်တယ်လို့ဆိုတာ။
အဲ့ဒီစိတ်ဓာတ်တည်ငြိမ်တယ်ဆိုတာဟာ အင်မတန်မှ
အဆင့်မြင့်တယ်ပေါ့။ဒါကြောင့်မို့လို့ ဥပေက္ခာဆိုတဲ့
ဗြဟ္မာဝိဟာရဟာ အဆင့်အင်မတန်မှ မြင့်တယ်။
သမာဓိစွမ်းအားနဲ့မှ ဒီဥပေက္ခာဆိုတာကို ထိန်းထားနိုင်တယ်ပေါ့။
အေးလူတွေပြောတဲ့ ဥပေက္ခာ ဂရုမစိုက်ပဲ ပစ်ထားလိုက်
ဒီကောင်ပြောမကောင်းဘူး ဥပေက္ခာပြုလိုက် ဆိုတာမျိုးကျတော့
ဒီဟာက မမှန်ကန်တဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေကြတာ။
ဥပေက္ခာဆိုတာ စိတ်လှုပ်ရှားမှု ကင်းပြီးတော့ လုပ်သင့်
လုပ်ထိုက်တာကို လုပ်ပေးတာ။ဆိုပါစို့ ဥပေက္ခာရဲ့
သဘောလေးကို နားလည်အောင်
ပြောမယ်ဆိုရင် လူတစ်ယောက်က ကိုယ့်ချီးမွှမ်းလည်း
ချီးမွှမ်းသည့်အတွက်ကြောင့် သူကို Favour မပေးဘူး။
လူတစ်ယောက်က ကိုယ့်ကိုဆော်ကားတယ် ဆော်ကားလို့
ဆော်ကားသည့်အတွက်ကြောင့်
လည်း မုန်းတီးမှု မလုပ်ဘူး။ဆော်ကားတဲ့လူပဲဖြစ်ဖြစ်
ချီးမွှမ်းတဲ့လူပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ပြုမူချက်ကို လုံးဝ
စိတ်ထဲမှာမထားပဲနဲ့ ဒီနှစ်ယောက်လုံးအပေါ်မှာ
လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာ
အဲ့ဒါဟာ ဥပေက္ခာပဲပေါ့။ဒါဘုရားအလောင်းတွေမှာ
ပါရမီ(၁၀)ပါးထဲမှာ ဖြည့်၇တဲ့အခါမှာ ဥပေက္ခာပါရမီဆိုတာ
ဖြည့်ရတယ်။ဒါစိတ်ရဲ့ ရင့်ကျက်မှုကိုပြတာ။
အဲ့ဒီလို စိတ်ဓာတ်ရဲ့ရင့်ကျင့်မှုမှ မရှိဘူးဆိုရင် ဘုရားဆိုတဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး။
ဥပေက္ခာပါရမီဆိုတာ သတ္တဝါတွေကို ဥပေက္ခာပြုတာ မဟုတ်ဘူး။
ပတ်ဝန်းကျင် သတ္တဝါတွေရဲ့ ကိုယ့်အပေါ်မှာ
လုပ်ရပ်ကို ဥပေက္ခာပြုတာ။လူကို ဥပေက္ခာမပြုဘူး။လူရဲ့
လုပ်ရပ်ကို ဥပေက္ခာပြုတာ။လူရဲ့လုပ်ရပ်ဆိုတာ ကိုယ့်ကိုဆော်ကားတာလား
ကိုယ့်ကိုချီးမွှမ်းတာလား ဆော်ကားတာပဲဖြစ်ဖြစ် ချီးမွှမ်းတာပဲဖြစ်ဖြစ်
အဲ့ဒါတွေကို လျစ်လျူရှု့နိုင်တယ် ပုဂ္ဂိုလ်ကို လျစ်လျူရှု့တာ
မဟုတ်ဘူးလို့ မွန်မြတ်တဲ့ အဓိပ္ပာယ်ကို ဒီလိုမှတ်သားကြရမှာဖြစ်တယ်။
ဒါမှ ဥပေက္ခာစစ်စစ်လို့ခေါ်တယ်။
အေးမေတ္တာကြတော့ အားလုံးသိကြတဲ့အတိုင်း
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု-ရန်ကင်းကြပါစေ ကျန်းမာကြပါစေ
ဆိုတဲ့စိတ်နဲ့ မေတ္တာဆိုတာ မိတ်ဆွေရဲ့စိတ်ဓာတ်နဲ့ထားတာ။
ကရုဏာဆိုတာကြတော့ ဒုက္ခာ မုစ္စန္တု-အခက်အခဲတွေ
ဆင်းရဲဒုက္ခတွေက လွတ်မြောက်ကြပါစေဆိုတဲ့ စိတ်ဓာတ်နဲ့
ဆောင်ရွက်လုပ်ကိုင်တာ ။
မုဒိတာဆိုတာ-ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု -ရထားတဲ့
ရာထူးတွေ ရထားတဲ့ စည်းစိမ်ဥစ္စာတွေ ဘယ်တော့မှ မပျောက်ပျက်ပါစေနဲ့
