Sunday, January 15, 2017

#ပဋိစ္စသမုပ္ပါဒ်၏အဓိပ္ပါယ်

___________________________________________________

ပဋိစ္စသမုပ္ပါဒ်၏အဓိပ္ပါယ် -------------------------ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာပါဠိစကားဖြစ်၍ ပဋိစ္စ + သံ +ဥပ္ပါဒ ပဋိစ္စ စွဲ၍ သံ ကောင်းစွာ ဥပ္ပါဒ ဖြစ်သည်။ အကြောင်းကိုစွဲ၍ ကောင်းစွာဖြစ်ပေါ်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။ အကြောင်းကိုစွဲ၍ကောင်းစွာဖြစ်ပေါ်ခြင်းဆိုသည်မှာ

-အ၀ိဇ္ဇာတည်းဟူသောအကြောင်းခံကြောင့် ပြုပြင်မှု့သင်္ခါရတရားဖြစ်ပေါ်၏။ -ပြုပြင်မှု့သင်္ခါရဟူသောအကြောင်းခံကြောင့် ၀ိညာဏ်တည်းဟူသောသိမှု့ တရားဖြစ်ပေါ်၏။ -သိမှု့ဝိညာဏ်တည်းဟူသောအကြောင်းခံ ကြောင့် နာမ်ရုပ်တည်းဟူသောတရားဖြစ်ပေါ်၏။ -နာမ်ရုပ်တည်းဟူသောအကြောင်းခံကြောင့် တည်ရာဟူသောအာယတနတရား (သံသရာချဲ့ထွင်သောတရား)ခြောက်ပါးဖြစ်ပေါ်လာ၏။ -တည်ရာအာယတနတရားခြောက်ပါးအကြောင်းခံကြောင့် တွေ့ထိမှု့ဟူသော ဖဿ တရားဖြစ်ပေါ်လာ၏။ -တွေ့ထိမှု့ဖဿ ဟူသောအကြောင်းခံကြောင့် ခံစားမှု့တည်းဟူသောဝေဒနာဖြစ်ပေါ်လာ၏။ -ခံစားမှု့တည်းဟူသောဝေဒနာအကြောင်း ခံကြောင့် လိုချင်မှု့တဏှာဖြစ်ပေါ်လာ၏။လိုချ င်မှု့တဏှာတည်းဟူသောအကြောင်းခံကြောင့် စွဲလမ်းမှု့တည်းဟူသော ဥပါဒါန်ဖြစ်ပေါ်လာ၏။ -ဥပါဒါန်တည်းဟူသောစွဲလမ်းမှု့အကြောင်းခံကြောင့် ဘ၀တည်းဟူသောတရား ဖြစ်ပေါ်လာ၏။ -ဘ၀ဟူသောအကြောင်းခံကြောင့် ဇာတိဟူသောပဋိသန္ဓေနေမှု့ဖြစ်ပေါ်လာ၏။ -ဇာတိဟူသောအကြောင်းခံကြောင့် အိုမှု့ သေမှု့ ငိုကြွေးမှု့ စိုးရိမ်မှု့ ဆင်းရဲမှု့ နှလုံးမသာယာမှု့ ပြင်းစွာပင်ပန်းမှု့တို့ဖြစ်ပေါ်လာ၏။ ဤသို့အလုံးစုံသောဆင်းရဲအစုတိြု့ ဖစ်ပွားပေါ်ပေါက်လာကုန်၏။

ဇရာမရဏကြောင့် ဇာတိဖြစ်ရပါတယ်။ ဇာတိကြောင့် ကမ္မဘ၀ဖြစ်ရပါတယ်။ ကမ္မဘ၀ကြောင့် ဥပါဒါန်ဖြစ်ရပါတယ်။ ဥပါဒါန်ကြောင့် တဏှာဖြစ်ရပါတယ်။ တဏှာကြောင့် ဝေဒနာဖြစ်ရပါတယ်။ ဝေဒနာကြောင့် ဖဿဖြစ်ရပါတယ်။ ဖဿကြောင့် သဠာယတနဖြစ်ရပါတယ်။ သဠာယတနကြောင့် နာမ်ရုပ်ဖြစ်ရပါတယ်။ နာမ်ရုပ်ကြောင့် ၀ိညာဏ်ဖြစ်ရပါတယ်။ ၀ိညာဏ်ကြောင့် သင်္ခါရဖြစ်ရပါတယ်။ သင်္ခါရကြောင့် အ၀ိဇ္ဇာဖြစ်ရပါတယ်။

ဒိဋ္ဌိဖြုတ်လင်္ကာ ---------------အ၀ိဇ္ဇာနှင့်တဏှာရင်းခံ ဥပါဒါန် ၊ ကံကြောင့်နာမ်ရုပ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ အမျှင်မပြတ် ၊ ဆက်စပ်သည့်ဟန် ကံကြောင့်နာမ်ရုပ် ၊ နာမ်ရုပ်ကြောင့်ကံ အဖန်ဖန်ဖြစ်ပြန် နည်းအလျော် ၊ ဗြဟ္မာ သိကြားစသည်များက ထင်ရှားပြုပြင် ၊ စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တ၀ါတို့ ၊ ဖြစ်လာရမှု့မဟုတ်ဟု ဥာဏ်ဖြင့်ရှု့၍မျှော်။

ဒိဋ္ဌိမကွာ ၊ ပုဂ္ဂိုလ်မှာကား လူတွင်စကြာ ၊ နတ်မှာသိကြား မိုးဖျားဗြဟ္မာ ၊ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ၊ ကုသိုလ်စဲက ဖောက်လွဲပယ်ရွာ ၊ ရောက်မြဲသာတည်းလိ့ဆိုတာကြောင့် ဒိဋ္ဌိဖြုတ်တရားကိုဦးစွာသိထားဖို့ လိုပါတယ်။

လူနတ်ဗြဟ္မာသတ္တ၀ါတို့ သုံးဆယ့်တစ်ဘြုံ ဖစ်ကြရတာဟာ သိကြား ဗြဟ္မာ ထာဝရဘုရားစတဲ့ ဖန်ဆင်းရှင် ကယ်တင်ရှင်ကြီးများကဖန်ဆင်းလို့ ဖြစ်လာကြတာမဟုတ်ပါဘူး။ အကြောင်းကမ္မတရားတွေကြောင့် အကျိုးဝိပါကတရားတွေဖြစ်ပေါ်လာရတာပါဟု ဥာဏ်ဖြင့်ရှု့မျှော်တွေးခေါ်ပြီး နှလုံးသွင်းဆင်ြ ခင်ရမှာဖြစ်ပါတယ်။

ဒိဋ္ဌိဖြစ်ခြင်းအကြောင်းရှစ်ပါး ----------------------------

၁။ ခန္ဓာရဲ့ဖြစ်စဉ်ကိုမသိခြင်းကြောင့် ဒိဋ္ဌိဖြစ်တယ်။
၂။ အ၀ိဇ္ဇာကြောင့် ဒိဋ္ဌိဖြစ်တယ်။
 ၃။ ဖဿကြောင့်လည်း ဒိဋ္ဌိဖြစ်တယ်။
၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်တယ်။
 ၅။ ၀ိတက်ကြောင့်လည်း ဒိဋ္ဌိဖြစ်တယ်။
 ၆။ နှလုံးသွင်းမှားတာကြောင့်လည်း ဒိဋ္ဌိဖြစ်တယ်။
 ၇။ အပေါင်းအသင်းမှားလို့လည်း ဒိဋ္ဌိဖြစ်တယ်။
၈။ မှားယွင်းတဲ့တရားကိုနာကြားရတြာေ ကာင့်လည်း ဒိဋ္ဌိဖြစ်ပါတယ်လို့

ဒိဋ္ဌိဖြစ်ခြင်း အကြောင်းရှစ်ပါးကိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။

ရုပ်နာမ် လောက ငါထင်က ယူကြ သက္ကာယ
 ရုပ်နာမ် လောက ခိုင်မြဲစွ ယူကြ သဿတ
ရုပ်နာမ် မမြဲ ပြတ်ယူစွဲ ခေါ်မြဲ ဥစ္ဆေဒ။

Posted by phyo zaw

copy   ဖြင့်ထပ်ဆင့်ပူဇော်ပါသည်
'' တဏှာ နှင့် ကံ တရားတော်''
=====================
ခင်ဗျားတို့ကိုယ်မှာ ရုပ်နာမ် ၂-မျိုးပဲရှိတယ်၊
ထိုင်နေတာကရုပ်တရား၊နာနေတာကနာမ်၊
ယောက်ျားရယ်၊မိန်းမရယ်လို့ ဆိုကြတာက
သမုတိနယ်မှာပညတ်အားဖြင့်မှန်တယ်၊
ပရမတ္ထသစ္စာနယ်အားဖြင့် ရုပ်နဲ့ နာမ်ပဲရှိတယ်၊

ဥပမာ.... မြစ်ဟိုဘက်ကမ်းကို
လှေနဲ့ကူးသွားမယ်ဆိုရင်
လှေကြောင့်လဲဟိုဘက်ကမ်းရောက်တယ်ဆိုရမယ်၊
လူကြောင့်လဲ ဟိုဘက်ကမ်းရောက်တယ်ဆိုရမယ်၊
တစ်ခုနှင့်တစ်ခု အမှီပြုနေရတာပဲ၊
အကြောင်းနဲ့ အကျိုးပဲရှိတယ်၊
ရုပ်ကြောင့်လဲ နာမ်ဖြစ်တယ်၊
နာမ်ကြောင့်လဲ ရုပ်ဖြစ်ပေါ်လာရတယ်လို့မှတ်ပါ၊

