Thursday, October 13, 2016

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကုသိုလ် တရား။☔☔☔☔☔☔☔☔☔☔ ~~~~~~~~~~~~~~~~~~~~~~~~~~~ { သြော်..ကုသိုလ်ဆိုပေမယ့် ကြောက်စရာကုသိုလ် တွေ ရှိသေးသကိုး } ကုသိုလ်ဆို အကောင်းချည်းပဲဆိုရင် `` မဂ်´´ဟာ ဟောစရာမလိုတော့ဘူး၊ ကုသိုလ်ဆိုပေမယ့် ဇာတိ ဇရာ မရဏ ကျေးဇူးပြုတဲ့ကုသိုလ်ကျတော့ ဒါ...ကု သိုလ်ကောင်း ကုသိုလ်စစ်လို့ မဆိုနဲ့ ၊ ဇာတိ ဇရာ မရဏကို ဒုက္ခသစ္စာလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ဓမ္မစကြာမှာ ပါနေတယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်နည်းနှင့်မှ မကြိုက်ဘူး ၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်၊ဒါ..ကုသိုလ် ပယ်တာလားဆိုတော့ ပယ်တာမဟုတ်ပါဘူး ၊ အကောင်း - အဆိုးရွေးတာ။ ကုသိုလ်တိုင်း ကောင်းတယ်လို့ အကုန်ယူလို့ မရဘူး။ ဘုရားကြိုက်ကုသိုလ်က( အကဏှ သုက္က) ဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ်၊ ဖြူစင်တဲ့ကုသိုလ် ဆိုငြားသော်လည်း ကာမာဝစရကုသိုလ်တွေ ဖြစ် နေတော့ ကာမဘုံတွေ ရှောက်အကျိုးပေးနေတော့ ကြိုက်ပါ့မလား၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အ ကျိုးပေးနေပြန်တော့ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလွတ်ပါ့မလား၊ နတ်ဘဝ ဗြဟ္မာဘဝဆိုငြားသော်လည်း ပြောသံကြားကေါင်း နဲ့ ကြိုက်နေကြတာပါ ၊ သူ့အထဲမှာ အတွင်းသား ခွာလိုက်တော့ ဇာတိ ဇရာ ဗျာဓိ မရဏ ဒုက္ခသစ္စာ တွေပါနေတယ်။ လိုချင်တာက ချမ်းသာ ၊ ရတာက ဆင်းရဲဆယ့် တစ်ပါး...ဘာကြောင့်...ဒီဆင်းရဲတွေရဖို့ ဒီကုသိုလ် တွေ လုပ်ဖြစ်ပါလိမ့်မတုန်းမေးရင် သစ္စာမသိလို့ လုပ်တာ ၊သစ္စာမသိလို့ မှားလိုက်တာ ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ၊ လာ လတ္တံ့သောဒုက္ခဝဋ်ကြီးကို ကြောက်လွန်းလို့ ၊ ရွံ့လို့ မုန်းလို့ဆိုပြီး သစ္စာဥာဏ်နဲ့ လုပ်တဲ့အခါကျတော့ ဝိဝဋ္ဋဝဋ်မှကျွတ်တဲ့ ကုသိုလ်ဖြစ်သွားတယ်(နိဗ္ဗာန ပစ္စယော ဟောတု)ဆိုပြီး လုပ်ကောင်းတာပါပဲ ဆို ငြားသော်လည်း ပြောသံကြားသာ ကောင်းတာ ၊ ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ရှိရင် လွဲ တာပဲ ၊ ကိုယ့်အမြင်က နောက်ခန္ဓာမကြိုက်ပါမှ တရားမှန် တရားစစ်၊ကုသိုလ်စစ် ကုသိုလ်မှန် မှတ် ပါ၊ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင်သိပြီး လုပ်ပါ ဗုဒ္ဓဘာသာဆိုပြီး သစ္စာမသိတာ အနာဆုံးပါပဲ။ __/|\__ ~~~~~~~~~~~~~~~~~~~~~~~~~~~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကုသိုလ်
