မင်းဟာ ဘာမှမဟုတ်ဘူး
==============
တစ်ခါက စာတော်တဲ့ကျောင်းသားတစ်ဦးရှိပါတယ်။ အဲဒီ ကျောင်းသားဟာ စာတော်ပေမဲ့ ရွယ်တူကျောင်းသား၊ ကျောင်းသူတွေကြားမှာ သူဟာ VIP ကွ၊ သူဟာစာအရမ်းတော်တဲ့သူ၊ သူ့ကို အားလုံးကအရေးပေးရမယ်၊ သူဘာလုပ်လုပ် အားလုံးက ခေါင်းငုံ့နေရမယ် ဆိုတဲ့ စိတ်နဲ့ ဝံ့ကြွားပြီးနေတာပေါ့နော်။ ကြာတော့ လူအမြင်ကပ်လောက်စရာအထိဖြစ်လာခဲ့တယ်။
.................
ဒါကိုသိနေတဲ့ သူ့ရဲ့ဆရာက သူ့ကို နောက်နေ့ ဆရာ့အိမ်လာခဲ့ပါလို့ခေါ်လိုက်သတဲ့။
.............
ဆရာ့အိမ်ရောက်တဲ့အခါမှာ ဆရာက ကမ္ဘာ့မြေပုံကြီးကိုထုတ်ပြပြီး၊ မင်းနေတဲ့တိုင်းပြည်က ဘယ်နေရမှာလဲဆိုတော့ ကျောင်းသားက အေးအေးဆေးဆေးပဲ၊ ဒါလေးများဆိုပြီး သူနေတဲ့တိုင်းပြည်ကို ထောက်ပြတယ်။ ဆရာက ဘာမှမပြောသေးဘဲ အဲ့ဒီကျောင်းသားနေတဲ့ တိုင်းပြည်ရှိတဲ့ တိုက်ကြီး (ဥရောပတိုက်) မြေပုံကိုထပ်ထုတ်ပြတယ်။ ကဲ ...
ဒီတခါတော့ မင်းနေတဲ့ တိုင်းပြည်ထဲမှာရှိတဲ့ မင်းရဲ့မြို့ကိုပြစမ်းပါဆိုတော့ ကျောင်းသားက အေးဆေးလေးပါပဲ၊ လေးထောင့်ကွက်လေးရှိတဲ့နေရာကို ပြလိုက်ပါရော၊ အဲ့ဒီမှာ ဆရာက ဒါဆို မင်းအိမ်ကိုပြစမ်းပါ ဆိုတော့ ကျောင်းသားက ဘာပြန်ပြောရမှန်းမသိတော့ဘူးဖြစ်သွားတယ်။
....................
အဲဒီမှာပဲ ဆရာက "တွေ့လား ချစ်တပည့်၊ စင်္ကြာဝဋာကြီးထဲမှာ ကမ္ဘာကြီးရှိတယ်။ ကမ္ဘာကြီးထဲမှာ မင်းနိုင်ငံတည်ရှိတဲ့ တိုက်ကြီးရှိတယ်။ အဲ့ဒီတိုက်ကြီးထဲမှာ မင်းနိုင်ငံတည်ရှိတယ်။ မင်းနိုင်ငံထဲမှာမှ မင်းနေတဲ့ မြို့၊ ပြည်နယ်ရှိတယ်။ အဲ့ဒီပြည်နယ်ထဲမှာမှ မင်းအိမ်ရှိတယ်။ ဒီတော့ ကမ္ဘာလောကကြီးနဲ့ယှဉ်ရင် မင်းဟာ ဘာမှမဟုတ်ပါဘူး။ ကမ္ဘာကြီးအတွက် မင်းတစ်ယောက်တည်းသာ အရေးပါတဲ့လူသားမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ မင်းမရှိတော့ရင်လည်း ပုံမှန်အလုပ်လုပ်နေမှာပါပဲ။
မင်းကိုယ်မင်း ငါသာလျှင် အရမ်းအရေးပါနေတယ်လို့ ထင်နေတဲ့စိတ်ဟာ မင်းကိုပြန်ပြီးဒုက္ခပေးလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်း၊ ပညာ၊ ပါတ်ဝန်းကျင်ကို ကိုယ့်အတွက်ချည်းပဲ မဟုတ်ဘဲ အများအတွက်ပါ ထည့်စဉ်းစားပြီး နေ့စဉ်ဘဝမှာနေပါ။ ကိုယ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ကောင်းကျိုးပြုပါ။ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေနဲ့ လူသားတွေကိုအကျိုးပြုပြီး၊ လူသားအားလုံးနဲ့ ချစ်ခင်စွာနေပါ၊" လို့ ဆုံးမလိုက်ပါတော့တယ်။ ..
Credit. ဘဝအောင်မြင်ရေးသင်တန်း
ပြန်လည်မျှဝေပါသည်။ ကံကောင်းခြင်းလက်ဆောင်
No comments:
Post a Comment