ဒီခန္ဓာမှာရှိတဲ့ ရုပ်နာမ်ဟာ
ခင်ဗျားတို့ ပြုခဲ့တဲ့ ကံ၏အစွမ်းကြောင့်ဖြစ်ရတယ်၊
ကံရှိသရွှေ့ ဒီရုပ်နာမ်အစဉ်ဟာပြတ်မသွားဘူး၊
သေရင်ဘာမှမဖြစ်ဘူးဆိုတဲ့ အယူဟာ ဥစ္ဆေဒဒိဋ္ဌိ အယူပဲ၊
ဒါမှားတဲ့အယူပဲ။
ကုသိုလ် အကုသိုလ်ကံတွေကြောင့်
ရုပ်နာမ်အစဉ်တွေ အဆက်မပြတ်ဖြစ်နေရတယ်၊
ကံ ကံ၏အကျိုးပေးဆိုတာရှိတယ်၊
ကံတို့၏ အကျိုးပေးတရားဟာ
ဉာဏ်နဲ့မှန်းဆပြီးသိနိုင်တယ်၊

အကြောင်းတရားတိုင်းမှာ
အကျိုးတရားရှိတာချည်းပဲ၊

အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလ ၃-ပါး ရှိနေတာပဲ၊
ကာလ ၃-ပါးရှိနေတာ့ အတိတ်ဘဝလဲရှိရမယ်၊
ယခုလက်ရှိဘဝလဲရှိရမယ်၊
နောင်အနာဂတ်ဘဝလဲရှိရမှာပေါ့။
လူတွေဟာ အတိတ်ဘဝကံအကြောင်းတရား
အမျိုးမျိုးကြောင့် ယခုဘဝမှာအကျင့်အမျိုးမျိုး၊
ရုပ်ရည်အမျိုးမျိုး၊ စိတ်နေသဘောထားအမျိုးမျိုး၊
ပညာမှာလဲ ထူးချွန်မှု မထူးချွန်မှုအမျိုးမျိုး၊
ဆင်ရဲချမ်းသာအမျိုးမျိုး
ကွဲပြားခြားနားနေကြတာပေါ့။

ဒီလိုကွဲပြားမှုတွေဟာ
ရာသီဥတုနဲ့ပတ်ဝန်းကျင်
အတွေ့အကြုံကြိုးစားမှုအပေါ်မှာ
အနည်းအပါးတော့တည်တယ်၊
ဒါပေမယ့် ခင်ဗျားတို့ပြုခဲ့တဲ့
စေတနာကံက ပဓာနပဲ၊
သူကစီမံတာပဲ။

ဒီတော့အခုဘဝ ၃-ပါးဆက်စပ်ပုံကို ရှင်းပြမယ်၊
လွန်ခဲ့တဲ့အတိတ်ဘဝ၊
ယခုရောက်ဆဲပစ္စုပ္ပန်ဘဝ၊
နောက်လာမယ့် အနာဂတ်ဘဝလို့
ဘဝ ၃-ပါးကိုတန်းပြီးတော့မှတ်ထားပါ၊
ဘာကြောင့်များဒီဘဝ ၃-ပါးဟာတစ်ခုနဲ့တစ်ခု
ဆက်မိအောင်ဆက်စပ်နေပါသလဲ၊
ဒီဘဝတွေကိုဆက်မိအောင်လုပ်တဲ့
လက်သည်ကို ရှာကြစို့၊
အပ်ချုပ်သမားဟာ အထည်စက်ရုံ၊
ရက်ကန်းစင်တို့ကထွက်လာတဲ့
အဝတ်အထည်တွေကို
ခင်ဗျားတို့ကိုယ်နဲ့ အံကျဖြစ်အောင်ဆက်စပ်ချုပ်လုပ်ပေးလို့
ခင်ဗျားတို့ရဲ့လုံချည်၊ အင်္ကျီတွေဖြစ်လာရတာ၊

ဒီတော့ သမုဒယသစ္စာဆိုတဲ့
တဏှာလောဘဟာ ဒီအပ်ချုပ်သမားလိုပဲ
ဒုက္ခသစ္စာ ဘဝတွေကို ဆက်စပ်ပေးနေတယ်၊
တစ်ဘဝပြီး တစ်ဘဝမပြတ်ရအောင်ဆက်ပေးနေတယ်၊
အတိတ်ဘဝကစုတေပြီးသည်နှင့် တစ်ပြိုင်နက်
ယခုရောက်ဆဲ ပစ္စုပ္ပန်ဘဝကိုဆက်ပေးတယ်၊
ဒီပစ္စုပ္ပန်ဘဝကသေကြရဦးမယ်၊
သေရင်ပစ္စုပ္ပန်ဘဝ စုတိစိတ်ကလေးနဲ့
အနာဂတ်ဘဝ ပဋိသန္ဓေစိတ်ကလေးကို ဆက်ပေးဦးမယ်၊

ဒီတော့ တဏှာလောဘ မသေသရွေ့တော့
ဘဝ ဒုက္ခအဆက်မပြတ်တော့ပါဘူး၊
ဒီတော့ တဏှာလောဘဟာ
အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝ၊
ပြီးတော့ ပစ္စုပ္ပန်ဘဝနဲ့
အနာဂတ်ဘဝတွေဟာ
အဆက်မပြတ်အောင်ဆက်ပေးနေတာပဲ၊

ဒီတဏှာလောဘ မသေသရွေ့တော့
"စုတိပြီး-ပဋိသန္ဓေ၊ ပဋိသန္ဓေ-စုတိ"ဆက်စပ်ပေးနေမှာပဲ။
တစ်သံသရာလုံး မင်းတို့ ငါတို့ကို
ဒုက္ခအားလုံးနဲ့ဆက်စပ်ပေးနေတာဟာ
ဒီ"တဏှာလောဘ"ပဲ၊
ဒီတဏှာလောဘကို
အသေမသတ်နိုင်သရွေ့
ကာလပတ်လုံး
ဘယ်တော့မှ ဒုက္ခဆက်ပြတ်တော့မှာ
မဟုတ်ဘူးလို့မှတ်ပါ၊

ခင်ဗျားတို့ကတော့ ဒီဘုံဘဝကို
ကုသိုလ်ကံက ဆက်သလိုလို ထင်ချင်ထင်နေမယ်။
ကုသိုလ်ကံပေမယ့်
ဒီတဏှာမရှိရင်
ဒီကုသိုလ်ကံဟာ နိဗ္ဗာန်ပို့တယ်၊
သူက ဘဝတွေဆက်ပေးနေလို့ နိဗ္ဗာန်မရောက်တာ။
ကုသိုလ်ကံဟာ တဏှာရဲ့လက်အောက်ခံဖြစ်တဲ့အတွက်၊
လူ့စုတိနဲ့ နတ်ပဋိသန္ဓေဆက်ပေးလိုက်တာပဲ၊
စုတိနဲ့ ပဋိသန္ဓေအဆက်မပြတ်ရအောင်ဆက်ပေးတဲ့
လက်သည်ရင်းကတော့ ဒီတဏှာလောဘပဲ၊

ခင်ဗျားတို့က သာမညဉာဏ်ကလေးနဲ့ကြည့်တော့
ဪ..ကံကောင်းလို့ လူ့ပြည်ရောက်လာတယ်၊
ကံကောင်းလို့နတ်ပြည်ရောက်လာတယ်လို့ ထင်ကြမယ်၊
ဒီ..ကံတွေဟာဘယ်လိုကောင်းကောင်း၊
တဏှာသေရင် အဟောသိကံဖြစ်သွားရတယ်၊
အကျိုးမပေးနိုင်တော့ဘူး၊
ဘုရားဖြစ်ခါနီး ဝေသန္တာရာမင်းကြီးဟာ
ဒါနကုသိုလ်ကံတွေ
အများကြီးပြုလုပ်ခဲ့တယ်၊
ဘုရားအဖြစ်သို့ရောက်တောင်သူရဲ့
ဒါနကုသိုလ်ကံတွေဟာကုန်ပြီလို့ မဆိုနိုင်ဘူး။

တဏှာရှိတဲ့ ပုဂ္ဂိုလ်သာဆိုရင်
အကျိုးပေးလို့မကုန်နိုင်ဘူး၊
သို့သော်ဗောဓိပင်နဲ့ရွှေပလ္လင်မှာ
ဝိပဿနာအလုပ် ကိုလုပ်လိုက်တဲ့အတွက်
တဏှာလောဘကသေသွားတော့
ဘုရား ပရိနိဗ္ဗာန်စံပြီးရင်
ဘယ်ဘဝမှမဆက်တော့ဘူး၊

ဒါတဏှာကုန်လို့မဆက်တာ
"ကံ"ကတော့မကုန်ဘူး
တဏှာကုန်လို့သာမဆက်နိုင်တာ၊
ဒါဖြင့် ဘဝ ဆက်လေသမျှဟာ
တဏှာလောဘလို့သာမှတ်ကြ။
ဒါဖြင့်"ကံ"ဟာကြောက်စရာကောင်းသလား၊
"တဏှာ"ဟာကြောက်စရာကောင်းသလားဆိုတော့၊
တဏှာကကြောက်စရကောင်းတာ။

ခင်ဗျားတို့ကတော့
အကုသိုလ်ကံနှိပ်စက်မှာကြောက်လိုက်ကြတာ၊
တဏှာကြောက်တယ်လို့မပါဘူး၊
အကုသိုလ်ကံ အကျိုးပေးလို့ ဒိုင်းခနဲသေမှာ၊
စီးပွားရေး ပျက်သွားမှာပဲ ခင်ဗျားတို့ကြောက်နေကြတာ၊
တစ်သက်လုံး မုဆိုးလုပ်စားနေတဲ့
မုဆိုးကြီးဟာအကုသိုလ်ကံတွေမနည်းဘူးလုပ်ထားတာ၊

