Thursday, April 27, 2017
Wednesday, April 26, 2017
Sunday, April 9, 2017
Wednesday, April 5, 2017
❄ဟယ်…တဏှာလက်သမား
ကျွန်ုပ်တို့သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ကီးသည် ဘုရားဖြစ်ဖြစ်ချင်း ဤသို့ ကျူးရင့် တော်မူလေသည်………… အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊ ဂဟကာရံ ဂဟေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ဂဟကာရက ဒိဌောသိ၊ ပုန ဂေဟံ န ကာဟသိ။ သဗ္ဗာ တေ ...ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ ၀ိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။ ၎င်း ဥဒါန်းစကားတော်၏ ဆိုလိုရင်းမှာ “ငါ၏ ဘ၀ ခန္ဓာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ်…………တဏှာလက်သမား၊ ငါသည် သင့်ကို အမှန်တကယ် မသိခဲ့သော ကြောင့် သင့်ကို ရှာဖွေရင်း ဘ၀များစွာသံသရာပတ်လုံး တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကို တွေ့ပြီ။ ဤအချိန်က စပြီး သင်သည် ငါ့အတွက် ဘ၀ခန္ဓာအသစ် ထပ်မံဖြစ်အောင် လုပ်ခွင့်ရတော့မည် မဟုတ်။ ငါသည် သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးအစွန်း အထွတ် ကိုလဲ လှဲလိုက်ပြီ၊ ယခု ငါ့စိတ်သည် သင်၏နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို မြင်နေပြီ၊ ငါရဲ့ စိတ်သည် သင်တဏှာရဲ့ နယ်မှ လွတ်ပြီ…..ကျွတ်ပြီ” ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။
Posted by zaw lai.
# Sarah Bradshaw

Subscribe to:
Posts (Atom)