Wednesday, February 22, 2017

၁၃။ လောက၀ဂ္ဂ Chapter 13

Chapter 13

၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောက၀ဍ္ဎုနော။

၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့ လျော့လျော့ မနေရာ၊ မှားသောအယူကို မယူရာ၊ လောက ကြီးပွားရေးအတွက် သက်သက်မဖြစ်ရာ။

167. One should not live in lowly quality life (sensualities), one should not live on heedlessness, one should not act on wrong views, and one should not sink into the world.

၁၆၈။ ဥတၱိေ႒ နပၸမေဇၨယ်၊ ဓမၼံ သုစရိတံ စေရ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

၁၆၉။ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

၁၆၈။ ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ်သော အကျင့်တရားကို ကျင့်ရာ၏၊ တရားကိုကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း ချမ်းသာစွာ နေရ၏။

၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏၊ ဒုစရိုက်တရားကို မကျင့်ရာ၊ တရားကို ကျင့်သောသူသည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။

168. One should be attentive in standing for alms, follow Dhamma, which is good conduct. One, who lives with Dhamma, has joy in this world and in the next.

169. One should follow Dhamma which is good conduct, not which is poor conduct. One who lives with Dhamma has joy in this world and in the next.

၁၇၀။ ယထာ ပုဗ္ဗုဠကံ ပေဿ၊ ယထာ ပေဿ မရီစိကံ။
ဧ၀ံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

၁၇၀။ ရေပွက်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တံလျှပ်ကို ရှုမြင်ရသကဲ့သို့ လည်းကောင်း ဤအတူ ခန္ဓာငါးပါး ဟူသော လောကကို ရှုကြည့်သူကို သေမင်းသည်မမြင်နိုင်။

170. One who looks the world as a bubble, as a mirage, so also sees the body, the assemblage of five aggregates as an illusion of an appearance; the King of Death has no power over that person.

၁၇၁။ ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ၀ိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ၀ိဇာနတံ။

၁၇၁။ လာကြကုန်လော့ ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော အ၀တ်တန်ဆာတို့ဖြင့် ဆန်းကြယ်သော ဤခန္ဓာငါးပါးတည်းဟူသော လောကကိုရှုကြကုန်လော့၊ ယင်းလောက၌ မိုက်သူတို့သည် နစ်မြုပ်ကြကုန်၏၊ ပညာရှိတို့အား ကပ်ငြိတွယ်တာမှုသည်မရှိ။

171. Come and look at this world (five aggregates), like a decorated royal chariot, wherein fools sink in it. The wise have no attachment to it.

၁၇၂။ ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇကိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

၁၇၂။ ရှေးငယ်စဉ်အခါက ကုသိုလ်၌ မေ့လျော့ခဲ့၍ နောင်ကြီးပြင်းသောအခါ၌ မမေ့လျော့သောသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်း တောက်ပစေ၏။

172. One who was unwise and negligent in early days but later found wisdom, brightens up this world like that of the moon when free from clouds.

၁၇၃။ ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

၁၇၃။ မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။

173. One who uses good deeds to cover misdeeds he has done before, brightens up this world like that of the moon when free from clouds.

၁၇၄။ အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ၀ိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

၁၇၄။ ဤလူအပေါင်းသည် ပညာမျက်စေ့မရှိသဖြင့် အကန်းအတိသာ ဖြစ်၏။ ဤလောက၌ အနည်းငယ် မျှသောသူသည်သာ အနိစ္စစသော သဘောအားဖြင့် ရှုမြင်နိုင်၏။ ပိုက်ကွန်မှလွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းငယ်မျှသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်နိုင်၏။

174. Most of the people in the world are blind and only few here can see insightfully. Just as only few birds can escape from a net, only a few can go to heaven (Deva planes) (the Nibbana).