သို့သော်လဲ ဘုရားနဲ့တွေ့လို့
ဘုရားရဲ့ တရားကိုနာပြီး
ဝိပဿနာအလုပ် လုပ်လိုက်တော့
အဲဒီအကုသိုလ်ကံတွေဟာ
အကျိုးဆက်မပေးနိုင်တော့ဘူး၊
ဘာပြုလို့ တဏှာချုပ်သွားလို့၊
ဒီတော့ခင်ဗျားတို့တတွေ
"ကုသိုလ်ကံ"တွေကိုလဲ ဒီလောက်အားကိုးစရာမလိုပါဘူး၊
"အကုသိုလ်ကံ"တွေကိုလဲ ဒီလောက်ကြောက်စရာမရှိပါဘူး၊

ခင်ဗျားတို့ ဘဝများစွာက
ဝဋ်ထဲလည်မယ့် ဝဋ်ကုသိုလ်ကံတွေ
အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ၊
အဲဒီအကုသိုလ်ကံတွေကို မကြောက်ပါနဲ့၊
ဘဝဆက်တတ်တဲ့"တဏှာ"သေရင်
အဲဒီကုသိုလ်ကံ အကုသိုလ်ကံတွေဟာ
"အဟောသိကံ"ဖြစ်ပါတယ်၊
အကျိုးမပေးတော့ပါဘူး၊

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)

ဤကောင်းမှုကုသိုလ် 
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင် တည်ရှိပါစေသတည်း ။ ။

အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ ပင်မသံဝေဇနိယဌာန
အမရပူရပူမြို့
 c/o ( မူကြိုဆရာ )

copy  ဖြင့်ပူဇော်ပါသည်
တချိန်ကအဖြူရောင်အမဲရောင်
.  ❆ ❆ ❆ "ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "❆ ❆ ❆
.             💫💫💫💫💫💫💫💫

🔯“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ
ဟောကြား ခဲ့ပါသည်။

🔯အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

🔯.  ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

°°°

🔯ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ...

🔯“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ အစဉ်အဆက်က
.       ပြောကြား သိမှတ်လာခဲ့တာပဲလို့ "ရှေးစကား” ဖြစ်ရုံ
.ုနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။✅

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ"
.       ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး
.       လက်မခံလိုက်ပါနဲ့ဦး။✅

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိ
.      ထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့ မစုံစမ်း မဆင်ခြင်ဘဲ
.       အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။✅

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာ
.        ပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
.        ပါနဲ့ဦး။✅

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ”
.      ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။✅

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြု
.      အပ်တဲ့ “နည်းနာနိဿယ” တွေ၊ အကြောင်းပြချက်တွေရှိ
.      နေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံ
.ံလိုက်ပါနဲ့ဦး။✅

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်
.       လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
.        မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။✅

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေး
.      တောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း
.      အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။✅

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့
.    ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ
.     မယုံကြည်လိုက်ပါနဲ့ဦး။✅

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” .
.       ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီးသတ်
.        လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။✅

🔜“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသော
တရားတို့တည်း။

🔜ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြေ
ကြာင်းမဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်း
အကျိုးကျေးဇူးအမှန်တကယ်ပြုနိုင်သော တရားတို့ကိုသာ
လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ...
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။✅

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေ
ရမည် "

ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

🔯🔯“ဗုဒ္ဓ” က…

🔯🔯“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး
ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့သဘာဝကျကျ အကျိုးခံစား
ရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။🔯🔯

🔜ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့အတွက် “ အံ့သြတုန်
လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

°°°

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်
“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ ) '
'Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.

Credit
Sarah Bradshaw
Nwe Mar Than
သာယာချမ်းမြေ့ကြပါစေ
သစ္စာနီ
ဗုဒ္ဓ နှင့် ကျန်းမာရေး

ရောဂါဝေဒနာ ပျောက်ကင်းလာစေရန် အတွက် လူနာအနေနှင့်လည်း သမားနှင့်လည်းကောင်း သူနာပြု နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သင့်၏ ဟု ဗုဒ္ဓက ညွှန်ကြား ဟောပြ ထားတော်မူသည်။ မည်ကဲ့ သို့ ပူးပေါင်း ဆောင်ရွက် ရမည်နည်း။

လူနာသည် ရောဂါ နှင့် မတည့်သောအစာကို ရှောင်ကျဉ်ပြီး တည့်သော အစာကိုသာ အတိုင်းအတာ နှင့် စားရမည်။ မည်မျှ စားသင့်သည် ကိုသိထားရမည်။ သမားပေးသော ဆေးကို မညည်းမညူဘဲ စားရမည်။ မိမိ၏ သမား သို့မဟုတ် သူနာပြုအား မိမိရောဂါဝေဒနာ အကြောင်းကို ရိုးသားစွာ တင်ပြရမည်။ မချိမဆန့် ရောဂါဝေဒနာ နာကျင်ခံခက် ဖြစ်နေသည့် အချိန်၌ ပင်ဖြစ်စေ၊ ဝေဒနာကို ခံနိုင်ရည်ရှိအောင် ကြိုးစား ရမည်။
အင်္ဂုတ္တရနိကယ်၊ တိကနိပါတ်

နာမကျန်းဖြစ်နေတော်မူသည့် အခါ၌ ဗုဒ္ဓ သည် တည်ငြိမ်သော စိတ်နှလုံးတော် ဖြင့် နေထိုင် သီတင်း သုံးတော် မူသည်ဟူ၍ သုတ္တန်ဒေသနာတော် များ၌ ပြောဆိုထားသည်။ မိမိအပေါ် ဒေဝဒတ်ကျောက်တုံး တွန်းချသည် ဖြစ်၍ ခြေတော် တွင် ကျောက်တုံး အစိတ်အပိုင်း ထိမှန်သွားသောအခါ ဗုဒ္ဓသည် မချိမဆန့် နာကျင်ခြင်း ဖြစ်တော် မူသည်။  သို့သော်လည်း သတိသမ္ပဇဉ် နှင့် ယှဉ်လျက် နာကျင်ခြင်းကို ခံနိုင်ရည် ရှိအောင် လုပ်တော်မူသည်။
 သံယုတ္တနိကာယ်

ပရိနိဗ္ဗာန် စံချိန်၌လည်း ဗုဒ္ဓသည် ကိုယ်ခန္ဓာ နာကျင်ခြင်းကို သတိ သမ္ပဇဉ်နှင့် ယှဉ်လျက် ခံတော်မူပြီးလျှင် ထူးခြားသော စွမ်းအားကို ဆောင်လျက် ပါဝါမှ ကုသိနာရုံသို့ နောက်ပါ ရှင်အာနန္ဓာ  နှင့် အတူ ကြွတော်မူသည်။ ယင်းသို့ကြွရာတွင် လမ်းခရီး နေရာ အတော်များများ၌ ပန်းလျနေသော ကိုယ်ခန္ဓာ အပန်းပြေစေရန် နားနားပြီးမှ ကြွတော်မူသည်။
ဒီဃနိကာယ်

တစ်ခါတုန်းက ဗေလုဝဂါမ၌ ဗုဒ္ဓသည် အပြင်းအထန်နာမကျန်းဖြစ်ခြင်း ကို သတိသမ္ပဇဉ်နှင့် ယှဉ်လျှက် ခံနိုင်ရည် ရှိအောင် နေတော်မူသောကြောင့် ဝေဒနာကင်းရှင်းပြီးကျန်းမာခြင်း ဖြစ်လာသည်ဟု မဟာ ပရိနိဗ္ဗာနသုတ် ၌ ဖော်ပြထားသည်။

စိတ်ဓါတ်ကြံ့ခိုင်သူများသည် ရောဂါဝေဒနာ များကို ခံနိုင်ရည်ရှိကြသည်.။ တစ်ခါတုန်းက နကုလပိသာ သည် အသက်အရွယ် အိုမင်း ရင့်ရော် နေတော်မူပြီဖြစ် သည့် ဗုဒ္ဓထံ ရောက်သွားသောအခါ ဗုဒ္ဓ က နကုလပိတာ အား ကိုယ်ခန္ဓာ နာမကျန်း ဖြစ်နေစေကာမူ စိတ်ဓါတ် ကြံ့ကြံ့ခိုင်ခိုင် ရှိနေစေရန် ညွှန်ကြား တော် မူသည်။
သံယုတ္တနိကာယ်

ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်းနှင့် စိတ်နာမကျန်းခြင်း ဟူ၍ ဝေဒနာ နှစ်မျိုးရှိသည်။
 ဒွေဝေဒနာ ကာယိကာစ
စေတသိကာစ

အကယ်၍ ပုဂ္ဂိုလ်တဦး တယောက် အနေနှင့် ကိုယ်ခန္ဓာ နာမကျန်း ဖြစ်လာသည့်အတွက် စိတ်ဓါတ်ကျပြီး ပူပန်သောက ရောက်နေပါလျှင် စိတ်နာမကျန်းခြင်း ထပ်ဆင့်တိုးလာသည်။. မြှားနှစ်စင်း အပစ်ခံရသူနှင့် တူသည်။
သံယုတ္တနိကာယ်

စိတ်ဓါတ်ကြံ့ခိုင်သူသည် မိမိ၏ စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊ အချိုးအစားနှင့် လျော်ညီစွာ စိတ်ကို ကျန်းမာ အောင် ထားနိုင်သည်။ ရဟန္တာပုဂ္ဂိုလ် သည် စိတ်ဓါတ်ကြံ့ခိုင်မှု အပြည့်အဝရှိသောကြောင့် ကိုယ်ခန္ဓာ နာကျင်ခြင်း ကိုသာသိသည်။ စိတ်နာကျင်ခြင်းကို မသိပေ။
သောဧကံ ဝေဒနာ ဝေဒိယတိ
ကာယိကံ နစေသတိကံ
သံယုတ္တနိကာယ်