စည်းစိမ်ဥစ္စာတွေ တည်မြဲပါစေ ရာထူးတွေတည်မြဲပါစေ စသည်ဖြင့်
ကြီးပွားတိုးတက်လာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဝမ်းသာနိုင်တာ
ဒီလိုဝမ်းသာတာကို မုဒိတာကို
အင်္ဂလိပ်လို synthetic joy လို့ဒီလို ဘာသာပြန်ကြတယ်
သို့သော် appreciative joy ဆိုရင် ပိုကောင်းတယ်။
လူတစ်ယောက်ရဲ့ခံစားချက်ကို သိရှိနားလည်ပြီးတော့ ဝမ်းသာတာ။
ကရုဏာကြတော့ Compassion ဆိုတာ အကောင်းဆုံးပဲ။မေတ္တာကြတော့
Lovingkindness လို့ပြန်လေ့ရှိကြတယ်။သို့သော်
Lovingkindness ဆိုတဲ့စကားထက်ကောင်းတာက
Spirit of a friend or Mind of a friend။ မိတ်ဆွေတစ်ယောက်ရဲ့
သဘောတရား Friend's attitude စိတ်နေသဘောထား ဒီလိုဆိုလိုတယ်ပေါ့။
Friendly mind ပေါ့။မိတ်ဆွေ စိတ်ဓာတ်ထားနိုင်တာ အဲ့ဒီသဘာဝတရားတွေဟာ
ဘယ်သူရဲ့သန္တာန်မှာဖြစ်ဖြစ် ဒီသဘာဝတရားတွေဖြစ်တဲ့အတွက်ကြောင့်
ဒီပုဂ္ဂိုလ်ဟာမြင်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရတယ်။မြင့်မြတ်တယ်ဆိုတာ
လူကမြင့်မြတ်တာ မဟုတ်ဘူး။
စိတ်ဓာတ်က မြင့်မြတ်တာ။လုပ်ရပ်တွေက မြင့်မြတ်တာ။
အဲ့ဒီတော့ မြင့်မြတ်အောင်နေမှ မြင့်မြတ်တယ်။
မြင့်မြတ်တဲ့သဘောတရားတွေထားနိုင်တဲ့ ပုဂ္ဂိုလ်မှ မြင့်မြတ်တယ်။
ဒီလိုမှတ်သားရမယ်ပေါ့။
{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}
ဂိရိမာနန္ဒသုတ် အနှစ်ချုပ် တရားတော်မှကောက်နှုတ်ချက်
တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။
_/\_ _/\_ _/\_
ဤတရားတော်အား အသံဖိုင်မှ ရေးသားရသောကုသိုလ်တို့ကြောင့်
တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော
အလုပ်အကြွေးအထောက်အပံ့ အစောင့်အရှောက် ပြုရပါလို၏။
#Credit_Pay_Thoe

ငြီးငွေ့တယ်ဆိုတာ ဘယ်လိုဟာလဲ
ရုပ်တရားအပေါ်၌လည်း နိဗ္ဗန္ဒတိ ငြီးငွေ့၏။
ဝေဒနာအပေါ် သညာအပေါ် သခါင်္ရအပေါ် ၀ိညာဏအပေါ်၌လည်း နိဗ္ဗန္ဒတိ ငြီးငွေ့၏
ထိုငြီးငွေ့တယ်ဆိုတာ ၂မျိုးရှိတယ်။
၁။ သံဝေဂဉာဏ်နဲ့ ငြီးငွေ့တာတစ်မျိုး
၂။ ၀ိပဿနာဉာဏ်နဲ့ ငြီးငွေ့တာ တစ်မျိုး
ထို့တွင် ဒီခန္ဓာကြီးမှာ ဟိုနားကနာ သည်နားက အောင့် ဟိုနားက ကျင် ဟိုနားကကိုက်နဲ့ မသက်သာလှဘူး၊ အခံခက်လှပါပြီ။ အံမလေး အံမလေး မခံနိုင်ဘူး တားလို့ဆီးလို့မရ ငြီးငွေ့လှပါပြီ ဆိုတံ့ ဥစ္စာမျိုးက သံဝေဂဉာဏ်နဲ့ ငြီးငွေ့တာ သည်ငြီးငွေ့နည်းမျိုးက မဂ်မရနိုင်
ရူပက္ခန္ဓာရဲ့ အဖြစ်အပျက် ဝေဒနက္ခန္ဓာရဲ့ အဖြစ်အပျက် သခါင်္ရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ရဲ့ အဖြစ်အပျက်
အဲဒီလို အဖြစ်အပျက်တွေချည်းမြင်ပြီး ငြီးငွေ့တာမျိုးမှ ၀ိပဿနာဉာဏ်နဲ့ ငြီးငွေ့တာ။ ၀ိပဿနာ နိဗ္ဗိန္ဒဉာဏ်လို့ခေါ်တယ်။