၁၇၅။ ဟံသာဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သ၀ါဟိနိံ။

၁၇၅။ ဟင်္သာတို့သည် နေမင်းလမ်းကြောင်း ကောင်းကင်ခရီး၌ သွားကုန်၏၊ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားကုန်၏၊ ပညာရှိတို့သည် စစ်သည်ဗိုလ်ပါနှင့်တကွသော မာရ်မင်းကိုအောင်၍ လောကမှ ထွက်မြောက်ကုန်၏။

175. Swans go along the path of the sun. Persons with miraculous power travel through space. The wise are led out of the world, having conquered bedevilments of Mara and his armies.

၁၇၆။ ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

၁၇၆။ သစ္စာတရားတစ်ခုကိုလွန်၍ မုသားစကားကိုဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်း မရှိသောသူအား မပြုနိုင်မည့် မကောင်းမှုအကုသိုလ် မည်သည်မရှိ။

176. One who usually breaks his own precepts, who speaks falsehood, who has turned the back on the world beyond, will not refrain from any misdeeds.

၁၇၇။ န ဝေ ကဒရိယာ ဒေ၀လောကံ ၀ဇန္တိ၊ ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေနေ၀ သော ဟောတိ သုခီ ပရတ္ထ။

၁၇၇။ စေးနဲဝန်တိုသူတို့သည် နတ်ပြည်သို့မရောက်နိုင်ကြကုန်၊ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်၊ ပညာရှိသည်သာ အလှူဒါနကို ၀မ်းမြောက်နိုင်၏၊ ထို ၀မ်းမြောက်မှုကြောင့်သာလျှင် ထိုပညာရှိသည် တမလွန်ဘ၀၌ ချမ်းသာရ၏။

177. The misers do not go to heaven (Deva plane). The foolish do not applaud giving charity, but the noble find joy in giving; hence indeed, it becomes blessed in higher worlds.

၁၇၈။ ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ၀ါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ၀ရံ။

၁၇၈။ မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။

178. It is better to be the Fruit of the Stream Attainment (Sotapatti-magga), the initial stage of Buddhist realization that leads to Nibbana, than sole sovereignty over the earth, or the journey to heaven, than the lordship supreme over the worlds.
၁၂။ အတ္တ၀ဂ္ဂ Chapter 12

Chapter 12

၁၅၇။ အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာ ရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။

157. One who knows self is dear will guard oneself, with diligence. The wise one would look after himself during one of three watches of his life time (youth, middle age and old age).

၁၅၈။ အတ္တာနမေ၀ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

158. One should first establish oneself in what is proper practice; then one would advise others, thus the wise one would not suffer.

၁၅၉။ အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တောဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏၊ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတစ်ပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။

159. One would make oneself as one teaches others to be, one should master self-control, difficult indeed is self-control.

၁၆၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

၁၆၀။ မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင်အံ့နည်း၊ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော အရဟတ္တဖိုလ်ကို ရနိုင်၏။

160. One self is master of oneself. Who else would be the master of self? With oneself well controlled, one can attain enlightenment (Arahantship).

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘ၀ံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ၀ဇိရံဝသ္မမယံ မဏိံ။

၁၆၁။ ကျောက်မှဖြစ်သောစိန်သည် မိမိမှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့်ဖြစ်သောမကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။

161. The evil done by one, is born of oneself, is produced in oneself, and that crushes the foolish as a diamond does a gemstone where it is embedded.

၁၆၂။ ယဿ အစ္စန္တဒုဿိလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတီ ဒိသော။

၁၆၂။ မာလောနွယ်သည် မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ်သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာအလွှမ်းခံရသူသည် ရန်သူအလိုရှိတိုင်း မိမိအကျိုးမဲ့ကို မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။

162. As a creeper over-spreads and entangles a Maluva creeper, a man's wickedness that grows in him, when it is very great, brings him to that state where his enemy wishes him to be.