သုတ္တန်ဒေသနာတော်များစွာ၌ ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်းကို ကုစားရန်အတွက် ဗောဇ္စုင်္ဂသုတ် (ဗောဇ္စုင်သုတ်) ရွတ်ဖတ် သရဇ္စုာယ်ရသည်စု ညွှန်ပြထားသည်။ ရှင်မဟာကသ၁ပနှင့် ရှင်မဟာ မောဂ္ဂလန် မထေရ်မြတ်တို့ နာမကျန်းဖြစ်သောအခါ ဗောဇ္စုင်သုတ် ကို ဗုဒ္ဓ ရွတ်တော်မူ သောကြောင့် ရဟန္တာ အရှင်မြတ်နှစ်ပါးလုံး ပုံမှန်အတိုင်း ကျန်းမာလာသည်။
သံယူတ္တနိကာယ်

တစ်ခါက ဗုဒ္ဓာ နာမကျန်းဖြစ်တော်မူသောအခါ စုန္ဒမထေရ်အား ဗဗာဇ္စုင်သုတ် အရွတ်ခိုင်းတော်မူသည်။ ဗောဇ္စုင်သုတ်ကို နာကြားတော်မူသောအခါ ဗုဒ္ဓသည် ဝေဒနာ ကင်းရှင်းပြီး ကျန်းမာခြင်း ဖြစ်လာ တော်မူသည်။
ဗောဇ္စုင်္ဂသံယုတ်

တစ်ခါကလည်း ဂိရိမာနန္ဒရဟန်း နာမကျန်းဖြစ်သောအခါ ဒသသညာ (သညာဆယ်ပါး) အကြောင်း ဟောပြလျှင် ဂိရိမာနန္ဒာရဟန်းကျန်းမာလာလိမ့်မည်ဟု ဗုဒ္ဓက ရှင်အာနန္ဒာအား မိန့်တော်မူသည်။
ဒသသညာ (သညာဆယ်ပါး)ကား

၁။ အသုဘသညာ (impurity of the body)
၂။ မရဏသညာ(Ending of all component things)
၃။ အာဟာရေ ပဋိကူလသညာ(Disgustiveness with nutriment)
၎။ သဗ္ဗလောကေ အနဘိရတသညာ(Disen chantment with the entire world)
၅။ အနိစ္စသညာ(Impermance)
၆။ အနိစ္စ ဒုက္ခသညာ(Perception of suffering)
၇။ ဒုက္ခေ အနတ္တသညာ(Egolessnes)
၈။ ပဟာနသညာ(Elimination of sense pleasure )
၉။ ၀ိရာဂသညာ(Detachment)
၁၀။ နိရောဓသညာ(Cessation)

ရှင်အာနန္ဒာသည် ဗုဒ္ဓထံတော်မှ ဒေသသညာ တရားတော်ကို နာကြားပြီးလျှင် ယင်းတရားတော်ကို ဂိရိမာနန္ဒ ရဟန်းသည် ရောဂါဝေဒနာ သက်သာရာ ရသွားသည်။
တစ်ခါတုန်းက ရဟန်းများကြားထဲတွင် အကျွမ်းဝင်သူရဟန်းမရှိသော ရဟန်းဖြစ်စ ရဟန်းတစ်ပါး နာမကျန်းဖြစ်နေကြောင်း ကြားသိတော်မူသောကြောင့် ဗုဒ္ဓသည် ထိုရဟန်းထံ ကြွသွားတော်မူသည်။  (သံယုတ္တနိကာယ်)

ဗုဒ္ဓကြွလာတော်မူသည်ကို တွေ့မြင်ရသော အခါ ထိုရဟန်းသည် လဲလျောင်းနေရာမှ အတင်းထသည်။ ဗုဒ္ဓက လဲလျောင်းမြဲ လဲလျောင်းနေရန် မိန့်တော်မူသည်။ တစ်နေရာ၌ ထိုင်တော်မူပြီးလျှင် ဗုဒ္ဓသည် ထိုရဟန်း၏ ကျန်းမာရေး အခြေအနေကို မေးမြန်းပြီးလျှင် ရောဂါသက်သာ မသက်သာ စုံစမ်းတော် မူသည်။

ထိုရဟန်းက ဝေဒနာအပြင်းအထန် ခံစားနေရကြောင်း အားနည်းနေကြောင်း သူ၏နာကျင်မှုသည် သက်သာ မသွားဘဲ တိုး၍သာလာကြောင်း လျှောက်ထားပြောပြသည်။

ထိုအခါက ဗုဒ္ဓက ထိုရဟန်းအား ပူပန်သောက နောင်တကြီးစွာ ရနေပါသလားဟု မေးမြန်းစုံစမ်းသည်။ ပူပန် သောကနောင်တကြီးစွာ ရနေပါသည်ဟု ရဟန်းက ပြန်လည်ဖြေကြားသည်။ ဗုဒ္ဓက ထိုရဟန်းအား သီလ ကျိုးပျက်သည့်အတွက် မိမိကိုယ်မိမိ အပြစ်တင်ခြင်းမျိုး ရှိနေပါသလားဟု မေးမြန်းစုံစမ်း တော်မူ ပြန်သည်။ ရဟန်းက သီလကျိုးပျက်ခြင်း မရှိပါ၊ မိမိကိုယ်မိမိ အပြစ်တင်ခြင်းမျိုးလည်း မရှိပါဟု ပြန်လည် လျှောက်ထားသည်။

ထိုအခါ ဗုဒ္ဓက သီလကျိုးပျက်ခြင်း အပြစ်မရှိလျှင် အဘယ်ကြောင့် ပူပင်သောက နောင်တရနေသနည်းဟု မိန့်တော် မူသည်။ အရှင်ဘုရားက သီလ ၀ိသုဒ္ဓိတရားကို မဟောကြားဘဲ ရာဂကင်းကွာမှု (ရာဂ ၀ိရာဂတ္ထာဝယ) အတွက်သာ ဟောကြားတော်မူ၏ဟု ရဟန်းက လျှောက်ထားသည်။ ကျေနပ်အားရခြင်း ဖြစ် သွားတော်မူသော ဗုဒ္ဓက သာဓု သာဓု သာဓု ဟု ချီးကျူးစကား ပြောကြားတော်မူသည်။

ထိုနောက် ဗုဒ္ဓက အာရုံခံ ဣနြေ္ဒတို့သည် အနိစ္စဖြစ်၏။ ဒုက္ခဖြစ်၏။ အနတ္တဖြစ်၏။ ထိုကြောင့် ဣနြေ္ဒတို့ကို တွယ်တာကပ်ငြိခြင်း မရှိတော့ပေ ဟူ၍ တရားဒေသနာ ဟောကြားတော်မူသည်။ ယင်းဓမ္မဒေသနာကို ဟောကြားသောအခါ တရားအမြင် (ဓမ္မစက္ခု) ဖြစ်ပေါ်လာပြီးလျှင် ထိုရဟန်းသည် ဖြစ်ခြင်း သဘောတရားရှိသော အရာအားလုံး ပျက်ခြင်းသဘောတရားရှိ၏ သိမြင်သဘောပေါက် သွားသည်။ တခြားစကားလုံးဖြင့် ပြောရလျှင် သောတာပန္န (သောတာပန်) ဖြစ်သွားသည်။

သောတာ ပတ္တိသံယုတ်၏ အဆိုအရ တစ်ခါတုန်းက နာမကျန်းဖြစ်နေသော အနာထပိဏ္ဍိက (အနာထပိဏ်သူဌေး) သည် ရှင်သာရိပုတြာကို ပင့်ဖိတ်သည်ဖြစ်၍ ရှင်သာရိပုတြာ သည် အနာထပိဏ္ဍိက ထံ ကြွ သွားတော်မူသည်။
သံယုတ်တ္တိနိကာယ်

ရောဂါဝေဒနာခံစားနေရသည် အကြောင်း  အနာထပိဏ္ဍိက က လျှောက်ထားပြောပြသောကြောင့် ရှင်သာရိပုတြာက အနာထပိဏ္ဍိကအား ယခင်က ဆောက်တည်ထားခဲ့သော သီလကို ပြန်လည် သတိရ စေခဲ့သည့် တရားဒေသနာကို ဟောကြားလျက် သရဏဂုံ သုံးပါးကို ယုံကြည်မှု မရှိသော သီလမရှိသော ပုထုဇဉ် ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာချုပ်ငြိမ်းသည့်အခါ ဒုဂ္ဂတိဘုံလားရသည်ဟု မိန့်ကြားတော်မူသည်။ သို့သော်လည်း အနာထပိဏ္ဍိကသည် ခိုင်မြဲစွာ သရဏဂုံတည်ပြီး သီလရှိသူ ပုဂ္ဂိုလ်ဖြစ်သည်။ သရဏ ဂုံ တည်ပြီး သီလရှိသူ ပုဂ္ဂိုလ်ဖြစ်လျှင် ရောဂါဝေဒနာကို ခံနိုင်ရည်ရှိသည်ဟုလည်း ရှင်သာရိပုတြာက အနာထပိဏ္ဍိကကို ဟောပြတော်မူသည်။

အယူမှားပြီး မဂ္ဂင်ရှစ်ပါးတရားကို မကျင့်သုံးသော ပုထုဇဉ် ပုဂ္ဂိုလ်သည် ကွယ်လွန်သောအခါ၌  ဒုဂ္ဂတိဘုံ ရောက်ရသည်ဟု ရှင်သာရိပုတြာက ဟောကြားတော်မူသည်။ သို့သော်လည်း  အနာထိပဏ္ဍိကသည် မဂ္ဂင်ရှစ်ပါး တရားကို ကျင့်သုံးသူပုဂ္ဂိုလ်ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးတရား ကျင့်သုံးသူသည် ရောဂါဝေဒနာကို ခံနိုင်ရည်ရှိသည်။ ရောဂါဝေဒနာ၏ လွှမ်းမိုးခြင်းကို မခံရဘဲ ဝေဒနာသက်သာပျောက်ကင်းသွားသော အနာထပိဏ္ဍိက သည် အိပ်ယာမှ ထလာပြီးလျှင် ရှင်သာရိပုတြာအား ဆွမ်းလုပ်ကျွေးသည်။

တစ်နေ့သောအခါ၌ အနာထပိဏ္ဍိကသည် နာမကျန်းဖြစ်လာပြန်သည်။ ထိုအကြောင်းကိုလည်း သောတာပတ္တိ သံယုတ်၌ ဖော်ပြထားသည်။

အခါတစ်ပါး၌ အနာထပိဏ္ဍိကသည် နာမကျန်းဖြစ်လာ၍ ရှင်အာနန္ဒာကို ပင့်ဖိတ်သည်။ ရှင်အာနန္ဒာသည် လူမမာ အနာထပိဏ္ဍိက၏ အိပ်ယာဘေး ကြွလာပြီးလျှင် တရားဒေသနာဟောကြားသည်။ သရဏဂုံ မတည်သော သီလမရှိသူ ပုထုဇဉ်ပုဂ္ဂိုလ်သည် သေခါနီး၌ တုန်လှုပ်ချောက်ချားသည်။ ထိတ်လန့် ကြောက်ရွံ့ သည်။ သို့သော်လည်း သရဏဂုံတည်ြုပီး သီလရှိသော ပုဂ္ဂိုလ်သည် သေခါနီး၌ မရဏ ဘေး ကို ထိတ်လန့်ကြောက်ရွံ့ခြင်း မဖြစ်ပေ။

အနာထပိဏ္ဍိကက မိမိ သရဏဂုံတည်မြဲကြောင်း လူဒါယကာတို့ စောင့်ထိန်းအပ်သည့် သီလ မကျိုး မပေါက် ကြောင်း လျှောက်ထားပြောပြသောအခါ ရှင်အာနန္ဒာက အနာထပိဏ္ဍိကကို သောတာပန် တည်ခြင်း သည် အလွန်ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်းမိန့်တော်မူသည်။ သို့ရာတွင် အနာထပိဏ္ဍိ က ရောဂါဝေဒနာချက်ခြင်း လက်ငင်း ပျောက်ကင်းသွားသည်ဟူ၍မူ မဆိုပေ။
အင်္ဂုတ္တရနကာယ်

နာမကျန်းဖြစ်သည့်အခါ၌ စိတ်ဓာတ် အားလျှော့တတ်ကြသည်။ သို့သော်လည်း စိတ်ဓာတ်မကျဘဲ တရားဓမ္မ ကျင့်ကြံခြင်းလမ်း၌ ရှေ့တိုးသွားစေရန် အတွက် သတိရှိရမည်။ ရောဂါဝေဒနာ သက်သာ သွားပြီးသည့် နောက်တွင်လည်း သတိလက်လွတ်မနေသင့်ပေ။ အကြောင်းမူကား မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေပါက တရားဓမ္မဆိုင်ရာ အဆင့်မြင့်ရောက်နိုင်သည့်အခွင့်အလမ်း လက်လွတ် ဆုံးရှုံး သွားနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။

အထက်ပါ ပါဠိပိဋကတ် ကျမ်းဂန်များ၏ မိန့်ဆိုချက်အရ လူနာ၏ ရောဂါဝေဒနာပျောက်ကင်းရေးအတွက် ဗုဒ္ဓအလိုကျ ကုစားနည်းသည် လုပ်သင့်လုပ်ထိုက်သော ကုစားနည်းဖြစ်သည်။ လူနာအား ဆေးဝါးမှီဝဲ စေခြင်း ၊ ပြုစုခြင်း နည်းလမ်းများ ဖြင့် ကုစားရုံမျှသာမက လူနာအား တရားဓမ္မဆီသို့ အာရုံညွတ် စေခြင်းသည်လည်း အရေးကြီးသော ကုစားနည်း ဖြစ်သည်ဆိုသော အချက်မှာ သိသာထင်ရှားလှပေ သည်။

ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်အရှင်မြတ်များ နာမကျန်းဖြစ်နေသည့်အချိန်များ၌ ဗောဇ္ဈင်္ဂ (ဗောဇ္ဈင်)သုတ် ရွတ်ဆိုသောအခါ အနာရောဂါပျောက်ကင်းပြီး ကျန်းမာလာကြသည်။ နာမကျန်းဖြစ်နေစဉ်အခါက ရဟန္တာ အဆင့် ရောက်ဟန်မတူသေးသော ဂိရိမာနန္ဒ ရဟန်းနာမကျန်းဖြစ်နေစဉ်ကမူ အနာရောဂါပျောက်ကင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံလာသည်မှာမူ ဒသသညာ တရားကို နာကြားရသောကြောင့်ဖြစ်သည်။

အနာထပိဏ္ဍိကသည် သောတပန်ဖြစ်သည်။သောတာပန်၏ ဂုဏ်အင်္ဂါနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခြင်သည် အနာထပိဏ္ဍိက၏ အနာရောဂါလျင်မြန်စွာ ပျောက်ကင်းခြင်း အကြောင်းတရား ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မိမိရရှိထားပြီးဖြစ်သော ဓမ္မ၏ ဂုဏ်အင်္ဂါရပ်များကို ပြန်လည် အောင့်မေ့လျှင် စိတ်နှလုံးတွင် ပိတိသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ခန္ဓာဓာတ်သဘာဝများကို ကျန်းမာရွှင်လန်းစေသည်။

ယင်းအချက်နှင့် စပ်လျဉ်း၍ ပပဉ္စသူဒနီ (မဇ္ဈိမနိကာယ် အဋ္ဌကထာ) ၌ ပြဆိုထားသော အကြောင်းအရာ တစ်ရပ်ကို သတိပြုသင့်သည်။ ရဟန်းတစ်ပါးသည် တရားဓမ္မကို နာကြားနေစဉ် မြွေကိုက်ခံရသည်။ ရဟန်းသည် မြွေကိုက်သည်ကို ဂရုမစိုက်ဘဲ တရားဓမ္မကို နာကြားမြဲ နာကြားနေသည်။ မြွေဆိပ်ပြန့် သွားပြီး မခံမရပ်နိုင်လောက်အောင် ဝေဒနာခံစားရသည်။ ထိုအခါ ရဟန်းသည် သူရဟန်းဖြစ်ချိန်မှစ၍ ကျင့်ကြံ အားထုတ်သော သီလ၏ စင်ကြယ်မှုကို ပြန်လည်စဉ်းစား ဆင်ခြင်သည်။

မိမိအကျင့်သီလ၏ မှဲ့စွန်းထင်ခြင်း မရှိသော သဘာဝကို သိမြင်သွားသောအခါ ရဟန်း၏ သန္တာန်၌ ကြီးမားသော ပီတိတရားနှင့် သောမနဿတရားဖြစ်ပွားလာသည်။ ယင်းရွှင်လန်းချမ်းမြေ့မှု အပြည့် ရှိသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသည် အဆိပ်ဖြေဆေးသဘောဖြစ်သွားပြီးလျှင် ဝေဒနာ ပျောက်ကင်း သွားသည်။

ယင်းအဖြစ်အပျက်ကို ထောက်ထားလျက် သိရသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နာမကျန်း ဖြစ်နေသည့် အခါ မိမိ၏ ဓမ္မဂုဏ်အင်္ဂါများဆီ အာရုံစူးစိုက်ပါက စိတ်ထဲတွင် သဒ္ဓ့ါအပြည့်ရှိသည့် ပီတိ လျှံတက် လာပြီးလျှင် ကိုယ်ခန္ဓာ၌ရှိသော ကျန်းမာမှု ဖြစ်ပေါ်စေတတ်သည့် အခြေခံအကြောင်းတရား များ၏  အစွမ်းကြောင့် ရောဂါဝေဒနာပျောက်ကင်းသွားသည်။

ယင်းသို့ပြုလုပ်ရခြင်းသည် သင့်လျော် အပ်စပ် သည့် သုတ္တန်ဒေသနာတော်များကို ရွတ်ဆိုသောအခါ ဓမ္မ နှင့် ပတ်သက်၍ တိုးတက်မှုရှိသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အား ရောဂါဝေဒနာ ပျောက်ကင်း သွားအောင် ပြုလုပ်သည့် စက်ယန္တရား သဖွယ် ဖြစ်သည်။

စာရေးသူ - ပါရဂူ
.
Posted by SHWE ZIN U
လောက၌ ဘုရား ဘုရား ဟူသော အသံကို ကြားရဖို့ရန် အလွန်ခဲယဉ်းတယ်လို့ ဆိုကြတယ်။ ထိုစကားကား အာဖရိက၌ ပို၍ သိသာထင်ရှားစေတယ်။ အကြောင်းမှာ အာဖရိကန်များဟာ သရဏဂုံသုံးပါးမပြောနဲ့ ဗုဒ္ဓဘာသာကိုပင် ဘာသာတစ်ခုလို့ မသိကြရှာ။ အခြားသော တိုက်များနှင့် နှိုင်းယှဉ်ရင် ဗုဒ္ဓဘာသာပြန့်နှံ့မှု အားအနည်းဆုံး တိုက်ဖြစ်တယ်။ ထိုအထဲမှာ ဘူလေးဂါရွာမှ ကလေးများဟာ ဗုဒ္ဓကို သိနေကြတယ်။ ထိုရွာထဲမှ ဖြတ်၍ လမ်းလျှောက်သွားတဲ့ အခါတိုင်း ကလေးငယ်များက အိမ်ကြိုအိမ်ကြားမှ ထွက်လာပြီး ''ဗုဒ္ဓ၊ ဗုဒ္ဓ” လို့ နှုတ်ဆက်ကြတယ်။ အစပိုင်းမှာ ကလေးအချို့က နီးနီးကပ်ကပ် နှုတ်ဆက်ရဲသော်လည်း အချို့ကလေးများက အဝေးမှ နှုတ်ဆက်ရဲ့ကြတယ်။ ကျောင်းတော်ကို  တည်ထောင်သူက ဗုဒ္ဓရက္ခိတ၊  ဘုံပိုင်ရေတွင်းများ လှူဒါန်းထားသူက ဗုဒ္ဓရက္ခိတ သို့အတွက်ကြောင့် ဗုဒ္ဓကို သိနေကြခြင်းဖြစ်တယ်။ ဒါကြောင့် ရဟန်းတစ်ပါးပါးကို မြင်တိုင်း ဗုဒ္ဓရက္ခိတ လို့ ထင်နေကြတာ။ ဘန္တေဗုဒ္ဓရက္ခိတဟာ တစ်ပတ်နှစ်ပတ် ပြန်လာလိုက်၊ လုပ်စရာရှိတာ လုပ်လိုက်၊ ပြန်သွားလိုက်နဲ့ ဆိုတော့ ၎င်းကို အချို့က ကြားဖူယုံသာကြားဖူးပြီး မြင်ဖူးဟန်မရှိကြ။