အရေးကြီးလို့ထပ်မံပြီးပြောဦးမယ်
နာတယ် ကျင်တယ် ကိုက်တယ်ခဲတယ်ဆိုတဲ့ ဝေဒနာတွေနိပ်စက်လို့ ငြီးငွေ့တာက သံဝေဂဉာဏ်လို့ မှတ်ပါ။
သုခဝေဒနာတွေပေါ်လာတယ် ပြီးတော့ပျောက်သွားတယ် ဒါဟာသုခဝေဒနာလေး တွေ မပျောက်ပါစေနဲ့လို့ တောင်းပန်လို့မရခဲ့ဘူး။
ဒုက္ခဝေဒနာပေါ်လာလဲ တားလို့မရဘူး။ သူ့သဘာဝအတိုင်းပဲ ပေါ်ချိန်ပေါ်တယ် ပျက်ချိန်ပျက်တယ် ကိုယ့်အလိုအတိုင်းမဖြစ်ဘူး
ဒါတွေကိုမုန်းလာမှ နိဗ္ဗန္ဒဝိပဿနာဉာဏ်၊
ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့လာမှ မုန်းလာမှ အဖိုးတန်သည် မဂ်ဉာဏ်ရနိုင်မည်။
နာတာကျင်တာ ကိုက်တာခဲတာကို မလိုချင်လို့ ငြီးငွေ့တာမျိုးက ထိတ်လန့်တဲ့ဉာဏ်ပဲ။ ဒါလောက်နဲ့မရသေးဘူး။
မဂ်မရနိုင်သေးဘူး။
ဒါမျိုးကတော့ ဘယ်သူမဆိုသိတာပေါ့။
တိရိစ္ဆာန်ကလေးတွေတောင် သူတို့ကိုရိုက်ရင် အော်မြည်ပြီး ထွက်ပြေးမယ်။ ရွံမယ် မုန်းမယ် ငြီးငွေ့မယ် အဲဒါမျိုးကို ဆိုလိုတာမဟုတ်ဘူး။
ဖြစ်ပျက်တွေကိုမြင်ပြီး ၀ိပဿနာဉာဏ်နဲ့ မုန်းတာမျိုးမှ နိဗ္ဗန္ဒ = ငြီးငွေ့တယ်လို့ဆိုတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓ၏ဓမ္မစာစုများ မှ
# Sarah Bradshawo

Monday, January 9, 2017
လောကကို စောင့်ရှောက်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လောက၌ မြတ်စွာဘုရားပွင့်ထွန်းလာခြင်း
သည် လောကကိုစောင့်ရှောက်ရန်အတွက်ဖြစ်
၏။ ဗုဒ္ဓမြတ်စွာသည် လောကသား ( သတ္တ၀ါ) တို့အား စောင့်ရှောက်နိုင်ရန် သာသနာတော်ကြီး
ကိုတည်ထောင်ခဲ့၏။ ထို့ကြောင့် ဤသာသနာ
တော်ကြီးသည် လောကကိုစောင့်ရှောက်ရန်ဖြစ်
၏။ လောကyကိုစောင့်ရှောက်ရာ၌ လောကသား
( သတ္တ၀ါ) တို့ အကျိုးစီးပွားဖြစ်လာစေရန် ဆိုလို
ခြင်းဖြစ်၏။ အကျိုးစီးပွားဆိုရာ၌ -
လောကီအကျိုးစီးပွားနှင့်
လောကုတ္တရာအကျိုးစီးပွားနှစ်မျိုးလုံးပါဝင်
၏။
အချို့သော အသိနည်းပါးသူတို့သည် -
လောကီအကျိုး
လောကုတ္တရာအကျိုးကို မခွဲခြားတတ်ဘဲ
ပစ္စက္ခအကျိုးကိုသာ လိုလားတတ်ကြ၏။ မည်သို့ပင်ဆိုစေ လောကသား ( သတ္တ၀ါ) အတွက် တစ်စုံတစ်ခု တစ်နေရာရာမှ ကောင်းကျိုးဖြစ်အောင် ဆောင်ကျဉ်းပေးမှသာ
လောကကိုစောင့်ရှောက်သည်မည်၏။ လောက
သား ( သတ္တ၀ါ) တို့အတွက် မည်သည့်ကောင်း
ကျိုးကိုမှ မဆောင်ကျဉ်းနိုင်ဘဲ မိမိကောင်းကျိုး
ကိုသာ ဆောင်ရွက်သူသည် လောကကို စောင့်
ရှောက်သည်မမည်ပေ။
မန္တလေးမြို့။
၇.၁.၂၀၁၇။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၏။ လောကကိုစောင့်ရှောက်ရာ၌ လောကသား

Thursday, December 15, 2016
Subscribe to:
Posts (Atom)