၁၆၃။ သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

၁၆၃။ အပြစ်ရှိ၍ မိမိ၏အကျိုးစီးပွားမရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏၊ အပြစ်ကင်း၍ အကျိုးစီးပွားရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

163. It is easy to do what is bad and harmful to oneself; what is good and beneficial is very difficult to do.

၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကေဿဝ၊ အတ္တဃာတာယ ဖလ’တိ။

၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏၊ ၀ါးသီးတို့သည် ၀ါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာ ဖြစ်၏။

164. Who is not wise because of his detrimental view, obstructs the instruction of the Arahants who are virtuous and noble, and produces his own destruction, like the fruits of a bamboo which lead to the plant's death.

၁၆၅။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ၀ိသုဇ္ဈတိ။
သုဒ္ဓီ အသုဒ္ဓိ ပစ္စတံ္တ၊ နာညော အညံ ၀ိသောဓယေ။

၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏၊ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင်စင်ကြယ်၏၊ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏၊ သူတစ်ယောက်သည် အခြား သူတစ်ယောက်ကို ကိလေသာအညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။

165. By oneself the evil is done and one becomes defiled. By oneself the evil is not done and one becomes pure. Purity and impurity are individual matters. One cannot purify another.

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏။

166. One should not neglect one's own welfare because of the need for another's, no matter how great; having well understood one's own duty, one should follow it with earnestness.
၁၁။ ဇရာဝဂ္ဂ Chapter 11

Chapter 11

၁၄၆။ ကော နု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

၁၄၆။ လူအပေါင်း၌ အမြဲကိလေသာမီး တောက်လောင်နေပါလျှက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း၊ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း၊ အ၀ိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး မြှေးယှက်အပ်ကုန် သည်ဖြစ်ပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

146. How is there laughter, how is there joy, while the fire of passion and desire is burning on all people? When you are in deep darkness of craving and ignorance, will you not ask for a lamp of wisdom?

၁၄၇။ ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဋ္ဌိတိ။

၁၄၇။ အဆန်းတကြယ်ပြုအပ်သော အရုပ်နှင့်တူသော အရိုးစုသုံးရာတို့ဖြင့် ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော ကိုးပေါက်ဒွါရ အမာဝရှိသောကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။

147. Look at this body! A beautified image with jointed limbs, always suffering and covered with nine orifices; it is not stable, ever changing and never permanent.

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

၁၄၈။ ဤရူပကာယသည် ဆွေးမြေ့ အိုတတ်၏၊ အနာရောဂါတို့၏ တည်နေရာလည်းဖြစ်၏၊ ယိုယွင်းပျက်စီးတတ်၏၊ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။

148. This body is decayed, a nest of diseases and perishable. With destruction and dissolution, all living beings come to an end in death.

၁၄၉။ ယာနိမာနိ အပတ္ထာနိ၊ အလာဗူနေ၀ သာရဒေ။
ကာပေါတကာနိ အဋ္ဌီနိ၊ တာနိ ဒိသွာန ကာ ရတိ။

၁၄၉။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကိုမြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။

149. Those grey bleaching human bones, like gourds discarded in autumn, what pleasure is there in looking at them?

၁၅၀။ အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ဟတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။

၁၅၀။ အရိုးတို့ကိုစိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသောမြို့ကို တဏှာလက်သမား သည် ဆောက်လုပ်အပ်၏၊ ယင်းမြို့၌ အိုခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

150. With bones the city is made, plastered with flesh and blood, where lie pride, ingratitude, old age and death.

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

၁၅၁။ ရတနာတို့ဖြင့် ကောင်းစွာ ဆန်းကြယ်သော မင်းတို့၏ ရထားတို့သည် ဆွေးမြေ့အိုမင်း ကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော် သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏။

151. Even well-decorated royal chariots of Kings eventually wear away. And so also the human body falls into decay. But the Dhamma of the virtuous people never grows old and decay as the righteous share it each other.

၁၅၂။ အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။
မံသာနိ တဿ ၀ဍ္ဎုန္တိ၊ ပညာ တဿ န ၀ုဍ္ဎုတိ။

၁၅၂။ အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏၊ ထိုယောက်ျားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွါး။

152. A person who has learnt little becomes heavier day by day like an ox, his flesh increases and gains weight, but not his wisdom.

၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

၁၅၃။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။

153. I ran through Samsara, the cycles of many lives with deaths and rebirths, searching in vain the builder of my body due to the lack of wisdom.

154. Now I have seen the builder of the house, you will not rebuild the house again. The rafters of sins are broken; the ridge-pole of ignorance is destroyed. The fever of craving is past; for my mortal mind is gone free to the joy of the immortal Nibbana.

၁၅၅။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေ၀ ပလ္လလေ။

၁၅၆။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

၁၅၅။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရသောကြောင့် ငါးကုန်ခန်းသောညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ)ကြံမှိုင်၍သာ နေကြ ရကုန်၏။

၁၅၆။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သောမြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း သုခတို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။

155. Those who have not practiced religious life and have not gained the treasures of life in their youth, are later like long-legged aged herons with loosing feathers standing sad by a lake where there is no fish.

156. Those who have not practiced religious life and have not gained the treasures of life in their youth, are later like worn-out arrows with loosing velocity discharged from a bow, ever moaning over the past (old days happiness).
၁၀။ ဒဏ္ဍ၀ဂ္ဂ Chapter 10

Chapter 10

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။

129. All beings are afraid of punishment, so also all beings are afraid of death. Considering others as yourself, one should neither kill nor ill treat others.

၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

130. All beings are afraid of punishment, all beings love life; considering others as yourself, one should neither kill nor ill treat others.

၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။

၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။

131. One who, for the sake of happiness, hurts or kills other beings who also long for happiness, will not find happiness after death.

132. One who, for the sake of happiness, does not hurt or kill other beings, who also long for happiness, will find happiness after death.

၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ၀ုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ၀ိဇ္ဇတိ။

၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။

133. Never speak harsh words; for once spoken they will be said back to you. Angry words are painful, retaliation will get you.

134. If you can be silent like a broken gong that is silent, you can reach the peace of Nibbana; there is no agitation in you.

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧ၀ံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။

135. As a cowherd with his staff drives his cows to pasture, so do Old Age and Death drive the life of all beings.

၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဍဍ္ဎေုာဝ တပ္ပတိ။

၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။

136. The foolish one does not know when he commits his evil deeds; later the stupid man has to suffer and is consumed by his own deeds, as if burnt by fire.

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ၀ ဘေဒနံ။
ဂရုကံ ၀ါပိ အာဗာဓံ၊ စိတ္တက္ခေပံ ၀ ပါပုဏေ။

၁၃၉။ ရာဇတော ၀ါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ၀ ဒါရုဏံ။
ပရိက္ခယံ ၀ ဉာတီနံ၊ ဘောဂါနံ ၀ ပဘင်္ဂုရံ။

၁၄၀။ အထ ၀ါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။

၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။

၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။

137. Any person who inflicts pain on those Ariyas who are pure and innocent will soon fall into one of these ten evils (chastisements):

138-139. fearful pains or sufferings; destitution, fracturing of the body (loss of limbs), grave illness (as leprosy), insanity, oppression by the ruler, severe accusations, destruction of kin (relatives):

140. destruction of possessions or lightening fire will burn his houses, and upon the dissolution of his body, the stupid man will fall to hell.

၁၄၁။ န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ။

၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။

141. Not nakedness, not matted hair, not dust, not fasting, or sleeping on the bare earth, not rubbing with dust, not squatting motionless can cleanse a mortal who has not overcome his doubts.

၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။

142. Though a man may wear fine clothing, if he lives peacefully after destroying mental defilements, is quiet, subdued and restrained and he does not hurt any living being, he is indeed a Brahmana (who has cast off evils), a samana (who has ceased defilements), and a Bhikkhu (who has destroyed passions).

၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိ ၀ိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အေဿာ ဘဒြော ကသာမိဝ။

၁၄၄။ အေဿာ ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘ၀ါထ။
သဒ္ဓါယ သီလေန စ ၀ီရိယေန စ၊ သမာဓိနာ ဓမ္မ၀ိနိစ္ဆယေန စ။
သမ္ပန္န၀ိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။

၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။

143. As a good horse avoids the touch of the whip, a noble man who, being wakeful from his sleep, restrained by modesty, seems to be rare in the world, avoids all fetters by shame.

144. Like a good horse struck by a whip, be ardent and deeply moved. By faith, by virtue and energy, by deep contemplation and vision, expert knowledge and by right action, you shall leave behind this mass of misery and seemingly endless grief (samsara).

၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။

145. Those who make channels for water guide the water where they want, fletchers bend the arrow straight, carpenters straighten wood, and the men with virtue tame themselves.

Tuesday, February 21, 2017

၉။ ပါပ၀ဂ္ဂ Chapter 09

Chapter 09

၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

116. Quicken to do good, keep the mind away from evil. The mind of one who is slow in doing well finds pleasure in evil.

၁၁၇။ ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမှူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုမပြုရာ၊ မကောင်းမှုကိုပွားစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။

117. If a person does something wrong, let him not do it again and again. Let him not find the pleasure in his sin. A suffering is the accumulation of wrongdoings.

၁၁၈။ ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကိုပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာပြုရာ၏၊ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏၊ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။

118. If a person does something good, let him do it again and again. Let him rejoice therein; prosperity is the accumulation of good deeds.

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

119. Even an evil-doer sees delight as long as his evil deed has not ripened; but when his evil deed has ripened, then does the evil-doer see evil.

120. A man may find pain in doing good as long as his good deed has not given fruit; but when the fruit of good comes then that man finds good indeed.

၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၁။ အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏။

121. Though it is a sin of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; a foolish man is filled with evil, even if one accumulates it little by little.

၁၂၂။ မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၂။ အနည်းငယ်သောကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

122. Though it is a deed of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; the one who is wise is filled with good, even if one accumulates it little by little.

၁၂၃။ ၀ါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

၁၂၃။ အဖော်နည်းသော များသောဥစ္စာရှိသောကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သောအဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။

123. Just as a wealthy merchant with many goods but with few companions avoids a dangerous road, and just as someone who loves his life avoids poison, a wise man should avoid all evils.

၁၂၄။ ပါဏိမှိ စေ ၀ဏော နာဿ၊ ဟရေယျ ပါဏိနာ ၀ိသံ။
နာဗ္ဗဏံ ၀ိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

၁၂၄။ လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်ဆောင်နိုင်၏၊ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ် မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

124. If one who has no wound in his hand may touch poison by hand, his hand cannot be hurt by the poison, since poison hurts where there is no wound, the man who has no evil cannot be hurt by evil.

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေ၀ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာ ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူမှုန်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။

125. If any foolish person who offends an innocent Ariya, the ill of that evil returns to this fool, like the dust thrown against the wind.

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသ၀ါ။

၁၂၆။ အချို့သော သူတို့သည် ဤလူ့ပြည်၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရကုန်၏၊ မကောင်းမှု ပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏၊ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏၊ အာသဝေါကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

126. Some are born in a womb on earth, people who do evil are reborn in hell; those of good course go to heaven, people who are pure attain Nibbana.

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏၊ ထိုအရပ်မျိုးကား မရှိနိုင် သည်သာတည်း။

127. There is no spot in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can escape from evil deeds.

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း သေမင်းမှမလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် သေမင်းမှမညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

128. There is no place in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can be free from the power of death.
၈။ သဟဿဝဂ္ဂ Chapter 08

Chapter 08

၁၀၀။ သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။

100. Though a statement composed of a thousand words without sense, one word of sense is better, which one becomes pacified.

၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည်တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍မြတ်၏။

101. Better than a thousand useless verses is one single verse that gives peace.

၁၀၂။ ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၃။ ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။

၁၀၃။ အကြင် စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏၊ အကြင်သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ် တစ်ခါမျှ အောင်နိုင်ရာ၏၊ ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။

102. Better than one who recites a hundred verses of meaningless lines is one verse on hearing which one becomes calm.

103. If a man conquers in battle a thousand times a thousand men, but if one conquers(his passions) himself alone, he is the greatest of all conquerors.

၁၀၄။ အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။

၁၀၅။ နေ၀ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်းသည်မြတ်၏၊ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်းစသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည်မမြတ်၊ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တ၀ါ တို့၏အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည် လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင်မပြုနိုင်ရာ။

104.105. Better, indeed, oneself conquered over others, and has won himself, who is constantly living in self-control. Neither a Deva, nor a Gandhabba, nor Mara together with Brahma, could turn the victory into defeat of a person who controls himself.

၁၀၆။ မာသေ မာသေ သဟေဿန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း(တက္ကတွန်းတို့အား)ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏၊ ၀ိပဿနာ ပွားသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏၊ ထိုပူဇော်ခြင်းနှစ်မျိုးတို့တွင် ၀ိပဿနာ ပွားများသောရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏၊ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

106. If month by month, with a thousand devotional money offerings for a hundred years one should sacrifice; and another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of offerings.

၁၀၇။ ယော စ ၀ဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ၀နေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ၀ိပဿ နာပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့တွင် ထိုဝိ ပဿနာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏၊ အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

107. If a man for a hundred years should worship the sacred fire in the forest, and if another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of making sacrifices.

၁၀၈။ ယံကိဉ္စိ ယိဋ္ဌံ ၀ ဟုတံ ၀ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

၁၀၈။ လောက၌ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကိုလည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏၊ ထိုပူဇော်ခြင်း အလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏ လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာ ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။

108. Whatever sacrifice or offering in the world up for a year in order to gain merit, all of that does not reach a quarter as good as paying respect to Noble persons (Ariyas).

၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎုာပစာယိနော။
စတ္တာရော ဓမ္မာ ၀ဍ္ဎုန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်းဟူသော ဤ အကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏။

109. If a person has the habit of reverence and respects to the Aged who have virtue and faith in Dhamma, four benefits will gain to him: long life, beauty, happiness and strength.

၁၁၀။ ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

110. Better than a hundred years lived in vice, without contemplation, is one single day of life lived in virtue and a meditation.

၁၁၁။ ယော စ ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပုည၀န္တဿ ဈာယိနော။

၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပ ဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။

111. Better than a hundred years lived in ignorance, without contemplation, is one single day of life lived in wisdom and a deep contemplation.

၁၁၂။ ယော စ ၀ဿသတံ ဇီဝေ၊ ကုသီတော ဟီန၀ီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယမာရဘတော ဒဠှံ။

၁၁၂။ ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

112. It is better to live one day making strenuous effort than to live a hundred years lazily and listlessly.

၁၁၃။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

၁၁၃။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

113. It is better to live one day seeing "the arising and dissolving (of mind and body)" than to live a hundred years not seeing the arising and dissolving.

၁၁၄။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

၁၁၄။ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

114. It is better to live one day seeing the immortal place, Nibbana, than to live a hundred years not seeing the immortal place.

၁၁၅။ ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

၁၁၅။ မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

115. It is better to live one day seeing the Noble Dhamma, the ultimate truth, than to live a hundred years not seeing the Noble Dhamma.
၇။ အရဟန္တ၀ဂ္ဂ Chapter 07

Chapter 07

၉၀။ ဂတဒ္ဓိနော ၀ိသောကဿ၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ၀ိဇ္ဇတိ။

၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။

90. For the one who has completed the journey of rebirths, left sorrow behind, is free in all circumstances, and liberated from all bondage, has no more worries of life.

၉၁။ ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ’လံ ဟိတွာ၊ သြကမောကံ ဇဟန္တိ တေ။

၉၁။ သတိရှိသောပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿနာတို့၌) လုံ့လပြုကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာ ဟူသမျှကို စွန့်၍သွားကုန်၏။

91. The mindful persons gird up themselves. They do not relish attachment. Like swans that leave their lake, they abandon one attachment after another.