တရား။☔☔☔☔☔☔☔☔☔☔
~~~~~~~~~~~~~~~~~~~~~~~~~~~

{ သြော်..ကုသိုလ်ဆိုပေမယ့် ကြောက်စရာကုသိုလ်
   တွေ ရှိသေးသကိုး }

    ကုသိုလ်ဆို အကောင်းချည်းပဲဆိုရင် `` မဂ်´´ဟာ
ဟောစရာမလိုတော့ဘူး၊ ကုသိုလ်ဆိုပေမယ့် ဇာတိ
ဇရာ မရဏ ကျေးဇူးပြုတဲ့ကုသိုလ်ကျတော့  ဒါ...ကု
သိုလ်ကောင်း ကုသိုလ်စစ်လို့ မဆိုနဲ့ ၊  ဇာတိ ဇရာ
မရဏကို ဒုက္ခသစ္စာလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ဓမ္မစကြာမှာ
ပါနေတယ်၊  သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်နည်းနှင့်မှ
မကြိုက်ဘူး ၊  သစ္စာမသိသေးတဲ့  ပုဂ္ဂိုလ်ကတော့
ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်၊ဒါ..ကုသိုလ်
ပယ်တာလားဆိုတော့   ပယ်တာမဟုတ်ပါဘူး ၊
အကောင်း - အဆိုးရွေးတာ။

    ကုသိုလ်တိုင်း  ကောင်းတယ်လို့  အကုန်ယူလို့
မရဘူး။ ဘုရားကြိုက်ကုသိုလ်က( အကဏှ သုက္က)
ဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ်၊ ဖြူစင်တဲ့ကုသိုလ်
ဆိုငြားသော်လည်း  ကာမာဝစရကုသိုလ်တွေ  ဖြစ်
နေတော့ ကာမဘုံတွေ ရှောက်အကျိုးပေးနေတော့
ကြိုက်ပါ့မလား၊  လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်  အ
ကျိုးပေးနေပြန်တော့  ဇာတိ ဇရာ မရဏ သောက
ပရိဒေဝ ဒုက္ခ ဒေါမနဿလွတ်ပါ့မလား၊  နတ်ဘဝ
ဗြဟ္မာဘဝဆိုငြားသော်လည်း ပြောသံကြားကေါင်း
နဲ့ ကြိုက်နေကြတာပါ ၊ သူ့အထဲမှာ  အတွင်းသား
ခွာလိုက်တော့  ဇာတိ ဇရာ ဗျာဓိ မရဏ ဒုက္ခသစ္စာ
တွေပါနေတယ်။

    လိုချင်တာက  ချမ်းသာ ၊ ရတာက  ဆင်းရဲဆယ့်
တစ်ပါး...ဘာကြောင့်...ဒီဆင်းရဲတွေရဖို့  ဒီကုသိုလ်
တွေ လုပ်ဖြစ်ပါလိမ့်မတုန်းမေးရင်   သစ္စာမသိလို့
လုပ်တာ ၊သစ္စာမသိလို့ မှားလိုက်တာ ၊ သစ္စာသိတဲ့
ပုဂ္ဂိုလ်ကျတော့  ဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ၊ လာ
လတ္တံ့သောဒုက္ခဝဋ်ကြီးကို ကြောက်လွန်းလို့ ၊ ရွံ့လို့
မုန်းလို့ဆိုပြီး  သစ္စာဥာဏ်နဲ့  လုပ်တဲ့အခါကျတော့
ဝိဝဋ္ဋဝဋ်မှကျွတ်တဲ့  ကုသိုလ်ဖြစ်သွားတယ်(နိဗ္ဗာန
ပစ္စယော ဟောတု)ဆိုပြီး လုပ်ကောင်းတာပါပဲ ဆို
ငြားသော်လည်း  ပြောသံကြားသာ  ကောင်းတာ ၊
ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ရှိရင်  လွဲ
တာပဲ ၊ ကိုယ့်အမြင်က  နောက်ခန္ဓာမကြိုက်ပါမှ
တရားမှန် တရားစစ်၊ကုသိုလ်စစ် ကုသိုလ်မှန် မှတ်
ပါ၊ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင်သိပြီး လုပ်ပါ
ဗုဒ္ဓဘာသာဆိုပြီး သစ္စာမသိတာ အနာဆုံးပါပဲ။

                              __/|\__

~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment