Sunday, January 15, 2017

သူငယ်ချင်းလဲ အရေးကြီးတယ်
=====================

မြတ်စွာဘုရားဟောတဲ့ ဇာတ်တော်ထဲမှာ
ဘုရင်ရဲ့မြင်းကောင်းတစ်ကောင်ဟာ အစက ကောင်းပါလျှက်

နောက်ကျ လမ်းသွားရင် ခြေတဖက်က ခွင်းပြီး
တည့်တည့်မတ်မတ် မသွားဘူး မြင်းကို သေချာစစ်ဆေးတော့
ဘာရောဂါ ဘာအနာမှာ မရှိဘူး ဒါပေမယ့်

မြင်းထိန်းတဲ့လူက ခြေခွင်းနေတော့ မြင်းက မြင်ပါတွေ့ပါများ
အတုလိုက်ပြီး မြင်းပါခြေခွင်းသွားတာ။

ခြေခွင်းတဲ့မြင်းထိန်းနေရာမှာ တခြားမြင်းထိန်းလဲလိုက်မှ
မြင်းက ပုံမှန်ပြန်ဖြစ်သွားတယ်။

တိရိတ္ဆန်မပြောနဲ့ လူတွေလည်း မြင်ပါတွေ့ပါများ
အကျင့်က ကူးတက်တယ်။

ကဿပမြတ်စွာဘုရားလပ်ထပ်က ကျနော်တို့မြတ်စွာဘုရားဟာ
ဇောတိပါလဆိုတဲ့ သူဌေးသားဖြစ်တယ်
ဘုရား တရား သံဃာနဲ့ အနေဝေးတယ်

ဘုရားလောင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဃဋိကာရဆိုတဲ့သူငယ်ချင်းက အနာဂမ်ဖြစ်ပြီး ဘုရား တရား သံဃာ ယုံကြည်တယ် ၊

ဃဋိကာရသူငယ်ချင်းက ဇောတိပါလကို ဘုရားထံခေါ်ပေမယ့်
ဘယ်တော့မှ မလိုက်ဘူးတဲ့ နောက်ဆုံး ဆံပင်စွဲခေါ်မှာ
ဘုရားထံရောက်တယ် အဲဒီမှ တရားနာ ရဟန်းပြုပြီး ဗျာဒိတ်ရခဲ့တာပါ

မြတ်စွာဘုရားသော်မှ ပါရမီဖြည့်ဖော်ရှိမှ ဘုရားဖြစ်တာ
သာမန်လူတွေအနေနဲ့လဲ သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ရှိဖို့ အရေးကြီးတယ်

ဒီဘဝနောတ်ဆုံး မဂ်ဖိုလ်ရမဲ့ ပါရမီရှင်များတော့
ချို့ယွင်းချက်ပေါ့

Photo #create

No comments:

Post a Comment