၉၂။ ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယေသံ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။

၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည်မရှိ၊ အကြင်ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်၏၊ ရာဂစသည် ကင်းစိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။

92. The venerable Arahants who have laid up no storage, who live on recognized food, with perfect knowledge, whose sphere is emptiness and liberation, are hard to track, like birds in the sky where there is no track.

၉၃။ ယဿာသ၀ါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယဿ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏၊ ကောင်းကင်၌ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသောလမ်းကြောင်းကို မသိနိုင်။

93. The venerable Arahants whose compulsions are gone, who have no passions on food, whose sphere is emptiness, signlessness, and liberation, are hard to track, like birds whose tracks are unknown in the sky.

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသ၀ဿ၊ ဒေ၀ါပိ တဿ ပိဟယန္တိ တာဒိနော။

၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသောမြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင် ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ(ခြောက်ပါး)တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏၊ မာနကိုပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

94. The venerable Arahant who wisely controls his senses as horses well trained by a good driver, and who is free from lower passions and pride, is admired even by devas (gods).

၉၅။ ပထ၀ိသမော နော ၀ိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘ၀န္တိ တာဒိနော။

၉၅။ တာဒိဂုဏ်နှင့်ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့ လည်းကောင်း၊ တံခါးတိုင်ကဲ့သို့ လည်းကောင်း (သည်းခံသောစိတ်ရှိသည်ဖြစ်၍) အမျက်ဒေါသဖြင့် ဆန့်ကျင်မှုမပြု၊ ရွှံ့ညွန်ကင်း သောရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။

95. The venerable Arahant is tolerant like the earth, he is steady like a firm pillar, and he is like a lake free from mud. For such an arahant there will be no more Samsara, the cycle of rebirths.

၉၆။ သန္တံ တဿ မနံ ဟောတိ၊ သန္တာ ၀ါစာ စ ကမ္မ စ။
သမ္မဒညာ ၀ိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

၉၆။ အကြောင်းအားလျော်စွာ တရားကိုသိ၍ ကိလေသာမလွတ်သော ငြိမ်သက်သော ဖောက်ပြန် ခြင်းသဘောမရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်းငြိမ်သက်၏၊ နှုတ်အမူအရာသည် လည်းကောင်း၊ ကိုယ်အမူအရာသည် လည်းကောင်း ငြိမ်သက်၏။

96. The venerable Arahant who is liberated and gone to serenity by perfect knowledge (the Truth) is calm and also the speech and the action are calm.

၉၇။ အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ၀န္တာသော၊ သ ဝေ ဥတ္တမပေါရိသော။

၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်းဖြစ်၏၊ ၀ဋ်သုံးပါး ၏အစပ်ကို ဖြတ်တောက်ပြီးသူလည်းဖြစ်၏၊ ကုသိုလ်အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏၊ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏၊ ထိုသူသည်သာ စင်စစ် ယောက်ျားမြတ်ဖြစ်၏။

97. He who is free from credulous beliefs since he has seen the eternal Nibbana, who has thrown off the bondage of the lower life and, far beyond temptations, has surrendered all his desires, he is indeed great among men.

၉၈။ ဂါမေ ၀ါ ယဒိ ၀ါရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၲာ ၀ိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။

၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏၊ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။

98. In a village or in a forest, or in a valley or on the hills, wherever venerable Arahants dwell, that place is delightful.

၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏၊ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသောပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။

99. Forests are delightful; where the ordinary people find no delight, there the passionless will find delight, for they do not seek sensual pleasures.

တာဒိဂုဏ်= တာဒိဂုဏ်ဟူသည် လောကဓံရှစ်ပါးနှင့် တွေ့ကြုံသောအခါ ဖောက်ပြန်တုန်လှုပ်မှု မရှိခြင်းပေတည်း။