       သူငယ်တော်ဆရာတော် ကြွရောက်စဉ်က ကလေးတွေကို မျှဝေစရာလေးတွေ မျှဝေပေးဖို့ အမိန့်ရှိခဲ့ပါတယ်။ သို့သော်လည်း "ဆွမ်းတော်ထား ဝမ်းတော်တောင် အတော်" ဆိုသလို အစပိုင်းမှာ ဘာမှမတတ်နိုင်ခဲ့။  တစ်လ တစ်ကြိမ် တစ်နေ့တာ စခန်းပွဲရှိမှသာ ထိုင်း၊ သီရီလင်္ကာ ၊ ဗမာ စသော ဒကာ၊ ဒကာမများရဲ့ တာဝန်ယူမှုနဲ့ အကြွေးအမွေးဖြင့် ဧည့်ခံနိုင်တယ်။ ထိုပွဲလေးတွေက ကလေးတွေနှင့် ပိုမိုရင်းနှီးလာပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာဒကာ၊ ဒကာမများရဲ့ သဒ္ဓါတရားကြောင့် ကျောင်းသုံးပစ္စည်းနှင့် အိမ်သုံးပစ္စည်းအပြင် စားစရာများ လှူဒါန်းမျှဝေလာနိုင်ပါတယ်။ ကျောင်းနားမှ ကလေးနှစ်ယောက် သုံးယောက်ကို သရဏဂုဏ်သုံပါး စတင်သင်ပေးရာမှ စနေတနင်္ဂနွေ ၂ရက် သင်တန်းဖြစ်သွားတယ်။ ကလေးတွေကို သင်ပေးထားတာတွေ နေ့စဉ် ရွက်ဆိုဘုရားရှိခိုးဖို့ လာခိုင်းရာမှ ကျောင်းသားအယောက်၂၀ အထက်မှာ နေ့စဉ်ဖြစ်နေပါပြီ။

    ဒါကြောင့် အချို့ကလေးတွေက ဗုဒ္ဓဆိုတာ အလုံစုံသိသူ၊ ဓမ္မဆိုတာ ဗုဒ္ဓသင်ကြားပေးသော တရားတော် စသဖြင့် သိလာကြပါပြီ။ ငါးပါးသီလ အဓိပ္ပါယ်ကိုလည်း အတော်နားလည်နေပါပြီ။ ကျောင်းသားများနှင့် ရင်းနှီးသူများက မိမိကို ဘန္တေလို့ ခေါ်တဲ့အတွက်  အခြားသူများပါ ခေါ်ဝေါ်သုံးတတ်လာကြတယ်။ အချို့က ဗက်နရဘယ်လ် (venerable) စသဖြင့် ခေါ်ကြတယ်။ ဒါကြောင့် ဘူလေးဂါရွာမှ ယူဂန်ဒန် ကလေးများဟာ မိမိအား ဗုဒ္ဓ မဟုတ်မှန်း ယခု သိသွားကြပါပြီ။

မောင်ရင်လေး
(အာဖရိက) ၅.၁.၂၀၁၇
ယူဂန်ဒါ
#TheReverendAdicca
သူငယ်ချင်းလဲ အရေးကြီးတယ်
=====================

မြတ်စွာဘုရားဟောတဲ့ ဇာတ်တော်ထဲမှာ
ဘုရင်ရဲ့မြင်းကောင်းတစ်ကောင်ဟာ အစက ကောင်းပါလျှက်

နောက်ကျ လမ်းသွားရင် ခြေတဖက်က ခွင်းပြီး
တည့်တည့်မတ်မတ် မသွားဘူး မြင်းကို သေချာစစ်ဆေးတော့
ဘာရောဂါ ဘာအနာမှာ မရှိဘူး ဒါပေမယ့်

မြင်းထိန်းတဲ့လူက ခြေခွင်းနေတော့ မြင်းက မြင်ပါတွေ့ပါများ
အတုလိုက်ပြီး မြင်းပါခြေခွင်းသွားတာ။

ခြေခွင်းတဲ့မြင်းထိန်းနေရာမှာ တခြားမြင်းထိန်းလဲလိုက်မှ
မြင်းက ပုံမှန်ပြန်ဖြစ်သွားတယ်။

တိရိတ္ဆန်မပြောနဲ့ လူတွေလည်း မြင်ပါတွေ့ပါများ
အကျင့်က ကူးတက်တယ်။

ကဿပမြတ်စွာဘုရားလပ်ထပ်က ကျနော်တို့မြတ်စွာဘုရားဟာ
ဇောတိပါလဆိုတဲ့ သူဌေးသားဖြစ်တယ်
ဘုရား တရား သံဃာနဲ့ အနေဝေးတယ်

ဘုရားလောင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဃဋိကာရဆိုတဲ့သူငယ်ချင်းက အနာဂမ်ဖြစ်ပြီး ဘုရား တရား သံဃာ ယုံကြည်တယ် ၊

ဃဋိကာရသူငယ်ချင်းက ဇောတိပါလကို ဘုရားထံခေါ်ပေမယ့်
ဘယ်တော့မှ မလိုက်ဘူးတဲ့ နောက်ဆုံး ဆံပင်စွဲခေါ်မှာ
ဘုရားထံရောက်တယ် အဲဒီမှ တရားနာ ရဟန်းပြုပြီး ဗျာဒိတ်ရခဲ့တာပါ

မြတ်စွာဘုရားသော်မှ ပါရမီဖြည့်ဖော်ရှိမှ ဘုရားဖြစ်တာ
သာမန်လူတွေအနေနဲ့လဲ သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ရှိဖို့ အရေးကြီးတယ်

ဒီဘဝနောတ်ဆုံး မဂ်ဖိုလ်ရမဲ့ ပါရမီရှင်များတော့
ချို့ယွင်းချက်ပေါ့

Photo #create
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူခဲ့သော
" ဒိဋ္ဌိစင်မှ နိဗ္ဗာန်မြင်မည် "
(တရားထိုင်သူများအတွက်)   အပိုင်း (၁)
ဟောကြားခဲ့သည့်နေ့    (၈-၉-၆၂)

ဒီခန္ဓာကြီးဟာ ဘာခန္ဓာတုန်းလို့ မေးကြလို့ရှိရင်
ဖြင့် အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ
ခန္ဓာကြီးဟာ ဘာခန္ဓာတုန်းလို့ မေးကြလို့ရှိရင်
ပဋိစ္စသမုပ္ပါဒ်ခန္ဓာလို့ဖြေကြရလိမ့်မယ် (မှန်ပါ့)
ဘယ့်နှယ့်ကြောင့် ပဋိစ္စသမုပ္ပါဒ်ခန္ဓာ လို့ဖြေလဲဆို
တော့ အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရား
တွေ (မှန်ပါ့ဘုရား)
အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရားတွေ
ဒီ အကျိုးတရားတစ်ခု ချုပ်သွားလို့ရှိရင်ဖြင့်
နောက်အကျိုးတရား တစ်ခုပေါ်ပြန်တာပဲလို့မှတ်
ရမယ်နော်…(မှန်လှပါ)
အဲဒါ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေ
တစ်ခုသော အကြောင်းကြောင့်ဖြစ်လိုက် အကျိုး
တရားတစ်ခု ခန္ဓာထဲပေါ်လာလိုက် အဲဒီပေါ်လာ
တဲ့ဥစ္စာက တစ်ခါအကြောင်းပြန်ဖြစ်ပြီးနောက်
အကျိုးတစ်ခု ဆက်ထားခဲ့တယ်
အဲဒီ အကျိုးတစ်ခု ချုပ်သွားပြန်လည်း အဲဒီအကျို
းတစ်ခုက အကြောင်းတစ်ခုကို ဆက်ထားခဲ့
တယ်ဆိုတော့  ဦးကျော်မောင်တို့ ဦးမြမောင်တို့
ပြတ်သေးရဲ့လား (မပြတ်ပါဘုရား)

{ အကြောင်းအကျိုး ဆက်နေတဲ့ ခန္ဓာကြီး }
အဲဒါကြောင့် ဒီခန္ဓာကြီး ဘာခန္ဓာတုန်းလို့မေးလို့
ရှိရင်ဖြင့် အကြောင်းအကျိုးဆက်နေတဲ့ခန္ဓာကြီး
(မှန်လှပါဘုရား)
စကားရှည်နေမှာစိုးလို့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးလို့
ပြောလိုက်ပါတယ် (မှန်လှပါ)
စင်စစ်တော့ အကြောင်းအကျိုးဆက်နေတဲ့
ခန္ဓာကြီးလို့မှတ် (မှန်ပါ့)

အကြောင်းအကျိုဆက်နေတဲ့ခန္ဓာကြီးကို ခင်ဗျား
တို့ မသိကြတော့ကိုတဲ့ သြော်…မနေကလည်း
ငါပဲ ယနေ့လည်းငါပဲ ဆိုပြီးသကာလ
တစ်နေ့သော်လည်း အခုပေါ်လာတာ ငါစွဲပြန်
ချုပ်သွားပြီး နောက်တစ်ခါပေါ်လာတာလည်း
ငါစွဲပြန် ငါက ပေါ်ရာကို စွဲတယ်လို့ ဒီလိုမယူဆ
ဘဲနဲ့ မူလဖြစ်ထားတဲ့ဟာ မပျောက်သေးဘူးဆိုပြီ
းငါစွဲတဲ့ဟာဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့
ဒီ "ငါ" လာတာလို့ မှတ်ရမယ် (မှန်လှပါ)

စဉ်းစားကြည့်ပါတဲ့ အားလုံး ဒကာ ဒကာမတွေ
ဥပမာမယ် မြင်စိတ်ဖြစ်ပြီးတော့ ချုပ်ပျောက်သွား
တယ် ပဋိစ္စသမုပ္ပါဒ်တရားတစ်ခု ချုပ်သွားတယ်
ကြားစိတ်တစ်ခုပေါ်လာတယ် ချုပ်သွားပြန်ပြီ
နံစိတ်တစ်ခု ပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ
စားစိတ်တစ်ခုပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ
ဒီလိုချည်းပဲ ပေါ်လိုက်ချုပ်လိုက် ပေါ်လိုက်ချုပ်
လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာနေတာကိုပင်လျှင်
ဒါဟာ ကျုပ်ချည်းပဲလို့ယူထားလိုက်တယ်(မှန်ပါ့)
ငါချည်းပဲလို့ယူထားလိုက်တာ ပဋိစ္စသမုပ္ပါဒ်နားမ
လည်တဲ့အတွက် သဿတ ဖြစ်နေပါတယ်(မှန်ပါ့
) ရှင်းပလား …(ရှင်းပါပြီ)

ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် ဘာဖြစ်နေ
သလဲ…(သဿတ ဖြစ်နေပါတယ်ဘုရား)
အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို နေ့တိုင်းလမ်းထွင်
ပြီးသကာ ပြခြင်းသည် ဦးစံဖေတို့ ဦးဘသန်းတို့
ကမှတ်ရမယ် သြော်…သဿတ ခွာနေတာပါက
လား (မှန်လှပါ) မဟုတ်ဘူးလား…(မှန်ပါ့)
"ဝေဒနာပစ္စယာ တဏှာ" ဆိုတော့ ဝေဒနာချုပ်
သွားပြီး တဏှာလာတာပဲ (မှန်ပါ့)
အဲဒီမှာ ဆရာကောင်း သမားကောင်းနဲ့ မှီဝဲတဲ့
ပုဂ္ဂိုလ်ကတော့ ဝေဒနာပစ္စယာ ပညာလာတာပဲ
(မှန်ပါ့)
ဆရာကောင်း သမားကောင်းမမှီဝဲတဲ့ပုဂ္ဂိုလ်က
ဝေဒနာပစ္စယာ (တဏှာပါ) သြော်…ဝေဒနာချုပ်ပြီ
းတဏှာလာတာပဲ (မှန်လှပါ)

{ ဆရာကောင်း တပည့်ကတော့ }
ဆရာကောင်း သမားကောင်းနဲ့ နည်းနာ,နိဿယ
ရတဲ့ပုဂ္ဂိုလ်များကတော့ ဝေဒနာပစ္စယာ ပညာ
(မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ ပညာပေါ်လာတယ် မပေါ်
ဘူးလား…(ပေါ်ပါတယ်ဘုရား)
အဲဒီကဲ့သို့ပေါ်လာတဲ့အခါကျတော့ အကြောင်းနဲ့
အကျိုးလို့မဆိုဘူး ဝေဒနာချုပ်လို့ပညာပေါ်နိုင်တါ
ဝေဒနာချုပ်လို့ ဆရာကောင်းသမားကောင်းမရှိ
တဲ့ပုဂ္ဂိုလ်များ တဏှာပေါ်တာမဆိုနိုင်ဘူးလား
(ဆိုနိုင်ပါတယ်ဘုရား)
အဲဒီတော့ကို ဝေဒနာမချုပ်ဘဲနဲ့ ပညာလည်း
မပေါ်နိုင်ဘူး တဏှာလည်းမပေါ်နိုင်ဘူး(မှန်ပါ့)
ပေါ်နိုင်ပါ့မလား…(မပေါ်နိုင်ပါဘုရား)
မပေါ်နိုင်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
မှာ တစ်ခါတလေ ဝေဒနာနဲ့အသက်ရှင်နေတယ်
တစ်ခါတလေ ပညာနဲ့အသက်ရှင်နေတယ်
တစ်ခါတလေ ပညာနဲ့အသက်ရှင်နေတယ်(မှန်ပါ့
) ဆရာကောင်း သမားကောင်းမှီဝဲတဲ့ပုဂ္ဂိုလ်မှာ
တစ်ခါတလေကျတော့ ဝေဒနာလေးပေါ်ပါတယ်
အင်း…ဝေဒနာနဲ့အသက်ရှင်နေတယ် တစ်ခါ
ဝေဒနာကို ဖြစ်ပျက်ရှုလိုက်ပြန်တော့ ဖြစ်ပျက်ရှု
တဲ့ဉာဏ်နဲ့အသက်ရှင်နေတယ် (မှန်ပါ့)
ပညာနဲ့အသက်ရှင်နေတယ် (မှန်ပါ့)
ဆရာကောင်း သမားကောင်းကို မမှီဝဲရ မဆည်း
ကပ်ရ နည်းနာနိဿယကောင်း မရတဲ့ပုဂ္ဂိုလ်ကျ
တော့ကို ဝေဒနာချုပ်သွားပြီးတဏှာနဲ့အသက်ရှင်
နေတယ် (မှန်ပါ့)
မဟုတ်ဘူးလား…(ဟုတ်ပါတယ်ဘုရား)

{ ဝေဒနာပစ္စယာ ပညာ }
အဲဒီတော့ "ဝေဒနာပစ္စယာ ပညာ" ဆိုတာဆရာ
ကောင်းသမားကောင်းမှီဝဲရမှ ဖြစ်ပါတယ်
ပဋိစ္စသမုပ္ပါဒ်မှာနော် (မှန်ပါ့)
ဝေဒဏှာပစ္စယာတဏှာ ဆိုတာကတော့
ကမ္ဘ္ဘ္ဘာနဲ့မြေစာလို့မှတ်လိုက်ပါ(မှန်ပါ့)
လူတိုင်းမှာလှည့်နေတယ် (မှန်ပါ့)

"ဝေဒနာပစ္စယာ တဏှာ" က ကမ္ဘာနဲ့မြေစာ
"ဝေဒနာပစ္စယာ ပညာ" က သာသနာတွင်းမှာ
ဆရာကောင်းသမားကောင်းနဲ့ မီဝဲမှပေါ်တာ
နို့မဟုတ်လို့ရှိရင်ဖြင့် တပည့်တော်တို့နောက်တုန်
းကဘယ်လိုနေခဲ့ရသတုံး ဝေဒနာပစ္စယာတဏှာ
နဲ့နေခဲ့ရတယ်ဆိုတော့ ဝေဒနာချုပ်သွားပြီ သူ့နေ
ရာဘယ်သူပေါ်ပါလိမ့် (ပညာပါဘုရား)
ပညာပေါ်တယ် ဒါဆရာကောင်း သမားကောင်း
မှီဝဲတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ့)

ဒီနေရာ နည်းနည်းရှင်းလိုက်ပါဦးမယ်တဲ့
ပထမက ဦးမြမောင် ဝေဒနာနဲ့အသက်ရှင်နေ
တယ်(မှန်လှပါဘုရား) ခန္ဓာကိုယ်ကြီးဟာ
ဝေဒနာချုပ်သွားတော့ကို ဆရာကောင်းသမား
ကောင်းမှီဝဲတဲ့ပုဂ္ဂိုလ် ဘာနဲ့အသက်ရှင်သတုံး
(ပညာနဲ့အသက်ရှင်ပါတယ်ဘုရား) ပညာနဲ့
အသက်ရှင်တယ်
သြော်…ဒါဖြင့် အသက်ရှင်တယ်ဆိုတာကို သိတဲ့
အခါကျတော့ ဝေဒနာပစ္စယာကြောင့် ပညာဖြစ်
တယ် ပညာနဲ့အသက်ရှင်ပြီးသကာလနေတယ်
ဆိုတာကို အခုတော့ကိုယ်ပိုင်ဉာဏ်နဲ့သိရတော့
ကို ပညာနဲ့အသကိရှင်ရမှုကလည်း မလွယ်ပါ
ကလား (မှန်လှပါ)

ဆရာကောင်းသမားကောင်း မမှီဝဲရတော့
ဝေဒနာပစ္စယာ (တဏှာပါ) ဝေဒနာနဲ့အသက်ရှင်
နေတဲ့ပုဂ္ဂိုလ် ဝေဒနာချုပ်သွားတော့  ဦးမြမောင်
တစ်ယောက် သေပြီ ဦးကျော်မောင်တစ်ယောက်
သေပြီ ဘာနဲ့အသက်ရှင်နေသတုံး (တဏှာနဲ့
အသက်ရှင်နေပါတယ်ဘုရား)
တဏှာချုပ်သွားတော့ ဒီပုဂ္ဂုလ် ဘာနဲ့အသက်ရှင်
နေသတုံး (ဥပါဒါန်နဲ့အသက်ရှင်နေပါတယ်ဘုရား
) ဥပါဒါန်နဲ့အသက်ရှင်နေတယ် စိတ်တစ်ခုခုနဲ့
အသက်ရှင်ရမှာကိုး (မှန်ပါ့)
" ဧကစိတ္တသမာယုတ္တာ "ကိုး တစ်ခုသောစိတ်နဲ့
အသက်ရှင်ရမှာကို ရှင်းပြီးသကာလ
ဒါဖြင့် ခင်ဗျားတို့ ဒီလိုဆရာသမားတွေနဲ့မတွေ့
ကိုယ့်အလုပ်ကိုလည်း လုပ်ကောင်းမှန်းမသိတဲ့
ပုဂ္ဂိုလ်တွေမှာ တဏှာနဲ့အသက်ရှင်လိုက်
ဥပါဒါန်နဲ့အသက်ရှင်လိုက် ကံနဲ့အသက်ရှင်လိုက်
ပြန်လှည့်လိုက် (မှန်ပါ့)
ပြန်လှည့်တဲ့အခါကျလို့ရှိရင်ဖြင့် စိတ်နဲ့အသက်
ရှင်လိုက် ဖဿနဲ့အသက်ရှင်လိုက် ဝေဒနာနဲ့
အသက်ရှင်လိုက် (မှန်ပါ့)
ဒီလိုချည်းလှည့်နေတာ သြော်…ဒါကြောင့်
ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်ဆိုတာ စိတ်ကနေလှည့်
လိုက်လည်း ကရောက် ကံကနေမသေသေး
ပြန်လှည့် စိတ်ပြန်ရောက် (မှန်ပါ့)
မရောက်ဘူးလား…(ရောက်ပါတယ်ဘုရား)
ရောက်တော့ကို ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ဟာ
ဘာခန္ဓာကိုယ်တုန်းလို့ မေးတော့ ပဋိစ္စသမုပ္ပါဒ်
ခန္ဓာကိုယ် (မှန်ပါ့) ဒါတွေလှည့်ဖြစ်နေတာ
ပေါ်ကြပလား…(ပေါ်ပါပြီဘုရား)

{ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ် }
ဘာခန္ဓာကိုယ်တုံး(ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်ပါ
ဘုရား) ပဋိစ္စသမုပ္ပါဒ်ခန္ဓာကိုယ်လို့သိတော့
ပထမစိတ်နဲ့အသက်ရှင်နေတယ် ဆိုတော့
သြော်…ပဋိစ္စသမုပ္ပါဒ်နဲ့အသက်ရှင်နေတယ်
စိတ်ချုပ်သွားပြန်တော့ ဖဿနဲ့အသက်ရှင်တယ်
(မှန်ပါ့) ဖဿနဲ့အသက်ရှင်တယ် ဖဿခန္ဓာဖြစ်
ပြန်တယ် (မှန်ပါ့)
ဒါဖြင့် ဖဿခန္ဓာချုပ်သွားပြန်တော့ ဝေဒနက္ခန္ဓာနဲ့
အသက်ရှင်တယ် ဆရာကောင်းသမားကောင်း
မမှီဝဲရပြန်တော့ တဏှာခန္ဓာဖြစ်တယ်(မှန်ပါ့)
မဟုတ်ဘူးလား…(ဟုတ်ပါတယ်ဘုရား)
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့အသက်ရှင်တယ်ဆိုရင်
လွဲပါ့မလား…(မလွဲပါဘုရား)
ကောင်းပြီ ဒါဖြင့် အကြောင်းတစ်ခုချုပ်သွားတဲ့
အခါ အကျိုးတစ်ခု မပေါ်ဘူးလား
(ပေါ်ပါတယ်ဘုရား)
သြော်…ဒီအကျိုးဟာ အလိုလိုပေါ်သလား
အကြောင်းကကျေးဇူးပြုခဲ့လို့ပေါ်တာလား
(အကြောင်းကကျေးဇူးပြုလို့ပေါ်တာပါဘုရား)
အကြောင်းကကျေးဇူးပြုခဲ့လို့ ပေါ်တဲ့ဝေဒနာ
ကြောင့် ပညာပေါ်တယ် (မှန်ပါ့)
ဝေဒနာကြောင့်တဏှာပေါ်တယ် ဆရာကောင်း
သမားကောင်းမမှီဝဲရတော့လေ (မှန်လှပါဘုရား)
ဝေဒနာကြောင့် ဆရာကောင်းသမားကောင်း
မှီဝဲရရင် (ပညာပေါ်ပါတယ်ဘုရား) အဲ ဒီလူပညာ
နဲ့အသက်ရှင်တယ်နော် (မှန်ပါ့)
ဆရာကောင်းသမားကောင်းမမှီဝဲရတဲ့ပုဂ္ဂိုလ်ကျ
တော့ ဝေဒနာချုပ်သွား ဘာနဲ့အသက်ရှင်နေ
သတုန်း (တဏှာနဲ့အသက်ရှင်နေပါတယ်ဘုရား)
တဏှာနဲ့အသက်ရှင်နေတာသိတော့  သြော်…
အကြောင်းနဲ့အကျိုးဟာ မပြတ်ပါလားလို့
အကြောင်းကြောင့် အကျိုးဖြစ်နေတာပါလားလို့
ခန္ဓာကြီးမဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်ဘုရား)

{ တစ်ခုချုပ်မှတစ်ခုပေါ်နိုင်တယ် }
အကြောင်းချုပ်သွားရင် အကျိုးပေါ်တာပဲ
အဲဒီအကျိုးပေါ်တာ သိလိုက်သဖြင့် ကိုယ်အ
သက်ရှင်နေတာ သိလိုက်သဖြင့်
တစ်ခုချုပ်မှ တစ်ခုပေါ်နိုင်တာကိုးဗျ (မှန်ပါ့)
တစ်ခုချုပ်မှ (တစ်ခုပေါ်နိုင်ပါတယ်ဘုရား) တစ်ခု
ချုပ်မှတစ်ခုပေါ်နိုင်တာကို ဘုန်းကြီးတို့ ဒကာ
ဒကာမတွေသိတော့မှ မမြဲပါကလား (မှန်ပါ့)
မမြဲပါဘူး တစ်ခုချုပ်မှတစ်ခုပေါ်တာကိုးဗျ (မှန်ပါ့)
အဲဒီပေါ်လာတာလည်း ချုပ်ဦးမှာပဲ ချုပ်ပြီးနောက်
အသစ်တစ်ခုမပေါ်ပေဘူးလား(ပေါ်ပါတယ်ဘုရား) ဒါဖြင့် မြဲသေးသလား ဦးမြမောင်(မမြဲပါဘုရား)
အဲဒီလို သိလိုက်တော့ ပဋိစ္စသမုပ္ပါဒ် အကြောင်း
ချုပ်လို့ အကျိုးဖြစ်တာသိလိုက်သဖြင့်
သဿတဒိဋ္ဌိ စင်သွားတယ် (မှန်ပါ့)

{ ပထမဒိဋ္ဌိ }
တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်လာတာ ဒီလိုသိလိုက်
တော့ ဘာဒိဋ္ဌိစင်သွားသတုံး(သဿတဒိဋ္ဌိစင်
သွားပါတယ်ဘုရား)
ချုပ်သွားတာလည်း သိတာပဲ ပေါ်လာတာလည်း
(သိပါတယ်ဘုရား) အဲဒီတော့ ခိုင်တယ်မြဲတယ်
လို့ ယူလို့ရသေးရဲ့လား (မရပါဘုရား)
အဲဒါကြောင့် သဿတဆိုတဲ့ဥစ္စာ တစ်ခုတည်း
ခိုင်တယ်ယူတဲ့ဥစ္စာ သဿတကိုး (မှန်ပါ့)
အခုတော့ တစ်ခုတည်းခိုင်တယ်ဆိုတာ ဟုတ်
သေးရဲ့လား (မဟုတ်ပါဘုရား) တစ်ခုချုပ်ပြီးမှ
တစ်ခုပေါ်တယ် (မှန်ပါ့) အဲဒီ ပေါ်တဲ့တရား
ကလေးချုပ်ပြီး နောက်တစ်ခု(ပေါ်လာပါတယ်
ဘုရား) အဲ့ဒီတော့ ခိုင်တာကိုပါသေးရဲ့လား…
(မပါ,ပါဘုရား)

{မခိုင်မြဲတာသိလို့ သဿတဒိဋ္ဌိစင်တယ် }
အဲဒီကဲ့သို့ ခိုင်တာမပါတာကို သိသဖြင့်
ခိုင်တာမရှိဘူးဆိုတာ သိသဖြင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒကာ ဒကာမတွေ
သဿတဒိဋ္ဌိစင်သွားတယ် (မှန်ပါ့)ပေါ်ကြပလား
(ပေါ်ပါပြီ) သဿတဒိဋ္ဌိစင်ပုံသဘောကျပလား
(ကျပါပြီဘုရား)
သဿတဒိဋ္ဌိ စင်သွားပါပြီတဲ့ ရှင်းပြီနော် (မှန်ပါ)
ဒီနေ့ ဒိဋ္ဌိခွာတယ်…သောတာပန် တည်အောင်လို့
ဒိဋ္ဌိခွါနေတယ်
ဥမမာမယ် အခုဝေဒနာချုပ်သွားတော့ ခင်ဗျားတို့
ဘာနဲ့အသက်ရှင်နေသတုံး (တဏှာနဲ့အသက်
ရှင်နေပါတယ်ဘုရား)
တဏှာနဲ့အသက်ရှင်တော့ အင်း…ဝေဒနာသမား
မြဲရဲ့လားလို့ မေးရင်ဘယ့်နှယ်ပြောမလဲ
(မမြဲပါဘုရား)
ကဲ…တဏှာနဲ့အသက်ရှင်နေပြီ တဏှာကလည်း
ဖြစ်ပြီးပျက်သွားပြန်တော့ ဘာနဲ့အသက်ရှင်ရ
မယ်(ဥပါဒါန်နဲ့အသက်ရှင်ပါမယ်ဘုရား)
ဒီတော့ ခင်ဗျားတို့ခန္ဓာဟာ မြဲသေးရဲ့လား…
(မမြဲပါဘုရား)

{ ဆက်လက်ပူဇော်တင်ဆက်ပါမည်…}

Myint Wai (TGI)